မဟာရွာစာကြည့်တိုက်နှင့် ဖောင်ဒေးရှင်း Mahar Yoar Library & Foundation

  • Home
  • Myanmar
  • Yangon
  • မဟာရွာစာကြည့်တိုက်နှင့် ဖောင်ဒေးရှင်း Mahar Yoar Library & Foundation

မဟာရွာစာကြည့်တိုက်နှင့် ဖောင်ဒေးရှင်း Mahar Yoar Library & Foundation စာကြည့်တိုက်များ ထွန်းကားပြန့်ပွားရေးနှင့် ကလေး၊ လူငယ်များ ပညာသင်ကြားရေးအထောက်အကူပြုလုပ်ငန်းများ လုပ်

"နိုင်ငံကြီးတွေမှာ ....ဗုဒ္ဓဘာသာလည်း မဟုတ်ဘူး ။ 📌!တစ်ချို့များ သူဌေးကြီးတွေ တစ်နေ့သုံးလိုက်တဲ့ အသုံးစရိတ်ဟာ ဒီမြန်မာနိုင...
10/03/2026

"နိုင်ငံကြီးတွေမှာ ....
ဗုဒ္ဓဘာသာလည်း မဟုတ်ဘူး ။ 📌!

တစ်ချို့များ သူဌေးကြီးတွေ တစ်နေ့သုံးလိုက်တဲ့ အသုံးစရိတ်ဟာ ဒီမြန်မာနိုင်ငံက သူဌေးတွေရဲ့ တစ်သက်သုံးစာလောက် ဖြစ်နေတယ်တဲ့။

မြန်မာနိုင်ငံက ပစ္စည်းရှိတဲ့သူတွေရဲ့ တစ်သက်လုံး သုံးလောက်တဲ့ စည်းစိမ်ကို သူတို့က တစ်နေ့တည်း သုံးပစ်လိုက်တာပဲတဲ့ ။ ဒီလောက်ပေါတယ်တဲ့ ။ ဒါ ဗုဒ္ဓဘာသာ မဟုတ်ဘူးတဲ့ ။ ပြီးတော့ ဗုဒ္ဓဘာသာနိုင်ငံဟာ အညံ့ဆုံးဖြစ်နေတယ်တဲ့။

သီဟိုဠ်တို့ ၊ လာအိုတို့ ၊ ကမ္ဗောဒီးယားတို့ ၊ ယိုးဒယားတို့၊ မြန်မာနိုင်ငံတို့ ။ ဒီဗုဒ္ဓဘာသာနိုင်ငံကလေးတွေက လူတွေဟာ အညံ့ဆုံး ဖြစ်နေကြတယ်တဲ့ ။
ဒါ ဘယ်နှယ့်
အဓိပ်ပါယ်တုန်းတဲ့။

ဒါဟုတ်တယ် ။ စိတ်ထဲ ဇဝေဇဝါ ဖြစ်စရာ ။ ဘုန်းကြီးက ပြောချင်လိုက်တာ ။ ဘုရားအလောင်းပါရမီဖြည့်စဉ်တုန်းက ဗုဒ္ဓဘာသာဘဝနှင့် ဘယ်နှစ်ဘဝများ ရှိခဲ့ဖူးတုန်း ။ ကဲ ဇာတ်ကြီး (၁၀) ဘွဲ့ကို အကြမ်းစား စဉ်းစားကြစို့ ။ တေမိမင်း ။ ဗုဒ္ဓဘာသာဘဝမဟုတ်ဘူး ။ ဘုန်းကြီးမရှိဘူး ။ မဟာဇနကမင်း ။ ဗုဒ္ဓဘာသာမဟုတ်ဘူး ။ သူတို့ ကုသိုလ်တွေ သူတို့ ပြုသွားတာပဲ ။ မဟာဇနကမင်းကလည်း သူ့ဖာသာ ကုသိုလ်တွေ ပြုသွားတာပဲ ။ တေမိမင်းကလည်း ကုသိုလ်တွေပြု ၊ တောတွေထွက် ၊ တရားတွေကျင့် ၊ ဈာန်ရ ။ ဗုဒ္ဓဘာသာ မဟုတ်ဘူး ။ သုဝဏ္ဏသျှံ တောထဲမှာ မေတ္တာနှင့် နေရှာတာ ။ ဗုဒ္ဓဘာသာ မဟုတ်ဘူး ။ မိဘလည်း ဗုဒ္ဓဘာသာ မဟုတ်ဘူး။
နေမိမင်းကြီး ။ နာရဒ ဗြဟ္မာမင်းကြီး ။ ဗုဒ္ဓဘာသာ မဟုတ်ဘူး ။ ဝေဿန္တရာမင်းကြည့်ပါလား ။ ဗုဒ္ဓဘာသာ ဟုတ်ရဲ့လား ။ ဘယ်ဘုန်းကြီးက တရားဟောတုန်း ။ သူက ရသေ့တွေ အလှူပေးနေတာပဲ ။ သူ့ကို ဘယ်သူကမှ လာတရားမဟောဘူး။

