Love In Latha2

Love In Latha2 B.E.H.S No(2)Latha_Founded (1861) Basic Education High School No.2 Latha formerly St.

John's Convent School(commonly known as Latha 2 High School).It is one of the most well known public girl high school. Located in Latha Township opposite the Yangon General Hospital and next to the University of Medicine 1, Yangon. (Alumni)

Mi Mi Khaing: Scholar and writer,Mohana Gill: Writer,]Kyi Phyu Shin: Film director,May Thet Khine: Actress,Yadanar Mai: Actress/Singer ,Pwint: Actress,Warso M

oe Oo: Actress, Model/Singer,Jenny (a) Han Nway Nyein: Singer/Model,M Seng Lu: Supermodel. Win Maw Oo: Student activist shot dead by soldiers during the 1988 student protests.

မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့်မလေးရှားနိုင်ငံသို့🇲🇲🇲🇾သွားရောက်ယှဉ်ပြိုင်ရန်တစ်ကျောင်းထဲသာရွေးခံရသည့်      (အ.ထ.က(၂)လသာ...
20/02/2026

မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့်မလေးရှားနိုင်ငံသို့🇲🇲🇲🇾

သွားရောက်ယှဉ်ပြိုင်ရန်တစ်ကျောင်းထဲသာရွေးခံရသည့်

(အ.ထ.က(၂)လသာ)ဘင်ခရာမိန်းကလေးအဖွဲ့🥁

"The Drum and Bugle Corps of B.E.H.S (2) Latha has
been officially selected to represent Myanmar in an
upcoming competition in Malaysia."

(ခရီးစဉ်စရိတ်တွေကိုကျောင်းသူတွေဘက်ကဘဲအကုန်ခံကြရမှာပါသွားရောက်ယှဉ်ပြိုင်မည့်ကျောင်းသူလေးများ
ကိုတတ်စွမ်းနိုင်သလောက်Supportလုပ်ပေးချင်​ပါက

ကျောင်းအုပ်ဆရာမကြီး KPAY- NO(09787336271)
Daw Than Than Seinသို့ပေးပို့Supportလုပ်နိုင်ပါသည်။

#အ.ထ.က(၂)လသာ
In Latha(2)

၂၀၂၅-၂၀၂၆ပညာသင်နှစ်ကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲရန်ကုန်တိုင်းဒေသကြီး(ဒုတိယဆုရ)အ.ထ.က(၂)လသာလသာ(၂)ကျောင်းသူများရဲ့ဖျော်ဖြ...
04/12/2025

၂၀၂၅-၂၀၂၆ပညာသင်နှစ်ကျောင်းပေါင်းစုံဘင်ခရာပြိုင်ပွဲ

ရန်ကုန်တိုင်းဒေသကြီး(ဒုတိယဆုရ)အ.ထ.က(၂)လသာ

လသာ(၂)ကျောင်းသူများရဲ့ဖျော်ဖြေတင်ဆက်မှုပုံရိပ်များ

In Latha(2)
#အ.ထ.က(၂)လသာ
#ပုံများတစ်ဖန်ကူးယူဖော်ပြသည်။(Crd)

28/08/2025

အဖြူအစိမ်းကျောင်းဆင်းချိန်(Forever Young)🤍💚

ကျောင်းတော်ကြီးမှာအတူ”ပျော်ခဲ့ကြတဲ့အချိန်လေးတွေခဏလောက်ပုံလေးတွေကြည့်ရင်းသူငယ်ချင်းတွေဆရာမတွေနဲ့အမှတ်တရရှိခဲ့ကြတဲ့ဟိုးတုန...
28/08/2025

ကျောင်းတော်ကြီးမှာအတူ”ပျော်ခဲ့ကြတဲ့အချိန်လေးတွေ
ခဏလောက်ပုံလေးတွေကြည့်ရင်းသူငယ်ချင်းတွေဆရာမ

တွေနဲ့အမှတ်တရရှိခဲ့ကြတဲ့ဟိုးတုန်းကကျောင်းတက်ခဲ့
ကြတဲ့အချိန်တွေကိုပြန်မြင်ယောင်ကြရင်းလွမ်းကြမယ်

ဆရာမတွေပြောခဲ့ဖူးတဲ့ကျောင်းသားဘ၀ကဘ၀မှာ
အအေးချမ်းဆုံးနဲ့ တစ်သက်မှာ တစ်ခါဘဲရတာတဲ့လေ

ဒီကျောင်းတော်ကြီးကနောက်ဆုံးStateကျောင်းသား
ဘဝကိုကိုယ်စီတော့အမှတ်တရများစွာပေးခဲ့မှာပါ

