Mohinga Senate - မုန့်ဟင်းခါးဆီးနိတ်

  • Home
  • Myanmar
  • Yangon
  • Mohinga Senate - မုန့်ဟင်းခါးဆီးနိတ်

Mohinga Senate - မုန့်ဟင်းခါးဆီးနိတ် မုန့်ဟင်းခါးဆီးနိတ်စကားဝိုင်း

လူငယ်နှင့်ကြိုးစားမှု ကျနော်တို့ မုန့်ဟင်းခါးဆီးနိတ်ရဲ့ ပထမဆုံး talk session ဖြစ်တဲ့ “လူငယ်နှင့်ကြိုးစားမှု” ကိုခုလိုပဲ ...
28/01/2023

လူငယ်နှင့်ကြိုးစားမှု

ကျနော်တို့ မုန့်ဟင်းခါးဆီးနိတ်ရဲ့ ပထမဆုံး talk session ဖြစ်တဲ့ “လူငယ်နှင့်ကြိုးစားမှု” ကိုခုလိုပဲ တင်တက်ပေးလိုက်ပါတယ်ခင်ဗျာ။

ကွေး။ ။ကြိုးစားမှုနဲ့ လူငယ်၊ လူငယ်နဲ့ ကြိုးစားမှုတာ အမြဲဒွန်တွဲရှိတယ်လို့ အဆိုရှိတယ်မဟုတ်လားနော်။

ညှပ်။ ။လူငယ်မှ မဟုတ်ဘူး။ လူတိုင်းဟာ ကြိုးစားနေကြရမယ်။ ကြိုးစားရင်ဘုရားဖြစ်တယ်လို့ အဆိုတောင်ရှိသေးတာပဲ။

မုန့်။ ။ဒီနေ့ တော့ပစ်အတွက် ဘာသာရေးပါ ပါတာလားဟင်။

ညှပ်။ ။ဟမ်၊ မသိဘူးလေ။ ကြာကွေးပဲတော့ အဂျန်ဒါထဲမှာတော့ မပါဘူး။ မကြည့်ရသေးဘူးလား။

မုန့်။ ။မသိလိုက်ဘူး ခုဏကမှနိုးလို့ထလာတာ။

ဟင်း။ ။ထုံးစံအတိုင်း မုန့်ဖတ်ပါပဲ။ ဒါနဲ့ အိုးဘဲဥရော၊ မတွေ့မိပါလား။

ကွေး။ ။အဲ့ကောင် ဒီနေ့မလာနိုင်ဘူးတဲ့၊ သူ့အဘွားရဲ့ညီမ ဆုံးလို့ဆိုလားပဲ။ ဂရုချက်ထဲတော့ ပြောထားတယ်။ ကဲကဲ စကားတွေမချော်ခင် ဒစ်စကတ်ရှင်ထဲ ပြန်သွားရအောင်။

ညှပ်။ ။အိုကေ၊ ကြိုးစားတာလူတိုင်းနဲ့ဆိုင်တယ်ဆိုတဲ့အချက်ကို ပြန်သွားကြမလား။ ဥပမာ ပရဗလေ့ခ်ျအလွှာကလူတွေဆိုရင်ရော ကြိုးစားဖို့ လိုသလားပေါ့။

ဟင်း။ ။အဲ့မေးခွန်းက မဆိုးဘူး။ ဒါပေမယ့် ငါတော့ လူတွေကကြိုးစားသင့်တယ်လို့မထင်ဘူး။

ညှပ်။ ။အယ့်လယ့်။

မုန့်။ ။အိုခေ။

ကွေး။ ။ရှင်းပါဦး။

ဟင်း။ ။ဟုတ်တယ်၊ ဒီလိုကွာ။ လူတစ်ယောက်ဟာ ဘယ်လိုပဲ အသည်းအသန်ကြိုးစားကြိုးစား ရလဒ်က အောင်မြင်တာနဲ့ ကျရှုံးတာနှစ်ခုပဲ။လေးတိလေးကန်ကြိုးစားလည်း ဒီရလဒ်တွေပဲ။ ပိုဆိုးတာက မင်းကြိုးစားလိုက်လို့ အောင်မြင်သွားမယ်ဆိုရင် အဲ့အောင်မြင်မှုကိုဆက်ထိန်းဖို့အတွက် မင်းထပ်ကြိုးစားရမယ်ကွာ။ ကျရှုံးခဲ့တာဆိုလည်း အောင်မြင်ဖို့အတွက် ထပ်ကြိုးစားရဦးမယ်။ ဆိုတော့က သံသရာပတ်နေသလိုကြီးပဲကွာ။