ဒီတော့ကာ လူတွေက ဗုဒ္ဓဘာသာတွေမှ ကုသိုလ်ကံပြုတတ်တယ် ။ ဗုဒ္ဓဘာသာမဟုတ်ရင် မပြုတတ်ဘူးလို့ဆိုတော့ ဘုရားအလောင်းပါရမီဖြည့်ခဲ့တဲ့ဘဝတွေက ဗုဒ္ဓဘာသာမဟုတ်တဲ့ ဘဝတွေချည်းများတယ် ။ ဘုရားအလောင်း လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပါရမီဖြည့်စဉ်မှာ နှစ်ကျိပ်လေးဆူသာ ဘုရားပွင့်တယ်။

✴ ဗုဒ္ဓဘာသာဆိုတဲ့ ဘာသာဟာ နှစ်ဆယ့်လေးခါသာ ပေါ်ခဲ့တယ် ။ ကျန်တဲ့ အချိန်တွေ ဗုဒ္ဓဘာသာခေတ်ကို မဟုတ်ခဲ့ဘူး။

အဲဒီအတောအတွင်းမှာ ဘုရားအလောင်းတွေ ပါရမီဖြည့်တော်မူလာလိုက်ကြတာ ။ ဒီတော့ကာ ဒါလေးကို ပထမဆုံး နားလည်ပါလေ။

ခုနက သူဌေးကြီးတွေ ဗုဒ္ဓဘာသာ မဟုတ်ပေမယ့် သူတို့လည်း သူတို့နည်း သူတို့ဟန်နှင့် လွန်ခဲ့တဲ့ ဖြစ်လေရာ ဘဝတွေတုန်းက ကုသိုလ်တွေရှိမှာပေါ့ ။ သေခါနီးကျတော့ နိမိတ်တွေထင်မှာပေါ့ ။ နိမိတ်တွေထင်တဲ့အခါကျတော့ အမျိုးမျိုးသော ကံကြောင့် တချို့က ပေါများတဲ့ နိုင်ငံမှာ သွားပြီးတော့ ပဋိသန္ဓေနေကြမယ် ။ အဖေက သူဌေးလေ ။ အမေက သူဌေးလေ ။ သူတို့ကျတော့ သူဌေးလေ ။ ဘာပြောစရာရှိလဲ။

ဗုဒ္ဓဘာသာနှင့် ....ဘာဆိုင်လဲ။ 📍

ဗုဒ္ဓဘာသာ ဖြစ်တာ မဖြစ်တာနှင့် ဘာမှမဆိုင်ဘူး။

အဖေသူဌေး ၊ အမေသူဌေးနှင့်သာဆိုင်တယ် ။ နိုင်ငံကြီးနှင့်သာဆိုင်တယ် ။ အဲလိုနှင့် သူတို့ သုံးလို့မကုန်နိုင်အောင်ပေါကြတယ် ။ သုံးလို့မကုန်နိုင်အောင်ပေါတော့ကာ ဒီလူတွေက သုံးချည်းပစ်နေလားဆိုတော့ ဒီလူတွေက ဆေးရုံတွေတည်ဆောက်ကြတယ်။