တစ်ယောက်တည်းအထီးကျန်ပြီးလွမ်းဆွေးမနေပါနဲ့
သူငယ်ချင်းတွေနဲ့အတူအမှတ်တရတွေကိုပြန်ပြောဖြစ်ရင်

တစ်နေ့နေ့တော့လသာ၂ကျောင်းတော်ကြီးဆီဝင်ခဲ့ကြပါ

#အ.ထ.က(၂)လသာ
In Latha(2)

အ.ထ.က(၂)လသာ​(အလှမှာ၁-လသာ၂)​ကျောင်းသူ​ဟောင်းများလည်းကျောင်းကိုလွမ်း​နေ​ရော​ပေါ့​​ကျောင်း​​တော်မှာပန်းခြံ​အသစ်​လေးပြုလုပ်​...
20/07/2022

အ.ထ.က(၂)လသာ​(အလှမှာ၁-လသာ၂)

​ကျောင်းသူ​ဟောင်းများလည်းကျောင်းကိုလွမ်း​နေ​ရော​ပေါ့​​

ကျောင်း​​တော်မှာပန်းခြံ​အသစ်​လေးပြုလုပ်​ပြောင်းလဲသွားပြီ

မူလတန်း/အလယ်တန်း/အထက်တန်း​မှာ​တော့ဆရာမ​
တော်”များအသစ်​တွေ​ဖြစ်သွားခဲ့ပြီအထူးသဖြင့်အ
ထက်တန်းမှာဆရာမအသစ်​လေး​တွေ​ဖြစ်သွားပြီ

​ကျောင်းပြီးသွားကြ​တော့လည်းကျောင်း​နေဖက်
သူငယ်ချင်း​များစွာနဲ့စပြီးလမ်းခွဲနူတ်ဆက်ခဲ့ရပြီ​​​

ကျောင်း​ရဲ့​နေရာ​တော်​​တော်များကလွမ်းစရာလေး​တွေ
သတိရစရာ​အမှတ်တရ​လေး​တွေဖြစ်ကျန်ရှိ​နေခဲ့ပါပြီ

(CD)
In Latha(2)
#အ.ထ.က(၂)လသာ

အ.ထ.က(၂)လသာ(တီချယ်​ဒေါ်နီလာ​အေး)ယ​နေ့မနက်၁၀နာရီခွဲတွင်နှလုံး​ရောဂါဖြင့်ဆုံးပါးသွားသည်ဟုသိရှိရသည်တွက်စိတ်မ​ကောင်းဖြစ်မိပါ...
28/02/2022

အ.ထ.က(၂)လသာ(တီချယ်​ဒေါ်နီလာ​အေး)
ယ​နေ့မနက်၁၀နာရီခွဲတွင်နှလုံး​ရောဂါဖြင့်ဆုံးပါးသွားသည်ဟုသိရှိရသည်တွက်စိတ်မ​ကောင်းဖြစ်မိပါတယ်
Rest In Peaceပါတီချယ်

(CD)
In Latha(2)
#အ.ထ.က(၂)လသာ

အ.ထ.က(၂)လသာတီချယ်ဒေါ်ခင်ခင်စန်းယ​နေ့မနက်ကဆုံးပါးသွားသည်ဟုသိရှိရသည်တွက်စိတ်မ​ကောင်းဖြစ်မိပါတယ်Rest In Peaceပါတီချယ် (CD) ...
28/07/2021

အ.ထ.က(၂)လသာတီချယ်ဒေါ်ခင်ခင်စန်း
ယ​နေ့မနက်ကဆုံးပါးသွားသည်ဟုသိရှိရသည်တွက်
စိတ်မ​ကောင်းဖြစ်မိပါတယ်
Rest In Peaceပါတီချယ်

(CD)
In Latha(2)
#အ.ထ.က(၂)လသာ

အ.ထ.က(၂)လသာတီချယ်ဒေါ်ခင်ချိုသိန်းအူမကြီးကင်ဆာနဲ့ ဒီနေ့မှာဆုံးပါးသွားတယ်လို့သိရှိရသည်တွက်စိတ်မ​ကောင်းဖြစ်မိပါတယ်Rest In P...
16/06/2021

အ.ထ.က(၂)လသာ
တီချယ်ဒေါ်ခင်ချိုသိန်း
အူမကြီးကင်ဆာနဲ့ ဒီနေ့မှာဆုံးပါးသွားတယ်လို့သိရှိရသည်တွက်စိတ်မ​ကောင်းဖြစ်မိပါတယ်
Rest In Peace ပါတီချယ်

