Environmental Science Online

Directions Website

Environmental Science Online သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးရေးအစီအစဥ်
(3)

𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐂𝐨𝐮𝐫𝐬𝐞 𝐢𝐧 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐎𝐧𝐥𝐢𝐧𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠/ 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦လျှောက်လွှာခေါ်ယူခြင်းသဘာဝပတ်ဝန်းကျင်ရေးရာသ...
20/09/2026

𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐂𝐨𝐮𝐫𝐬𝐞 𝐢𝐧 𝐄𝐧𝐯𝐢𝐫𝐨𝐧𝐦𝐞𝐧𝐭𝐚𝐥 𝐒𝐜𝐢𝐞𝐧𝐜𝐞
𝐎𝐧𝐥𝐢𝐧𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠/ 𝐂𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞 𝐏𝐫𝐨𝐠𝐫𝐚𝐦

လျှောက်လွှာခေါ်ယူခြင်း

သဘာဝပတ်ဝန်းကျင်ရေးရာသိပ္ပံပညာရပ်များကို
လူတိုင်း အလွယ်တကူ လေ့လာခွင့်ရစေရန် ရည်ရွယ်ကာ Advanced Course in Environmental Science Online Learning/Certificate Program ကို စီစဉ်ဖွင့်လှစ်ထားပါသည်။ စိတ်ပါဝင်စားသူများအတွက် Online မှတစ်ဆင့် မိမိကိုယ်တိုင် အလွယ်တကူလေ့လာနိုင်မည့် Online Learning Programတစ်ခု ဖြစ်ပါသည်။

♻️ စိတ်ပါ၀င်စားသူများ စာရင်းသွင်း လျှောက်ထားနိုင်ပါသည်။ ♻️

(ယခင် Course များကို လေ့လာဖူးသူများအပြင် ယခုမှ စတင်လေ့လာမည့်သူများပါ လျှောက်ထားနိုင်ပါသည်။)

Online Learning Program ပြီးဆုံးပါက အထောက်အထားလက်မှတ်(Certificate) ရရှိမည် ဖြစ်ပါသည်။

အရည်အချင်း - စိတ်ဝင်စားသူများမည်သူမဆို လျှောက်ထားနိုင်ပါသည်။
ကာလ - ၁၅-၁၀-၂၀၂၆ မှ ၁၅-၁၂-၂၀၂၆ ထိ
အချိန် - Online Email Course
(မိမိအဆင်ပြေသည့်အချိန်တွင် လေ့လာနိုင်ပါသည်။)
သင်တန်းကြေး - ၂၂၃၀၀ ကျပ်
(မိမိ အဆင်ပြေရာPayဖြင့် ပေးသွင်းနိုင်ပါသည်၊၊)

လျှောက်ထားရန် Link - http://tiny.cc/Adv-Course-ES

ပါဝင်မည့် Course Topics များနှင့်
အသေးစိတ်အချက်အလက်များ သိရှိလိုပါက - https://m.me/esonline.mm တွင်
မေးမြန်းစုံစမ်းနိုင်ပါသည်။

မုတ်သုံလေ စတင်ဆုတ်ခွာပြီ၊ လာမည့်ဆောင်းနှင့် နွေတွင် "စူပါ အယ်လ်နီညို" ရိုက်ခတ်မှုကြောင့် အပူချိန် အလွန်အမင်း မြင့်မားမည်...
16/09/2026

မုတ်သုံလေ စတင်ဆုတ်ခွာပြီ၊ လာမည့်ဆောင်းနှင့် နွေတွင် "စူပါ အယ်လ်နီညို" ရိုက်ခတ်မှုကြောင့် အပူချိန် အလွန်အမင်း မြင့်မားမည်

ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၆ ရက်

မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှစတင်၍ မုတ်သုံလေ ဆုတ်ခွာသွားပြီဖြစ်ပြီး အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် လာမည့်ဆောင်းရာသီနှင့် နွေရာသီတို့တွင် အပူချိန်များ မြင့်မားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလ ဗေဒ ညွှန်ကြားမှုဦးစီးဌာန(မိုး/ဇလ) ထံမှ သိရသည်။

အနောက်တောင်မုတ်သုံလေသည် ယမန်နေ့ စက်တင်ဘာ ၁၅ ရက်က စတင်ဆုတ်ခွာသွားပြီဖြစ်ကာ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာ ရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြ ထားသည်။

ထို့ကြောင့် လာမည့် နွေရာသီကာလများတွင် နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်လာနိုင်ကြောင်း ခန့်မှန်းထားသည်။

“အယ်နီညိုဖြစ်စဉ်တွေကြောင့် အခုနှစ်ဆောင်းနဲ့ လာမည့်နှစ် ၂၀၂၇ ခုနှစ် နွေရာသီမှာ ပိုပြီး သက်ရောက် မှုရှိမယ်လို့ မျှော်လင့်ရပါတယ်” ဟု မိုး/ဇလ ညွှန်ချုပ် ဒေါက်တာကျော်မိုးဦးက ဆိုသည်။

မြန်မာနိုင်ငံသည် ပုံမှန်နွေရာသီအချိန်များတွင်ပင် ပျှမ်းမျှအပူချိန် ၃၂ ဒီဂရီဆဲလ်စီးယပ်မှ ၄၃ ဒီဂရီဆဲလ်စီးယပ်အထိ ရှိတတ်ပြီး အလယ်ပိုင်းဒေသများတွင် အပူချိန် ပိုမိုပြင်းထန်လေ့ရှိသည်။

“ရန်ကုန်မှာ မိုးမရွာတာနဲ့ ပူတာပဲ။ နေ့တိုင်းမိုးရွာနေပေမယ့် မနက်ပိုင်းမိုးရွာပြီးတော့ နေ့လယ်မိုးတိတ် နေတယ်ဆိုရင် ပူပြီပဲ။ အယ်နီညိုရှိတယ်ဆိုတော့ လာမယ့်နွေ မတွေးရဲဘူး။ အတော်ပူမှာပဲ။ အပူဒဏ် ခံနိုင်ဖို့ အဲယားကွန်းတွေ သန့်ရှင်းရေးလုပ်ထားမှရမယ်” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီ တိုင်းမ်ကို ပြောသည်။

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားကောင်းရာမှ အားအလွန်ကောင်းသော အယ်လ်နီညိုအခြေ အနေတွင် တည်ရှိနေပြီး ကမ္ဘာတစ်ဝှမ်း၌ အစွန်းရောက် ရာသီဥတုပုံစံများကို ပိုမိုဆိုးရွာစေနိုင်ကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ထုတ်ပြန်ထားသည်။

လက်ရှိ ခန့်မှန်းချက်များအရ လာမည့် အယ်လ်နီညိုသည် အလွန်အားကောင်းလာနိုင်ပြီး “စူပါအယ်လ်နီ ညို” ဖြစ်လာနိုင်ကြောင်း အချို့သော ကျွမ်းကျင်သူများက ဆိုထားပြီး ယင်းသက်ရောက်မှု ကြောင့် သီးနှံများ ပျက်စီးခြင်းနှင့် မွေးမြူရေးခြံများ ဆုံးရှုံးခြင်းအထိ သက်ရောက်မှု အမျိုးမျိုး ရှိလာနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ - မိုး/ဇလ၊ WMO

#မြန်မာနိုင်ငံ #အနောက်တောင်မုတ်သုံလေ #စတင်ဆုတ်ခွာ #အယ်နီညိုရာသီဥတု #အပူချိန်မြင့်မား

Address

Yangon
11041

Alerts

Be the first to know and let us send you an email when Environmental Science Online posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share