Prevent Plastics+

Prevent Plastics+ EU-funded project with the overall objective to promote Sustainable Consumption & Production Patterns
(2)

👗Thrift Fashion Competition–Green Festival 2025🌿အဝတ်အစားတစ်ထည်ထဲမှာ သင့်အမှတ်တရတွေ ကျန်ရှိနေတယ်ဆိုတာသိပါသလား။အဟောင်းလို့...
22/10/2025

👗Thrift Fashion Competition–Green Festival 2025🌿

အဝတ်အစားတစ်ထည်ထဲမှာ သင့်အမှတ်တရတွေ ကျန်ရှိနေတယ်ဆိုတာသိပါသလား။
အဟောင်းလို့ထင်နေတဲ့အရာတွေဟာ အသစ်
ပြန်လည်ဖန်တီးဖို့ အကောင်းဆုံးအခြေခံပစ္စည်းတွေပါပဲ။

Fashion ဆိုတာ လူငယ်တွေအတွက် ရင်းနှီးပြီးသားအရာပါ။ ဒါပေမဲ့ ဒီတစ်ခါတော့ ဖက်ရှင်က သဘာဝနဲ့ပေါင်းစည်းနိုင်တယ်ဆိုတာ ပြသဖို့အချိန်ဖြစ်ပါတယ်။ လူငယ်တွေကြားထဲမှာ အမြဲတကျော့ပြန် ခေတ်စားနေတဲ့ Thrift Fashion Trend ကို သဘာဝချစ်သူ လူငယ်တွေအနေနဲ့ ဒီနှစ် "Green Festival" မှာ ပေါ့ပေါ့ပါးပါးနဲ့ ရဲရဲဝံ့ဝံ့ပြသဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

✨ဘယ်လိုပါဝင်ယှဥ်ပြိုင်ရမလဲ။

- မဝတ်ဖြစ်တော့တဲ့ အဝတ်အစားတွေကို ရွေးလာခဲ့ပါ။ (သို့မဟုတ်) ကိုယ်အချိန်ပေး၊ အပင်ပန်းခံ ရွေးထားရတဲ့ Thrift လှလှလေးကို ဖက်ရှင်ကျကျဝတ်လာပါ။

- အသစ်မဝယ်ဘဲ ရှိပြီးသားကို ပြန်ဝတ်ပြီးပဲဖြစ်ဖြစ်၊ Thrift ဆိုင်တွေကနေ ဝယ်ပြီးပဲဖြစ်ဖြစ် ကိုယ်အကြိုက်ဆုံး Thrift ကို အထာကျကျ Modelling look နဲ့ Stage ပေါ်မှာ Proudly ပြသလိုက်ပါ။👠

🏆ပြိုင်ပွဲမှာ ကြိုးစားမှုအသိအမှတ်ပြုဆုအဖြစ် Popular Choice Award (3) ဆု ပေးအပ်သွားမှာဖြစ်ပါတယ်။

📌 ပွဲအချိန်နှင့်နေရာ
📍Kokkoya Organics (ကုက္ကိုယာ မြို့ပြစိုက်ခင်း)
ခြံအမှတ်(၄၈)၊ ဘောဂ(၂)လမ်း၊ ဂ ရပ်ကွက်၊ သင်္ကန်းကျွန်းမြို့နယ်။
📅 နိုဝင်ဘာလ (၉) ရက် (တနင်္ဂနွေနေ့)
🕓 ညနေ (၄) နာရီ

ဖက်ရှင်နဲ့ မိခင်ကမ္ဘာမြေကြီးကို ချစ်သူတိုင်းကို ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ပါဝင်လိုသူများအနေနဲ့ Registeration Link မှတဆင့် သက်ဆိုင်ရာအချက်အလက်များဖြည့်ပေးနိုင်ပါတယ်။

📝 Registeration Link-
https://forms.gle/yNDxKCBCbVkeCMag8

(English Version Below)

👗Thrift Fashion Competition–Green Festival 2025🌿

Did you know that every piece of clothing holds a memory?
What seems “old” might just be the perfect foundation for something new again.

Fashion is something close to every young heart. The ever-trendy Thrift Fashion movement is making its way to this year's "Green Festival".
We’re calling on all eco-loving youths to join and proudly showcase your unique thrift looks– bold, creative, and sustainable.

✨How to participate?
- Pick clothes from your closet that you no longer wear. (Or) choose your favorite thrift piece that you’ve spent time finding and styling.

- Without buying anything new, wear what you already own (or) your favorite thrift finds and confidently present your Modelling look on stage!

🏆Popular Choice Awards
Three winners will be recognized for their creativity, sustainability effort, and fashion sense.

📌Come Join Us at Green Festival
📍Kokkoya Organics
Plot No. 48, Bawga 2 Lane, Ga Nge Ward, Thingangyun Township.
📅 November 9th, 2025 (Sunday)
🕓 4 PM

We warmly invite every fashion and earth lover to join this celebration.
Participants can register by filling in their details through the Registeration Link below.

📝 Registeration Link- https://forms.gle/yNDxKCBCbVkeCMag8

EU SWITCH-Asia Programme European Union in Myanmar YEAH - Youth for Environmental Action and Hope

Kokkoya Organics




+

🎉Vendor Calling Time!🎉 The Responsible Market-November 2025 တာဝန်သိ စီးပွားရေးလုပ်ငန်းများအကြောင်း စိတ်ဝင်စားပါသလား။ ကို...
20/10/2025

🎉Vendor Calling Time!🎉

The Responsible Market-November 2025

တာဝန်သိ စီးပွားရေးလုပ်ငန်းများအကြောင်း စိတ်ဝင်စားပါသလား။
ကိုယ်တိုင် တာဝန်သိ စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါသလား။

ပလတ်စတစ်လျှော့ချပြီး တာဝန်ယူမှုရှိတဲ့ စီးပွားရေးအလေ့အကျင့်များကို ကျင့်သုံးနိုင်စေဖို့၊ တာဝန်သိ စီးပွားရေးတွေ ပိုမိုပေါ်ပေါက်လာစေဖို့အတွက် Prevent Plastics+ ကနေ ''The Responsible Market'' များကို ဆက်လက် ပြုလုပ်နေပါတယ်။

ဒီနှစ်မှာတော့
✨ နိုဝင်ဘာ (၁) ရက်နေ့နဲ့ (၂) ရက်နေ့မှာ "The Responsible တန်ဆောင်တိုင် Night Market" Event လေးကို Turquoise Mountain Myanmar နဲ့ ပူးပေါင်းပြုလုပ်သွားမှာဖြစ်ပါတယ်။

