Lutheran Bethlehem Church

Directions

Lutheran Bethlehem Church Lutheran Bethlehem Church was founded by the Rev. A. Mayor from the Leipzig Mission Work - Germany i

10/09/2026

အင်တိုက်အားတိုက်ပါဝင်ဆု​တောင်းကြဖို့ ဖိတ်​ခေါ်အပ်ပါသည်။

Today, we celebrated the 14th Sunday after Trinity with a Combined Divine Worship Service, including Holy Baptism and Ho...
06/09/2026

Today, we celebrated the 14th Sunday after Trinity with a Combined Divine Worship Service, including Holy Baptism and Holy Communion.

We joyfully welcomed Baby Sarah Morasha into God’s family through the sacrament of Holy Baptism. We also gathered around the Lord’s Table to partake in Holy Communion and receive God’s grace and blessing.

The sermon was delivered by Rev. Jan Philip, based on Matthew 18:1–20, reminding us of what it means to live as followers of Christ. We are called to live with humility, compassion for those in need, a heart that seeks the lost sheep, and a willingness to reconcile with one another.

Following the worship service, we also held our monthly Men’s and Women’s Fellowship programmes, providing a meaningful time for fellowship, sharing, encouragement, and strengthening our relationships as members of the church community.

May we continue to grow together in faith, love, and service, reflecting Christ’s love through our words, actions, and relationships with others.

05/09/2026

“အားနည်းသော သူတို့ကို မစရမည်ကို၎င်း၊ အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်း အရာသည်သာ၍ မင်္ဂလာရှိသည်ဟု သခင်ယေရှုမိန့်တော်မူသော စကားတော်ကို အောက်မေ့ရမည်ကို၎င်း၊ အရာရာ၌ သင်တို့အား ငါပြသပြီ၊ - တမန်တော်ဝတ္ထု 20 : 35

လုသာရင် ဗက်သလီဟမ် အသင်းတော်မှ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းကျေးရွာစုရှိ ရေဘေးသင့်ပြည်သူများအား စားနပ်ရိက္ခာများ ပေးဝေကူညီသည့် အစီအစဉ်ကို ၄.၉.၂၀၂၆ (သောကြာနေ့) တွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။

အဆိုပါအစီအစဉ်မှ ရေဘေးသင့် ကျေးရွာ
* စာဖြူစု – ၁၃၀ အိမ်ထောင်စု
* အုန်းတောစု – ၂၀ အိမ်ထောင်စု
* ကျွန်းဦး – ၄၀ အိမ်ထောင်စု
* သင်္ဃန်းချောင်း – ၄၂ အိမ်ထောင်စု
* ကျွန်းအင်း – ၁၂၀ အိမ်ထောင်စု
* အိုင်ဒေါင့် – ၄၈ အိမ်ထောင်စု

စုစုပေါင်း ၄၀၀ အား စားနပ်ရိက္ခာများ ပေးဝေကူညီနိုင်ခဲ့ပြီး၊ အခက်အခဲများကြားတွင် ရှိနေသော မိသားစုများထံသို့ အသင်းတော်၏ မေတ္တာနှင့် ခရစ်တော်၏မေတ္တာကို လက်တွေ့ဖော်ပြနိုင်ခဲ့ပါသည်။

ဤကူညီရေးလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဆုတောင်းခြင်း၊ အားပေးခြင်းနှင့် ပါဝင်ကူညီပေးခဲ့ကြသော အသင်းသူ အသင်းသားများနှင့် အလှူရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြ...
03/09/2026

မင်းကြီးက၊ ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသော သူတယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန်၍မိန့်တော်မူလတံ့။ — မဿဲ 25 : 40

ကျွန်တော်တို့ လုသာရင် ဗက်သလီဟမ် အသင်းတော်မှ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အင်းရဲကျွန်းကျေးရွာစုရှိ ရေဘေးသင့်ပြည်သူများအား ဘုရားသခင်၏မေတ္တာကို လက်တွေ့ဖော်ပြသည့်အနေဖြင့် စားနပ်ရိက္ခာများကို ၄.၉.၂၀၂၆ (သောကြာနေ့တွင်) ပေးဝေကူညီရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါ ကူညီရေးအစီအစဉ်တွင် အောက်ပါကျေးရွာများမှ စုစုပေါင်း အိမ်ထောင်စု ၄၀၀ ကို ရည်ရွယ်ကူညီမည်ဖြစ်ပါသည်—

