Prevent Plastics+

Directions Website Contact the organization

Prevent Plastics+ EU-funded project with the overall objective to promote Sustainable Consumption & Production Patterns
(2)

‎တစ်ခါသုံးပြီး လွှင့်ပစ်လိုက်တော့မှာလား… ပြန်ပြင်သုံးကြည့်ရင် ပိုမကောင်းဘူးလား 🛠✨‎‎ပြန်ပြင်သုံးဖို့ ဆိုင်နေရာတွေကို ခြေလ...
16/10/2026

‎တစ်ခါသုံးပြီး လွှင့်ပစ်လိုက်တော့မှာလား… ပြန်ပြင်သုံးကြည့်ရင် ပိုမကောင်းဘူးလား 🛠✨
‎
‎ပြန်ပြင်သုံးဖို့ ဆိုင်နေရာတွေကို ခြေလျင်လိုက်ရှာစရာမလိုတော့ဘဲ အလွယ်တကူ မြေပုံပေါ်မှာ ရှာဖွေတွေ့ရှိနိုင်ဖို့ Circular Map 🗺♻️
‎
‎ယခုလို အစစအရာရာ ဈေးတက်နေတဲ့ ခေတ်ကြီးထဲမှာ စရိတ်ပိုခြွေတာနိုင်ဖို့နဲ့ ပတ်ဝန်းကျင်မှာ အမှိုက်တွေကို တတ်နိုင်သလောက် လျှော့ချနိုင်ဖို့အတွက် Circular Map (Repair & Eco-Service Map) လေးနဲ့ Prevent Plastics+ က ဒီကနေ့မှာ မိတ်ဆက်ပေးချင်ပါတယ်။
‎
‎ဒီ Map လေးကတော့ YEAH (Youth for Environmental Action and Hope) Volume 4 မှ လူငယ်လေးများက Final Project အဖြစ် မြို့နယ်အသီးသီးမှာရှိတဲ့ ပြင်ဆင်စရာ ပစ္စည်းမျိုးစုံအတွက် ဆိုင်နေရာတွေကို စနစ်တကျ ပြန်လည် စုစည်းပြီး Mapping လုပ်ထားတာပဲ ဖြစ်ပါတယ်။
‎
‎ထီး၊ ဖိနပ်၊ သော့ ကစလို့ လျှပ်စစ်ပစ္စည်း၊ အိမ်သုံးပစ္စည်းတွေအထိ အသစ်ဝယ်စရာမလိုဘဲ အလွယ်တကူ ပြန်ပြင်သုံးနိုင်ဖို့ ဒီ Map လေးကို ဘယ်လို ထိရောက်စွာ အသုံးပြုရမလဲဆိုတာကိုတော့ လာမယ့် 24 ရက်နေ့ Repair Map Instruction & Launching Session လေးမှာ အသေးစိတ် မျှဝေပြသပေးသွားဖြစ်ပါတယ်။
‎
‎ပစ္စည်းတွေကို ပြန်ပြင်သုံးပြီး ပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်သူတွေ၊ စရိတ်ခြွေတာချင်သူတွေနဲ့ ဒီ Map ကို စနစ်တကျ အသုံးပြုချင်သူများနဲ့ စိတ်ဝင်စားသူများ အခမဲ့ တက်ရောက်နိုင်ပါပြီ။
‎
‎📅 Online Launching Session အသေးစိတ်
‎Date : October 24th, 2026 (Saturday)
‎Time: 8 PM
‎Location: Online (Zoom Session)
‎
‎
‎နေရာအခက်အခဲမရှိဘဲ မိမိအိမ်ကနေပဲ လွယ်လွယ်ကူကူ ပါဝင်လေ့လာဖို့ တက်ရောက်နိုင်တာမို့ အခုပဲ အောက်ပါ Form လင့်ခ်မှာ စာရင်းပေးသွင်းထားလိုက်တော့နော် 👇🔗
‎
‎ https://forms.gle/1KM1ibjC44pYCvhC9
‎
‎အသုံးလိုတာတွေကို ပြန်ပြင်သုံးရင်း စရိတ်လည်း ငြိမ်း၊ အမှိုက်လည်း လျှော့နိုင်ဖို့ လာမယ့် အောက်တိုဘာ (၂၄)၊ ည (၈) နာရီမှာ ဆုံကြမယ်နော်။💚✨