✨နိုဝင်ဘာ (၇) ရက်နေ့မှ (၉) ရက်နေ့အထိ (၃) ရက်တာကို Kokkoya Organics (ကုက္ကိုယာ မြို့ပြစိုက်ခင်း) မှာ ကျင်းပမဲ့ Green Festival 2025 မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြပွဲတွေနဲ့အတူ တာဝန်သိစီးပွားရေးလုပ်ငန်းရှင်လူကြီးမင်းတို့က အတူတူပါဝင်နိုင်မှာဖြစ်ပါတယ်။

ယခုပွဲနှစ်ခုမှာ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ handmade, local, sustainable products များကို ပြသရောင်းချဖို့ တာဝန်သိ စီးပွားရေးလုပ်ငန်းရှင်များကို ဖိတ်ခေါ်နေပါတယ်။

လာရောက်ရောင်းချလိုသော Vendors များအနေနဲ့ အောက်ပါ Link ထဲကို ဝင်ရောက်ပြီး စာရင်းပေးသွင်းလျှောက်ထားနိုင်ပါတယ်။ သင့်တော်တဲ့ တာဝန်သိသူများကို Prevent Plastics+ မှ ရွေးချယ်ပြီး အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။

📝လျှောက်ထားရန် Link- https://forms.gle/ESiCo4EPD58AsCbP6

ကိုယ်တိုင်လုပ်ငန်းမရှိပေမဲ့ ရေရှည်တည်တံ့သော တာဝန်သိ စီးပွားရေးလုပ်ကိုင်နေသူများ၊ ပြည်တွင်းထုတ်ကုန်များကို မြှင့်တင်ထိန်းသိမ်းနိုင်စေဖို့ အသိမိတ်ဆွေများကို မျှဝေပေးပါနော်။ နိုဝင်ဘာ (၁)၊ (၂) ရက်နေ့ ပွဲလေးနဲ့ နိုဝင်ဘာ (၇)၊ (၈)၊ နဲ့ (၉) ရက်နေ့ ပွဲတို့ကို လာရောက်အတူပါဝင်ဖို့လည်း မမေ့ပါနဲ့နော်။

(English Version Below)

🎉Calling All Responsible Vendors🎉

The Responsible Market–November 2025

Are you interested in responsible businesses?
Or are you yourself running a responsible business?

To encourage plastic reduction and promote responsible business practices, Prevent Plastics+ continues to organize ''The Responsible Market'' events that highlight sustainable and eco-friendly entrepreneurship.

✨This year, on November 1st & 2nd, we'll be holding The Responsible Tazaungdaing Night Market'' in collaboration with Turquoise Mountain Myanmar.

✨From November 7th to 9th, during the Green Festival 2025 at Kokkoya Organics Farm, responsible entrepreneurs will join alongside environmental exhibitions to showcase sustainable practices and green products.

We are now inviting vendors who create handmade, local, and sustainable products to participate in these two exciting events.

📝 Vendors can apply via the link below
https://forms.gle/ESiCo4EPD58AsCbP6

Selected participants will be contacted by Prevent Plastics+.

If you don't run a business yourself but know responsible entrepreneurs who would love to join, please help us spread the word!
And don’t forget to come and enjoy both events– November 1st & 2nd and November 7th, 8th & 9th.🌿








+

သဘာဝထဲက တီးတိုးသံတွေကို စာဖတ်သူတွေရဲ့ နှလုံးသားဆီ အရောက်ပို့ပေးနိုင်မယ့် “The Green Showcase Competition" သဘာဝပတ်ဝန်းကျင...
19/10/2025

သဘာဝထဲက တီးတိုးသံတွေကို စာဖတ်သူတွေရဲ့ နှလုံးသားဆီ အရောက်ပို့ပေးနိုင်မယ့် “The Green Showcase Competition"

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့သူတွေထဲမှာ သင် ပါနေပါသလား။ စာပေ (သို့မဟုတ်) အနုပညာကတစ်ဆင့် သဘာဝအသံကို လူအများသိအောင် ချိတ်ဆက်ပေးချင်ပါသလား။
ဒါဆိုရင်တော့ သင့်အတွက် အကြီးမားဆုံးအခွင့်အရေးတစ်ခုကို ယူဆောင်လာပါပြီ။

📌ဘယ်လိုအကြောင်းအရာလဲ?
လာမယ့် November မှာ Green Festival event လေးက အားလုံးရှေ့မှောက် ရောက်ရှိလို့လာပါပြီ။ ဒီနှစ်ရဲ့ Theme လေးကတော့ " Whisper of Nature " ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီပွဲလေးမှာ စာပေနဲ့ အနုပညာနဲ့အတူ မိမိကြားရတဲ့ သဘာဝထဲက တီးတိုးသံတွေကို ဖော်ပြပေးရမှာဖြစ်ပါတယ်။

📌 ဘယ်လိုမျိုးလဲ?
ဒီ "Competition" မှာ အမျိုးအစား (၂) ခု ပါပါတယ်။
(၁) "Writing - အရေး" ခေါင်းစဉ်အောက်ကနေ မိမိအတွေးအမြင်၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေးတွေကို ရေးသားယှဉ်ပြိုင်နိုင်သလို
(၂) "Creation - တီထွင်ဖန်တီးမှု" ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပိုစတာ၊ ပုံဆွဲ၊ ဂီတ၊ လက်မှု၊ အနုပညာ… စသဖြင့် မည်သည့်အမျိုးအစားကိုမဆို မိမိ စိတ်ကူးစိတ်ကူးဉာဏ်ရှိသ‌၍ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

📌 မြန်မာလိုလား၊ အင်္ဂလိပ်လိုလား?

မိမိ ကြိုက်နှစ်သက်ရာ မြန်မာဘာသာပဲဖြစ်ဖြစ်၊ အင်္ဂလိပ်ဘာသာပဲဖြစ်ဖြစ် ပါဝင်လို့ ရပါတယ်။

📌 မှတ်ချက် : အရေးအသား၊ ဖန်တီးမှုတိုင်းဟာ မိမိကိုယ်ပိုင်လက်ရာ ဖြစ်ရပါမယ်။ အကယ်၍ မိမိရဲ့ ယှဥ်ပြိုင်မှုဟာ AI generated အကူအညီပါဝင်ခဲ့ရင် ရိုးသားစွာ ပြောပြခဲ့ရပါ့မယ်။