* စာဖြူစု – ၁၃၀ အိမ်ထောင်စု
* အုန်းတောစု – ၂၀ အိမ်ထောင်စု
* ကျွန်းဦး – ၄၀ အိမ်ထောင်စု
* သင်္ဃန်းချောင်း – ၄၂ အိမ်ထောင်စု
* ကျွန်းအင်း – ၁၂၀ အိမ်ထောင်စု
* အိုင်ဒေါင့် – ၄၈ အိမ်ထောင်စု

ထို့ကြောင့် အဆိုပါ ခရီးစဉ်၊ လိုက်ပါ၍ အစေခံကြမည့်သူများနှင့် ရေဘေးဒဏ်ခံစားနေရသော ဒေသခံပြည်သူများအတွက် အထူးသဖြင့် ဆုတောင်းပေးကြပါရန် မေတ္တာရပ်ခံ၍ အသင်းတော်အား ကြေညာအပ်ပါသည်။

အခက်အခဲနှင့် ဘေးဒုက္ခကြားတွင် ရှိနေကြသော ညီအစ်ကိုမောင်နှမများထံသို့ ကျွန်တော်တို့၏ ဆုတောင်းခြင်း၊ အကူအညီနှင့် မေတ္တာများအားဖြင့် ခရစ်တော်၏မေတ္တာကို လက်တွေ့ဖော်ပြနိုင်ကြပါစေ။

ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ...
22/08/2026

ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ - ရှင်ယောဟန် 11 : 25

ခရစ်တော်၌ အိပ်​ပျော်ခြင်း
Saya John Julian Rhenious
Age: (70)yrs
Born On: 13.6.1956
Died On: 22.8.2026 (Saturday)

လုသာရင် ဗက်သလီဟင်း(မ်) အသင်းတော်၏ အသင်းသားနှင့် အမှုတော်ဆောင်၊ Every home for Christ တွင် Pioneer Crusader အဖြစ်သော်လည်းကောင်း၊ထောက်ကြန့်-မရမ််းချောင်းရှိ အနာကြီးရောဂါသည်များကြားတွင် ဧဝံဂေလိ သာသနာပြုခြင်းဖြင့် ပါဝင်ဆက်ကပ်ခဲ့သော Late Rev. Joseph John Andrews နှင့် Late Mrs. Hensley Nellie Andrews’ တို့၏သား၊ Late Mr. Dawson Joseph နှင့် Mrs. Dorothy Dawson တို့၏ သားသမက်၊ Sayama Anna Julian၏ ချစ်လှစွာသော ခင်ပွန်းဖြစ်သူ Saya John Julian Rhenious သည် ၂၀၂၆ ခုနှစ် ဩဂုတ်လ (၂၂) ရက်၊ စနေနေ့ နံနက် ၅:၁၀ အချိန်တွင် အမှတ်- ၁၃၀(က)၊ သစ္စာရိပ်သာလမ်း၊ ၁၂ ရပ်ကွက်၊ ရန်ကင်းမြို့နယ် နေအိမ်တွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း ကြားသိရပါသည်။

Saya John Julian Rhenious ကွယ်လွန်သွားခြင်းအတွက် လုသာရင်ဗက်သလီဟင်း(မ်)အသင်းတော်မှ ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Jan Philip Andrew၊ အသင်းတော် ကောင်စီဝင်များ၊ အသင်းသူအသင်းသားများနှင့် ဓမ္မမိတ်ဆွေများအားလုံးက ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။

ဆက်လက်၍ ၂၄.၀၈.၂၀၂၆ တနင်္လာနေ့၊ နံနက် ၉:၀၀ နာရီ အချိန်တွင် အမှတ် ၁၈၁-၁၈၃၊ သိမ်ဖြူလမ်းတွင်ရှိ Lutheran Bethlehem ဘုရားရှိခိုးကျောင်းသို့ ခေတ္တသယ်ယူပို့ဆောင်ထားပြီး ဈာပနာ့ ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို နေ့လည် ၁:၀၀ နာရီအချိန်တွင် ဆုတောင်းဝတ်ပြုပြီးနောက် ရေဝေးခရစ်ယာန်ဂိုဏ်ပေါင်းစုံ ဥယာန်တွင် ဂူသွင်း သဂ်ြုလ်မည်ဖြစ်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

