Planting Precious Teenagers Lives

Planting Precious Teenagers Lives Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Planting Precious Teenagers Lives, Youth Organization, Yangon.

08/08/2023

👉 လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ဘယ်သူတွေခံရနိုင်လဲဆိုတာ
ဒီ video လေးမှာ ကြည့်လိုက်ကြရအောင်နော်။
CrdVideo from ICRC







10/07/2023

#လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု

17/06/2023

Hello ချစ်တို့ရေ😍😍
အားလုံးမျှော်နေကြတဲ့ အစီစဉ်လေးနဲ့
ပြန်လာပါပြီနော်
အခုလိုပါဝင်ပေးကြတဲ့အယောက်စီတိုင်းကို
အထူးပင်ကျေးဇူးတင်ပါတယ်။

👉 တစ်ခုအသိပေးချင်တာက‌တော့ ကျွန်ုပ်တို့ရဲ့
ပေ့ချ်လေးက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ကျွန်ုပ်တို့ အချင်းချင်းကြားမှာ အဓိက မျှဝေသွားမဲ့ ပေ့ချ်လေးပဲဖြစ်ပါတယ်။👈

🔴 ဒီပေ့ချ်လေးကို like and follow လုပ်ထားတဲ့အယောက်စီတိုင်းကလဲ
ကျွန်ုပ်တို့နဲ့အတူ ဗဟုသုတ များကို မျှဝေ သိရှိနိုင်မှာဖြစ်တဲ့အတွက် အားလုံးအတွက်လဲ
အကျိုးသက်သရောက်လိမ့်မယ်လို့ ကျွန်ုပ်တို့မျှော်လင့်ပါတယ်။

ကျွန်ုပ်တို့၏အစီအစဉ်အတိုင်း
အမေး၊ အဖြေကဏ္ဍကို
ပါဝင်ကြတဲ့သူတွေထဲမှ 🎉🎉 အမှတ်အများဆုံးရရှိသွားတဲ့ ၁၂ ယောက်ကိုဖော်ပြပေးလိုက်ပါတယ်။ မင်မင်တို့ပြောထားတဲ့အတိုင်း ဖုန်းဘေလက်ဆောင်ထည့်ပေးမယ်နော်။ 🎁🎁

- Lahpai Zau Jat Awng
- Than Dar Khin
- Mu May Lin
- Ei Phyu Sin
- Mi Phyu Phyu Aye
- Pyi Aung Myo Sant
- မိပန်ကျဲဉာဏ်
- Moe
- Meshell Seng Brim
- Seng tsawm
- Zaw Seng
- Micle

Hello ချစ်တို့ရေ…😍😍စိတ်ဝင်စားဖွယ်ကောင်းတဲ့ အစီအစဉ်လေးတစ်ခု ထပ်လာပါပြီနော်အစီအစဉ်လေးကတော့ အမေးအဖြေကဏ္ဍမှာပါဝင်ပြီး ဖုန်းဘ...
13/06/2023

Hello ချစ်တို့ရေ…😍😍

စိတ်ဝင်စားဖွယ်ကောင်းတဲ့ အစီအစဉ်လေးတစ်ခု ထပ်လာပါပြီနော်
အစီအစဉ်လေးကတော့ အမေးအဖြေကဏ္ဍမှာပါဝင်ပြီး ဖုန်းဘေလ်လက်ဆောင်ယူရမည့် အစီအစဉ်ဘဲဖြစ်ပါတယ်ရှင့်။
👉 အားလုံးပါဝင်နိုင်ဖို့ Like and Share လေးအရင်လုပ်သွားပေးနော်။👈

ကိုယ်ကိုကိုယ် ပြန်လည်သုံးသပ်လို့ရပြီး ဗဟုသုတလေးတွေလဲ ဆန်းစစ်လို့ရမဲ့အစီအစဉ်လေး တစ်ခုပဲဖြစ်ပါတယ်။ 🤔🤔
အောက်မှာပေးထားတဲ့ Google Form လေးထဲဝင်ပြီး မေးခွန်းလေးတွေဖြေပေးရုံပဲနော်။

📌 Google Formထဲက မေးခွန်းကို လာရောက်ဖြေကြားတဲ့သူတွေအားလုံးထဲက ပထမဦးဆုံး အဖြေမှန်တဲ့(၁၂)ဦးကို ရွေးချယ်ပြီး ဖုန်းဘေလ်လက်ဆောင်ပါ ထပ်ပေးအုံးမှာပါနော်။