သူတို့ပိုက်ဆံကြောင့် ဆင်းရဲတဲ့သူတွေ ကျန်းမာချမ်းသာစေချင်တဲ့ မေတ္တာ ၊ ကရုဏာကြီးမားလိုက်တာ ။ ထူးထူးခြားခြားစာသင်နိုင်အောင်လို့ စာသင်ကျောင်းတွေ ထောက်ပံ့ပေးနေတယ် ။ မရှိဆင်းရဲတဲ့သူတွေအတွက် ကြက်ခြေနီအသင်းဆိုပြီးတော့ ငွေတွေထည့်ပြီး ထောက်ပံ့ပေးနေကြတယ် ။ ဆေးရုံတွေဆောက်တယ်။ စာသင်ကျောင်းတွေတည်တယ် ။ မရှိဆင်းရဲတဲ့သူတွေ ကြီးပွားအောင်လို့ နိုင်ငံတွေကို ထောက်ပံ့ပေးနေတယ် ။ နည်းတဲ့သတ္တိတွေလား ၊ နည်းတဲ့ကံတွေလား ။ ဒီလူတွေက ရှေ့ကို တက်ကြပါအုံးမယ် ။ ရှေ့ကို တိုးကြပါအုံးမယ်။

အကယ်၍များ အရိမေတ္တေယျဘုရားလက်ထက်မှာ သူတို့တွေက လူ့အဖြစ်နှင့်ဆိုလို့ရှိရင် ဘုရားဆီရောက်ကြပါအုံးမယ် ။ ဘုရားဆီရောက်တဲ့အခါကျတော့ ဘုရားဆီက သစ္စာလေးပါးတရားကို နာကြားကြရပါအုံးမယ် ။ ဒီလူတွေ ၊ ဒီဉာဏ်ရှိတဲ့လူတွေ ။ ဒီတော့ကာ ကျွတ်တမ်းဝင်ချင်ရင်လည်း ဝင်သွားမယ်။

ဒါမှမဟုတ် နောက်ဘုရားလက်ထက် ကျွတ်တမ်းဝင်ဖို့ အထောက်အပံ့ကောင်းကောင်းကြီး ရသွားကြပါမယ်။

ဒါကြောင့် ဗုဒ္ဓဘာသာ ၊ ဗုဒ္ဓဘာသာဆိုပြီးတော့ စိတ်ကြီးဝင်မနေကြပါနဲ့။

ကောင်းကောင်းနေကြဖို့ အရေးကြီးပါတယ်။

ဗုဒ္ဓဘာသာဆိုပြီးတော့ အမှတ်တမဲ့နှင့် နေလို့ရှိရင်တော့ တခြားကလူတွေက ဘုန်းကြီးတို့အပေါ် ကျော်ပြီးရင်းကျော်ရင်း ၊ ကျော်ပြီးရင်းကျော်ရင်း ဖြစ်သွားကြပါလိမ့်မယ်။

နိုင်ငံငယ်ကလေးတွေမှာ ဗုဒ္ဓဘာသာဖြစ်နေရတာကတော့ နိုင်ငံငယ်ကလေးတွေမှာ စားစရာလေးတွေရှိတယ်။

ဘုန်းကြီးတွေက စားစရာကိုမှီပြီးတော့ ဘုန်းကြီးတွေဖြစ်ရတယ် ။ အဲဒီဘုန်းကြီးတွေက ဟောပြောပြီးပေးတော့မှ သူတို့တွေက အသိဉာဏ်တွေရင့်ကျက်ပြီးတော့ လာခဲ့တယ် ။ နဂိုတုန်းက မြန်မာနိုင်ငံရဲ့အသိဉာဏ်ဟာ မှန်းပြီးတော့ ကြည့်စမ်း။ အရည်းကြီးတွေကိုလက်ခံပြီးနေကတည်းကိုက မြန်မာနိုင်ငံရဲ့အသိဉာဏ်ဟာ ဘယ်လောက်ညံ့နေတုန်း ။ အရည်းကြီးတွေကို လက်ခံရမှာမဟုတ်ဘူး ။ မောင်းထုတ်ရမှာ ။ အဲဒါကို ရှင်ဘုရင်နှင့်တကွ အရည်းကြီးတွေကို လက်ခံပြီး လာကတည်းကိုက မြန်မာနိုင်ငံရဲ့ အသိဉာဏ် ဘယ်လောက်ညံ့နေတုန်း ။ ရှင်အရဟံသာ မပါလို့ရှိရင် မြန်မာနိုင်ငံ ဒီ့ထက် အသိဉာဏ်ညံ့ပါမယ် ။ ရှင်အရဟံကြွလာပြီး ဗုဒ္ဓတရားတော်တွေပါလာလို့ ဒီအခြေအနေ ဒီအရည်အချင်းတွေကို မြင်ရတာပါ။ အကယ်၍များ ဗုဒ္ဓဘာသာသာ မဖြစ်လို့ရှိရင် ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေသာ မပါလာလို့ရှိရင်တော့ မြန်မာနိုင်ငံ ခုအထိ ဒီထက်ညံ့ပါအုံးမယ်။