Looking for a place to repair your items instead of throwing them away? The new Circular Map (Repair & Eco-Service Map) makes it easy to find repair and eco-service shops near you.
Created as a final project by YEAH (Youth for Environmental Action & Hope) Volume 4 youth participants, this map brings together repair services across different townships, from umbrellas, shoes, and keys to electrical and household items.
Join our Online Launching & Instruction Session to learn how to use the map effectively, save money, and reduce waste.
📅 Date: 24 October 2026 (Saturday)�🕗 Time: 8:00 PM�💻 Location: Zoom (Online)
🔗 Register here: https://forms.gle/1KM1ibjC44pYCvhC9
Let's repair, reuse, and reduce waste together!

European Union in Myanmar EU SWITCH-Asia Programme YEAH - Youth for Environmental Action and Hope


+

လက်ရှိမှာ Prevent Plastics+ ဟာ မြန်မာနိုင်ငံမှ ဘုန်းတော်ကြီးသင် စာသင်ကျောင်းအချို့နဲ့ ပူးပေါင်းပြီး ကျောင်းတွင်းအမှိုက်စ...
14/10/2026

လက်ရှိမှာ Prevent Plastics+ ဟာ မြန်မာနိုင်ငံမှ ဘုန်းတော်ကြီးသင် စာသင်ကျောင်းအချို့နဲ့ ပူးပေါင်းပြီး ကျောင်းတွင်းအမှိုက်စီမံခန့်ခွဲမှုအပြင် သဘာဝပတ်ဝန်းကျင်နဲ့ ပလတ်စတစ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းတွေကို ဆရာမများမှတစ်ဆင့် ကလေးများအား သင်ကြားပေးလျက်ရှိပါတယ်။
အခုမျှဝေထားတဲ့ပုံထဲမှာတော့ ကျောင်းမကြီးမှ ဆရာ၊ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေက ရွာတစ်ဝိုက်ကို တက်ညီလက်ညီ သန့်ရှင်းရေးလုပ်ခဲ့ကြတာပါ။ လုပ်အားပေးကြသူတွေကို ဘုန်းကြီးကနေ ကောက်ညှင်းဆန်နဲ့ ငှက်ပျောသီးကြော်တွေကို
ဗာဒံရွက်တွေနဲ့ထည့်ပြီး အာဟာရကျွေးခဲ့ပါတယ်။
ပုံမှန်အားဖြင့် အလှူဒါနပြုကြတဲ့အခါ အဆင်ပြေလွယ်ကူအောင် တစ်ခါသုံးပလတ်စတစ်တွေကို လွယ်လွယ်သုံးတတ်ကြတယ်။ အခုဝေမျှတဲ့နည်းလေးကတော့ ရှေးမြန်မာတို့ရဲ့ဓလေ့လည်းဖြစ်တယ်။ သဘာဝပတ်ဝန်းကျင်ကိုရော ကျန်းမာရေးကိုရော မထိခိုက်စေတဲ့ ကြည်နူးစရာပုံရိပ်လေးမို့ ပြန်လည်ဝေမျှလိုက်ရပါတယ်။

Prevent Plastics+ is collaborating with several monastic schools across Myanmar to promote school waste management practices and environmental and plastic awareness education, delivered to children through trained teachers.
Recently, teachers and students from the school joined hands to clean the surrounding village area. As a gesture of appreciation, the monastery provided volunteers with steamed sticky rice and fried bananas, thoughtfully served on almond leaves.
In many donation and community activities, people often choose single-use plastics for convenience. However, this simple practice reflects a traditional Myanmar way of sharing food that is both environmentally friendly and healthier for people. It is a heartwarming reminder that some of our old customs can still inspire sustainable living today.
European Union in Myanmar EU SWITCH-Asia Programme

+

ဒီနေ့မှာတော့ World Mental Health Day အထိမ်းအမှတ်နေ့ ပွဲလေးကို Aung Clinic Mental Health Initiative နဲ့အတူ ဟေရမုန် - Urba...
10/10/2026