ညှပ်။ ။ဒါဆို လူတိုင်းကဘာမှမလုပ်ဘဲ မလှုပ်မယှက် နေနေကြရမှာပေါ့။

မုန့်။ ။ကောင်းတယ်၊ လူငယ်တွေ အေးဆေးနေကြ။

ဟင်း။ ။အဲ့လောက်တော့မဆိုးဘူးလေ။ အခုလူငယ်တွေကို ကြည့်ကြည့်လိုက်၊ ကြိုးစားပြီးတော့ ရေရှည်အောင်မြင်နေတာမင်းတွေ့လို့လား။

ညှပ်။ ။အေးလေ။ ဆိုရှယ်မီဒီယာတွေမှာ လူငယ်တွေက သူတို့ဘယ်လိုကြိုးစားပြီး ဘယ်လိုအောင်မြင်နေပြီဆိုတာ ကြွားလုံးထုတ်နေကြတာပဲ။

ကွေး။ ။ဒါတော့ ဟုတ်မယ်နော်။ ငါ့ယောက်ဖဆို အခုလားရှိုးမှာ ကိုယ်ပိုင်လက်ဖက်စိုက်ခင်းတွေဘာတွေနဲ့။ ကော်ဖီဆိုင်ဆန်ဆန်တီးဟောက်စ်တစ်ခုတောင် ဖွင့်ထားသေးတယ်။

ညှပ်။ ။ဆိုတော့ သူတော်တော်ကြိုးစားခဲ့တာပေါ့။

ကွေး။ ။မဟုတ်ဘူး သူ့ဖားသားကြီးလျှောသွားလို့ အမွေရတာ။

ဟင်း။ ။ဟာ မင်းတို့က ဆိုရှယ်မီဒီဆိုတာ သုံးတဲ့သူတွေပြသလောက်ပဲ မြင်ရတာလေ။ တကယ်တမ်း အဲ့သူတွေမှာ ဒက်ဆင်ဒရုန်းဆိုတဲ့ ပြဿနာရှိတယ်။ အွန်လိုင်းပေါ်မှာ သာယာပါတယ်ပြောနေကြပြီး တကယ့်လက်တွေ့ဘဝမှာ မဟားဒရားရုန်းကန်နေကြရတာ။ ဒါ့ထက် ကြိုးစားရာက မအောင်မြင်လို့ ကိုယ့်ကိုကိုယ် ဘောင်မဝင်ဘူးထင်နေကြတဲ့ ကြေကွဲလူငယ်တွေဆို တစ်ပုံကြီး။

မုန့်။ ။သူတို့က တကယ်တော့ဘောင်ဝင်နေတာလား။

ဟင်း။ ။ဟင့်အင်း မဝင်ပါဘူး။

ညှပ်။ ။ဒါဖြင့်ရင် မင်းပြောတာက ကြိုးစားလို့ကောင်းကျိုးရတာမရှိဘူးပေါ့။

ဟင်း။ ။ဟုတ်တယ်။ သာမန်ဆာဗိုက်ဗယ်နဲ့ မလုံလောက်ဘူးထင်ခဲ့လို့လူတွေကြိုးစားခဲ့ကြတာ အခု ဆေဗယ်လိုက်ဇေးရှင်းက ဘယ်ရောက်နေပြီလဲ။ ဂျန်ဒါစတယ်ဒီတွေ ဝှိုက်ဆူပရင်မဆီတွေအထိဖြစ်ကုန်ပြီ။ ဒါ့ပြင် ဒီပရက်ရှင်ဆိုတာ ထပ်ကာထပ်ကာကြိုးစားတာရဲ့ရလဒ်ပဲ။

မုန့်။ ။ဟုတ်သားပဲ၊ ကြိုးစားရမှာက သေချာစဉ်းစားကြည့်ရင်ပျင်းစရာကြီး။

ညှပ်။ ။မဟုတ်သေးဘူးလေ။ ကြိုးစားပြီး အောင်မြင်သွားတဲ့သူတွေလည်းရှိတာပဲ။ ဇူကာဘတ်တို့ ဘေလ်ဂိတ်တို့လိုလေ။ အဲ့လိုတွေကျတော့ ဘယ်လိုပြောမလဲ။

ဟင်း။ ။သူတို့က ခုချိန်မှာ လူငယ်တွေဟုတ်တော့လို့လား။ ပြီးတော့ ပရော်ဘေဘယ်လတီအရ ရာခိုင်နှုန်းအနည်းငယ်တော့ အောင်မြင်ကြနိုင်တယ်။ သူတို့နဲ့ အတူကြိုးစားတဲ့သူတွေလည်းရှိမယ်လေ၊ အဲ့လိုကြိုးစားရင်းမအောင်မြင်တဲ့သူတွေကျတော့ရော။

