LangJi - လန်ဂျီ

LangJi - လန်ဂျီ Kachin Human Rights Insight is a free and independent media. Raise human rights and democratic values. Expressing the voices of marginalized groups.

KHRI is an independent organization committed to promoting accountability, dignity in Kachin State, and works to document, advocate for, and highlight HR conditions through credible research, field reporting, and data-driven analysis. Represents justice and freedom. Fight against injustice. documenting human rights violations and injustices; Promotes human rights and democracy through the publication of monitoring reports in Myanmar.

01/09/2026

ကချင်ပြည်နယ် ဩဂုတ်လ တတိယအပတ်နဲ့ စတုတ္ထပတ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု နဲ့ အခြားထူးခြားဖြစ်စဉ်

ကချင်ပြည်နယ်။ ၁၊စက်တင်ဘာလ၊၂၀၂၆

ကချင်ပြည်နယ် ဩဂုတ်လ တတိယအပတ် နဲ့ စတုတ္ထပတ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် အရပ်သားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး ၊ ၆ ဦးဖမ်းဆီးခံခဲ့ရပါတယ်။

ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲခန့် ရွှေကူမြို့ မော်လမြိုင်အမှတ် (၂)ရပ်ကွက်ရှိ လူနေအိမ်များတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချမှုကြောင့် ကိုယ်ဝန်ဆောင်မိခင် တစ်ဦးအပါ အရပ်သား ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၃ အိမ် ထိခိုက်ဖျက်ဆီးသွားခဲ့ပါတယ်။

ထို့နောက် ဩဂုတ် ၁၉ရက်နေ့ ရွှေကူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရှောင်ပြည်သူ အများအပြားခိုလှုံနေသည့် မြို့ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဆေးရုံထိခိုက်ပျက်စီးခဲ့ကြောင်းကို လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားပါတယ်။

ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်တွင် ဩဂုတ် ၁၇ ရက်နေ့က အရပ်သားတစ်ဦး ပစ်သတ်ခံခဲ့ရပြီး ၎င်းအရပ်သားပစ်သတ်ခံရသည့် ဒေသတွင် လက်ရှိ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ် ထိန်းချုပ်ထားတဲ့‌ နေရာ ဖြစ်ပါတယ်။
သြဂုတ်လ ၁၄ ရက်နေ့တွင်လည်း နန်းမာမြို့ ဒေါက်တာသူဇာနွယ် ဆေးခန်းမှ ဆရာဝန်နှစ်ဦး နဲ့ ဆေး သူနာပြုအကူ ၄ ဦးကို စစ်ကောင်စီ တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဩဂုတ် တတိယပတ်အတွင်း မိုးကောင်းမြို့နယ် အင်ကြင်းကုန်းရွာတွင် KIA၊ PDF ပူးပေါင်းတပ် နဲ့ စစ်ကောင်စီ၊SNA ပူးပေါင်းတပ်တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့ပြီး SNA ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ကာ KIAဘက်မှ လက်နက်ခဲယမ်းအချို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဩဂုတ် ၃၀ ရက်နေ့တွင် ရွှေကူမြို့ဘက်သို့ ဆန်တက်လာတဲ့ စစ်သင်္ဘာတစ်စီး KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မန္တလေးမှ ရွှေကူမြို့သို့ ဆန်တက်လာတဲ့ စစ်သင်္ဘာကို KIAနဲ့ PDFပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်သင်္ဘာတစ်စင်း မီးလောင်ပျက်စီးကာ စစ်တပ်ဘက်မှ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ မံစီမြို့ နယ် ဟန်ထက်ကျေးရွာကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ ၎င်းဗုံးကျဲချမှုကြောင့် အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဇူလိုင်လ ဖားကန့်မြို့ မှော်ဝမ်းလေးရွာဘက် စစ်ကောင်စီနဲ့ ပြည်သူစစ်ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာတဲ့အချိန်က စပြီး ရွာသားများဘေးလွှတ်ရာသို့ ရွှေးပြောင်းနေထိုင်ခဲ့ပြီး ၁ နှစ်ကျော်အကြာ ၂၀၂၆ ဩဂုတ်လ ၂၄ ရက်နေ့တွင် စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူပေါင်းတပ်တို့က ရွာသားများကို ပြန်လည်နေထိုင်ခွင့်ပြုခဲ့ပြီး ရွာသားများက ရွာသန့်ရှင်းရေးလုပ်ရင်းနဲ့ အလောင်း ၂၅ လောင်းကို တူးဖော်ရရှိခဲ့ပါတယ်။ အလောင်းများ ပုပ်ပွဖျက်စီးနေပြီး မည်သူမည်ဝါဖြစ်ကြောင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများကပြောပါတယ်။

မိုးညှင်းမြို့နယ် SNA ပူးပေါင်းတပ်တွေက အင်းတော်ကြီးဒေသမှ လုံးတုံ၊ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာတွေမှာ တပ်သားသစ်စုဆောင်းမှုကို လမ်းပေါ်မှာ ဖမ်းဆီးတာအပြင် နေအိမ်ထဲအထိ ဝင်ရောက်ပြီး ဖမ်းဆီးစုဆောင်းနေတာကြောင့် လူငယ်နဲ့ လူလတ်ပိုင်းတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခြားထူးခြားဖြစ်စဉ်များအနေဖြင့် လက်ရှိတွင် မြစ်ကြီးနား-မန္တလေးကားလမ်းပိုင်းကို စစ်ရေးအခြေအနေကြောင့် ပိတ်ဆို့ထားမှုရှိနေပြီး ကုန်ကားများ ရက်ရှည်ပိတ်မိနေသည့်အပြင် ခရီးသည် တစ်ဦးသေဆုံးသွားခဲ့ပါတယ်။ မြစ်ကြီးနား-ဝိုင်းမော်ကို ဆက်သွယ်ထားသော ဗလမင်းထင်တံတားတွင် ကုန်ပစ္စည်း သယ်ဆောင်မှုကို တားမြစ်ထားတာကြောင့် ကုန်ပစ္စည်းပြတ်လတ်မှု နဲ့ ကုန်ဈေးနှုန်းအဆမတန်မြင့်မားနေမှုကို ကချင်ပြည်နယ် ပြည်သူ/သားများ ကြုံတွေ့ခံစားနေရပါတယ်။