ဒီနေ့မှာတော့ World Mental Health Day အထိမ်းအမှတ်နေ့ ပွဲလေးကို Aung Clinic Mental Health Initiative နဲ့အတူ ဟေရမုန် - Urban Organic Farm မှာ တူတူကျင်းပခဲ့ကြပါတယ်။
အရင်ဆုံး ဟေရမုန် farmမှ ဆရာ Luke ကနေ ခြံအကြောင်းရှင်းပြပြီး farm tour လုပ်ပေးခဲ့ပါတယ်။
အဲ့နောက်မှာတော့ Aung Mental Health Initiative မှ ဆရာအောင်မင်းတပည့်တွေနဲ့ Painting Session ကို ဆရာမ စန်းစန်းဦး နဲ့အတူ လုပ်ခဲ့ကြပါတယ်။
နေ့လည်ပိုင်းမှာတော့ "How to Live on Earth" ရုပ်ရှင်
ကြည့်ရင်း ဆရာမေသူခိုင် ကနေ ဦးဆောင် facilitate လုပ်ပေးခဲ့ပြီး မတူညီတဲ့ အတွေးအမြင်တွေကို အချင်းချင်း ဆွေးနွေးခဲ့ကြပါတယ်။
ပွဲအပိတ်မှာတော့ ဟေရမုန် farm ကနေ စိုက်ဖို့အပင်လေးတွေကို လက်ဆောင်ပေးခဲ့ပြီး ဒီလိုနဲ့ တစ်နေ့တာကို farm ထဲမှာ ကုန်ဆုံးခဲ့ကြပါတယ်။
World Mental Health Day မှာ ကမ္ဘာမြေကြီးပေါ်မှာ ကိုယ်ရှင်သန်နေထိုင်တဲ့နည်းလမ်းတွေကို ပြန်ပြောင်းသုံးသပ်ရင်း စိတ်ကိုအနားပေးနိုင်ခဲ့ကြလိမ့်မယ်လို့ထင်ပါတယ်။
နောက်ပိုင်းမှာလည်း အခုလိုမျိုး သဘာဝနဲ့ထိတွေ့တဲ့ ပွဲလေးတွေဆ​က်လုပ်ဖို့ရှိတာမို့ စောင့်မျှော်ပေးကြပါဦးနော်။

World Mental Health Day with Aung Clinic Mental Health Initiative and Hayyamone Urban Organic Farm.
Started with a farm tour led by Sayar Luke, followed by a relaxing painting session with the students from Aung Mental Health Initiative together with Dr San San Oo. In the afternoon, we screened How to Live on Earth and shared thoughts in a discussion facilitated by Ma May Thu Khine.
Before heading home, Farm gifted some plants to care for. It was a simple but meaningful day of connecting with nature, reflecting on lives, and giving minds a little space to breathe.
Hoping to organise more nature-based gatherings like this in the future. Stay tuned!

European Union in Myanmar EU SWITCH-Asia Programme

+

Aung Clinic Mental Health Initiative ဟေရမုန် - Urban Organic Farm နှင့် Prevent Plastics+ တို့ ပူးပေါင်းပြီး World Menta...
08/10/2026

Aung Clinic Mental Health Initiative ဟေရမုန် - Urban Organic Farm နှင့် Prevent Plastics+ တို့ ပူးပေါင်းပြီး World Mental Health Day အထိမ်းအမှတ်ပွဲလေးကို အောက်တိုဘာလ (၁၀)ရက်နေ့မှာ ကျင်းပသွားဖို့ရှိပါတယ်။ 🌱

Aung Mental Health Initiative မှ ဆရာအောင်မင်းရဲ့ တပည့်တွေနဲ့ "How to Live on Earth" ရုပ်ရှင်ကြည့်ရင်း farm ထဲမှာ နေ့လည်စာစားကြပြီး အဲ့နောက်မှာတော့ Painting session ပြုလုပ်သွားမှာပါ။
ဒီပွဲကတော့ ဆရာအောင်မင်းရဲ့ တပည့်တွေနဲ့ ဟေရမုန် farm တို့ ပူးပေါင်းလုပ်ဆောင်တဲ့ activity လေး ဖြစ်ပါတယ်။
ဒီလို သဘာဝထဲမှာ ပန်းချီဆွဲတဲ့ series ကို နောက်ပိုင်း ဆက်လုပ်သွားနိုင်အောင်လည်း ကြိုးစားလျက်ရှိပါတယ်။