အဲဒါလေးကို နားလည်ကြပါ။"

အရှင်ဇနကာဘိဝံသ
၁၇၊ ၄၊ ၁၉၇၃ ပဋ္ဌာန်းတရားတော်မှ ကောက်နုတ်ချက်

ကလေးတို့အတွက် နွေရာသီ ပညာဒါန သင်တန်းများ * * *
05/03/2026

ကလေးတို့အတွက် နွေရာသီ ပညာဒါန သင်တန်းများ * * *

05/03/2026
* ကလေးတို့အတွက် ဗုဒ္ဓဝင်ကို စိတ်ဝင်စားစွာ သိမြင်နားလည်ဖို့ Projector ရုပ်သံများနဲ့ စတင်သင်ကြားပေးပါမယ်။* ဆက်လက်ပြီး ကလေး...
05/03/2026

* ကလေးတို့အတွက် ဗုဒ္ဓဝင်ကို စိတ်ဝင်စားစွာ သိမြင်နားလည်ဖို့ Projector ရုပ်သံများနဲ့ စတင်သင်ကြားပေးပါမယ်။

* ဆက်လက်ပြီး ကလေးတို့အတွက် Computer ပညာကို အခြေခံမှစကာ word processing လုပ်နိုင်သည်အထိ သင်ကြားပေးပါမယ်။

* ဆက်လက်ပြီး ကလေးတို့အတွက် ပန်းချီအခြေခံမှအစ computer graphic design လုပ်နိုင်သည်အထိ သင်ကြားပေးပါမယ်။

* ဒီပညာရပ်တွေနဲ့အတူ ကလေးတို့ လိမ္မာယဉ်ကျေးရှိစေဖို့ ကိုယ်ချင်းစာတရားကအစ စာရိတ္တနဲ့ ပြည်သူနီတိ‌ သိနားလည် လုပ်ဆောင်တတ်ဖို့ မိဘကျေးဇူးသိတတ်ဖို့ ဆရာများထံမှ ပညာကို ရိုသေစွာ သင်ကြားတတ်ဖို့ပါ ရုပ်သံ သင်ထောက်ကူ စုံလင်စွာနဲ့ ပညာဒါန သင်ကြားပေးမှာမို့ အမြန်လာရောက် စာရင်းသွင်း တက်ရောက်နိုင်ပါပြီ။

( အလက -၂ ဒဂုံ ကျောင်းတွင်လည်း စာရင်း‌ပေးသွင်းနိုင်ပါတယ် )

* သင်ကြားမယ့်နေရာကတော့ - မဟာရွာ ပြည်သူ့စာကြည့်တိုက်နဲ့ အလက ၂ ဒဂုံ ကွန်ပျူတာစာသင်ခန်းမှာ ဖြစ်ပါတယ်။

* ကိုယ့်ရဲ့အနာဂတ်ရင်သွေးတို့အတွက် နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချဖို့အတွက် လာရောက်စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

* စတင်မယ့်နေ့ရက်နဲ့ အချိန်က - ကျန်တဲ့သင်တန်းများနဲ့ မတိုက်အောင် နေ့လည် ၁၂ : ၃၀ နာရီမှ ၂:၃၀ နာရီ (သို့) ၃:၀၀ နာရီမှာ သင်ကြားမှာဖြစ်ပြီး ၇-၃-၂၀၂၆ (တနင်္ဂနွေ)နေ့မှ စတင်သင်ကြားပေး‌မှာ ဖြစ်ပါတယ်။

*** မဟာရွာ ပညာဒါနနှင့် ပြည်သူ့စာကြည့်တိုက် ***
ဦးဝိစာရရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်။

Address

Uwisara Avenue, Dagon Township
Yangon

Telephone

+959964013069

Website

Alerts

Be the first to know and let us send you an email when မဟာရွာစာကြည့်တိုက်နှင့် ဖောင်ဒေးရှင်း Mahar Yoar Library & Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to မဟာရွာစာကြည့်တိုက်နှင့် ဖောင်ဒေးရှင်း Mahar Yoar Library & Foundation:

Share