်ဂျီ


http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
https://t.me/langJinews/3
www.kachinhumanrightsinsight.org

မိုးညှင်းမြို့ရှိ ရာအိမ်မှူးတစ်ဦး၏‌ နေအိမ်တွင် လက်နက်ခဲယမ်းများဖမ်းမိ မိုးညှင်းမြို့။ ၂၄၊ဩဂုတ်လ၊၂၀၂၆ကချင်ပြည်နယ် မိုးညှ...
24/08/2026

မိုးညှင်းမြို့ရှိ ရာအိမ်မှူးတစ်ဦး၏‌ နေအိမ်တွင် လက်နက်ခဲယမ်းများဖမ်းမိ

မိုးညှင်းမြို့။ ၂၄၊ဩဂုတ်လ၊၂၀၂၆

ကချင်ပြည်နယ် မိုးညှင်းမြို့ နန့်ပုတ်ကျေးရွာရှိ ရာအိမ်မှူးတစ်ဦး၏နေအိမ်တွင် သြဂုတ်လ(၁၀)ရက်နေ့က လက်နက်ခဲယမ်းများဖမ်းမိခဲ့ကြောင်းသတင်းရရှိပါသည်။

အမြှောက်တပ်မှ တပ်မမှူး ဦးစီးကွက်ကဲသည့် ကွန်မန်ဒိုအထူးတပ်ဖွဲ့သည် နန့်ပုတ်ကျေးရွာမှ ရာအိမ်မှူးဖြစ်သူ ဦးမောင်ဆန်း၏‌ နေအိမ်မှန်တင်ခုံ‌အောက်ရှိ ကွန်ဂရစ်ကြမ်းခင်းကို ဖောက်ထွင်းပြီး အဝတ်ဖြင့်ထုတ်ကာဝှက်ထားသည့် ကျည်(၈‌)တောင့်ထိုးသေနတ်နှင့်ကျည်ကတ်ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။
နေအိမ်အတွင်းဆက်လက်ရှာ‌ဖွေခဲ့ရာ ကျည်ဆံအ‌တောင့်(၃၀၀)ကျော်ခန့်နှင့် KIA ဦးထုပ်(၂)လုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။

ဦးမောင်ဆန်း စီးနေသည့် အိမ်စီးကားအပါအဝင် သစ်ထုတ်လုပ်ရာတွင်အသုံးပြု‌နေသည့် ကားစုစုပေါင်း (၁၀)စီး၊ရွှေ(၁)ပိသာ၊ ငွေကျပ်သိန်း (၂၀၀၀) နှစ်ထောင်ကျော်၊သစ်တန်(၅၀)ကျော်အား ကားဖြင့်သယ်ကာ တပ်မထဲသိုသယ်သွားကြောင်းသိရပါတယ်။

ဦးမောင်ဆန်းသည် သစ်စက်လုပ်ငန်း၊‌ ရွှေတူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး ၂၀၂၆ခုနှစ် ဇူလိုင်လတွင်ရာအိမ်မှူးအဖြစ် ရွေးချယ်ခံထားရသူဖြစ်ပါသည်။

လက်ရှိအချိန်တွင် ဦးမောင်ဆန်းအား မိုးညှင်းမြိုရဲစခန်းတွင် တရားမဝင်လက်နက်
ကိုင်ဆောင်မှုဖြင့် အမှုဖွင့်အရေးယူထားပြီး ထပ်တိုးအမှုများလည်းစွဲခံရနိုင်‌ကြောင်း ရဲစခန်းနှင့်နီးစပ်ရာအသိုင်းအဝိုင်းမှ သိရပါသည်။

်ဂျီ


http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
https://t.me/langJinews/3
www.kachinhumanrightsinsight.org

နိုင်ငံရေးမငြိမ်သက်မှုနဲ့ လမ်းပန်းဆက်သွယ်‌ရေးပိတ်ဆို့မှုကြောင့် ကချင်ပြည်နယ်က အိမ်ရှင်မများ၏အခက်အခဲများ။ဆောင်းပါး။"လမ်းပ...
24/08/2026

နိုင်ငံရေးမငြိမ်သက်မှုနဲ့ လမ်းပန်းဆက်သွယ်‌ရေးပိတ်ဆို့မှုကြောင့် ကချင်ပြည်နယ်က အိမ်ရှင်မများ၏အခက်အခဲများ။