(CD)
In Latha(2)
#အ.ထ.က(၂)လသာ

မြန်မာပြည်မှာစာသင်တယ်စာအုပ်အောက်ပြုတ်ကျရင်စာမရမှာကြောက်လွန်းလို့စာအုပ်ကိုကန်တော့ကြတဲ့ကလေးတွေဘွဲ့ရလာကြပေမယ့် တော်သင့်ရုံဘ...
17/12/2020

မြန်မာပြည်မှာစာသင်တယ်

စာအုပ်အောက်ပြုတ်ကျရင်
စာမရမှာကြောက်လွန်းလို့
စာအုပ်ကိုကန်တော့ကြတဲ့ကလေးတွေ
ဘွဲ့ရလာကြပေမယ့် တော်သင့်ရုံဘဲတတ်သွားကြတယ်...

စာအုပ်ထဲရှိပြီးသားစာတွေကို
မှတ်စုကူးပြီး ၏/သည်မရွေးကျက်ရတဲ့နိုင်ငံမှာ
ပထဝီတွေ သမိုင်းတွေအလွတ်သာကျက်ခဲ့ရတယ်
​မေးလိုက်တဲ့ခါ အမ်..အင်..ဟုတ်မယ်..
အဲ့လို​လေး​တွေနဲ့ပြီးခဲ့တယ်​ခေါင်းထဲမ​ရောက်ခဲ့ကြဘူး...

သိပ္ပံဘာသာရပ်တွေကို လက်တွေ့မဝင်မလေ့လာခဲ့ဘဲ
ဘွဲ့ရခဲ့တဲ့ဆရာတွေက သိပ္ပံဘာသာရပ်ကို
Defination မှာ 's'တစ်လုံးကျန်ရင်
အမှတ်လျှော့ဖို့ မှင်နီကိုင်ပြီးစောင့်နေကြတယ်...

နိုင်ငံတကာက ကလေးတွေ
စက်ရုပ်တီထွင် software ရေးနေကြချိန်မှာ ဒီမှာတော့ English ညံ့လွန်းလို့ definition တစ်ကြောင်းကို
နာရီဝက်လောက်ကျက်နေရပြီး ဒါမေးဒါဖြေကိုတောင် သောက်သောက်လဲကျနေကြတယ်...

ဘာမှမသင်တဲ့ကျောင်းတွေမှာ
ကျောင်းခေါ်ချိန်မပြည့်ရင် ရစ်မှာစိုးလို့
နေ့တိုင်းသွားထိုင်နေရတယ်
တကယ်စာသင်ပေးတဲ့နေရာတွေကိုတော့
ငွေပေးပြီးသင်နေရတယ်
ဒါပေမယ့် 'အခမဲ့ပညာရေးစနစ်'လို့
ကြွေးကြော်နေကြတယ်...

တကယ်စာသင်ရမယ့်
ဆရာတွေဆရာမတွေက
ရုံးခန်းနဲ့မြို့နယ်ရုံးကို စာရွက်စာတမ်းတွေကိုင်ပြီး
သွားချည်လာလှည့်လုပ်နေရတယ်
တချို့က ဂိတ်ပေါက်မှာ ဘာတာဝန်မှန်းမသိတာကို
တာဝန်ဆိုပြီးထိုင်နေရချိန်မှာ
တချို့က ကျောင်းသားတွေရဲ့ report cardမှာ
ဘာမှမသိတဲ့အချက်တွေကို
A တွေ B တွေဖြည့်ပေးနေရတုန်း
ကလေးတွေကလည်း အနာဂတ်မှာပညာတတ်ကြီးဖြစ်ဖို့
စိတ်ကူးတွေယဉ်နေကြဆဲ...

တချို့နိုင်ငံတွေမှာ
ကိုယ့်ကျောင်းစားရိတ်ကိုယ်ရှာဖို့
အချိန်ပိုင်းအလုပ်လုပ်နေကြချိန်မှာ
ဒီနိုင်ငံမှာတော့ အလုပ်လုပ်ဖို့ကျောင်းထွက်လိုက်ရတာတွေဒုနဲ့ဒေး...

လူတစ်ယောက်ပြောင်းသွားရင်း
စနစ်တစ်ခု ပြောင်းသွားရင်း
လူတစ်ယောက် နိုင်ငံတစ်ခုသွားရင်း
အဲဒီနိုင်ငံကသင်ရိုးတွေယူလာရင်း..
မြေစမ်းခရမ်းပျိုးပညာရေးတွေ သင်ခိုင်းရင်း...
သမိုင်းတွေကိုပြင်ရေး အမှားတွေကိုအမှန်သင်ခိုင်းရင်း
ကျောင်းတိုင်း ကွန်ပြူတာရှိဖို့လည်း
ကြိုးစားခဲ့ကြဖူးတယ်လေ...

