Lutheran Bethlehem Church

Lutheran Bethlehem Church Lutheran Bethlehem Church was founded by the Rev. A. Mayor from the Leipzig Mission Work - Germany i

ရန်ကုန် ခရစ်ယာန်အသင်းတော်ပေါင်းစုံ အမျိုးသမီးမိတ်ဿဟာရအဖွဲ့၏ “သမ္မာကျမ်းစာ သင်ကြားခြင်းနှင့် ဆုတောင်းဝတ်ပြုခြင်း” အစီအစဉ်...
15/06/2026

ရန်ကုန် ခရစ်ယာန်အသင်းတော်ပေါင်းစုံ အမျိုးသမီးမိတ်ဿဟာရအဖွဲ့၏ “သမ္မာကျမ်းစာ သင်ကြားခြင်းနှင့် ဆုတောင်းဝတ်ပြုခြင်း” အစီအစဉ်ကို ယနေ့ နံနက် (၁၀:၀၀) နာရီတွင် အိမ်ရှင်အသင်းတော်အဖြစ် လုသာရန် ဗက်သလီဟင်(မ်) အသင်းတော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရန်ကုန်မြို့ရှိ ခရစ်ယာန်အသင်းတော်အသီးသီးမှ အမျိုးသမီးများ စုဝေးကာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အတူတကွ လေ့လာသင်ယူခြင်း၊ မိတ်ဿဟာရဖွဲ့ခြင်းနှင့် ဆုတောင်းဝတ်ပြုခြင်းအားဖြင့် ယုံကြည်ခြင်း၌ ခွန်အားသစ်များ ရရှိခဲ့ကြပါသည်။

ဤအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများနှင့် တက်ရောက်ခဲ့ကြသော ညီအစ်မများအားလုံးအပေါ် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းကြီးမင်္ဂလာများ အစဉ်သက်ရောက်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

📸 ယနေ့ အစီအစဉ်မှ အမှတ်တရပုံရိပ်များ

2nd Sunday After Trinity & Children’s Day CelebrationToday, we joyfully celebrated the 2nd Sunday after Trinity and Chil...
14/06/2026

2nd Sunday After Trinity & Children’s Day Celebration

Today, we joyfully celebrated the 2nd Sunday after Trinity and Children’s Day at our church.

We were especially blessed to witness our Sunday School children actively leading the worship service. For the first time, they served as chairpersons, Bible lesson readers, and prayer leaders, offering prayers for the opening of the service, for our pastors and church leaders, and for the offertory. It was a wonderful testimony to see our children confidently using their gifts in the service of God.

Following the worship service, we held a special Children’s Day celebration, where the children enjoyed a time of fellowship and received gifts.

We thank God for nurturing and raising up the future leaders of His Church. May He continue to guide, protect, and strengthen each child as they grow in faith and knowledge of our Lord Jesus Christ.

Please keep all our children in your prayers.

Happy Children’s Day! 🎉🙏❤️

Memories Recap – 31 May 2015On this day, 31 May 2015, nineteen of our youth publicly confessed their faith through the R...
06/06/2026

Memories Recap – 31 May 2015

On this day, 31 May 2015, nineteen of our youth publicly confessed their faith through the Rite of Confirmation and received the Holy Communion for the first time.

As we look back with gratitude, we thank God for His faithfulness in their spiritual journey and for the pastors, parents, godparents, and congregation who guided and supported them along the way.

May the Lord continue to strengthen them in His Word and keep them steadfast in the Christian faith.

“Be faithful unto death, and I will give you the crown of life.” (Revelation 2:10)

ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ...
01/06/2026

ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ - ရှင်ယောဟန် 11 : 25

ခရစ်တော်၌ အိပ်​ပျော်ခြင်း
Saya John Paul
Age: (81)yrs
Born On: 21.12.1944
Died On: 1.06.2026 (Monday)

လုသာရင် ဗက်သလီဟင်း(မ်) အသင်းတော်နှင့် မြန်မာလုသာရင်အသင်းတော်စု (တောင်ဒဂုံ)၏ အမှုတော်ဆောင်၊ MCC မေတ္တာရောင်ခြည် သမ္မာကျမ်းစာ စာပေးစာယူဌာန တာဝန်ခံ (ဟောင်း)၊ Late Mr. T. D. Paul နှင့် Late Mrs. A**l Paul တို့၏သား၊ Late Rev. J. J. Andrew နှင့် Late Mrs. Hansley Nellie Andrew တို့၏သားမက်၊ Mrs. Jesmon Rani Paul ၏ ခင်ပွန်း၊ June rose Noordzy, Angelinar Paul, Justus Paul, Christopher Paul တို့၏ ချစ်လှစွာသော ဖခင်၊ Zachary Hull, Ashton Noordzy, River Paul, Miya Noordzy တို့၏ အဖိုးဖြစ်သူ Saya John Paul သည် ၂၀၂၆ ခုနှစ် ဇွန်လ (၁) ရက်၊ တနင်္လာနေ့ နံနက် ၁၁:၂၀ အချိန်တွင် သြစတြေးလျနိုင်ငံ၊ Perth မြို့ရှိ Fiona Stanley hospital တွင်ခရစ်တော်၌ အိပ်ပျော်သွားကြောင်း ကြားသိရပါသည်။