ဆောင်းပါး။

"လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့တာက ဒီနှစ်မိုးမတိုင်ခင်ထဲက တော်‌တော်ဆိုးတယ်။ စစ်တပ်က စစ်ကြောင်းထိုးနေတော့ လမ်းကခဏခဏပိတ်တယ်လေ၊ မြစ်ကြီးနား-မန္တလေး ကားလမ်းကို ပိတ်ထားတာတစ်လကျော်ပြီ ၊အ‌ခြေခံကုန်ပစ္စည်း‌တွေက ဈေးတက်တဲ့အပြင် ပစ္စည်းပြတ်လပ်တာနဲ့ပါကြုံနေရတယ် ၊တောင်သူနဲ့ လက်လုပ်လက်စားသမားတွေ သာမကဘဲ လုပ်ငန်းရှင်‌တွေကိုပါထိတာ၊ လူတိုင်းရဲ့ဘဝက ဒုက္ခချည်းပါပဲ။ လမ်းကောင်းကိုပိတ်ပြီးကွင်းလမ်းကိုဘဲ သုံးပြီးသွားနေရတော့ ကုန်ကားဆို လမ်းမှာတစ်လ ကျော်ကြာတယ်။ ကုန်ပစ္စည်းတွေရောက်လာရင် မန္တလေးနဲ့ယှဉ်ရင် ဈေးနှုန်းက နှစ်ဆပေးဝယ်ရတယ်။ နေ့စဥ်ဝင်ငွေနဲ့ထွက်ငွေကမမျှတော့ အကြွေးတင်တော့တာဘဲ၊ မိသားစုတစ်ခုလုံးရဲ့ စားဝတ်နေရေးအတွက်စီမံခန့်ခွဲရတာဟာ နေ့တိုင်းစိတ်ဖိစီးမှုနဲ့ကြုံတွေ့နေရတယ်။ နိုင်ငံရေးအခြေအနေကို အကောင်းဖက်မြန်မြန် ပြောင်းလဲစေချင်ပြီ။ " ဟု အသက်(၄၀)အရွယ် အိမ်ရှင်မကညီးတွား‌ရင်း‌ ပြောပါသည်။

တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခြင်း၏ အကျိုးဆက်များအနေဖြင့် ဝင်ငွေမတည်ငြိမ်မှုဖြစ်ပြီး စားဝတ်နေရေးခက်ခဲလာခြင်းဖြစ်ပါသည်။ မိသားစုအတွင်းတွင် ကလေးငယ်များ၏ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသောကိစ္စများသည် အိမ်ရှင်မများအပေါ် တွင် ဖိအားအဖြစ် သက်ရောက်မှုများရှိလာပါသည်။

SNA မှလယ်ယာစိုက်ခင်းများထဲအထိ စစ်သားစုဆောင်းရေးဆွဲနေသောကြောင့် အရွယ်ရှိ အမျိုးသားများကို လယ်ယာလုပ်ငန်းထဲသို့ မလွတ်ရဲဘဲ မိသားစု၏စားဝတ်နေရေးသာမက လူမှုရေးကိစ္စများအတွက်ပါ အမျိုးသမီးများကသာ ဦးဆောင်နေကြရပါသည်။ လက်ရှိ စပါးစိုက်ပျိုးချိန်တွင် လယ်ယာလုပ်ငန်းများကို အမျိုးသမီးအများစုက ဦးဆောင်ဝင်ရောက် လုပ်ကိုင်နေကြရသည့် အပြင် အိမ်မှုကိစ္စများပါလုပ်ကိုင်နေကြရသောကြောင့် စိတ် ရောကိုယ်ပါပင်ပန်း‌နေကြရပါသည်။

"၂၀၂၀ခုနှစ် နောက်ပိုင်းကစလို့ လယ်စိုက်စရိတ်ကြီးပြီး လုပ်သားရှားပါးတာကြောင့် တောင်သူ‌တွေဟာ တစ်တန်ကျဲဘဲစိုက်ကြရတော့ မျိုးစပါးရှုံးပြီး စပါးအထွက်နှုန်းလျှော့တယ်၊ ကောက်ပဲသီးနှံပေါ်ချိန်မှာ လမ်းပိတ်လို့ ဈေးကွက်မရှိ၊ ဝယ်သူမရှိနဲ့တောင်သူတွေ နှစ်တိုင်း ရှုံးတယ်။ "ဟု ယင်းတောင်သူအမျိုးသမီးမှ ပြောသည်။

ထို့အပြင် ရာသီဥတုဖောက်ပြန်ပြီး ရေကြီး ရေလျှံမှု‌များကြောင့် လယ်ယာစိုက်ခင်းများ၊ လူနေ အဆောက်အအုံများ၊ ကုန်ပစ္စည်းများရေစိုပြီး ပျက်စီးဆုံးရှုံးမှုများနှင့်ကြုံတွေ့နေရပါသည်။

မြို့ပေါ်နေအိမ်ရှင်မတစ်ဦး၏ရင်ဖွင့်‌ပြောပြသည့်စကားသံ...
"မြို့ပေါ်ဆိုတော့ အသီးအရွက်ကအစဝယ်စားရတယ်၊‌ သောက်ရေလည်းဝယ်သောက်ရတယ်၊ကုန်‌ဈေးနှုန်းကြီး‌လွန်းတော့ အသားငါး ဝယ်စားနိုင်ဖို့မလွယ်တော့ဘူး၊ ပဲနဲ့ဟင်းသီးဟင်းရွက်ကိုဘဲ အားပြုပြီးစားရတော့တယ်။ အရင်ကဆိုရင်အသားမဝယ်စားနိုင်လည်း ကြက်ဥ တော့ဝယ်စားနိုင်သေးတယ် ၊ကြက်စာမရှိလို့ ဒေသကြက်ဥလည်း ပြတ်ကုန်ပြီ၊တရုတ်ကြက်ဥတစ်လုံး‌တောင် (၁၀၀၀)ဖြစ်နေပြီ ၊ ဓါတ်ဆီဈေးကလည်း တစ်လီတာ(၁၂၅၀၀)ဆို‌တော့ က‌လေး ကျောင်းကြို ကျောင်းပို့နဲ့ဆို တစ်ရက်တစ်လီတာလောက်ကုန်တယ်၊ ခု‌ခေတ်ကာလက အရွယ်မရောက် သေးတဲ့ ကျောင်းသားတွေကို ဟိုကဆွဲ၊ သည်ကဆွဲနဲ့ မြို့ပေါ်ကျောင်းနေကလေးလည်းမလုံခြုံတော့ဘူး ကျောင်းကိုဒီတိုင်းမလွတ်ရဲလို့ လိုက်ပို့‌နေရတယ် ။"ဟု အဖက်ဖက်ကစိုးရိမ်‌နေရကြောင်း ယင်းအိမ်ရှင်မက ပြောပါသည်။