ညှပ်။ ။ဒါကတော့ မင်းသပ်သပ် တွက်ကပ်တာပဲ။ အဲ့လိုပြောကြေးဆို မင်းကိုယ်တိုင်အောင်မြင်နေတာကျရော။

ဟင်း။ ။အယ်၊ ဘယ်မှာအောင်မြင်နေလို့လဲ။ ငါကြိုးစားနေတာရောတွေ့ဖူးလား။

ကွေး။ ။ဟေ့ကောင်တွေ တော်ပြီ။ တော့လ်က်ဆက်ရှင်နော်၊ ဒီဘိတ်မဟုတ်ဘူး။

ညှပ်နှင့်ဟင်း။ ။(တပြိုင်တည်း) Host ဆိုပြီးဖင်မယားနဲ့ အေးဆေးနေ။

ကွေး။ ။ဟာ ပထမ ဆုံးဆက်ရှင်မှာလေကွာ။

ဟင်း။ ။ဒီကောင် ပြောနေရင်းနဲ့။

(*ထပြီးထိုးကြိတ်ကြ*)

မုန့်။ ။ဒီလောက်ဆို first week program အတွက်ရလောက်ပြီထင်တယ်။ အဟဲ ဘီယာကုန်ပြီ သွားဝယ်လိုက်ဦးမယ်။

မုန့်ဟင်းခါးဆီးနိတ် ၂၀၂၃



(အားလုံးပဲ ပထမဆက်ရှင်လေးကို ဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။ နောက်အပတ်တွေမှာလည်းဆက်လက်တင်ဆက်ပေးသွားမှာမို့လို့စောင့်စားအားပေးကြပါဦးနော်။ ဆီးနိတ်ကိုအကြံပေးစရာရှိလို့ပဲဖြစ်ဖြစ် ဆွေးနွေးစေချင်တဲ့ခေါင်းစဉ်ရှိရင်ပဲဖြစ်ဖြစ် ပေ့ခ်ျမက်ဆင်ဂျာမှာ ဒါမှမဟုတ် ကျနော်တို့ရဲ့ အီးမေးလိပ်စာကိုပေးပို့ပြောဆိုလို့ရပါတယ်ခင်ဗျာ။ ကျနော်တို့ ကြုံရင်ကြုံသလို ဝင်ဖတ်ပါ့မယ်ခင်ဗျာ)

မုန့်ဟင်းခါးဆီးနိတ်ကျနော်တို့ရဲ့ မုန့်ဟင်းခါးဆီးနိတ်ဟာ လူငယ်ငါးဦးပါဝင်ဖွဲ့စည်းထားတဲ့ အပျော်တမ်းစကားဝိုင်းလေးပဲဖြစ်ပါတယ်။...
20/01/2023

မုန့်ဟင်းခါးဆီးနိတ်

ကျနော်တို့ရဲ့ မုန့်ဟင်းခါးဆီးနိတ်ဟာ လူငယ်ငါးဦးပါဝင်ဖွဲ့စည်းထားတဲ့ အပျော်တမ်းစကားဝိုင်းလေးပဲဖြစ်ပါတယ်။ နာမည်ပေးဖြစ်ပုံကတော့ တူညီတဲ့ မုန့်ဟင်းခါးကြိုက်နှစ်သက်မှုရယ်၊ ဆီးနိတ်ဆိုတဲ့အတိုင်း အရည်မရအဖတ်မရတွေပြောဖို့ရယ်ပဲဖြစ်ပါတယ်။
ပထမဦးစွာကျနော်တို့ရဲ့အဖွဲ့ဝင်များနဲ့မိတ်ဆက်ပေးပါရစေ။

အဖွဲ့ဝင် (၁) - ကြာကွေး
ကြာကွေးဟာ ဆီးနိတ်ရဲ့ founder ဖြစ်ပါတယ်။ အပြင်လောကကိုစက်ဆုပ်ရွံရှာသွားရာကနေ အိမ်တွင်းအောင်းတစ်ယောက်ဖြစ်လာခဲ့ပြီး 80's သီချင်းတွေကို ကြိုက်နှစ်သက်သူတစ်ယောက်ပါ။

အဖွဲ့ဝင် (၂) - ညှပ်ခေါက်ဆွဲ
ဆီးနိတ်ရဲ့ co founder ဖြစ်တဲ့ညှပ်ခေါက်ဆွဲဟာ content writer ဖြစ်ပြီး သူ့ကိုယ်သူ geek မဟုတ်ဘူးလို့အမြဲငြင်းဆန်တတ်တဲ့ geek တစ်ယောက်ဖြစ်ပါတယ်။