✨ ဆုအရေအတွက်အနေနဲ့
Writing Category
Winner (၅၀၀၀၀) ကျပ် နှင့် Runner-up (၂၅၀၀၀) ကျပ်
Creative Category
Winner (၅၀၀၀၀) ကျပ် နှင့် Runner-up (၂၅၀၀၀) ကျပ်
ဆုရရှိခဲ့တဲ့ စာပေ၊ အနုပညာဖန်တီးမှုများကို Green Festival ပွဲအတွင်းနဲ့ ပွဲစီစဉ်သူ ပါတနာများရဲ့ ဆိုရှယ်မီဒီယာမှာပါ မျှဝေပေးသွားမှာဖြစ်ပါတယ်။

✨ ပါဝင်ယှဉ်ပြိုင်ချင်တယ်ဆိုရင်တော့

Registration Link >> https://forms.gle/qwoMgaRXsN5Xcnw4A

နောက်ဆုံး ပေးပို့ရမဲ့ရက်: 30 October 2025 (11:59am)

သဘာဝအပေါ် မိမိအတွေးအမြင်ကို မိမိအရေးအသား၊ ဖန်တီးနိုင်စွမ်းနဲ့ မျှဝေရင်း ပါဝင်လိုက်ရအောင်။

[English Ver]

“The Green Showcase Competition 2025”
Can you hear the Whispers of Nature? 🌿
If your heart beats for the Earth, this is your moment.
Through art or words, let your creativity express the gentle voice of nature at this year’s Green Festival. 🍃✨

📌 Categories
✏️ Writing: Essays, poems, reflections, short stories or any kind of writing
🎨 Creative: Art, posters, music, crafts, or anything that expresses the whispers of nature

📌 Languages
Myanmar or English: your choice, your voice

📌 Prizes
Writing: Winner - 50,000 MMK | Runner-up - 25,000 MMK
Creative: Winner - 50,000 MMK | Runner-up - 25,000 MMK

The winning artworks will also be featured at Green Festival 2025 and on GF’s partner pages.

📅 Deadline:
🔗 Register here: https://forms.gle/qwoMgaRXsN5Xcnw4A
European Union in Myanmar
EU SWITCH-Asia Programme Kokkoya Organics

+

Photo Campaign Announcement - Green Festival 2025 မကြာခင်မှာ တတိယအကြိမ်မြောက် ကျင်းပမဲ့ Kokkoya Organics  နဲ့ Prevent Pl...
16/10/2025

Photo Campaign Announcement - Green Festival 2025

မကြာခင်မှာ တတိယအကြိမ်မြောက် ကျင်းပမဲ့ Kokkoya Organics နဲ့ Prevent Plastics+ မှ ပူးပေါင်း စီစဥ်တဲ့ Green Festival မှာ အားလုံးစောင့်မျှော်နေကြတဲ့ "Lens of Nature" ဆိုတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဓာတ်ပုံပြိုင်ပွဲလေးကို ပြန်လည် အသက်သွင်းလိုက်ပါတယ် 🌿📸

"Nature photos are more than just colours" ဆိုတဲ့အတိုင်း သဘာဝအလှ ဓာတ်ပုံတစ်ပုံဟာ ကျွန်တော်တို့ အမြင်ရူပါအာရုံထဲ မြင်ရတဲ့ အလင်းနဲ့ အရောင်တွေထက် ပိုပါတယ်။

သဘာဝအလှ ဓာတ်ပုံတစ်ပုံဟာ သဘာဝရဲ့ တန်ပြန် စကားသံတွေ၊ ဖြစ်ပျက်နေသော အခြေအနေတွေကို ဖော်ပြနိုင်ရုံသာမက သုခုမအလှ၊ ရသနဲ့ ကရုဏာတို့ကိုလည်း ပေးပြီး ကျွန်တော်တို့ အမှီသဟဲပြုနေတဲ့ သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းမွန်တဲ့ လုပ်ဆောင်မှုတွေ လုပ်ဆောင်ဖို့အတွက်လည်း စိတ်အားထက်သန်စေပါတယ်။

"Lens of Nature" မှာ ပါဝင်ယှဥ်ပြိုင်လိုသူများအတွက်📍

🐝🌳 မိမိရဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ ရှုခင်းပုံ၊ တိရိစ္ဆာန်လေးတွေပုံ စတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့ ကြိုက်နှစ်သက်ရာ ဓာတ်ပုံတစ်ပုံ နှင့် Captionတွင်





+


စတဲ့ Hashtagsလေးတွေနဲ့ တွဲဖက်တင်ပြီး မည်သူမဆို ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ Post ကို Public ထားပြီး Public post screenshot ကို Prevent Plastics+ ရဲ့ Facebook messenger ကို ပေးပို့ခြင်းဖြင့် ပါဝင်ယှဥ်ပြိုင်နိုင်ပါတယ်။

• Reaction အများဆုံးရရှိသူ ၁ဦး🏆

• Captionမှာ ဓာတ်ပုံရဲ့ နောက်ခံ​အကြောင်းအရာကို လှပအကောင်းမွန်ဆုံး ရေးသားဖော်ပြနိုင်သူ ၂ဦး🏆

• ဆွဲဆောင်မှုအရှိဆုံး(သို့) အလှပဆုံး ဓာတ်ပုံဆုပိုင်ရှင် ၂ဦး🏆

စုစုပေါင်း winners ၅ဦးကို

- ၅၀၀၀၀ကျပ်တန် ကူပွန်အပြင်
- Eco-friendly drinking bottleနဲ့ steel straw တစ်စုံတို့ကို ဆုလက်ဆောင်အဖြစ်ပေးအပ်သွားမှာပါ။

📌📅 Deadline အနေနဲ့ နိုဝင်ဘာ ၁ရက်နေ့၊ ၂၀၂၅ ဖြစ်ပြီး hashtag ( #) လေးတွေနဲ့ တွဲတင်ပြီး Public ထားဖို့လည်း မမေ့ပါနဲ့နော်။

"Lens of Nature"မှ အနိုင်ရရှိတဲ့ ဓာတ်ပုံလေးများကို နိုဝင်ဘာ ၇၊ ၈၊ ၉ မှာ ကျင်းပသွားမဲ့ Green Festival မှာ ပြသထားမှာလည်း ဖြစ်လို့ Kokkoya ကို လာခဲ့ကြဖို့​လည်း အားလုံးကို ဖိတ်ခေါ်ပါတယ်။

📍နေရာ: Kokkoya Organics

ခြံအမှတ် (၄၈)၊ ဘောဂ (၂) လမ်း၊ ဂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။

Photo Campaign Announcement – Green Festival 2025

“Lens of Nature” environmental photo competition will return at the 3rd Green Festival, jointly organized by Kokkoya and Prevent Plastics+ 🌿📸

Just as the saying goes, “Nature photos are more than just colours,”
a nature photograph is more than the colours and light we see through our eyes.