အာဏာသိမ်းပြီး‌နောက်ပိုင်းမှစတင်၍ မိသားစုစားဝတ်နေရေးအပြင် အဖက်ဖက်မှဖိအားများသည် အိမ်ရှင်မများ၏ပုခုံး‌ပေါ်သို့ အလိုလိုကျရောက်လာပြီး ကိုယ်ရောစိတ်ပါ စိတ်ဖိစီးမှုများနှင့် ရင်ဆိုင်နေကြရပါသည်။

်ဂျီ

http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
https://t.me/langJinews/3
www.kachinhumanrightsinsight.org

ရှမ်းနီပြည်သူ့စစ်ခေါ် SNA စစ်မှုထမ်းလူငယ်တစ်ဦးထွက်ပြေးသွားသောကြောင့်ဟုဆိုကာ ကလေးနှင့်နို့ ာတိုက်မိခင်အပါအဝင် ၎င်းတို့မိသ...
21/08/2026

ရှမ်းနီပြည်သူ့စစ်ခေါ် SNA စစ်မှုထမ်းလူငယ်တစ်ဦးထွက်ပြေးသွားသောကြောင့်ဟုဆိုကာ ကလေးနှင့်နို့ ာတိုက်မိခင်အပါအဝင် ၎င်းတို့မိသားစုဝင်(၅)ဦး အား SNA မှဖမ်းဆီးသွား။

August ၊၂၁၊၂၀၂၆

ကချင်ပြည်နယ် မိုးညှင်းမြိုနယ် အင်းကုန်းကျေးရွာအုပ်စု ကံကုန်း လေးကျေးရွာတွင် SNA ထံမှ စစ်မှုထမ်းလူငယ်တစ်ဦး ထွက်ပြေးသွားခဲ့ရာ၎င်းတို့ မိသားစုဝင်စုစုပေါင်း(၅)ဦးအား SNA မှ မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ ဖမ်းဆီးခံထားရသူများထဲမှာ ကလေးနို့တိုက်မိခင်၊ ကလေးသူငယ်နှင့်သက်ကြီးရွယ်အိုများပါရှိကြောင့်သိရသည်။

ဩဂုတ်လ(၁၂)ရက် နေ့ နံနက်ပိုင်းတွင် SNA မှ ထွက်ပြေးလာသည့် မောင်အောင်သက်စိန်၏ အမငယ်အပါအဝင် အစ်မလတ်ဖြစ်သူ နို့တိုက်မိခင်နှင့်သူမ၏ကလေးများဖြစ်သည့် အသက်(၅)လအရွယ်၊အသက်(၂)နှစ်အရွယ်နှင့် အမေဖြစ်သူဒေါ်သိန်းမြင့် အသက်(၆၀)အရွယ်တိုကို SNA မှမတရားဖမ်းဆီးခဲ့ခြင်းဖြစ်ပါသည်။
အသက်(၂၂)အရွယ် မောင်အောင်သက်စိန်သည် ဖမ်းဆီးမခံရစဉ်က မူးယစ်ဆေးသုံးစွဲပြီး (ART) ဆေးသောက်နေရသူဖြစ်ပြီး ၂၀၂၆ ခုနှစ်မတ်လတွင် SNA မှ တပ်သားသစ်စုဆောင်းရေးဆွဲချိန်တွင် ၎င်းလုပ်ငန်းလုပ်‌နေသည့် ရွှေမှော်တွင် အဖော်နှစ်ဦးနှင့်အတူဖမ်းဆီးခံခဲ့ရသူဖြစ်ကြောင့်လည်းသိရသည်။

SNA ကစုဆောင်းရေး ဖမ်းဆီးသွားပြီးတော့ စစ်သင်တန်းတက် ပြီးနောက် ရှေ့တန်းစစ်မြေပြင်သို စေလွတ်ခံရချိန် ရင်ဘတ်တွင်ကျည်ဆံထိမှန်ကာ ဒါဏ်ရာဖြင့်ဆေးကုနေရသူဖြစ်ကြောင်းနှင့် သုံးပတ်အကြာဆေးကုမှုခံယူနေချိန်မှာပင် SNA မှ ရှေ့တန်းသို ထပ်မံစေလွတ်ရန်အကြောင်းကြားစာရရှိသော ကြောင့် ကြောက်လန့်ကာထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းနဲ့နီးစပ်သူတစ်ဦးကပြောသည်။

လက်ရှိတွင် မောင်အောင်သက်စိန်၏မိသားစုဝင်စုစု‌ပေါင်း(၅)ဦးကို နန့်မွန်းမြိုအောင်မြေအခြေစိုက် SNA ခေါင်းဆောင်မော်လခေါင်ကျော်အောင်၏ စခန်းတွင်ဖမ်းဆီးထားပြီး ဩဂုတ်လ(၁၃)ရက်နေ့တွင် မိခင်ဖြစ်သူ ဒေါ်သန်းမြင့်ကို သားကိုရှာပြီးလူစားလဲရန်အတွက် ပြန်လွတ်ပေးခဲ့ ‌‌‌‌‌‌‌‌ပြီး မိသားစုဝင်(၄)ဦး ဖမ်းဆီးခံထားရဆဲဖြစ်ပါသည်။

စစ်ကော်မရှင်၏စစ်မှုထမ်းဥပ‌ဒေတွင် နာတာရှည်ရောဂါရှိသူနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ စစ်မှုထမ်းရန်မလိုဟု ထုတ်ပြန်ထား သော်လည်း စစ်ကော်မရှင်လက် အောက်ခံ SNA များသည် ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ ချိုးဖောက်ကာ အသက်မပြည့် ကလေးငယ်များကိုပါအတင်းအဓမ္မ စုဆောင်းရေးဆွဲနေသည်မှာ ယခုနှစ်အတွင်း ခပ်စိပ်စိပ်ပြုလုပ်လာပါသည်။