အောက်‌မေ့ဘွယ်ရာ ကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်ကို ၂၈.၈.၂၀၂၆၊ သောကြာနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် Lutheran Bethlehem Church တွင်ပြုလုပ်မည်ဖြစ်ပါကြောင်း ရပ်ဝေးရပ်နီး ယုံကြည်သူ မိတ်ဆွေ များအားလုံး ပါဝင်ရန် ဖိတ်ကြားအပ်ပါသည်။

ကျန်ရစ်သူ မိသားစုဝင်များအပေါ် ဘုရားသခင်၏ နှစ်သိမ့်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ခွန်အားပေးခြင်း ကျေးဇူးတော်များ အစဉ်သက်ရောက်တည်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

လုသာရင်ဗက်သလီဟင်း(မ်)အသင်းတော်
Yangon, Myanmar

ရန်ကုန် ခရစ်ယာန်အသင်းတော်ပေါင်းစုံ အမျိုးသမီးမိတ်ဿဟာရအဖွဲ့၏ “သမ္မာကျမ်းစာ သင်ကြားခြင်းနှင့် ဆုတောင်းဝတ်ပြုခြင်း” အစီအစဉ်...
15/06/2026

ရန်ကုန် ခရစ်ယာန်အသင်းတော်ပေါင်းစုံ အမျိုးသမီးမိတ်ဿဟာရအဖွဲ့၏ “သမ္မာကျမ်းစာ သင်ကြားခြင်းနှင့် ဆုတောင်းဝတ်ပြုခြင်း” အစီအစဉ်ကို ယနေ့ နံနက် (၁၀:၀၀) နာရီတွင် အိမ်ရှင်အသင်းတော်အဖြစ် လုသာရန် ဗက်သလီဟင်(မ်) အသင်းတော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်ကုန်မြို့ရှိ ခရစ်ယာန်အသင်းတော်အသီးသီးမှ အမျိုးသမီးများ စုဝေးကာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အတူတကွ လေ့လာသင်ယူခြင်း၊ မိတ်ဿဟာရဖွဲ့ခြင်းနှင့် ဆုတောင်းဝတ်ပြုခြင်းအားဖြင့် ယုံကြည်ခြင်း၌ ခွန်အားသစ်များ ရရှိခဲ့ကြပါသည်။

ဤအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများနှင့် တက်ရောက်ခဲ့ကြသော ညီအစ်မများအားလုံးအပေါ် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာများ အစဉ်သက်ရောက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

📸 ယနေ့ အစီအစဉ်မှ အမှတ်တရပုံရိပ်များ

2nd Sunday After Trinity & Children’s Day CelebrationToday, we joyfully celebrated the 2nd Sunday after Trinity and Chil...
14/06/2026

2nd Sunday After Trinity & Children’s Day Celebration

Today, we joyfully celebrated the 2nd Sunday after Trinity and Children’s Day at our church.

We were especially blessed to witness our Sunday School children actively leading the worship service. For the first time, they served as chairpersons, Bible lesson readers, and prayer leaders, offering prayers for the opening of the service, for our pastors and church leaders, and for the offertory. It was a wonderful testimony to see our children confidently using their gifts in the service of God.

Following the worship service, we held a special Children’s Day celebration, where the children enjoyed a time of fellowship and received gifts.

We thank God for nurturing and raising up the future leaders of His Church. May He continue to guide, protect, and strengthen each child as they grow in faith and knowledge of our Lord Jesus Christ.

Please keep all our children in your prayers.

Happy Children’s Day! 🎉🙏❤️

Memories Recap – 31 May 2015On this day, 31 May 2015, nineteen of our youth publicly confessed their faith through the R...
06/06/2026

Memories Recap – 31 May 2015

On this day, 31 May 2015, nineteen of our youth publicly confessed their faith through the Rite of Confirmation and received the Holy Communion for the first time.

As we look back with gratitude, we thank God for His faithfulness in their spiritual journey and for the pastors, parents, godparents, and congregation who guided and supported them along the way.

May the Lord continue to strengthen them in His Word and keep them steadfast in the Christian faith.