A photo of nature can not only express the voices and current state of the environment but also reflect beauty, emotion, and compassion, inspiring us to take positive action toward the environment we rely on.

For those who want to participate in “Lens of Nature” 📍

🐝🌳 On your social media account, post your favorite nature-related photo such as landscapes, animals, or any environmental related photo you love, together with the caption including the hashtags:





+


Make sure your post is Public. Send a screenshot of your public post to Prevent Plastics+ Facebook Messenger to confirm your entry.

🏆 Awards
• 1 Winner with the Most Reactions
• 2 Winners who write the Best Captions that beautifully express the story behind the photo
• 2 Winners for the Most Attractive or Beautiful Photos

Each of the 5 winners will receive a 50,000 MMK coupon, plus an eco-friendly drinking bottle and a set of steel straws as special gifts.

📌📅 Deadline: November 1, 2025
(And don’t forget to include all your hashtags and make your post Public!)
The winning photos from “Lens of Nature” will also be displayed at the Green Festival on November 7-9, 2025, so we warmly invite everyone to visit Kokkoya during the festival.

📍 Venue:
Kokkoya Organics,
No. (48), Bawga (2) Street, Thingangyun Township.
European Union in Myanmar EU SWITCH-Asia Programme





+

သဘာဝအတွက် စိတ်ကလေးနဲ့ လက်ကလေးတစုံ Green Festivalမှာ ကိုယ်စားပြုအကောင်လေးတွေလုပ်ရင်း Volunteer အနေနဲ့ ပါဝင်နိုင်မယ့်အခွင်...
15/10/2025

သဘာဝအတွက် စိတ်ကလေးနဲ့ လက်ကလေးတစုံ Green Festivalမှာ ကိုယ်စားပြုအကောင်လေးတွေလုပ်ရင်း Volunteer အနေနဲ့ ပါဝင်နိုင်မယ့်အခွင့်အရေး
Festival 2025: Whisper of Nature

(Myanmar Version )

သဘာဝထဲက အရာတစ်ခုခု ဒါမှမဟုတ် သတ္တဝါတစ်မျိုးမျိုးအနေနဲ့ သင်ဝင်ခံစားကြည့်ဖူးပါသလား? အဲ့ထဲကတစ်မျိုးမျိုးဖြစ်မယ်ဆိုရင်ရော ဘာလေးတွေ ပြောချင်ပါသလဲ? ဘာလေးတွေလုပ်ချင်မိပါသလဲ?

ဒီလိုမျိုး တွေးကာ သက်ဝင်လှုပ်ရှားစွာ ပါဝင်နိုင်ပြီး Volunteer အနေနဲ့ လုပ်နိုင်မယ့် အခွင့်အရေးကို ယခုနှစ် Green Festival က ယူဆောင်လို့လာပါပြီ။ ထို Activity ကတော့ Council of All Beings ဖြစ်ပါတယ်။ အစီအစဥ်မှာတော့ ပါဝင်သူများက ကိုယ့်သူငယ်ချင်း မိတ်ဆွေများနှင့် အဖွဲ့အလိုက် စာရင်းပေး ပါဝင်နိုင်မှာဖြစ်သလို တစ်ဦးချင်းစီလည်း ပါဝင်ရန် စာရင်းသွင်းနိုင်ပါတယ်။

Council of All Beings ဆိုတာကတော့ ဇီဝမျိုးစုံမျိုးကွဲ သက်ရှိများနှင့် ရေမြေတောတောင်၊ တောင်တန်းများ စတဲ့ သဘာဝထဲမှာ သူ့အလိုလိုတည်ရှိဖြစ်တည်နေသော သဘာဝတရားများထဲမှ ကိုယ်သဘောကျနှစ်သက်၍ ကိုယ်စား ဖွင့်ဟပြောကြားချင်တဲ့ အရာတစ်မျိုးကို ရွေးချယ်ပြီး ပါဝင်နိုင်မယ့် Activity ပဲဖြစ်ပါတယ်။

ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့ Activityတစ်ခုမှာ အနည်းဆုံး 3ယောက်ကနေ အများဆုံး 5ယောက်တစ်ဖွဲ့ ကိုယ်စီကိုယ်စားပြု အကောင် ဒါမှမဟုတ် သက်ရှိတစ် ရွေးချယ်နိုင်မှာဖြစ်ပြီး ကိုယ်ပိုင်အဖွဲ့တို့၏ ဂီတ၊ အက၊ story play စတဲ့ အမျိုးမျိုးသော ကိုယ်ပိုင်ဖန်တီးမှုများဖြင့် သဘာဝထဲကတီးတိုးစကားများကို ထုတ်ဖော်ပြသနိုင်မယ့် အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။

ဒီ Activityကိုတော့
လာမည့် Nov 7, 8, 9 ရက်နေ့ Green Festival မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပြီး ကမ္ဘာကြီးကိုချစ်မြတ်နိုးတဲ့လူငယ်တွေ Volunteer အဖြစ် ဒီအစီအစဥ်မှာ သက်ဝင်လှုပ်ရှားစွာ ပါဝင်လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

Green Festival ကို Kokkoya, Prevent Plastics+ , YEAH တို့ကနေ ကျင်းပဦးဆောင်ပြီး ပြုလုပ်တဲ့ ပွဲတော် တစ်ခုဖြစ်ပါတယ်။ ဒီပွဲမှာ စုံလင်လှပတဲ့ Activities, Workshopများနှင့်အတူ လူငယ်တွေအတွက် ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ Ideasတွေများစွာကို ချပြနိုင်မည့် ပြိုင်ပွဲအစီအစဥ်လည်း ပါဝင်သွားမှာပဲဖြစ်လို့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်။ ယခုလိုပဲ သစ်လွင်ဆန်းပြားတဲ့ Activities တွေများစွာ ပါဝင်တဲ့ Green Festival မှာ သင်က သူငယ်ချင်းတွေ၊ ကိုယ်စီအဖွဲ့တွေနဲ့ အတူတူ ပါဝင်ဆင်နွှဲ ကူညီအားဖြည့်ချင်တယ်ဆိုရင်တော့ အခုပဲ Register လုပ်နိုင်ပါတယ်နော်။

လျှောက်ထားရန် - https://docs.google.com/forms/d/e/1FAIpQLSehoVxlANFYVPgv5NlXGhCy863i7rYeAGhdGpgTzeDIAepetQ/viewform?usp=preview

Deadline - 17th October 2025 (before 11:59 A.M.)
European Union in MyanmaroEU SWITCH-Asia Programme YEAH - Youth for Environmental Action and Hope