SNA မှ ထွက်ပြေးသူများ ပြန်လည်ရောက်ရှိလာပါက ကိုယ့်ကျင်းကိုယ်တူး စေပြီး ကျင်းနုတ်ခမ်းတွင် မတ်တပ်ရပ်စေကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရလျက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။


်ဂျီ
week

http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
https://t.me/langJinews/3
www.kachinhumanrightsinsight.org

18/08/2026

ဩဂုတ်လ ဒုတိယပတ်အတွင်း အရပ်သားလူ့အခွင့်အရေးချိုးဖောက်မှု နဲ့ အခြားထူခြားဖြစ်စဉ်

ကချင်ပြည်နယ်။ ၁၈၊ဩဂုတ်လ၊၂၀၂၆

ကချင်ပြည်နယ် သြဂုတ်လ ဒုတိယပတ်အတွင်း အရပ်သား (၄)ဦး ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခံခဲ့ရပြီး၊ ‌ဒေသအနှံ KIA ပူးပေါင်းတပ် နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တို့ကြားတိုက်ပွဲ ပြင်းထန်ခဲ့ကာ ပြည်သူ့စစ် စခန်းအချို့ကို KIAကတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။

ရှဒူဇွပ်တွင် ဝါရာဇွပ်မင်းဇင်သန့် ပြည်သူ့စစ်တပ်နဲ့ KIAပူးပေါင်းတပ်တို့ကြားတိုက်ပွဲပြင်းထန်ခဲ့ပြီး KIA ပူးပေါင်းတပ်မှ မင်းဇင်သန့်ပြည်သူ့စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါသည်။

၎င်းပြည်သူ့စစ်တပ်များက မကျေနပ်သဖြင့် အရပ်သား ၄ ဦးကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်ခံရသူများက နောင်မီဒေသမှ အသက် ၁၆ နှစ်အရွယ် မောင်ထွယ်ဆန်အောင်၊ အသက် ၂၅ နှစ်အရွယ် ဦးဒေါင်လွမ်း၊ အသက် ၂၁ နှစ်အရွယ် ဦးလမိုင်ရွန်းမိုက် နဲ့ အသက် ၁၉ နှစ်အရွယ် မောင်ဆွတ်အောင်တို့ ဖြစ်ပါတယ်။

ဩဂုတ်လ ၁၂ ရက်နေ့တွင် ရွှေကူမြို့ တော်လှန်ရေးရွာမှ တော်လှန်ရေးဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်မှ Y12 လေယာဉ်ဖြင့် ရည်ရွယ်ချက်ရှိရှိဗုံးကျဲချမှုကြောင့် ဘုန်းကြီးကျောင်းမီးလောင်ပြာကျသွားခဲ့ပါတယ်။

လက်ရှိတွင် ကချင်ပြည်နယ်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ခေါင်လန်ဖူး ဒေသ၊ ရွှေကူ၊ ဗန်းမော်၊ ဝိုင်းမော်၊ အင်းတော်ကြီး နဲ့ ဖားကန့်ဒေသတွေမှာ ထိတွေ့တိုက်ပွဲ အများဆုံးဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း မြစ်ကြီးနား - ပူတာအို- ဆွမ်ပရာဘွမ်မြို့နယ်မှာ ဆီပေပါတွေသယ်ဆောင်လာတဲ့ ကားဆရာတစ်ဦး ပျောက်ဆုံးသွားခဲ့ပါတယ်။ ၎င်းပျောက်ဆုံးသွားသူကားဆရာရဲ့ အလောင်းကို ဩဂုတ်လပထမပတ်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး အဆိုပါကားသမားသေဆုံးမှုနဲ့ပက်သက်ပြီး KIO ခဂရန်းယန် တိုက်နယ်မှူးတစ်ဦးကို သက်ဆိုင်ရာ KIO အဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း သတင်းစာမျက်နှာတစ်ခုတွင် ဖော်ပြထားပါတယ်။

်ဂျီ
week

http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
https://t.me/langJinews/3
www.kachinhumanrightsinsight.org

12/08/2026

ကျွန်ုပ်တို့ နေ့စဉ်စားသုံးနေတဲ့အစားအစာ၊ ရေ၊‌လေထုထဲအပြင် မိခင်နိုရည်တွေမှာပါ ပလပ်စတစ်အမှုန်အမွှားတွေ ရောက်ရှိနေပါတယ်။

ပညာပေးဆောင်းပါး................

မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ရေသောက်မြစ်ဖြစ်တဲ့ ဧရာဝတီမြစ်ရေဟာ ကမ္ဘာမှာညစ်ညမ်းမှုအဆင့် နံပါတ်(9)မှာ ရောက်ရှိနေပါတယ်။ ကျွန်ုပ်တို နေ့စဥ်စွန့်ပစ်လိုက်တဲ့ပလပ်စတစ်အမှိက်တွေဟာ မြစ်ချောင်းအင်းအိုင်က‌နေတဆင့်ပင်လယ်ထဲကို တရက်လျှင် ပလပ်စတစ်အမှိက်တန်ချိန် (90)ရောက်ရှိသွားပြီး ရေနေသတ္တဝါတွေ မျိုးတုန်းတဲ့အခြေအနေဖြစ်နေပါတယ်။

ကျွန်ုပ်တို‌နေ့စဉ်စားသုံး‌နေတဲ့အိမ်သုံးဆားမှာလည်း ပလပ်စတစ်အမှုန်အမွှားတွေပါရှိနေပါတယ်။