သဘာဝနဲ့ထိတွေ့ခြင်းက စိတ်ကိုကျန်းမာစေသလို သဘာဝကို ပိုမိုချစ်မြတ်နိုးလာစေတာမို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စိတ်အားထက်သန်စေရန် ရည်ရွယ်ပြီး ပွဲလေးကို စီစဉ်ရခြင်းဖြစ်ပါတယ်။

How to Live on Earth documentary screening လေးကို join ချင်သူတွေအတွက်လည်း အောက်ပါ link မှာ register လုပ်လို့ရပါတယ်။

World Mental Health Day Celebration with Aung Mental Health Initiative, Hayyamone Urban Organic Farm
This World Mental Health Day, Aung Mental Health Initiative and Hermon Farm will jointly host a special event on 10 October.
Participants, including Dr. Aung Min's students from Aung Mental Health Initiative, will gather at the farm to watch the documentary "How to Live on Earth", enjoy lunch in a natural setting, and take part in a painting session afterwards.
This activity is a collaborative effort between Dr Aung Min's students and Hayyamone Farm. We also hope to continue organising similar nature-based painting sessions in the future.
The event is inspired by the belief that connecting with nature supports mental well-being and helps people develop a deeper appreciation and love for the environment.
For those interested in joining the "How to Live on Earth" documentary screening, registration is available through the link below:

https://forms.gle/NEz65KdT8VcacvEh6

European Union in Myanmar EU SWITCH-Asia Programme

+

"နည်းပညာတွေက တိုးတက်နေပြီ။ ကမ္ဘာကြီးပျက်စီးသွားလည်း တခြားဂြိုဟ်မှာ သွားနေရုံပေါ့။" သဘာဝပတ်ဝန်းကျင်အကြောင်းပြောတိုင်း ဒီလ...
06/10/2026

"နည်းပညာတွေက တိုးတက်နေပြီ။ ကမ္ဘာကြီးပျက်စီးသွားလည်း တခြားဂြိုဟ်မှာ သွားနေရုံပေါ့။" သဘာဝပတ်ဝန်းကျင်အကြောင်းပြောတိုင်း ဒီလိုငြင်းခုံမှုမျိုးနဲ့ တစ်ခါမဟုတ်တစ်ခါတော့ ရင်ဆိုင်ရဖူးမယ်ထင်ပါတယ်။
တခြားဂြိုဟ်မှာ သွားမနေခင် ကမ္ဘာပေါ်မှာ ဘယ်လိုဆက်နေမလဲဆိုတာ အရင်အဖြေရှာကြည့်ကြရင်ရော?

တူတူဆွေးနွေးရင်း အဖြေရှာဖို့အသင့်ပဲဆိုရင်တော့ "How to Live on Earth" ဆိုတဲ့ documentary လေးကို အားလုံးတူတူကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဒီထဲမှာတော့ Sherlock Holmes တစ်ဖြစ်လဲ Dr.
Strange မင်းသားကြီး Benedict Cumberbatch ကိုယ်တိုင် နောက်ခံစကားပြောပြီး တင်ဆက်ထားပါတယ်။

ဒီ documentary ကိုကြည့်ရင်း လက်ရှိကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့အရာတွေကို ပိုသိမြင်ရမယ်။ ပျက်စီးနေတဲ့ ကမ္ဘာကြီးကို ပိုပြီးအသက်ရှူကြပ်စေမှာလား။ ဒါမှမဟုတ် သက်ရှိတို့အားလုံးရဲ့ နားခိုရာ ကမ္ဘာကြီးကို လက်တွေ့ကျကျ ပြန်ပြင်လို့ရနိုင်မလားဆိုတဲ့ အဖြေကိုတူတူရှာဖွေကြမှာပါ။