📌 Google Form ထဲမဝင်ခင် မင်မင်တို့ ပေ့ချ်မှာတင်ထားတဲ့ အကြောင်းအရာ အချက်အလက်တစ်ခုချင်းစီကို သေချာဖတ်ပြီး ဖြေမယ်ဆိုရင် အားလုံးအတွက် ပိုအဆင်ပြေလိမ့်မယ်နော်။
အားလုံးပါဝင်နိုင်ဖို့ Like and Share လေးလုပ်သွားအုံးနော်။

ဗဟုသုတဆိုင်ရာ အသိပညာများ စီစစ်သုံးသပ်ခြင်း။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလျော့ချနိုင်ဖို့ ကြိုတင်ကာကွယ်လုပ်ဆောင်ရမယ့်နည်းလမ်းလေးတွေကို အောက်မှာဖော်ပြပေးလိုက်တယ်နော်...
03/06/2023

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုလျော့ချနိုင်ဖို့ ကြိုတင်ကာကွယ်လုပ်ဆောင်ရမယ့်နည်းလမ်းလေးတွေကို အောက်မှာဖော်ပြပေးလိုက်တယ်နော်။ 👇👇
နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အစီအစဉ်လေးတွေလဲ စီစဉ်ထားပါသေးတယ်။ 😱😱🤔
လာမဲ့အစီအစဉ်လေးမှာပါဝင်နိုင်ဖို့အတွက် အောက်မှာဖော်ပြထားတဲ့အချက်‌လေးတွေရယ် မင်မင်တို့ ပေ့ချ်မှာ တင်ထားတဲ့ ဗဟုသုတအကြောင်းအရာများအားလုံးကို သေချာဖတ်ဖို့လိုပါမယ်နော်
မိမိတို့သူငယ်ချင်းမိတ်ဆွေတွေကိုလည်း လာမဲ့အစီအစဉ်မှာပါဝင်နိုင်အောင် ဒီပို့စ်လေးကို like and share ပေးဖို့မမေ့နဲ့အုံးနော်🛑🛑
လာမဲ့အစီအစဉ်အတွက် မင်မင်တို့လဲ စိတ်လှုပ်ရှားနေပါပြီကွယ်💗💗






လိင်ပိုင်းဆိုင်းရာ အကြမ်းဖက်မှုရဲ့ဆိုးကျိုးတွေက ဘာလဲ🤔💬လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် ဖွံ့ဖြိုးဆဲဆယ်ကျော်သက်လေးများအပေါ...
30/05/2023

လိင်ပိုင်းဆိုင်းရာ အကြမ်းဖက်မှုရဲ့ဆိုးကျိုးတွေက ဘာလဲ🤔💬

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် ဖွံ့ဖြိုးဆဲဆယ်ကျော်သက်လေးများအပေါ် ပြင်း ထန်သော ရေတိုနှင့် ရေရှည်ဆိုးကျိုးများ သက်ရောက်မှုရှိနိုင်သည်။ ၎င်းတို့မှာ-
➡️ရုပ်ပိုင်း၊စိတ်ပိုင်းဆိုင်ရာ ရောဂါဝေဒနာများ ခံစားရခြင်း
➡️ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအားနည်းလာခြင်း
➡️ပတ်ဝန်းကျင်ရှိလူများအား အယုံအကြည်မရှိတော့ခြင်း
➡️ပတ်ဝန်းကျင်ဖယ်ကျင်မှုကိုခံရခြင်း
➡️ဂုဏ်သိက္ခာကျဆင်းခြင်း
➡️မိမိကိုယ်ကိုယုံကြည်မှုအားနည်းလာခြင်း နှင့် သေကြောင်းကြံစည်ခြင်း
➡️သူတစ်ပါးအားရန်ပြုခြင်း
➡️မူးယစ်ဆေးဝါးသုံးစွဲလာခြင်း
➡️အရပ်‌ဒေသပြောင်းရွေ့ခြင်း
➡️ပညာရေး၊ လူမှုရေး၊အလုပ်အကိုင် စသည် အခွင့်အလမ်းများဆုံးရှုံးလာခြင်း နှင့် အနာဂတ်မျှော်လင့်ချက်များကင်းမဲ့လာခြင်း စသည့် အကျိုးဆက်များကိုဖြစ်ပေါ်စေပါသည်။






လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုဖြစ်ပွားစေသည့်အကြောင်းအရင်းများ......👉ကျားမတန်းတူညီမျှမှုမရှိခြင်း👉လုပ်ပိုင်ခွင့်အာဏာမညီ...
23/05/2023

