TU Network

Directions Website

TU Network Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TU Network, Nonprofit Organization, Yangon.

https://www.facebook.com/share/p/1CF8hT8nk6/
01/09/2026

https://www.facebook.com/share/p/1CF8hT8nk6/

"မြန်မာပညာရေးစနစ် (Myanmar Education System - MES)
နှင့်ပတ်သက်၍ အသိပေးကြေညာချက်"
မြန်မာပညာရေးစနစ် (Myanmar Education System - MES) အား နည်းပညာဆိုင်ရာ ပြင်ဆင်ဆောင်ရွက်နေသည့်အတွက် အဆိုပါ မြန်မာပညာရေးစနစ် (Myanmar Education System - MES) စနစ်အား ခေတ္တအသုံးပြု၍ ရနိုင်မည်မဟုတ်ပါကြောင်းနှင့် ပြန်လည်အသုံးပြုနိုင်မည့်အချိန်အား ပြန်လည်ကြေညာပေးမည်ဖြစ်ပါသည်။

02/06/2026

နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်

(Technological-Related Interim University Councils Network)

[email protected]

ပေးအပ်မည့်ဘွဲ့ - ဗိသုကာဘွဲ့ (Bachelor of Architecture (B.Arch.))

အင်ဂျင်နီယာဘွဲ့ (Bachelor of Engineering (B.E.))

လက်ခံခေါ်ယူမည့်တက္ကသိုလ် - နည်းပညာတက္ကသိုလ် (မုံရွာ) (TU-Monwya)

နည်းပညာတက္ကသိုလ် (စစ်ကိုင်း) (TU-Sagaing)

သန်လျင်နည်းပညာတက္ကသိုလ် (TTU)

မော်လမြိုင်နည်းပညာတက္ကသိုလ် (Mawlamyine Technological University)

သင်တန်းကာလ - (၆) နှစ်

ဝင်ခွင့်လျှောက်ထားခြင်း

ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူမှုတွင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားပြီး ဝင်ခွင့်ရတက္ကသိုလ်များတွင် သက်ဆိုင်ရာဘွဲ့သင်တန်းအလိုက် သင်တန်းတက်ရောက်နေစဉ် အကြောင်အမျိုးမျိုးကြောင့် ၂၀၂၆ ခုနှစ် ဧပြီလမတိုင်မီ သက်ဆိုင်ရာတက္ကသိုလ်အသီးအသီးမှ တရားဝင်နှုတ်ထွက်ထားသည့် ကျောင်းသား/ကျောင်းသူမျာနှင့် ပြောင်းရွှေ့ တက်ရောက်လိုသော ကျောင်းသား/ကျောင်းသူများအား နည်းပညာတက္ကသိုလ်များ၏ ပုံမှန်(ဘွဲ့ကြို) ပထမနှစ်သင်တန်းများ သို့ လက်ခံခေါ်ယူမည့် အစီအစဉ်တွင် ဖေါ်ပြပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ ဆန္ဒပြုလျှောက်ထားနိုင်ပါသည်။

(၁) ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များပါဝင်သည့် ဘာသာရပ်တွဲတစ်ခုခုဖြင့် ဖြေဆိုအောင်မြင်ခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သူများ

၁-က သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာသာရပ်တို့တွင် ရမှတ်အနည်းဆုံး(၇၀)မှတ်နှင့်အထက်ရရှိသူ

၁-ခ အင်္ဂလိပ်စာဘာသာ ရမှတ် အနည်းဆုံး (၅၀ )မှတ်နှင့်အထက်ရရှိသူ

(၂) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] စနစ်ဟောင်းကို သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များပါဝင်သည့် ဘာသာရပ်တွဲတစ်ခုခုဖြင့် ပြီးမြောက်ထားခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သူများ