Inperson လာရောက်ကြည့်ရှုပြီး ဆွေးနွေးဖို့ အောက်ပါ link လေးမှာ register လုပ်နိုင်ပါပြီ။
📆ရက်စွဲ - 10.10.2026 (Sat)
⌛️အချိန် - 10:00 AM- 12:00 PM
📍နေရာ - ဟေရမုန် - Urban Organic Farm
Regaitration - https://forms.gle/NEz65KdT8VcacvEh6


+

Prevent Plastics+ မှ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ secondhand, upcycled, community-produced products များ ရောင်းချနိုင...
24/09/2026

Prevent Plastics+ မှ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ secondhand, upcycled, community-produced products များ ရောင်းချနိုင်သည့် online marketplace platform တစ်ခုပြုလုပ်ဖို့ Web Developer ရှာဖွေနေပါတယ်။ ‌
စိတ်ဝင်စားသူများအနေဖြင့် အောက်ပါလင့်ခ်မှတစ်ဆင့် လုပ်ငန်းတာဝန်များနှင့် သတ်မှတ်ချက်များကို သေချာစွာဖတ်ရှုပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့၊ မနက် 11နာရီ နောက်ဆုံးထား email ပို့လျှောက်ထားဖို့ တိုက်တွန်းအပ်ပါတယ်နော်။ ‌
https://preventplastics.org/resource/terms-of-reference-development-of-prevent-plastics-multi-vendor-marketplace-platform/

European Union in Myanmar EU SWITCH-Asia Programme

+

စက်တင်ဘာ 17 ရက်နေ့မှာ "World Cleanup Day 2026" အတွက် Planet Impacts ကနေ ဦးဆောင်ပြီး "Sustainable Fashion Exhibition Prel...
16/09/2026

စက်တင်ဘာ 17 ရက်နေ့မှာ "World Cleanup Day 2026" အတွက် Planet Impacts ကနေ ဦးဆောင်ပြီး "Sustainable Fashion Exhibition Preliminary" ဆိုတဲ့ ပွဲလေး Goethe Institute မှာ ကျင်းပသွားမှာပဲဖြစ်ပါတယ်။💌

ဒီပွဲမှာ အောက်ပါ စိတ်ဝင်စားစရာအစီအစဉ်တွေ ပါဝင်သွားမှာပါ။
ရေရှည်တည်တံ့တဲ့ ဖက်ရှင်ဒီဇိုင်းတွေနဲ့ ဖန်တီးမှုအသစ်တွေကို ပြတိုက်တစ်ခုလိုမျိုး လွတ်လွတ်လပ်လပ် ဝင်ရောက်လေ့လာနိုင်မယ့် "Innovative Sustainable Fashion Showcase"👗♻️

စံနှုန်းသတ်မှတ်ထားတဲ့ ဘောင်အတွင်း၊ အပြင်နှစ်မျိုးလုံးကနေ တက်ရောက်လာသူတွေရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ ဆန်းသစ်တီထွင်ကြံဆနိုင်စွမ်းတွေကို challenge လုပ်ရင်း အထူးဆုလက်ဆောင်များပေးသွားမယ့် "Ideation Mini Challenge" 💡🎁

ရေရှည်တည်တံ့စိမ်းလန်းသော စီးပွားရေး တီထွင်သူများ၊ လူငယ်ဖန်တီးရှင်များနဲ့ အချင်းချင်း ချိတ်ဆက်မယ်၊ အိုင်ဒီယာများ အပြန်အလှန်ဆွေးနွေးနိုင်ဖို့ "Networking Corner" 🌱🤝 ဲ

ဒါတွေအပြင် Prevent Plastics+ ရဲ့ "Repair Station" လေးလည်း ရှိနေမှာပါ။ 👚✂️
အိမ်မှာပိုနေတဲ့ အဝတ်စတွေကို ပေါင်းစပ်ပြီး ဒီဇိုင်အဆန်းလေးတွေအနေနဲ့ ပြန်ဖန်တီးကြမလား။ ပြုပြင်ဖို့လိုနေတဲ့ ဗီရိုထဲချောင်ထိုးထားရတဲ့ အထည်လေးတွေကို ပြန်လည်ဆန်းသစ်ဖာထေးမလား။ ဒါမှမဟုတ် အဟောင်းတွေကနေ တခြားသော ဒီဇိုင်းနဲ့ ပစ္စည်းအသစ်တွေအဖြစ်နဲ့ ဖန်တီးချင်လား။
မသုံးဖြစ်တဲ့ ရှိနေပြီးသား အဟောင်းတွေကနေ နေ့စဉ်ဘဝမှာအသုံးဝင်စေမယ့် ပုံစံအသစ်အဖြစ်နဲ့ ပြောင်းလဲဖန်တီးရင်း စိတ်လှုပ်ရှားစရာနေ့လေးအဖြစ် ကုန်ဆုံးနိုင်ဖို့ရာ ပွဲလေးကို လာရောက်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။