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုဖြစ်ပွားစေသည့်အကြောင်းအရင်းများ......
👉ကျားမတန်းတူညီမျှမှုမရှိခြင်း
👉လုပ်ပိုင်ခွင့်အာဏာမညီမျှခြင်း
👉အာဏာပါဝါအလွဲသုံးစားလုပ်ခြင်း
👉ပညာရေးဗဟုသုတနှင့်သတင်းအချက်အလက်များနည်းပါးခြင်း
👉လိင်ပိုင်းဆိုင်ရာအသိပညာနည်းပါးခြင်း
👉တရားဥပဒေစိုးမိုးမှုမရှိသလောက်အားနည်းခြင်း
👉ဝန်ဆောင်မှုများကိုလက်လှမ်းမမှီခြင်း
👉ကိုယ်ကျင့်တရားနှင့်အကျင့်စာရိတ္တပျက်ပြားခြင်း
👉ဆင်းရဲမွဲတေခြင်း
👉အလုပ်လက်မဲ့ဖြစ်ခြင်း
👉အရက်သေစာ သို့မဟုတ် မူးယစ်ဆေးဝါးများလွန်စွာ သုံးစွဲခြင်း
👉ဆိုရှယ်မီဒီယာကိုလွဲမှားသောနည်းလမ်းများဖြင့် အသုံးပြုခြင်း
စသည့်အကြောင်းအရင်းများ သာမက ၎င်းပြဿနာများကို ပိုမိုဖြစ်ပွားစေသော အကြောင်းအရင်းများလည်းရှိသည်။

၎င်းတို့မှာ- တချို့သောဘာသာရေးကန့်သတ်ချက်များ၊ လွဲမှားသော ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ နှင့် ခံယူချက်များအရ ကျူးလွန်ခံရသူများကို လှုမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ
⛔️ဖယ်ကျဉ်ခြင်း
⛔️ကဲ့ရဲ့ပြစ်တင်ဝေဖန်ရှုံ့ချခြင်း၊
⛔️ခွဲခြားဆက်ဆံခြင်းနှင့်
⛔️လုပ်ငန်းနယ်ပယ်များတွင်တန်းတူအခွင့်အရေး မပေးခြင်းစသည့်အပြုအမူများကို ပြုလုပ်ကြသောကြောင့် ကျူးလွန်ခံရသူ၏ မိဘများနှင့် လူ့အသိုင်းအဝိုင်းများသည် ကျူးလွန်သူများကိုသက်ဆိုင်ရာသို့ထုတ်ဖော်တိုင်ကြားခြင်း နှင့်တရားဥပဒေနှင့်အညီဖြေရှင်းမှုများမပြုကြဘဲ မိမိယုံကြည်သော ဓလေ့ရိုးရာယဉ်ကျေးမှုအရတိတ်တဆိတ် ဖြေရှင်းခြင်းကိုသာ ပြုလုပ်ကြသည်။

❌၎င်းယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့် ခံယူချက်ဆိုင်ရာ ပြဿနာများသည် ကျူးလွန်သူများအား ရာဇဝတ်မှုကို ထပ်မံကျူးလွန်ရန် ပိုမိုဖြစ်ပေါ်စေသည်။❌

ထို့အပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ဖြစ်လာပါက တရားဥပဒေအရ ဖြေရှင်းနိုင်သော အမှုအနည်းငယ်သာရှိပြီး ဥပဒေအရပြင်းထန်သောအရေးယူ ဆောင်ရွက်မှု
မပြုလုပ် နိုင်သည့် အမှုများစွာလည်းရှိနေပါသေးသည်။ အထက်တွင်ဖော်ပြထားသော အကြောင်းအရင်းများကြောင့် လိင်ပိုင်းဆိုင်ရာပြဿနာများကို မလျော့ချနိုင်သည့် အပြင် မိမိတို့ လူမှုပတ်ဝန်းကျင်တွင် ထိုအကြမ်းဖက်မှုများ
ပိုမိုဖြစ်ပွားနေသည်ကို တွေ့ရှိရပါသည်။






Hello 🙋🙋 အားလုံးမျှော်နေကြတဲ့ အစီစဉ်လေးနဲ့ပြန်လာပါပြီနော် ☺☺အခုလိုပါဝင်ပေးကြတဲ့အယောက်စီတိုင်းကိုအထူးပင်ကျေးဇူးတင်ပါတယ်။ ...
23/05/2023