Kokkoya Organics

+

YEAH × EUMEETup Collaborative Eventစက်တင်ဘာ (၁၃) ရက်နေ့မှာ YEAH programme မှ graduates များနှင့် EUMEETup delegates များ...
14/10/2025

YEAH × EUMEETup Collaborative Event

စက်တင်ဘာ (၁၃) ရက်နေ့မှာ YEAH programme မှ graduates များနှင့် EUMEETup delegates များ၏ collaborative section ကို ဟေရမုန် - Urban Organic Farm မှာ ပြုလုပ်ခဲ့ပါတယ်။ မနက်စာနှင့် နေ့လည်စာအတွက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေပြီး ပလတ်စတစ်ထုတ်ပိုးမှုမရှိတဲ့ အစားအသောက်များကို အရသာရှိရှိစားသုံးခဲ့ကြပါတယ်။

ဒီ session လေးကို online ရော၊ in person ပါ ပြုလုပ်ခဲ့ပြီး participant အားလုံးကလည်း တက်ကြွစွာပါဝင်ခဲ့ပါတယ်။ အချင်းချင်းမိတ်သဟာရဖွဲ့ခြင်းများနှင့်အတူ အုပ်စုလိုက်ဆွေး‌နွေးမှုများဖြင့် တစ်ဦးနှင့်တစ်ဦးအတွေးအမြင်များ ဖလှယ်နိုင်ခဲ့ကြပါတယ်။ ထို့နောက်မှာတော့ ဟေရမုန်မြို့ပြစိုက်ပျိုးခင်း၏ ပျိုးထောင်သူဖြစ်တဲ့ ဆရာ Luke မှ Sustainable Organic Farming အကြောင်းကို ဝေမျှပေးခဲ့ရာ participant များကလည်း မေးခွန်းများအပြန်အလှန်များမေးရင်း စိမ်းလန်းသောစိုက်ခင်း၊ ကျန်းမာရေးနှင့် ညီညွတ်သောစိုက်ပျိုးရေးနည်းလမ်းများကို ပိုမိုသိရှိနားလည်ခဲ့ကြပါတယ်။

Parallel Round Table Discussion အတွက် ခေါင်းစဉ်သုံးခုဖြစ်တဲ့ Community Mobilisation, Career Development, Organisational Management တို့ကို YEAH မှ လူငယ်သုံးဦးမှ ဦးဆောင်ဆွေးနွေးပြီး participant များမှ မိမိစိတ်ပါဝင်စားတဲ့ဆွေးနွေးရေးမှာ ပါဝင်ရင်းအတွေးများဖလှယ်၊ အဖြေရှာခဲ့ကြပါတယ်။

နောက်ဆုံးကဏ္ဍလေးအနေနှင့် Healing in the farm လို့ ခေါင်းစဉ်တပ်လို့ရတဲ့ စိုက်ခင်းထဲမှကုစားခြင်း ကဏ္ဍကို ပြင်ဆင်ခဲ့ကြပါတယ်။ မိမိတို့၏ စိတ်ဖိစီးမှု၊ သောကတွေကို အေးချမ်းသွားစေဖို့ ခဏတာငြိမ်သက်ရင်း စိတ်ကိုအားပြန်ဖြည့်ပေးတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်။ ထိုခဏတာအတွင်းမှာ ပူပန်စရာအတွေးတို့ကိုရှင်းလင်းရင်း မိမိ၏ လုံခြုံရာနေရာ လို့ခေါ်တဲ့ safe place ကို ပြန်လည်ရှာဖွေခဲ့ကြပါတယ်။

အောက်တိုဘာလ (၁၄) ရက်နေ့မှာတော့ YEAH + MEETup ပူးတွဲသင်ကြားရေး ထပ်မံစတင်ခဲ့ကြပါတယ်။ Thant Myanmar မှ Program Director Mr. Friedor Jeske မှ Global Plastics Treaty အကြောင်းကို ရှင်းပြဆွေးနွေးပေးခဲ့ပါတယ်။

လူငယ်များအနေနဲ့ အသစ်သစ်သောအရာများကိုလေ့လာပြီး ပိုမိုကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုဖော်ဆောင်ရေးတို့အတွက် အတွေးအမြင်အသစ်များ ရရှိစေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

YEAH × EUMEETup Collaborative Event
On September 13, a collaborative session between YEAH programme graduates and EUMEETup delegates was held at Heramon - Urban Organic Farm. For breakfast and lunch, participants enjoyed delicious, environmentally friendly meals that were free from plastic packaging.
The session was conducted both online and in person, with active participation from everyone involved. Through group discussions and mutual introductions, participants exchanged ideas and perspectives.
Following that, Mr Luke of Heramon Urban Farm, shared insights on Sustainable Organic Farming. Participants engaged in a lively Q&A, deepening their understanding of green farming practices and health-conscious cultivation methods.
During the Parallel Round Table Discussions, three key topics were explored:
-Community Mobilisation
-Career Development
-Organisational Management
Three youth representatives from YEAH led these discussions, and participants joined the ones they were most interested in, exchanging ideas and seeking solutions together.
The final segment, titled Healing in the Farm, was designed as a reflective and restorative experience. It offered a moment of calm to release stress and sorrow, helping participants reconnect with their personal “safe place” and recharge emotionally.
On October 14, the YEAH + MEETup collaborative learning continued. Mr Friedor Jeske, Program Director from Thant Myanmar, gave a talk on the Global Plastics Treaty, sparking thoughtful discussion.
We hope that young people have gained new perspectives and inspiration to contribute to building a better environment.

European Union in Myanmar EU SWITCH-Asia Programme
+

YEAH Vol. 4 ရဲ့ ပထမ အစ ယနေ့ အောက်တိုဘာလ 13ရက်နေ့မှာတော့လေးကြိမ်မြောက်ပြန်လည်ရောက်ရှိလာတဲ့ Youth for Environmental Action...
13/10/2025