၂-က သင်္ချာဘာသာရပ်တွင် ရမှတ်အဆင့် B* နှင့်အထက် ရရှိသူ

၂-ခ ဓာတုဗေနှင့် ရူပဗေဒ ဘာသာရပ်တို့တွင် ရမှတ်အဆင့် B နှင့်အထက် ရရှိသူ

၂-ဂ အင်္ဂလိပ်စာ ဘာသာရပ်တွင် ရမှတ်အဆင့် C* နှင့်အထက် ရရှိသူ

၂-ဃ ကျန်ဘာသာရပ်များတွင် ရမှတ်အဆင့် C နှင့်အထက် ရရှိသူ

(၃) တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းများ၊ နယ်စပ်ဒေသ အခြေစိုက် ပညာရေးအဖွဲ့အစည်းများမှ ၂၀၂၀ ၊ ၂၀၂၁ ၊ ၂၀၂၂ ၊ ၂၀၂၃နှင့် ၂၀၂၄ ခုနှစ်တို့တွင် အထက်တန်းပညာ ပြီးမြောက်အောင်မြင်ခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သူများ

၃-က အမှတ်စဉ် (၂) ပါ သတ်မှတ်ချက်များနှင့်ညီမျှသော အရည်အချင်းရရှိထားသူ

၃-ခ သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများကို တင်ပြနိုင်သူ

(၄) GED/ IGCSE စာမေးပွဲရလဒ်များဖြင့် တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သူများ

၄-က အမှတ်စဉ် (၂) ပါ သတ်မှတ်ချက်များနှင့်ညီမျှသော အရည်အချင်းရရှိထားသူ

၄-ခ Official Grade Certificate/Official Transcript တင်ပြနိုင်သူ

(၅) ဝင်ခွင့်လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ရပါမည်။

(၆) သတ်မှတ်အရည်အချင်းကိုက်ညီသူများအားလုံး ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ(အင်္ဂလိပ်စာ၊ သင်္ချာနှင့် သပ္ပံ (ဓာတုဗေဒ+ရူပဗေဒ)) ကို အွန်လိုင်းစနစ်ဖြင့် ဖြေဆိုကြရမည့်အပြင် လူတွေ့စစ်မေးမှုကိုလည်း ဖြေဆိုရပါမည်။

(၈) ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကျင်းပမည့် အစီအစဉ်ကို ဝင်ခွင့်လျှောက်လွှာတွင်ဖော်ပြထားသည့် ဆယ်သွယ်ရန်အီမေးမှတဆင့် ကြိုတင် အကြောင်းကြားမည်ဖြစ်ပါသည်။

၉။ ဝင်ခွင့်စိစစ်ခြင်းနှင့် ရွေးချယ်ခြင်း

(က) အချက်အလက် မှန်ကန်မှုမရှိခြင်း/မှားယွင်းစွာဖေါ်ပြခြင်းနှင့် အထောက်အထားပြည့်စုံမှုမရှိသည့် လျှောက်လွှာများကို လက်ခံ စဉ်းစားမည်မဟုတ်ပါ။

(ခ) လျှောက်ထားရန် သတ်မှတ်ထားသည့် နေ့ရက်ထက် ကျော်လွန်သော ဝင်ခွင့်လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

(ဂ) ယခုကြားကာလတွင် Online သင်ကြားရေးစနစ်ဖြင့် သင်ယူနိုင်သူများကိုသာ လက်ခံသင်ကြားပေးမည် ဖြစ်ပါသည်။

(ဃ) ဝင်ခွင့်လျှောက်ထားသူများကို ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ရမှတ်ပေါင်း အများအနည်းစီ၍ ဦးစားပေးလျှောက်ထားသည့် တက္ကသိုလ်၏ ဘွဲ့သင်တန်းအလိုက် လက်ခံမည့် ဦးရေကို အခြေခံ၍ ရွေးချယ်လက်ခံသွားမည်ဖြစ်ပါသည်။

(င) ဘွဲ့သင်တန်းအလိုက် လက်ခံသင်ကြားမည့်ဘာသာရပ်များ

၁။ ဗိသုကာ (Architecture) - Online

၂။ အီလက်ထရောနစ်အင်ဂျင်နီယာ (Electronics Engineering)- Online

၃။ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (Electrical Power Engineering)- Online