Saya John Paul သည် အသင်းတော်နှင့် ခရစ်ယာန်သာသနာအတွက် သစ္စာရှိစွာ အမှုတော်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ သူ၏အသက်တာနှင့် အမှုတော်ဆောင်ရွက်မှုများသည် များစွာသောသူတို့အတွက် ကောင်းမွန်သော သက်သေခံချက်တစ်ရပ်အဖြစ် ကျန်ရစ်နေမည်ဖြစ်ပါသည်။

Saya John Paul ကွယ်လွန်သွားခြင်းအတွက် လုသာရင်ဗက်သလီဟင်း(မ်)အသင်းတော်မှ ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Jan Philip Andrew၊ အသင်းတော် ကောင်စီဝင်များ၊ အသင်းသူအသင်းသားများနှင့် ဓမ္မမိတ်ဆွေများအားလုံးက ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ အထူးဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။

ကျန်ရစ်သူ မိသားစုဝင်များအပေါ် ဘုရားသခင်၏ နှစ်သိမ့်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ခွန်အားပေးခြင်း ကျေးဇူးတော်များ အစဉ်သက်ရောက်တည်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

လုသာရင်ဗက်သလီဟင်း(မ်)အသင်းတော်
Yangon, Myanmar

မြန်မာနိုင်ငံနှစ်ခြင်းအဖွဲ့ချုပ် အမျိုးသားဌာနနှင့် MCC အဖွဲ့ဝင်အသင်းတော်များမှ အမျိုးသားများ၏ မိတ်သဟာယအစီအစဥ်ကို MBC တွင...
23/05/2026

မြန်မာနိုင်ငံနှစ်ခြင်းအဖွဲ့ချုပ် အမျိုးသားဌာနနှင့် MCC အဖွဲ့ဝင်အသင်းတော်များမှ အမျိုးသားများ၏ မိတ်သဟာယအစီအစဥ်ကို MBC တွင် ကျင်းပပြုလုပ်ခဲ့ရာ Lutheran Bethlehem Church (LBC) Men Fellowship မှလည်း ပါဝင်တက်ရောက်၍ မိတ်သဟာယဖွဲ့ခြင်း၊ အားပေးနှုတ်ဆက်ခြင်းနှင့် ယုံကြည်ခြင်း၌ အတူတကွခိုင်မာစေရန် fellowship ပြုလုပ်နိုင်ခဲ့ပါသည်။

ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ၂၀၂၆ ခုနှစ် VBS အစီအစဉ်ကို အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့ပါသည်။ထို့အပြင် ယနေ့ဝတ်ပြုအစီအစဉ...
17/05/2026

ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် ၂၀၂၆ ခုနှစ် VBS အစီအစဉ်ကို အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့ပါသည်။

ထို့အပြင် ယနေ့ဝတ်ပြုအစီအစဉ်တွင်လည်း မိခင်များအား ဂုဏ်ပြုချီးမြှောက်ကာ Mother’s Day ကို အတူတကွ ကျင်းပနိုင်ခဲ့ပါသည်။ မိခင်တို့၏ မေတ္တာ၊ စွန့်လွှတ်အနစ်နာခံမှုနှင့် ဂရုစိုက်မှုများကို ပြန်လည်အမှတ်ရကာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်းများဖြင့် ပြည့်နှက်သော အဖိုးတန်အချိန်လေးများ ဖြစ်ခဲ့ပါသည်။

VBS 2026 - 2nd day recaps
15/05/2026

VBS 2026 - 2nd day recaps

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် လုသရန်အသင်းတော်၏ တတိယအကြိမ်မြောက် နွေရာသီ သမ္မာကျမ်းစာသင်တန်း (VBS) ကို မေလ ၁၄ ရက်နေ့မှ ၁၇...
14/05/2026

ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် လုသရန်အသင်းတော်၏ တတိယအကြိမ်မြောက် နွေရာသီ သမ္မာကျမ်းစာသင်တန်း (VBS) ကို မေလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပြုလုပ်နေပြီဖြစ်ပါသည်။ ယခုနှစ်အတွက် အဓိကကျမ်းပိုဒ်မှာ — “ကျောက်ပေါ်၌ တည်ဆောက်သောအိမ်” (ရှင်မဿဲ ၇:၂၄) ဖြစ်ပါသည်။