Hello 🙋🙋
အားလုံးမျှော်နေကြတဲ့ အစီစဉ်လေးနဲ့
ပြန်လာပါပြီနော် ☺☺
အခုလိုပါဝင်ပေးကြတဲ့အယောက်စီတိုင်းကို
အထူးပင်ကျေးဇူးတင်ပါတယ်။
👉 တစ်ခုအသိပေးချင်တာက‌တော့ ကျွန်ုပ်တို့ရဲ့
ပေ့ချ်လေးက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် ပတ်သက်တဲ့ ဗဟုတုတလေးတွေကို ကျွန်ုပ်တို့
အချင်းချင်းကြားမှာ အဓိက မျှဝေသွားမဲ့ ပေ့ချ်လေးပဲဖြစ်ပါတယ်။

ဒီပေ့ချ်လေးကို like and follow လုပ်ထားတဲ့အယောက်စီတိုင်းကလဲ
ကျွန်ုပ်တို့နဲ့အတူ ဗဟုသုတ များကို မျှဝေ သိရှိနိုင်မှာဖြစ်တဲ့အတွက် အားလုံးအတွက်လဲ
အကျိုးတက်ရောက်လိမ့်မယ်လို့ ကျွန်ုပ်တို့မျှော်လင့်ပါတယ်။

ကျွန်ုပ်တို့၏အစီအစဉ်အတိုင်း
Like & follow နှင့် comment
ပေးပြီးပါဝင်ကြတဲ့သူတွေထဲမှ မဲပေါက်သွားတဲ့ ၅ယောက်ကို
ဖော်ပြပေးလိုက်ပါတယ်။ 😍😍

မင်္ဂလာပါရှင့်🙋🙋အားလုံးပါဝင်နိုင်မဲ့အစီစဉ်လေး တစ်ခုစီစဉ်ထားပါတယ်နော်ဒီအစီအစဉ်က ဘာဖြစ်မလဲဆိုတာ စိတ်ဝင်စားနေကြပြီလား။ 🤔🤔ဒီ...
18/05/2023

မင်္ဂလာပါရှင့်🙋🙋
အားလုံးပါဝင်နိုင်မဲ့အစီစဉ်လေး တစ်ခုစီစဉ်ထားပါတယ်နော်
ဒီအစီအစဉ်က ဘာဖြစ်မလဲဆိုတာ စိတ်ဝင်စားနေကြပြီလား။ 🤔🤔
ဒီအစီအစဉ်လေးမှာပါဝင်ပြီးတော့ ဖုန်းဘေ ၃၀၀၀ ရယူလိုက်ကြစို့နော်။
ဆိုတော့အောက်ကစာပိုဒ်လေးကိုဖတ်ပြီး အောက်ဆုံးမှာ အားလုံးပါဝင်နိုင်မဲ့ ဒီအစီအစဉ်ရဲ့ သတ်မှတ်ချက်တွေကို ကြည့်လိုက်ကြရ‌အောင်နော်။

👉 အစီအစဉ်လေးမပြောခင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ပတ်သက်တဲ့ အကြောင်းအရာလေး ဖတ်သွားဦး။

မြန်မာနိုင်ငံတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုပြဿနာသည် ရှည်လျားသော သမိုင်း ကြောင်းရှိခဲ့ပြီး အလွန်ကြီးမားသော ပြဿနာတစ်ခုဖြစ်သည်။ ယခုလက်ရှိနိုင်ငံရေးအခြေအနေအရ အရပ်သားအချင်းချင်း ကျူးလွန်မှုဖြစ်ပွားခဲ့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး သီးခြားထုတ်ပြန်နိုင်ခြင်း မရှိသေးပါ။ သို့သော်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် ကျွန်ုပ်တို့၏ လူမှုပတ်ဝန်းကျင်အသိုင်း အဝိုင်းတွင် ပိုမိုဖြစ်ပျက်နေသည်ကို တွေ့ရပါသည်။

လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုကြောင့် ၎င်းတို့၏နယ်မြေ တွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု လျှော့ချရေးနှင့်ပတ်သက်သည့် အချက်အလက်များကို ကောင်းစွာမစုဆောင်းနိုင်ခြင်း၊ ဝန်ဆောင်မှု အပြည့်အဝမပေးနိုင်ခြင်း၊ အကာအကွယ် လုပ်ထုံးလုပ်နည်းများနှင့် အသိပညာပေးခြင်းဆိုင်ရာ လုပ်ငန်းများကို မလုပ်ဆောင်နိုင်ခြင်း စသော အခြေအနေများကို တွေ့မြင်နေရပါသည်။ ၎င်းအားနည်းချက်များကြောင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် ကျွန်ုပ်တို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် တနေ့တခြားပိုမို ဖြစ်ပွားလျှက်ရှိသည်။ နိုင်ငံရေးမတည်ငြိမ်သော ကာလတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ နေထိုင်ရာ လူမှုပတ်ဝန်းကျင်၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ လျှော့ချခြင်းကို အရေးတကြီး လုပ်ဆောင်ရန် လိုအပ်ပါသည်။