၄။ စက်မှုအင်ဂျင်နီယာ (Mechanical Engineering)- Online

၅။ သုတနည်းပညာအင်ဂျင်နီယာ (Information Technology Engineering)- Online

၆။ မက္ကာထ‌ရောနစ်အင်ဂျင်နီယာ (Mechatronics Engineering)- Online

၇။ ရေနံအင်ဂျင်နီယာ (Petroleum Engineering) - Online

မှတ်ချက် ။ ယခုကာလတွင် Online သင်ကြားရေးစနစ်ဖြင့် သင်ကြားပေးနိုင်မည်ဖြစ်သော်လည်း သက်ဆိုင်ရာတက္ကသိုလ်ကောင်စီမှ မြေပြင် သင်ကြားရေး စတင်နိုင်သည့်အချိန်တွင် သက်ဆိုင်ရာတက္ကသိုလ်သို့ ဝင်ခွင့်ရကျောင်းသား/ကျောင်းသူများသည် သက်ဆိုင်ရာ တက္ကသိုလ်နယ်မြေတွင် ဘွဲ့သင်တန်းပြီးဆုံးသည်အထိ ဆက်လက်တက်ရောက်သင်ယူကြရမည် ဖြစ်ပါသည်။

30/05/2026

TU Network တွင်တက်ရောက်ပညာသင်ကြားနေသောကျောင်းသား​၊ ကျောင်းသူများ၏
ဒုတိယနှစ်ဝက်စာမေးပွဲကို 1.6.2026 ရက်နေ့တွင်စတင်ဖြေဆိုတော့မည်ဖြစ်ပါသဖြင့်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်ဌာနမေးလ်သို့ မိမိတို့၏ MES Code၊ သင်တန်းနှစ်၊ ဘာသာရပ်များဖြင့် ဆက်သွယ်ပေးကြပါရန် အသိပေးအကြောင်းကြားပါသည်။

17/04/2026

တော်လှန်နှစ်သစ်မှာ ပြည်သူ့ဘက်တော်သား ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တော်လှန်ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာ ချမ်းသာဖြင့် စစ်အာဏာရှင်စနစ်အပြင်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပြီး လိုရာဆန္ဒတွေအမြန်ဆုံးပြည့်စုံကြပါကြောင်း TU Network မိသားစု မှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

17/04/2026

တော်လှန်နှစ်သစ်မှာ ပြည်သူ့ဘက်တော်သား ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တော်လှန်ပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာ ချမ်းသာဖြင့် စစ်အာဏာရှင်စနစ်အပြင်အာဏာရှင်စနစ် အမြန်ဆုံးကျဆုံးပြီး လိုရာဆန္ဒတွေအမြန်ဆုံးပြည့်စုံကြပါကြောင်း TU Network မိသားစု မှဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။

ပဉ္စမအကြိမ်ခေါ်ယူမည့် သင်တန်းနှစ်များနှင့် မေဂျာများကို အသိပေးကြေညာခြင်း____________________ပဉ္စမအကြိမ်ခေါ်ယူမည့်   သင်တ...
28/02/2026

ပဉ္စမအကြိမ်ခေါ်ယူမည့် သင်တန်းနှစ်များနှင့် မေဂျာများကို အသိပေးကြေညာခြင်း
____________________
ပဉ္စမအကြိမ်ခေါ်ယူမည့် သင်တန်းများတွင် မြန်မာနိုင်ငံရှိ နည်းပညာနှင့် နှီးနွှယ်တက္ကသိုလ်အသီးသီးမှ သပိတ်မှောက် CDM ကျောင်းသား၊ကျောင်းသူများ လာရောက် လျှောက်ထားနိုင်ပါသည်။ပဉ္စမအကြိမ်ခေါ်ယူမည့် မေဂျာများနှင့် သင်တန်းနှစ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ။

၁။ ဗိသုကာ (Architecture) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ်
၂။ မြို့ပြအင်ဂျင်နီယာ (Civil Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ်
၃။ အီလက်ထ‌ရောနစ်အင်ဂျင်နီယာ( Electronics Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ ဆဌမနှစ်
၄။ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ(Electrical Power Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ်
၅။ စက်မှုအင်ဂျင်နီယာ(Mechanical Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ်
၆။ သုတနည်းပညာအင်ဂျင်နီယာ - ပထမနှစ်၊ ဒုတိယနှစ်၊ ဆဌမနှစ်
၇။ မက္ကာထရောနစ်အင်ဂျင်နီယာ( Mechatronics Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ ဆဌမနှစ်
၈။ ဓာတုအင်ဂျင်နီယာ (Chemical Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ်
၉။ သတ္တုတူးဖေါ်ရေးအင်ဂျင်နီယာ(Mining Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ်
၁၀။ ရေနံအင်ဂျင်နီယာ(Petroleum Engineering) - ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်၊ ဆဌမနှစ်