ယခုနှစ် VBS အတွက် ကလေးများသည် အလွန်စိတ်အားထက်သန်စွာ ပါဝင်လျက်ရှိကြပြီး၊ ဆရာ/ဆရာမများကလည်း သင်ခန်းစာများ၊ ဂိမ်းများ၊ ချီးမွမ်းခြင်းအစီအစဉ်များနှင့် အခြားလှုပ်ရှားမှုများကို ကြိုတင်ပြင်ဆင်ကာ မေတ္တာဖြင့် အမှုဆောင်လျက်ရှိပါသည်။ ထို့အပြင် ချက်ပြုတ်ရေးအဖွဲ့များကလည်း ကလေးများနှင့် အမှုဆောင်သူများအတွက် အရသာရှိသော အစားအစာများကို စေတနာအပြည့်ဖြင့် ပြင်ဆင်ကျွေးမွေးလျက်ရှိကြပါသည်။

သို့ဖြစ်ပါ၍ VBS အစီအစဉ်တစ်လျှောက်လုံး ဘုရားသခင်၏ ကာကွယ်စောင့်ရှောက်ခြင်း၊ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် ဝိညာဉ်ရေးရာကြီးထွားခြင်းများ ရရှိစေရန် ဆုတောင်းခြင်းဖြင့် သတိရပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အသင်းတော်၏ ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Jan Philip ဦးဆောင်မှုဖြင့် ဗီယက်နမ်နိုင်ငံ Ho Chi Minh မြို့တွင် ၄.၅.၂၀၂၆ မှ ၇...
04/05/2026

အသင်းတော်၏ ကျောင်းထိုင်ဘုန်းတော်ကြီး Rev. Jan Philip ဦးဆောင်မှုဖြင့် ဗီယက်နမ်နိုင်ငံ Ho Chi Minh မြို့တွင် ၄.၅.၂၀၂၆ မှ ၇.၅.၂၀၂၆ အထိ ကျင်းပမည့် MMF Theological Consultation 2026 — “Increase Our Faith: Spreading the Gospel in a Changing World” — သို့ အသင်းတော်ကိုယ်စားလှယ်အဖြစ် Rev. Jan Philip နှင့် Sayama Anna Julian တို့ တက်ရောက်ရန် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားပြီဖြစ်ပါသည်။

ခရီးသွားလာနေစဉ်အတွင်း လုံခြုံချောမွေ့စွာ ရောက်ရှိနိုင်ရန်နှင့် ကျင်းပမည့် သင်တန်းအစီအစဉ် အောင်မြင်စွာ ပြီးမြောက်နိုင်ရန်အတွက် ဆုတောင်းပေးကြပါရန် အသင်းတော်သားများအား အသိပေးအပ်ပါသည်။

27.04.2026 - Memories recapOne-Year Memorial Thanksgiving of Rev. Dr. Jenson Rajan AndrewsToday, we gathered with gratef...
29/04/2026

27.04.2026 - Memories recap
One-Year Memorial Thanksgiving of Rev. Dr. Jenson Rajan Andrews

Today, we gathered with grateful yet heavy hearts to remember and give thanks for the life of Rev. Dr. Jenson Rajan Andrews, beloved President of the ELCM-LBC, on the first anniversary of his passing.

Though his absence is deeply felt, today was not only a moment of sorrow, but also a sacred time of thanksgiving—for a life that was lived with purpose, humility, and love for God and His people. Rev. Dr. Jenson Rajan Andrews was a shepherd, a guide, and a father to many. His words, his care, and his quiet strength have left a lasting imprint on all who knew him.

We are deeply thankful to all the families of LBC Church, MICF, YCC, the Bible Society of Myanmar, the Lower-Myanmar Methodist Church and our dear brothers and sisters from various ecumenical churches. Your presence, your prayers, and the memories you shared have brought comfort, unity, and healing. In coming together, we were reminded that love does not end, and a life poured out in service continues to speak.

As we remember him, we hold on to the hope we have in Christ—that death is not the end, but the beginning of eternal rest in the presence of the Lord. Until that day when we meet again, we carry forward his example of faith, love, and service.

“Blessed are the dead who die in the Lord… they will rest from their labor, for their deeds will follow them.” (Revelation 14:13)

Forever remembered. Forever grateful.

Address

No. 181-183, Thein Phyu Road, Mingalar Taung Nyunt Township
Yangon
11221

Website

Alerts

Be the first to know and let us send you an email when Lutheran Bethlehem Church posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share