YEAH Vol. 4 ရဲ့ ပထမ အစ

ယနေ့ အောက်တိုဘာလ 13ရက်နေ့မှာတော့
လေးကြိမ်မြောက်ပြန်လည်ရောက်ရှိလာတဲ့ Youth for Environmental Action and Hope - YEAH Programme ရဲ့ Volume 4၏ ပထမအစ ခြေလှမ်းသစ်ဖြစ်တဲ့ Orientation Event ကို ဟေရမုန် - Urban Organic Farm မှာ ပြုလုပ်ခဲ့ကြပါတယ်။
YEAH ကတော့ မြန်မာနိုင်ငံရှိ လူငယ်များအား သဘာဝပတ်ဝန်းကျင်နဲ့ ရေရှည်တည်တံ့မှုဆိုင်ရာ အသိပညာပေးနိုင်ရန် နဲ့ လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် Thant Myanmar နဲ့ Prevent Plastics+ တို့ရဲ့ ပူးပေါင်းဆောင်ရွက် ဖော်ဆောင်တာဖြစ်ပါတယ်။
ဒီ (၄) လတာ ပရိုဂရမ်မှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာများစွာကို ကဏ္ဍပေါင်းစုံက လွှမ်းခြုံထားပြီး လူငယ်တွေမှ ကောင်းမွန်သော အပြောင်းအလဲအတွက် စိတ်အားထက်သန်စွာ ပါဝင်စေဖို့ ရည်ရွယ်ပါတယ်။ မိမိပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာရပ်တွေအပါ် သတိရှိစေလာဖို့သာမက ခေါင်းဆောင်မှုစွမ်းရည်ရှိ လူငယ်များကို ပြုစုပျိုးထောင်ခြင်းဖြင့် YEAH မှတဆင့် မိမိဝန်းကျင်နဲ့ ကမ္ဘာမြေအတွက် ပိုမိုတောက်ပသောအနာဂတ်ကို ဖန်တီးနိုင်ဖို့ ပံ့ပိုးပေးသွားမှာပါ။
မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်မှ လူငယ် (၂၅) ဦး ပါဝင်သွားမှာဖြစ်ပြီး ဝေးဝေး၊ နီးနီး လူငယ်တိုင်း ပါဝင်နိုင်စေဖို့ ပရိုဂရမ်ရဲ့ သင်ကြားမှုပုံစံဟာ အွန်လိုင်းနဲ့ရော စာသင်ခန်းတွင်း သင်ကြားမှုနဲ့ပါ ပါဝင်သွားမှာပါ။
ယခု ပြုလုပ်ခဲ့တဲ့ Orientation Event မှာတော့
ဟေရမုန် - Urban Organic Farm မှ ဆရာ Luke မှ Mud House - ရွှံ့အိမ်လုပ်နည်းကို သေချာပြသသင်ကြားပေးခဲ့ပြီး YEAH 4 In-person delegates များမှလည်း ထိုActivityကို ပျော်ရွှင်စွာတက်ညီလက်ညီ ကြိုးကြိုးစားစား လုပ်ခဲ့ကြပါတယ်။ Onlineမှ YEAH delegatesများအနေနဲ့လည်း ကိုယ်ပိုင်တီထွင်ဖန်တီးမှုဖြင့် လက်မှု နှင့် Upcycling Craft ပစ္စည်းလေးများကို ဖန်တီးခဲ့ကြပါတယ်။
ဒါအပြင် YEAH ရဲ့ ပထမဆုံး ခေါင်းစဉ်ဖြစ်တဲ့ “How to Become an Environmentalist” ကို Thant Myanmar ရဲ့ Program Director Mr. Friedor Jeske ကနေ ပြောပြပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှုများကို ဖော်ဆောင်ရာမှာ အရေးပါတဲ့ ကိုယ်တွေ့ ကိစ္စရပ်များနဲ့ အတွေ့အကြုံများစွာကို မျှဝေပေးခဲ့ပါတယ်။

Prevent Plastics+ ရဲ့ Team Leader ဖြစ်တဲ့ Mr. Daniel Mista မှလည်း ပရိုဂရမ်အကြောင်းနဲ့ ပါဝင်တဲ့ ကဏ္ဍများကို ရှင်းပြပေးခဲ့ပါတယ်။
ဒါ့အပြင် YEAH Delegates အချင်းချင်း ပိုမိုရင်းနှီးစေဖို့ မိတ်ဆက်နဲ့ ဂိမ်းအစီအစဉ်များ ပြုလုပ်ခဲ့ပါသေးတယ်။

YEAH 4 ရဲ့ Delegates လူငယ်များကလည်း သဘာဝပတ်ဝန်းကျင်အရေး တက်တက်ကြွကြွ ဆောင်ရွက်သွားဖို့ စိတ်လှုပ်ရှားနေကြပါပြီ။

Today, on October 13th, the first new step of the fourth iteration of the Youth for Environmental Action and Hope (YEAH) Programme the Orientation Event of Volume 4 was successfully held at Heramone - Urban Organic Farm.
YEAH is a collaboration between Thant Myanmar and Prevent Plastics+, designed to provide Myanmar's youth with environmental and sustainability knowledge and practical skills.
YEAH's mission is to equip the youth with the skills and knowledge to actively contribute to sustainable development. Our comprehensive curriculum covers a wide range of environmental topics, fostering a deep passion for conservation and positive change.
By nurturing environmentally conscious and empowered youth, YEAH aims to create a brighter future for Myanmar and the planet. We instill purpose and provide practical tools for young people to make a meaningful impact on environmental issues.
We're excited that the programme will commence in a hybrid style, enabling 25 youths from across Myanmar to participate.

Here's a glimpse of our orientation activities:
Instructor Luke from Heramone - Urban Organic Farm thoroughly demonstrated how to build a Mud House, and the YEAH 4 in-person delegates also worked together happily and diligently on this activity.
Online YEAH delegates also creatively made handicrafts and upcycling craft items through their own innovations.
Welcome Remark by Mr. Daniel Mista, Team Leader at Prevent Plastics+, inspiring youth to become change-makers for the environment through this programme.
The First Class: "How to Become an Environmentalist" by Mr. Friedor Jeske, Thant Myanmar, marking the beginning of our environmental leadership journey.
Stay tuned for more updates and inspirational moments as we embark on this transformative journey!
European Union in Myanmar EU SWITCH-Asia Programme

“Green Festival 2025: သဘာဝရဲ့ တီးတိုးစကား” နေ့စဥ်နဲ့အမျှ သဘာဝဆီကလာတဲ့ ပြောကြားသံတွေကို ကြားမိပါသလား? သဘာဝဆီမှ အသံတွေကို ...
12/10/2025

“Green Festival 2025: သဘာဝရဲ့ တီးတိုးစကား”

နေ့စဥ်နဲ့အမျှ သဘာဝဆီကလာတဲ့ ပြောကြားသံတွေကို ကြားမိပါသလား?

သဘာဝဆီမှ အသံတွေကို အချိန်ပေးပြီး ဂရုတစိုက် နားထောင်ဖူးပါသလား?