ပလတ်စတစ်ညစ်ညမ်းမှုဟာ ပင်လယ်ပြင်၊ မြေပြင် နဲ့ လေထုထဲတင် ရှိနေတာ မဟုတ်တော့ဘဲ မမြင်နိုင်တဲ့ ပလတ်စတစ်အမှုန်အမွှားလေးတွေဟာ အစားအသောက်၊ ရေနဲ့ လေထုထဲကနေတစ်ဆင့် ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ထဲကို နေ့စဉ်ဝင်ရောက်နေပါတယ်။

တစ်လီတာဆန့်တဲ့ ပလပ်စတစ်ရေသန့်ဘူးတစ်ဘူးမှာ မိုက်ခရိုပလပ်စတစ်(6)မိုက်ခရိုဂရမ်(ခန့်မှန်း)ပါဝင်နိုင်ချရှိတယ်လို စမ်းသပ်ချက်အရ သိရှိရပြီး မျက်စိနဲ့မမြင်နိုင်တဲ့ မိုက်ခရိုပလပ်စတစ်အမှုန်အမွှားတွေ လူ့ခန္ဓာကိုယ်ထဲဝင် ရောက်လာတဲ့အခါမှာ ကျန်းမာရေးအတွက်စိုးရိမ်စရာအခြအနေဖြစ်လာနေပါပြီ။

နေ့စဉ်ဖြတ်သန်းမှုတိုင်းမှာ ကျွန်ုပ်တိုဟာ ပလပ်စတစ်နဲ့မကင်းနိုင်ဖြစ်နေပါတယ် ။အရင်က ထည့်စရာအဖြစ်အသုံးပြုခဲ့ကြတဲ့ ပလိုင်း၊ခြင်း‌တောင်း၊ငှက်‌‌ပျောဖက် ၊‌တောင်ဇဉ်ဖက် စတဲ့အသုံးအဆောင်တွေအစား ပလပ်စတစ်အိတ်တွေက နေရာယူထားတဲ့အခါ ဘေးကင်းကျန်းမာစေတဲ့ အစားအစာတွေနဲ့အလှမ်းဝေးလာပါတော့တယ်။‌ခေတ်မှီအသုံးအ‌ဆောင်တွေကြောင့်
ရိုးရာယဉ်ကျေးမှုတွေ တဖြေးဖြေး ပျောက်ကွယ်လာပါတယ်။

မိုက်ခရိုပလပ်စတစ် (Microplastics) ဆိုတာ အရွယ်အစား ၅ မီလီမီတာအောက် ရှိတဲ့ ပလပ်စတစ်အမှုန်သေးသေးတွေပါ။
လူ့ခန္ဓာကိုယ်အပေါ် ဖြစ်နိုင်တဲ့ ဆိုးကျိုးများက
🫁 အသက်ရှူလမ်းကြောင်း — လေထဲက အမှုန်တွေကို ရှူသွင်းမိနိုင်ပြီး အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းမှု ဖြစ်နိုင်ပါတယ်။
🦠 အူလမ်းကြောင်း — အူအတွင်းရှိ microbiome နဲ့ အူနံရံလုပ်ဆောင်မှုကို သက်ရောက်နိုင်ပါတယ်။
🔥 ရောင်ရမ်းခြင်း — ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေမှာ inflammation ဖြစ်စေနိုင်ခြေရှိပါတယ်။
⚡️ Oxidative stress — ဆဲလ်တွေကို ထိခိုက်စေနိုင်တဲ့ oxidative stress ဖြစ်စေနိုင်ပါတယ်။
🩸 သွေးနှင့်တစ်ရှူးများ — အလွန်သေးငယ်တဲ့ microplastic/nanoplastic အမှုန်အချို ခန္ဓာကိုယ်အတွင်း ပိုမိုနက်ရှိင်းစွာ ဝင်ရောက်နိုင်ခြေရှိပါတယ်။
🧪 ဓာတုပစ္စည်းများ — plastic ထဲက additives သိုမဟုတ် ပတ်ဝန်းကျင်က အချိုဓာတုပစ္စည်းတွေကို သယ်ဆောင်လာနိုင်ပါတယ်။

လူတွေအတွက် microplastic ရဲ့ ရေရှည်ဆိုးကျိုး ဘယ်လောက်ရှိနိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေက လက်ရှိအချိန်ထိ ဆက်လက်လေ့လာနေဆဲပါ။

ပလတ်စတစ်နဲ့ လုံးဝကင်းဖို ခက်ခဲတယ်ဆိုပေမယ့် အောက်မှာ ရေးထားတဲ့ အချက်တွေကိုတော့ လုပ်ဆောင်နိုင်ပါတယ်။

📌ပူတဲ့အစားအစာတွေကို ပလပ်စတစ်ဘူးထဲထည့်တာကို ရှောင်ပါ။ ဖန်ဘူး ဒါမှမဟုတ် ကြွေပန်းကန်ကိုသာ အသုံးပြုပါ။
📌 သောက်ရေသန့်ဘူး လျှော့သုံးပါ။ တစ်ခါသုံး ပလတ်စတစ်ဘူးတွေထက် စတီးဘူး ဒါမှမဟုတ် ဖန်ဗူးတွေကို သုံးပါ။
📌ပလပ်စတစ်အမှိက်လျှော့ပါ ၊ ဈေးဝယ်ရင်ထည့်စရာယူသွားပါ ၊တတ်နိုင်သ‌လောက် ပလပ်စတစ်အိတ်မယူပါနဲ့ ၊ ငြင်းပါ။

ဒီလို အလေ့အထကောင်းလေးတွေကို ကိုယ်တိုင်ကစပြီး ပြောင်းလဲလိုက်တာက ကိုယ့်ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အတွက် အထိရောက်ဆုံး ကာကွယ်မှုတစ်ခုဖြစ်ပါတယ်။
လေ့လာသင်ယူမိသမျှ မျှဝေခြင်းဖြစ်ပါတယ်။