အားလုံးပဲ ဒီအပေါ်ကစာပိုဒ်ကိုလေးကိုဖတ်ပြီးကြပြီလို့မျှော်လင့်ပါတယ်....
အစီစဉ်လေးရဲ့သတ်မှတ်ချက်တွေကို အခုပဲကြည့်လိုက်ရအောင်
ဒီအစီစဉ်မှာ အားလုံးပါဝင်နိုင်ဖို့နဲ့ ဒီပေ့ချ်လေးမှာ မျှဝေသွားမဲ့ ဗဟုသုတတွေကို အားလုံး ရရှိသွားနိုင်အောင် Public ဖြင့် Share ပေးပြီး Page လေးကိုလဲ Like and follow လေးလုပ်သွားပေးဖို့ လိုပါမယ်။
📌 Like and follow လုပ်ထားပြီးကြောင်း Screenshot ကို ဒီပို့စ်ရဲ့ comment မှာ မန့်ရုံပဲနော်။
📌 အစီအစဉ်အတိုင်းလုပ်ဆောင်သူ များမှ ၅ ယောက်ကို ရွေးချယ်သွားမှာဖြစ်ပါတယ်။





15/05/2023

Hello အားလုံးပဲ မင်္ဂလာပါရှင့်📣📣
ဒီနေ့မှာတော့ sexual violence (လိင်ပိုင်းဆိုရင်ရာအကြမ်းဖက်မှု) ဖြစ်လာရင် ဘယ်လိုလုပ်ပြုလုပ်ရမယ်ဆိုတာနဲ့ပက်သက်တဲ့ ဗဟုသုတတွေကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင့်။
၎င်းရဲ့အကြောင်းကိုသိချင်ရင်တော့ အောက်မှာပေးတဲ့ ဗီဒီရို ဖိုင်ကိုကြည်ပြီးတော့ ဗဟုသုတကို ရယူနိုင်ပါတယ်။





လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုတာ ဘာလဲ❓💬👉လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏ သဘောတူ ခွင့်ပြုချက်မရ...
14/05/2023

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆိုတာ ဘာလဲ❓💬
👉လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏ သဘောတူ ခွင့်ပြုချက်မရှိဘဲ ထိတွေ့ခြင်း၊ ပြုမူပြောဆိုခြင်း၊ စော်ကားခြင်း၊ အရှက်ကွဲစေခြင်း များအပြင် အွန်လိုင်းမှခြိမ်းခြောက်ခြင်း၊ ကြိုးကိုင် ခြယ်လှယ်ခြင်းနှင့် ဖိအားပေးခြင်း စသည့် မလိုလားအပ်သော လိင်ပိုင်းဆိုင်ရာအပြုအမူ အမျိုးအစားအားလုံးကိုဆိုလိုသည်။

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၏ ကျူးလွန်ခံရနိုင်သူများက ဘယ်သူတွေဖြစ်မလဲ❓
👉လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် ကလေးများ၊ ဆယ်ကျော်သက် များ၊ အရွယ်ရောက်ပြီးသူများနှင့် သက်ကြီးရွယ်အိုများအပါအဝင် မည်သူမဆိုဖြစ်နိုင်သည်။
👉ယခုကာလတွင် ငယ်ရွယ်သော အမျိုးသမီးများ သာမက အမျိုးသားများလဲ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု၏ အဓိက သားကောင်များ ဖြစ်လာကြသည်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို မည်သူတွေက ကျူးလွန်သူ ဖြစ်နိုင်လဲ❓
👉၎င်းကျူးလွန်သူများတွင် သူစိမ်းများ၊ သူငယ်ချင်းများ၊ အလုပ်ရှင်များ၊ ပါဝါရှိသူများ၊ အိမ်နီးချင်းများ၊ မိသားစုဝင်များ နှင့် အခြားသော ယုံကြည်ရသူများလဲ ဖြစ်နိုင်သည်။
👉မိမိတို့ကိုယ်တိုင်လည်း ကျူးလွန်သူဖြစ်နိုင်
သကဲ့သို့ ကျူးလွန်ခံသူလည်းဖြစ်နိုင်သည်။





Address

Yangon

Website

Alerts

Be the first to know and let us send you an email when Planting Precious Teenagers Lives posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share