“Be faithful unto death, and I will give you the crown of life.” (Revelation 2:10)

ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ...
01/06/2026

ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ - ရှင်ယောဟန် 11 : 25

ခရစ်တော်၌ အိပ်​ပျော်ခြင်း
Saya John Paul
Age: (81)yrs
Born On: 21.12.1944
Died On: 1.06.2026 (Monday)

လုသာရင် ဗက်သလီဟင်း(မ်) အသင်းတော်နှင့် မြန်မာလုသာရင်အသင်းတော်စု (တောင်ဒဂုံ)၏ အမှုတော်ဆောင်၊ MCC မေတ္တာရောင်ခြည် သမ္မာကျမ်းစာ စာပေးစာယူဌာန တာဝန်ခံ (ဟောင်း)၊ Late Mr. T. D. Paul နှင့် Late Mrs. A**l Paul တို့၏သား၊ Late Rev. J. J. Andrew နှင့် Late Mrs. Hansley Nellie Andrew တို့၏သားမက်၊ Mrs. Jesmon Rani Paul ၏ ခင်ပွန်း၊ June rose Noordzy, Angelinar Paul, Justus Paul, Christopher Paul တို့၏ ချစ်လှစွာသော ဖခင်၊ Zachary Hull, Ashton Noordzy, River Paul, Miya Noordzy တို့၏ အဖိုးဖြစ်သူ Saya John Paul သည် ၂၀၂၆ ခုနှစ် ဇွန်လ (၁) ရက်၊ တနင်္လာနေ့ နံနက် ၁၁:၂၀ အချိန်တွင် သြစတြေးလျနိုင်ငံ၊ Perth မြို့ရှိ Fiona Stanley hospital တွင်ခရစ်တော်၌ အိပ်ပျော်သွားကြောင်း ကြားသိရပါသည်။

Saya John Paul သည် အသင်းတော်နှင့် ခရစ်ယာန်သာသနာအတွက် သစ္စာရှိစွာ အမှုတော်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ သူ၏အသက်တာနှင့် အမှုတော်ဆောင်ရွက်မှုများသည် များစွာသောသူတို့အတွက် ကောင်းမွန်သော သက်သေခံချက်တစ်ရပ်အဖြစ် ကျန်ရစ်နေမည်ဖြစ်ပါသည်။

Saya John Paul ကွယ်လွန်သွားခြင်းအတွက် လုသာရင်ဗက်သလီဟင်း(မ်)အသင်းတော်မှ ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Jan Philip Andrew၊ အသင်းတော် ကောင်စီဝင်များ၊ အသင်းသူအသင်းသားများနှင့် ဓမ္မမိတ်ဆွေများအားလုံးက ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။

ကျန်ရစ်သူ မိသားစုဝင်များအပေါ် ဘုရားသခင်၏ နှစ်သိမ့်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ခွန်အားပေးခြင်း ကျေးဇူးတော်များ အစဉ်သက်ရောက်တည်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

လုသာရင်ဗက်သလီဟင်း(မ်)အသင်းတော်
Yangon, Myanmar

မြန်မာနိုင်ငံနှစ်ခြင်းအဖွဲ့ချုပ် အမျိုးသားဌာနနှင့် MCC အဖွဲ့ဝင်အသင်းတော်များမှ အမျိုးသားများ၏ မိတ်သဟာယအစီအစဥ်ကို MBC တွင...
23/05/2026

မြန်မာနိုင်ငံနှစ်ခြင်းအဖွဲ့ချုပ် အမျိုးသားဌာနနှင့် MCC အဖွဲ့ဝင်အသင်းတော်များမှ အမျိုးသားများ၏ မိတ်သဟာယအစီအစဥ်ကို MBC တွင် ကျင်းပပြုလုပ်ခဲ့ရာ Lutheran Bethlehem Church (LBC) Men Fellowship မှလည်း ပါဝင်တက်ရောက်၍ မိတ်သဟာယဖွဲ့ခြင်း၊ အားပေးနှုတ်ဆက်ခြင်းနှင့် ယုံကြည်ခြင်း၌ အတူတကွခိုင်မာစေရန် fellowship ပြုလုပ်နိုင်ခဲ့ပါသည်။

Address

No. 181-183, Thein Phyu Road, Mingalar Taung Nyunt Township
Yangon
11221

Website

Alerts

Be the first to know and let us send you an email when Lutheran Bethlehem Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share