📆ရက်စွဲ : 17.9.2026 (Thurs)
⏳ အချိန် : 1:00 PM to 4:00 PM
📍နေရာ : Goethe Institut Myanmar

Planet Impacts European Union in Myanmar EU SWITCH-Asia Programme Up YEAH YEAH - Youth for Environmental Action and Hope

Let's Do It Myanmar

+

MEETup 2027 ဟာ ဥရောပသမဂ္ဂမှ တိုက်ရိုက်စီမံပေးတဲ့ programme ဖြစ်ပြီး Prevent Plastics+ မှာ ပြုလုပ်ပေးနေကျ လူငယ် programme...
16/09/2026

MEETup 2027 ဟာ ဥရောပသမဂ္ဂမှ တိုက်ရိုက်စီမံပေးတဲ့ programme ဖြစ်ပြီး Prevent Plastics+ မှာ ပြုလုပ်ပေးနေကျ လူငယ် programme ကဲ့သို့ လူငယ်တွေရဲ့ skill ကို နောက်တစ်ဆင့်မြှင့်ပေးမယ့် programme လည်း ဖြစ်ပါတယ်။
မိမိရဲ့ လူမှုအသိုင်းအဝိုင်းကို မြှင့်တင်ရင်း လူငယ်တွေအချင်းချင်း ပိုမိုချိတ်ဆက်ဖို့ MEETup 2027 ကို လျှောက်ထားနိုင်ပါတယ်။

စက်တင်ဘာလ (၂၁) ရက်နေ့မှာ MEETup Alumni တွေကနေ သူတို့ရဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေပေးမယ့် Info sharing Session လေးလည်း ရှိပါတယ်။
https://forms.gle/zCW1WbpxZ8pWRHTa8
အထက်ပါ link မှတစ်ဆင့် register ပြုလုပ်ပြီး reply mail မှတစ်ဆင့် ZOOM Link ကို ရယူနိုင်ပါတယ်။

MEETup 2027: Online Info Session
🗓နေ့ရက်- 21st Sept 2026 (Monday)
🕑အချိန်- 10 AM to 11 AM

European Union in Myanmar EU SWITCH-Asia Programme YEAH - Youth for Environmental Action and Hope




+

စက်တင်ဘာလ (12)ရက်နေ့နဲ့ (13)ရက်နေ့တွေမှာ "Made with Heart" Artisan Bazaar ပွဲလေးကို marketplace by City Mart 6.5 mile မှ...
11/09/2026

စက်တင်ဘာလ (12)ရက်နေ့နဲ့ (13)ရက်နေ့တွေမှာ "Made with Heart" Artisan Bazaar ပွဲလေးကို marketplace by City Mart 6.5 mile မှာကျင်းပသွားမှာပါ။ ဒီပွဲမှာ European Union funded programme ဖြစ်တဲ့ Prevent Plastics+ ရဲ့ YEAH program graduates တွေထဲက လူငယ်လေးတွေနဲ့ ဖွဲ့စည်းထားတဲ့ UpYEAH! အဖွဲ့လည်း ရှိနေမှာပါ။
နှစ်ရက်လုံးမှာ UpYEAH! ရဲ့ upcycled product တွေကို ဝယ်နိုင်မယ့်အပြင် filefolder တွေပေါ်မှာလည်း ကိုယ်တိုင်စိတ်တိုင်းကျ art design လေးတွေကိုပါ ဖန်တီးနိုင်မှာမို့ သွားရောက်ပါဝင်နိုင်ပါတယ်နော်။