(က) သင်တန်းမှတ်ပုံတင်ရမည့်ရက်
- ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်မှ မတ်လ (၂၁)ရက်နေ့အထိ။

(ခ)ပဉ္စမ အကြိမ်ခေါ်ယူမည့်သင်တန်းများစတင်မည့်ရက်
- ၂၀၂၆ခုနှစ်၊ မတ်လ (၂၈)ရက်။

(ဂ) MES (Myanmar Education System) တွင် သင်တန်းမှတ်ပုံတင်ရန် လိုအပ်သော အချက်အလက်များနှင့် စာရင်းသွင်းရန်ပုံစံအဆင့်အဆင့်အား လမ်းညွှန်ဗီဒီယို(Tutorial Video)ဖြင့် ဖော်ပြပါ Link တွင် အသေးစိတ် ဖော်ပြပေးထားပါသည်။

https://www.facebook.com/share/v/16NkHwiKqC/

ထို့အပြင် ကျန်ရှိနေသော သင်တန်းနှစ်များ၊ သင်တန်းအမျိုးအစားများနှင့်ပတ်သက်သော ကြားကာလပညာရေးအစီအစဥ်များကို နည်းပညာနှင့်နှီးနွှယ်ယာယီ တက္ကသိုလ်ကောင်စီများကွန်ရက်မှ ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ပါသည်။
#နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်
'CouncilNetwork

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး၏ အမိန့်အမှတ် (၁၅/၂၀၂၆) ထုတ်ပြန်ချက်အပေါ် သဘောထားထုတ်ပြန်ချက် ဖေဖော်ဝါရီ (၂၀)ရ...
21/02/2026

အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး၏ အမိန့်အမှတ် (၁၅/၂၀၂၆) ထုတ်ပြန်ချက်အပေါ် သဘောထားထုတ်ပြန်ချက်
ဖေဖော်ဝါရီ (၂၀)ရက် ၊၂၀၂၆ ခုနှစ်။
နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်အနေဖြင့် လူမှုကွန်ယက်မီဒီယာများတွင် ပျံ့နှံ့ လျက်ရှိသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ဝန်ကြီးချုပ်ရုံး၏ အမိန့်အမှတ် (၁၅/၂၀၂၆) နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း သဘောထားထုတ်ပြန်အပ်ပါသည်။
၁။ ဝန်ကြီးချုပ်ရုံး၏ အမိန့်အမှတ် (၁၅/၂၀၂၆) ထုတ်ပြန်ချက်သည် မူလတိုင်ကြားသည့် အကြောင်းအရာဖြစ်သည့် အဂတိလိုက်စားမှု၊ မလျှော်သြဇာသုံးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု စသည့် အချက်များအပေါ် ခြုံငုံမှုမရှိသည့်အပြင် ပုဂ္ဂိုလ်ရေးဆိုင်ရာ ကာကွယ်ပေးမှု၊ ဘက်လိုက်မှုတို့ကို သံသယဖြစ်ဖွယ် တွေ့ရှိရပါသည်။
၂။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရသို့ အောက်ပါတောင်းဆိုချက်များကို ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
- စုံစမ်းစစ်ဆေးရေးအဖွဲ့၏ အစီရင်ခံစာအပြည့်အစုံအား အများပြည်သူသိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ရန် ။
- စုံစမ်းစစ်ဆေးရေးအဖွဲ့အား ပြင်ဆင်ဖွဲ့စည်း၍ အမှုအား တရားနည်းလမ်းကျစွာ ပြန်လည်စစ်ဆေးပေးရန်။
- တိုင်ကြားသူများ၏ နစ်နာခဲ့မှုများအပေါ် တရားမျှတမှုရှိရေး အာမခံချက်ပေးရန်။
၃။ ကျွန်ုပ်တို့နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်အနေဖြင့် လွတ်လပ်မှု၊ တရားမျှမှုရရှိရေးနှင့် အမှန်တရားပေါ်ပေါက်ရေးတို့အပေါ် လေးစားတန်ဖိုးထားသည်နှင့်အညီ ယခုဖြစ်စဉ်တွင် ပါဝင်သော နစ်နာသူများနှင့်အတူ ရပ်တည်၍ အမှုမှန်ပေါ် ပေါက်ရေးနှင့် တရားမျှတရရှိရေးအတွက် အစွမ်းကုန် ရပ်တည်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