သဘာဝတရားကြီးထဲမှာ သူတို့လည်း သူတို့ရဲ့ ကိုယ်ပိုင်အသံတွေ၊ ပြောချင်တာတွေ ရှိပါတယ်။ ဂေဟစနစ်အားလုံးထဲက သက်ရှိအပင်နှင့် တိရစ္ဆာန်‌လေးများရဲ့အသံ၊ လေညှင်းလေးတွေရဲ့ အသံ၊ မိုးအသံ၊ မြစ်ချောင်း နှင့် ပင်လယ်တွေထဲက အသံ၊ သစ်တော ဒါမှမဟုတ် တောင်တွေရဲ့ အသံ စတဲ့ သဘာဝ အတွင်းကအသံများစွာရှိပါတယ်။



ဒါပေမဲ့ ယနေ့ခေတ်မြို့ပြမှာ ကိုယ့်ဆီကို တိုက်ရိုက်ခတ်လာတဲ့ မွမ်းကြပ်စရာကောင်းပြီး များပြားသော ဆူညံသံ အမျိုးမျိုး နှင့် အနှောက်အယှက်သံတွေကိုသာ အလွန်တရာ ကြားလာရပြီး သဘာဝဆီက ပြောကြားသံနဲ့ သူတို့လေးတွေရဲ့ တီးတိုးစကားလေးတွေကိုတော့ တကယ်ပဲ မကြားရတော့ပါဘူး။



ဒါ့ကြောင့် ဒီနှစ် Green Festival 2025 “သဘာဝရဲ့ တီးတိုးစကား” နဲ့အတူ ကိုယ့်ဘဝထဲမှာ ပျောက်ကွယ်နေသော သဘာဝထဲကအရာများကို ပြန်လည်ရှာဖွေသတိပြုကာ နားထောင်ပေးရင်း သဘာဝနဲ့ ပြန်လည်ချိတ်ဆက်နိုင်မယ့် အခွင့်အရေးရှိပြီဖြစ်ကြောင်း ကြေညာလိုက်ရပါတယ်။



ဒီပွဲမှာတော့ အထူးတလည် သဘာဝမှ တိုးထွက်လာတဲ့ တီးတိုးစကားသံတွေကို ကိုယ်ပိုင်တီထွင်ဖန်တီးမှု၊ အနုပညာနှင့် ဂီတတွေအပြင် လူငယ်တွေရဲ့ အသံ၊ လက်တွေ့ပါဝင်မှုတွေကို တစ်ပြိုင်တည်း သိရှိပါဝင် ခံစားနိုင်မယ့် နေရာလေးဖြစ်အောင် အထူးတလည် ‌ဖန်တီးထားပါတယ်။ သဘာဝရဲ့ တီးတိုးစကား ဆိုတဲ့အတိုင်း ကမ္ဘာမြေ၊ သဘာဝပတ်ဝန်းကျင်ကနေ မိမိတို့ကို ပြောပြနေတဲ့ အသိ၊သတိ၊ ပြောစကားများစွာကိုလည်း ရည်ရွယ်ထားပါတယ်။



နှစ်စဥ်လုပ်ဖြစ်နေတဲ့ Green Festival ဆိုတာကတော့ Kokkoya Organics နဲ့ Prevent Plastics+ မှ ပူးပေါင်းစီစဉ်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပွဲတော်တစ်ခု ဖြစ်ပါတယ်။ ယခင်ကလည်း မတူညီတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာခေါင်းစဉ်များနဲ့ (၂) နှစ်တိုင်တိုင် ကျင်းပခဲ့ပြီး ယခုနှစ်မှာတော့ YEAH (Youth for Environmental Action and Hope) မှ လူငယ်အချို့လည်း ပါဝင်စီစဉ်ထားကြောင်းကိုလည်း မိတ်ဆက်လိုက်ရပါတယ်။



ပွဲတော်မှာ ထူးထူးခြားခြား ဘာတွေ ပါဝင်သွားမလဲ? 🌟



ဒီနှစ် Green Festival မှာဆိုရင် စိတ်ဝင်စားဖို့ကောင်းတဲ့ Workshops များနှင့် ဆန်းသစ်သော ပြိုင်ပွဲများအပြင် ထူးခြားဆန်းပြားသော အစီအစဥ်များပါဝင်မှာဖြစ်ပြီး လူငယ်တွေနှင့်အတူ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာတွေ၊ လာရောက် ပါဝင်သူတွေရဲ့ ကိုယ်ပိုင် ဖန်တီးမှုတွေ နဲ့ စိတ်ကူးစိတ်သန်းပေါင်းများစွာကိုလည်း ယခု Green Festival မှာ စုံစုံလင်လင်နဲ့ မြင်တွေ့လို့ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပွဲတော်ကို ကိုယ်တိုင်လာရောက်ပါဝင်ဆင်နွှဲရင်း သဘာဝရဲ့ တီးတိုးစကားများကို နားထောင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

ဒီ Green Featival ကို စိတ်ဝင်စားတဲ့သူတိုင်းအတွက်လည်း မကြာခင်မှာ ကိုယ်တိုင်ပါဝင်နိုင်မယ့် Activities အသေးစိတ်များနှင့် ပွဲအတွက် Volunteer များလည်းခေါ်ဦးမှာဖြစ်တာကြောင့် မပျက်မကွက် စောင့်ကြည့်ပေးကြပါဦးနော်။



နေ့ရက်: (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့မှ (၉) ရက်နေ့

နေရာ: Kokkoya Organics

ခြံအမှတ် (၄၈)၊ ဘောဂ (၂) လမ်း၊ ဂ ရပ်ကွက်၊ သင်္ဃန်းကျွန်း။

Have you ever truly listened to the voices of nature that surround you every day?

Have you ever paused and paid attention to what nature is trying to say?

Within the vastness of the natural world, every element from plants and animals to the wind, rain, rivers, oceans, forests, and mountains has its own voice and stories to tell.

Yet, in today’s bustling urban life, we are often overwhelmed by countless noises and distractions. We rarely get the chance to hear the gentle whispers of nature anymore.

That’s why this year’s Green Festival 2025, themed “Whisper of Nature,” invites you to reconnect with the natural world to rediscover and listen to what we’ve forgotten, and to find harmony once again with the environment around us.

This festival is uniquely designed as a creative and interactive space where participants can experience the whispers of nature through art, music, and youth participation. “Whisper of Nature” also symbolises the wisdom and reminders that the Earth and the environment continue to share with us.

The Green Festival, held annually, is an environmental celebration co-organised by Kokkoya Organics and Prevent Plastics+. For the past two years, it has been hosted under different environmental themes, and this year, several youth members from YEAH (Youth for Environmental Action and Hope) have also joined the organising team.

🌿 What’s in plan for this year’s festival?

The Green Festival 2025 will feature a range of inspiring workshops, innovative competitions, and creative programs designed to spark imagination and environmental awareness. Participants will have the chance to learn, create, and express their own ideas about nature and sustainability alongside other youth.