📆ရက်စွဲ : 12.9.2026 (Sat), 13.9.2026 (Sun)
⏳ အချိန် : 9AM to 5PM
📍နေရာ :City Mart 6.5 mile

European Union in Myanmar EU SWITCH-Asia Programme
Up YEAH

ငယ်ငယ်က ကျောင်းသွားတဲ့အခါ ထမင်းချိုင့် ကိုယ်စီဆွဲရင်း သွားကြတယ်။ အိမ်ကထည့်ပေးလိုက် ထမင်း၊ဟင်းတွေကို သူငယ်ချင်းတွေနဲ့ တူတ...
08/09/2026

ငယ်ငယ်က ကျောင်းသွားတဲ့အခါ ထမင်းချိုင့် ကိုယ်စီဆွဲရင်း သွားကြတယ်။ အိမ်ကထည့်ပေးလိုက် ထမင်း၊ဟင်းတွေကို သူငယ်ချင်းတွေနဲ့ တူတူဝိုင်းဖွဲ့စားကြတဲ့ အမှတ်တရတွေ အားလုံးမှာရှိဖူးကြမှာပါ။
ဒီလို နေ့လည်စာထမင်းဘူးတွေ ထည့်တာက တစ်ခါသုံးပလတ်စတစ်တွေကို စာသင်နှစ်တစ်နှစ်စာအတွက်ဆို ခန့်မှန်းခြေ 195ရက်စာလောက်အထိ လျှော့ချနိုင်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ဝင်ငွေရှာလာနိုင်တော့ စားသောက်ချင်တာတွေလည်း များလာတယ်။ ဒီနေ့ခေတ်မှာဆို နိုင်ငံပေါင်းစုံက မြို့ပေါင်းစုံက အစားအသောက်တွေကို လွယ်လွယ်ကူကူဝယ်စားလို့ရနေပြီ။ ဒါပေမယ့် ငယ်ငယ်ကလို ချိုင့်၊ ဘူးတွေအစား တစ်ခါသုံးပလတ်စတစ်တွေ၊ ဖော့ဘူးတွေကို လွယ်လွယ်သုံးမိလာတာကိုရော သတိပြုမိကြလား။
ဒီတစ်ခါသုံးပစ္စည်းတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက ကင်ဆာရောဂါတွေကို ဆက်စပ်ဖြစ်ပွားစေနိုင်သလို တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးတွေ သက်ရောက်နေပါတယ်။ ထပ်ဆင့်အနေနဲ့ ဒီသဘာဝပတ်ကျင်ထိခိုက်မှုတွေက လူတွေကို ထပ်ပြီး ကျန်းမာရေးထိခိုက်မှုတွေ ပြန်ဖြစ်စေပါသေးတယ်။
တစ်ခါသုံးပလတ်စတစ်တွေက ဘယ်လောက်ထိဆိုးကျိုးများကြောင်း သိတဲ့သူတွေကတော့ တတ်နိုင်သမျှ ပလတ်စတစ်ကိုလျှော့ချနေကြပါပြီ။ ကိုယ်က အမြဲတစ်ခုခုဝယ်စားတတ်တာမျိုးဆိုရင် ဘူးလေးတွေဆောင်ထားလို့ရတယ်။ ဘူးကြီးကိုင်ရမှာ လေးတယ်ဆိုရင် ပါဆယ်ဝယ်မယ့်အစား ထိုင်စားတာမျိုးလေး လုပ်လို့လည်းရပါတယ်။
ကိုယ်သုံးစွဲလိုက်တဲ့ပလတ်စတစ်ဟာ တစ်ခဏတာ အသုံးဝင်ပေမယ့် ပလတ်စတစ်ရဲ့အကြွင်းအကျန်တွေကတော့ နှစ်ရာပေါင်းများစွာ ဆက်ရှိနေရင်း သက်ရှိတွေကို ဒုက္ခပေးနိုင်တာမို့ တတ်နိုင်သလောက် ရှောင်ကြရအောင်လားနော်။

European Union in Myanmar EU SWITCH-Asia Programme

+

Address

56, M1 Thiri Marlar Street
Yangon
11061

Alerts

Be the first to know and let us send you an email when Prevent Plastics+ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Prevent Plastics+:

Shortcuts

Share