#ပတဝန်းကျင်ညစ်ညမ်းမှု
#မက်ခရိုပလပ်စတစ်
#ကျန်းမာ‌ရေး
-Crd

မိုးညှင်းမြို့တွင် ရက်စက်စွာသတ်ဖြတ်ခံထားရသော လူသေအလောင်းတွေ့ရှိမိုးညှင်းမြို့နယ်။ ၁၂၊ဩဂုတ်လ၊၂၀၂၆ဩဂုတ် ၁၀ ရက်နေ့ မိုးညှင်...
12/08/2026

မိုးညှင်းမြို့တွင် ရက်စက်စွာသတ်ဖြတ်ခံထားရသော လူသေအလောင်းတွေ့ရှိ

မိုးညှင်းမြို့နယ်။ ၁၂၊ဩဂုတ်လ၊၂၀၂၆

ဩဂုတ် ၁၀ ရက်နေ့ မိုးညှင်းမြို့ ထန်းတပင်ကျေးရွာ အရှေ့တောင်ယာအနီးတွင် ရက်စက်စွာသတ်ဖြတ်ခံထားရသော လူသေအလောင်းတွေ့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။

သေဆုံးသူအမျိုးသားသည် အောင်သပြေ(၂)ရပ်ကွက်တွင် နေထိုင်သော အသက်(၆၆)နှစ်အရွယ် ဦးမနမ်ဆင်ရောင်ဟု သိရပြီး ဦးခေါင်းကွဲအက်ဒါဏ်ရာနှင့် လည်ပင်းပြတ်ရှဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်းစုံစမ်းသိရှိရပါသည်။

အဆိုပါရုပ်အလောင်းတွေ့ရှိချိန်တွင် အလောင်းသည် ပုပ်ပွပြီးပျက်စီးနေသောကြောင့် လွန်ခဲ့သောနှစ်ရက်ခန့်ကသတ်ဖြတ်သွားခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းသိရှိရပါသည်။

်ဂျီ


http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
https://t.me/langJinews/3
www.kachinhumanrightsinsight.org

11/08/2026

ဩဂုတ်လပထမပတ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ် နဲ့ အခြားထူးခြားဖြစ်စဉ်

ကချင်ပြည်နယ်။ ၁၁၊ဩဂုတ်လ၊၂၀၂၆

ဩဂုတ်လ ပထမပတ်တွင် တိုက်ပွဲအတွင်း အရပ်သားတစ်ဦးနဲ့ သံဃာတော်တစ်ပါး ပျံလွန်တော်မှုပြီး ကချင်ပြည်နယ် နေရာအသီးသီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ရွှေကူ၊ ရွှေဘုန်းမြင့်ကျေးရွာ တိုက်ပွဲအတွင်း အရပ်သား တစ်ဦး နဲ့ သံဃာတော်တစ်ပါး ကျဉ်ထိမှန်သေဆုံးခဲ့ပါတယ်။

ထိုအပြင် ရွှေကူ နဲ့ ခေါင်လန်ဖူး တွင် စစ်ကောင်စီ၊ပြည်သူ့စစ်ပူးပေါင်းတပ် နဲ့ KIA၊PDFပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားခဲ့ပြီး KIA ပူးပေါင်းတပ်ဖွဲ့ မှ ပြည်သူ့စစ်တပ် အချို့ ကိုသိမ်းပိုက်ရရှိခဲ့ပါတယ်။

အခြားထူးခြားဖြစ်စဉ်

အဏာသိမ်း သမ္မတဦးမင်းအောင်လှိုင် ထိုင်းဝန်ကြီးချုပ် အနုထင် ချန်ဝီရကူ ရဲ့ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ လွှတ်တော်ဆောက်အအုံအတွင်း ရောက်ရှိနေစဉ် ထိုင်းပြည်သူ့ပါတီလွှတ်တော်အမတ် အနုဆွန်သမ္မချိုင် က မကြိုဆိုကြောင်း ဆန္ဒပြခဲ့ပါတယ်။ ထိုအပြင် ထိုင်းအရပ်ဖက် အဖွဲ့အစည်းများနဲ့ တက္ကသိုလ်ကျောင်းသားများလည်း မင်းအောင်လှိုင်၏ ၎င်းထိုင်းခရီးခဉ်ကို ကန့်ကွက်ဆန်န္ဒပြခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဩဂုတ်လ ၃ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က သွားရောက်တွေ့ဆုံခဲ့ကြောင့် အာဏာသိမ်းအစိုးရ နဲ့ ICRC နှစ်ဘက်စလုံးမှ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။

‌ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ စစ်အစိုးရကို အမေရိကန်တိုက်တွန်းခဲ့ပါတယ်။

်ဂျီ


http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
https://t.me/langJinews/3
www.kachinhumanrightsinsight.org

ရှမ်းနီပြည်သူ့စစ်(SNA)မှ လယ်တောအထိ စုဆောင်းရေးဆွဲပြီး  ရှေ့တန်းသို့ပို့နေမိုးညှင်းမြို့နယ်။ ၇၊ဩဂုတ်လ၊၂၀၂၆ကချင်ပြည်နယ် မိ...
07/08/2026

ရှမ်းနီပြည်သူ့စစ်(SNA)မှ လယ်တောအထိ စုဆောင်းရေးဆွဲပြီး ရှေ့တန်းသို့ပို့နေ

မိုးညှင်းမြို့နယ်။ ၇၊ဩဂုတ်လ၊၂၀၂၆

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းကုန်း ကျေးရွာတွင် SNA မှ လယ်ဝင်နေတဲ့တောင်သူများကို လယ်တောအထိ စုဆောင်းရေးဆွဲနေပြီး ကျောင်းသားအရွယ်ပါမချန်ဆွဲပြီး ရှေ့တန်းသို့ပို့နေကြောင်း သတင်းရရှိပါသည်။