နည်းပညာနှင့်နှီးနွှယ် ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနhttps://moe.nugmyanmar.orgကြေညာချက်အမှတ် (၃/၂၀၂...
02/02/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၃/၂၀၂၆)
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း (၁၀) ရက်နေ့
(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်)

ကြားကာလတက္ကသိုလ်များ၏ ဝင်ခွင့်လမ်းညွှန်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်
၁။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အာဏာသိမ်းခဲ့ခြင်းကြောင့် အခြေခံပညာ ပြီးမြောက်ထားသည့် စီဒီအမ် ကျောင်းသား၊ ကျောင်းသူများသည် ယနေ့အချိန်အထိ ရှေ့ဆက်ပညာသင်ယူခြင်းမပြုကြဘဲ တရားမဝင် စစ်ကောင်စီ ၏ ယန္တရားကို အကြမ်းမဖက် အာဏာဖီဆန်လျက်ရှိနေကြသည်။
၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတဝှမ်းလုံးရှိ ပညာသင်ယူခွင့် ရပ်တန့်နေသော ကျောင်းသား၊ ကျောင်းသူများ၏ ရှေ့ဆက်ပညာသင်ယူနိုင်ရန်အတွက် ကြားကာလတက္ကသိုလ်ကောင်စီများ၊ ပညာရေးဘုတ်အဖွဲ့များ နှင့် ပူးပေါင်းကာ အစဉ်တစိုက် အလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
၃။ ၂၀၂၃ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သော နွေဦးတော်လှန်ရေးကာလ၊ အဆင့်မြင့်ပညာကဏ္ဍ၊ ပထမအကြိမ် ညီလာခံက ပေါ်ထွက်လာခဲ့သည့် ရလဒ် အမှတ်စဉ် (၁၀) အရ အခြေခံပညာပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးရည်မှန်းချက်များအလိုက် အဆင့်မြင့်ပညာ ဆက်လက်တက်ရောက် သင်ယူနိုင်ရန် ပြည်သူ့ဘက်တော်သား များအတွက် ရည်ရွယ်ဖွင့်လှစ်ထားရှိသော အဆင့်မြင့်တက္ကသိုလ်များက တက္ကသိုလ်ဝင်ခွင့်များ စုပေါင်းခေါ်ယူခဲ့ရာတွင် ပထမ အကြိမ်တက္ကသိုလ်ဝင်ခွင့်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း၊ ဒုတိယအကြိမ် တက္ကသိုလ် ဝင်ခွင့်ကို ၂၀၂၄ ခုနှစ် ဧပြီလတွင်လည်းကောင်း၊ တတိယအကြိမ်တက္ကသိုလ်ဝင်ခွင့်ကို ၂၀၂၅ ခုနှစ်၊ မေလတွင် လည်းကောင်း အသီးသီးခေါ်ယူခဲ့ပြီးဖြစ်သည်။
၄။ စတုတ္ထအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူရာတွင် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်တို့တွင် ပါဝင်ခေါ်ယူ ခဲ့ကြသော တက္ကသိုလ်များအနက် ဝင်ခွင့်ခေါ်ယူမည့်တက္ကသိုလ်များနှင့် ဝင်ခွင့်လက်ခံရေးမူ အပြောင်းအလဲ ရှိလာသော ကြောင့် “ကြားကာလတက္ကသိုလ်များ၏ဝင်ခွင့်လမ်းညွှန် - စတုတ္ထအကြိမ်” ကို ထပ်မံထုတ်ပြန်ခြင်း ဖြစ်ပါသည်။
၅။ အောက်ဖော်ပြပါ ကျောင်းသား၊ ကျောင်းသူများသည် “ပြည်သူ့ဘက်တော်သားများအတွက် ရည်ရွယ် ဖွင့်လှစ်ထားသည့် ကြားကာလတက္ကသိုလ်များ” ၏ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်ကို ဝင်ရောက် လျှောက်ထား နိုင်ကြ ပါသည်။
(က) ၂၀၂၀ ခုနှစ်နှင့် ယင်းနှစ်မတိုင်မီ အခြေခံပညာအထက်တန်း အောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူများ
(ခ) နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ် ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ (ဉပမာ- IGCSE, GED, SAT, …)
(ဂ) တိုင်းရင်းသားဒေသအသီးသီး၏ ပညာရေးအစီအစဉ်ဖြင့် အခြေခံပညာ ပြီးမြောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများ
(ဃ) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ပြည်သူ့ကျောင်းသားများအတွက် ရည်ရွယ်ဆောင်ရွက် ပေးသော အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း “Basic Education Completion Assessment (BECA)” (G-11 old & G-12 new) လက်မှတ်ရရှိထားသည့် ကျောင်းသား၊ ကျောင်းသူများ
(င) နယ်စပ်ဒေသအခြေစိုက် ပညာရေးအဖွဲ့အစည်းများ၊ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဒေသများသို့ ရွှေ့ပြောင်းအခြေချ နေထိုင်ကြရသည့် ရွှေ့ပြောင်းလုပ်သားများနှင့် ရွှေ့ပြောင်းမိသားစုဝင်များအတွက် ဆောင်ရွက်နေသည့် ပညာရေးအဖွဲ့အစည်းများ (ရိုဟင်ဂျာပညာရေး အဖွဲ့အစည်းများ၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်၊ မြန်မာ-အိန္ဒိယနှင့် မြန်မာ-ထိုင်းနယ်စပ် စခန်းများရှိ ပညာရေးအဖွဲ့အစည်းများ) မှ အခြေခံပညာ အထက်တန်း အဆင့် ပြီးမြောက်ကြောင်း အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူ များ (သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများ တင်ပြ နိုင်ရမည်)
(စ) သက်ဆိုင်ရာတက္ကသိုလ်များ၏ ဝင်ခွင့်သတ်မှတ်ချက်များနှင့် ကိုက်ညီသူများ