So, join us and listen closely to the Whisper of Nature at this year’s Green Festival.

Exciting details about activities and volunteer opportunEuropean Union in MyanmarooEU SWITCH-Asia Programmetes: November 7–9, 2025

📍 Venue: Kokkoya Organics, No. (48), Bawga (2) Street, Thingangyun Township.

European Union in Myanmar
EU SWITCH-Asia Programme
+

YEAH ၏ ပထမဦးဆုံး  Podcast Series "သဘာဝလော်စပီကာ"📢💚 နေ့စဉ်ဘဝထဲမှာ ကျွန်ုပ်တို့တွေ တခါတရံ Podcast အကြောင်းအရာအမျိုးမျိုးက...
10/10/2025

YEAH ၏ ပထမဦးဆုံး Podcast Series "သဘာဝလော်စပီကာ"📢💚

နေ့စဉ်ဘဝထဲမှာ ကျွန်ုပ်တို့တွေ တခါတရံ Podcast အကြောင်းအရာအမျိုးမျိုးကို နားထောင်ဖြစ်ကြပေမယ့် သဘာဝပတ်ဝန်းကျင်ကမ္ဘာကြီးနှင့်ပတ်သက်တဲ့အကြောင်းအရာတွေတော့ Podcastအနေနဲ့ဆို မတွေ့ရသလောက်အောင် ရှားရှားပါးပါးဖြစ်တာကြောင့် စိတ်ဝင်စားသော်လည်း နားမထောင်ဖြစ်တာတွေရှိပါတယ်။

ဒါကြောင့် YEAH - Youth for Environmental Action and Hope

မှ လူငယ်တွေအနေနဲ့ သဘာဝဆီက တိုးထွက်လာတဲ့အသံတွေကို ကိုယ်စားပြောကာမျှဝေပေးမယ့် "သဘာဝလော်စပီကာ" Podcast Series ဆိုတာကို ပြုလုပ်ဖန်တီးထားတဲ့အကြောင်း သတင်းစကားပါးလိုက်ရပါတယ်။ 🎙️🌏

ဒီ Podcast Series မှာတော့ YEAH မှ ကျွန်ုပ်တို့ လူငယ်တွေရဲ့ သဘာဝပတ်ဝန်းကျင် ကမ္ဘာကြီးအပေါ်ထားတဲ့ အတွေးအမြင်၊ စိတ်ထား၊ ချစ်ခြင်းမေတ္တာ နှင့် ကိုယ်ပိုင် ပတ်ဝန်းကျင်ထိန်းသိမ်းမှုနည်းလမ်း စတဲ့ ခေတ်နှင့်လျော်ညီတဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာဗဟုသုတ အကြောင်းအရာများစွာကို ပေါ့ပေါ့ပါးပါး နားဆင်နိုင်မှာဖြစ်ပြီးတော့ သဘာဝမှာ တကယ်ဖြစ်နေတဲ့အရာတွေ၊ တကယ်ပဲလိုအပ်နေသောအရာတွေနှငင့် သဘာဝပတ်ဝန်းကျင်ရဲ့ စစ်
မှန်တဲ့အသံတွေက ထုတ်ဖော်ပြောသွားကြမယ့် လူငယ့်အသံ၊ လူငယ့်စကားဝိုင်းပဲ ဖြစ်ပါတယ်။

YEAH Programကို ထပ်မံမိတ်ဆက်ရမယ်ဆိုရင်တော့ EU SWITCH-Asia Programme Grant Programmeတစ်ခုဖြစ်သော Prevent Plastics+ နှင့် ပါတနာဖြစ်သော Thant Myanmar တိုမှ ပူးပေါင်းကာ သင်ကြား မွေးထုတ်ပေးထားသော လူငယ်Programmeပဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ "သဘာဝလော်စပီကာ"ရဲ့ ပထမဆုံးပွဲဦးထွက် အပိုင်းဖြစ်တဲ့ Pilot Episode (Introduction) ကို စတင်ထုတ်လွှင့်လိုက်ရပါတယ်။ ဒီအပိုင်းမှာ YEAH အကြောင်းအား အထွေထွေ မိတ်ဆက်ခြင်းများပါဝင်ပြီး ဒီ Programme က ကိုယ်ပိုင်အတွေ့အကြုံတွေကို Speaker 4ယောက်ဆီက စုံလင်စွာနားထောင်ရင်း အလွဲများကို ရယ်မောရမှာ ဖြစ်တာကြောင့် မလွတ်တမ်း နားထောင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်နော်။

ဒါ့အပြင် မကြာခင် နောက်ထပ် Episode တွေမှာလည်း မတူညီသောလူငယ်တွေနဲ့ ပိုမိုစိတ်ဝင်စားဖို့ကောင်းတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအရာတွေ၊ သစ်လွင်ဆန်းသစ်တဲ့ အမြင်အမျိုးမျိုးကို ကြားသိနားဆင်နိုင်မှာဖြစ်တာကြောင့် ဆက်လက်စောင့်မျှော်ပေးကြပါဦး။

YEAH Podcast -သဘာဝလော်စပီကာ📢🌱 လူငယ်အသံတွေကနေ သဘာဝအတွက် အသံတစ်သံအဖြစ်။

🎧 YEAH’s First Podcast Series – “Nature Loudspeaker” 📢💚
In our daily lives, we often tune into various podcasts, but rarely do we hear ones that speak directly from nature’s perspective. That’s why YEAH – Youth for Environmental Action and Hope is launching its first-ever podcast series: “Nature Loudspeaker”.
This youth-led series gives voice to the sounds of nature through the voices of young changemakers. It’s a space where we share our thoughts, love, and personal actions for the environment, offering fresh, relevant, and accessible knowledge about what’s genuinely happening in our natural world.
The EU SWITCH Grant Programme established the YEAH programme, Prevent Plastics+, and its partner Thant Myanmar.
🎙️ The Pilot Episode (Introduction) is now live! It introduces the YEAH Programme and features four youth speakers sharing their real experiences, reflections, and even some fun moments you won’t want to miss.
Stay tuned for upcoming episodes featuring diverse youth voices and exciting environmental topics that will inspire and inform.
📢 YEAH Podcast – Nature Loudspeaker: Youth voices echoing for nature.

Listen at -
YouTube -https://youtu.be/RyYNgAqKOXg
Spotify - https://open.spotify.com/episode/7MxSNOuP77UCBGt4hsDrUs
European Union in Myanmar
+

Address

56, M1 Thiri Marlar Street
Yangon
11061

Alerts

Be the first to know and let us send you an email when Prevent Plastics+ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Prevent Plastics+:

Share