"ဒီတစ်သုတ်က ကျောင်းသားတွေပါမချန်ဘူးဆွဲနေတာ ၊‌ ကျောင်းထားပေးမယ်ပြောပြီး သင်တန်းဆင်းတာနဲ့ ရှေ့တန်းကိုပို့ပစ်တယ် “လို့ဆွဲခံရတဲ့မိဘတွေကတဆင့်သိရပါသည်။

တစ်ဆက်တည်း “သင်တန်းတက်‌နေချိန်မှာ မိဘ‌တွေနဲ့တွေ့ခွင့်မပေးဘူး ၊မိဘ‌တွေ ခဏခဏသွားတွေ့ရင် ကလေးက ဒဏ်ပေးခံရလို့ ကြောက်ပြီး မိဘတွေကိုလာမတွေ့နဲ့လို့ ပြောလာကြတယ်"ဟု ဆွဲခံရသည့်ကလေးမိဘအသိုင်းအဝိုင်းမှသိရပါသည်။

သြဂုတ်လ ၆ရက်နေ့က ဟိုပင်မြိုရွာသစ်ကြီးကျေးရွာမှ အသက်မပြည့်‌သေးတဲ့ နွားကျောင်းသားများကို ပေါ်တာဆွဲသွားကြောင့် ရွာသစ်ကြီးမှ အသက်၆၀အရွယ် အမျိုးသားတစ်ဦးမှပြောပါသည်။

"ရွာသစ်ကြီးကျေးရွာမှာနေ့လည်ဖက်ကြီး အသက်မပြည့်‌သေးတဲ့ နွားကျောင်းသားတွေကိုဆွဲပြီး တစ်ယောက်သိန်း(၅၀)နဲ့ လာရွေးခိုင်းတယ်လိုကြားတယ်၊ အစက လူတောင်းတာမပေးနိုင်ဘူးလို့ ပြောလိုက်လို့ဆွဲတာလို့သိရတယ်"ဟု ယင်းအမျိုးသားမှ‌ ပြောသည်။

မိုးညှင်းမြို့နယ်တွင်းရှိ ဟိုပင်နှုးချို ၊ဟိုပင်ရွာသစ်ကြီး‌၊ဘီလူးမြို့ ၊ဘိုကုန်း၊ကျွန်းကုန်း၊ကျေးရွာများတွင် ယခင်လနှင့်ယခုလများတွင် စုဆောင်းရေးဆွဲနေမှု ခပ်စိပ်စိပ်ဖြစ်ပေါ်နေပြီး ငွေပေးပြီးရွေးထုတ်၍ရသည့်အ‌ခြေအနေများနှင့် ငွေပေးလိုက်ရပြီး ကလေးပြန်မရသည့် မိဘများလည်းရှိနေကြာင်း ထပ်မံသိရပါသည်။

်ဂျီ


http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
https://t.me/langJinews/3
www.kachinhumanrightsinsight.org

မူးယစ်ဆေးသုံးစွဲသည့်အထက်တန်းကျောင်းသားအဖွဲ့မှ အလယ်တန်း ကျောင်းသားတစ်ဦးအား ဓါးဖြင့်ဝိုင်းထိုးမှုဖြစ်ပွား မြစ်ကြီးနားမြို့...
05/08/2026

မူးယစ်ဆေးသုံးစွဲသည့်အထက်တန်းကျောင်းသားအဖွဲ့မှ အလယ်တန်း ကျောင်းသားတစ်ဦးအား ဓါးဖြင့်ဝိုင်းထိုးမှုဖြစ်ပွား

မြစ်ကြီးနားမြို့ ။ ၅ ၊ဩဂုတ်လ၊၂၀၂၆

ကချင်ပြည်နယ် မြစ်ကြီးနားမြိုတွင် ဩဂုတ်လ ၄ရက်နေ့ နေ့လည် ၁နာရီခန့်က မူးယစ်ဆေးသုံးစွဲသည့်အထက်တန်းကျောင်းသားအဖွဲမှ အလယ်တန်း ကျောင်းသားတစ်ဦးအား ဓါးဖြင့်ဝိုင်းထိုးသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းသတင်းရရှိပါသည်။

အ.လ.က(၈) Grade(8)တွင် စာသင်ကြားနေသော ကျောင်းသား မောင်ခန့်သူဟိန်းအား ဓါးဖြင့်ထိုးသွားသော ကလေးများမှာ လယ်ကုန်းရပ်ကွက်ဇီးလွန်းကျောင်းမှ Grade(12)ကျောင်းသားများဖြစ်ပြီး ယနေ့အချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟုသိရပါသည်။

ယင်းဖြစ်စဉ်သည် ကျွန်းပင်သာရပ်ကွက်တွင်ဖြစ်ပွားခဲ့ပြီး တစ်ရက်ကွက်ထဲသားအချင်းချင်းဖြစ် သော်လည်း ခင်မင်ရင်းနှီးမှုမရှိကြောင်း မောင်ခန့်သူဟိန်း၏ ဆွေမျိုးများ ပြောပြချက်အရသိရပါသည်။

ယမန်နေ့က မောင်ခန့်သူဟိန်းအား အေးသုခဆေးရုံမှဆေးရုံကြီးသို့ လွဲ‌ပြောင်းကုသပေးနေကြောင်း ဧရာဝတီကရုဏာ_အခမဲ့ လူမှုကူညီရေးအသင်းမှ ပိုဆောင်ပေးခဲ့ကြောင်းသိရပါသည်။

်ဂျီ


http://www.youtube.com/-x9y
https://t.me/W_iNNrnH7JQyMDI1
https://t.me/langJinews/3
www.kachinhumanrightsinsight.org

Address

Yangon

Alerts

Be the first to know and let us send you an email when LangJi - လန်ဂျီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to LangJi - လန်ဂျီ:

Shortcuts

Share