အဖွဲ့ဝင် (၃) - မုန့်ဖတ်
မုန့်ဖတ်ဟာ ကြားဝင်ညှိနှိုင်းမှုကို ဝါသနာပါသူတစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့အပျင်းကြီးမှုကြောင့် ကြားဝင်ညှိနှိုင်းပေးတာမရှိသလောက်ပါပဲ။

အဖွဲ့ဝင် (၄) - ဟင်းရည်
ဟင်းရည်ဆိုတဲ့ အတိုင်းဆူလွယ်ပွက်လွယ်ပါတယ်။ အေးသွားမှာကိုသိပ်သဘောမကျဘဲ သူ့ဘက်မှာသူရှိတယ်ဆိုတဲ့ခံယူချက်အတိုင်းစကားဝိုင်းတွေမှာ ဒိုင်ခံငြင်းတတ်သူဖြစ်ပါတယ်။

အဖွဲ့ဝင် (၅) - အိုးဘဲဉ
အိုးဘဲဉဟာ မုန့်ဟင်းခါးအိုးရဲ့အောက်ခြေမှာနေထိုင်သူလို့ဆိုနိုင်ပါတယ်၊ သူ့ကိုခေါ်မှ ဒါမှမဟုတ် သူ့အကြောင်းပြောနေကြမှ စကားဝိုင်းထဲကိုရောက်ရောက်လာတတ်ပါတယ်။

ကျနော်တို့ရဲ့ပထမဆုံးအစီအစဉ်အနေနဲ့ "လူငယ်တွေပြောတဲ့ လူငယ်တွေအကြောင်း" စကားဝိုင်းကို ဒီလူမှုကွန်ယက်စာမျက်နှာကနေတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ non-profit organization ဖြစ်တဲ့အားလျော်စွာ ဘတ်ဂျတ်အခက်အခဲများရှိတာကြောင့်
စကားဝိုင်းကောက်နုတ်ချက်တွေကို စာနဲ့ပဲရေးသားတင်ဆက်သွားမှာဖြစ်ပါတယ်။ စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။

(စကားချပ်။ ။လတ်တလောမှာမီးပျက်ခြင်းအစရှိတဲ့ နည်းစနစ်ပိုင်းဆိုင်ရာပြဿနာလေးတွေကြောင့် ကျနော်တို့ရဲ့ profile နဲ့ cover photo ဖန်တီးမှုကိုခေတ္တဆိုင်းငံ့ထားရပါတယ်ခင်ဗျာ။အားလုံးသည်းခံစောင့်ဆိုင်းနိုင်မယ်လို့လည်းမျှော်လင့်မိပါတယ်)
၂၁၊ ၁၊ ၂၀၂၃ မုန့်ဟင်းခါးဆီးနိတ်

Mohinga Senate

Our Mohinga Senate is a fun discussion group founded with five youths. The name is given after our profoundly similar love for Mohinga and to talk about random stuff resembling a senate. Firstly, let us introduce you to our members.

Member 1 - Kyar Kway
Kyar Kway is the founder of this senate. His intense hatred for the outside world turned him into a shut-in introvert and he loves 80's songs.

Member 2 - Nyat Khout Swel
Nyat Khout Swel, co-founder of the senate, is a content writer and a geek who always denies himself of being a geek.

Member 3 - Mont Phat
Mont Phat is a person fond of mediation. However, due to his laziness, he is hardly seen mediating in any conversation.

Member 4 - Hin Yay
Just as the name implies, Hin Yay boils up easily. He doesn't like cooling or settling down and is the one who always disagrees in conversations with his "I have myself on my side" attitude.

Member 5 - Oh Bel Ou
Oh Bel Ou can be considered as someone who lives at the bottom of the Mohinga pot. He only jons conversations when they are about him or when he is summoned.

Our first program namely "Youths' talk aout" will be posted here on this page. As a non-profit organization,
we have budget difficulties and thus notations from the talk will only be presented in text. Please look out for our content and support us!

(P.S. Due to certain system problems such as long hours without electricity, the creation of our profile and cover photo had to be put on hold. I hope everyone could understand and patiently wait. Thank you very much)

21.1.2023 Mohinga Senate

Address

Yangon

Opening Hours

Wednesday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Mohinga Senate - မုန့်ဟင်းခါးဆီးနိတ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Mohinga Senate - မုန့်ဟင်းခါးဆီးနိတ်:

Share