၆။ ဤ စတုတ္ထအကြိမ် ကြားကာလတက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်တွင် ပထမနှစ်ဝင်ခွင့် လက်ခံဆောင်ရွက်မည့် တက္ကသိုလ် (၁၉) ခုတို့၏ သက်ဆိုင်ရာတက္ကသိုလ်အလိုက် ပေးအပ်မည့် ဘွဲ့ဒီဂရီများ၊ လက်ခံသင်ကြားပေးနိုင်မည့် ကျောင်းသားဦးရေ၊ တက္ကသိုလ် တစ်ခုချင်းစီ၏ ဝင်ခွင့်လက်ခံရေး သတ်မှတ်ချက်များနှင့် ဝင်ခွင့်ခေါ်ယူမည့်အချိန်တို့ကို အသေးစိတ် ဖော်ပြထားပါသည်။
၇။ သို့ဖြစ်ပါ၍ ကျောင်းသား၊ ကျောင်းသူများသည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ စတုတ္ထအကြိမ်၊ ကြားကာလ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ပါရှိသော တက္ကသိုလ်များ၏ အကြောင်းအရာ၊ အချက်အလက် အသေးစိတ်တို့ကို ကြိုတင်လေ့လာပြီး သတ်မှတ်ချက်များအတိုင်း တက္ကသိုလ်ဝင်ခွင့်ကို အချိန်မီ တင်သွင်း လျှောက်ထားကြပါရန် တိုက်တွန်းအပ်ပါသည်။


ပညာရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ကို ဒေါင်းလုတ်ရယူရန် >>>
https://moe.nugmyanmar.org/he/uni-ent-26/

https://www.facebook.com/share/p/18Ff88Bk6s/

Address

Yangon

Alerts

Be the first to know and let us send you an email when TU Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share