ရန်ကုန်မြို့လယ်က
လူချမ်းသာတွေပဲတက်
တဲ့ကျောင်းတွေကိုကြည့်ပြီး
အပြိုင်အဆိုင် all D ထွက်ဖို့
အလုအယက်ကြိုးစားနေကြတာကိုကြည့်ပြီး
ကားနဲ့အကြိုအပို့လုပ်
ဆရာတွေအိမ်ခေါ်သင်
Guide တွေနဲ့စာတွေလုပ်နေကြတာ
အမှတ်တွေကောင်းကြတာကိုကြည့်ပြီး
မြန်မာပြည်ပညာရေး တိုးတက်နေပါသတဲ့...

တပြည်လုံးကကျောင်းတွေမှာတော့
မိုးယို ကြမ်းကျွံ ရေကြီး မီးပျက်နေတာအများကြီး...

ဆရာမရှိလို့ စာမသင်ရတဲ့နေရာတွေတပုံကြီး...

ကျောင်းဝတ်စုံတောင်မရှိလို့ အိမ်နေရင်းဝတ်စုံလေးတွေနဲ့ တက်နေရတာတပုံကြီး...

တိုက်ပွဲတွေဖြစ်နေလို့
ရေကြီးနေလို့
စားစရာမရှိလို့
ခိုင်းမယ့်သူမရှိလို့
ကျောင်းမပို့တော့တာတွေ အများကြီး...

"ပညာမြင့်မှ လူမျိုးတင့်မည်" တဲ့
မှန်လိုက်တာ...

ပညာမမြင့်တော့ လူမျိုးလည်းမျက်နှာငယ်
နိုင်ငံလည်း အနှိမ်ခံရ
နည်းပညာလည်းမရှိ သယံဇာတလည်းကုန်
နိုင်ငံလည်း ချွတ်ခြုံကျနေတော့...

နိုင်ငံပေါင်းစုံက တို့မြန်မာတွေ အလုပ်ကြမ်းသမားတွေ
ငယ်ငယ်ကစာသင်ခဲ့တဲ့အဖြူအစိမ်းဝတ်စုံကို
ပြန်တွေးတိုင်း ပြုံးမိနေမလား...?
ငယ်ငယ်ကစိတ်ကူးယဉ်ဖူးတဲ့
ကမ္ဘာမှာမြန်မာဟေ့ ဆိုတဲ့စာသားလေးကို
ခပ်တိုးတိုးရေရွတ်နေတုန်းလား...?

ဟုတ်ကဲ့. . . !

ကျွန်မတို့ရဲ့မျိုးဆက်သစ်တွေ

မြန်မာပြည်မှာစာသင်နေပါတယ်.....

(OP)
In Latha (2)
#အ.ထ.က(၂)လသာ

❗(၂၀၂၀-၂၀၂၁)ပညာသင်နှစ်❗ကျောင်းသား/​သူများကျောင်းတွေပြန်ဖွင့်ဖို့၊စာမေးပွဲကျင်းပဖို့မဖြစ်နိုင်တော့ဘူးလို့                ...
13/11/2020

❗(၂၀၂၀-၂၀၂၁)ပညာသင်နှစ်❗ကျောင်းသား/​သူများ

ကျောင်းတွေပြန်ဖွင့်ဖို့၊စာမေးပွဲကျင်းပဖို့မဖြစ်နိုင်တော့ဘူးလို့
အခြေခံပညာဦးစီးဌာနပြောကြား

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေများ မြင့်တက်လျက်ရှိနေသည့်အတွက် ယခုပညာသင်နှစ်မှာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန်နှင့် သင်ယူတတ်မြောက်ခြင်းစာမေးပွဲများကျင်းပရန် မဖြစ်နိုင်တော့ကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းကပြောပါတယ်

“ကူးစက်မှုကလည်းလျော့မလာသေးတဲ့အတွက်ကြောင့် ဆရာတို့က ကျောင်းဖွင့်ဖို့ကိစ္စ တော်တော်မလွယ်မယ့် အနေအထားတော့ရှိတာပေါ့၊ ဒါပေမယ့် တခြားနိုင်ငံတွေဘယ်လိုလုပ်နေမလဲ ကိုယ်တွေလဲ အဲ့လိုလုပ်နိုင်မလား သုံးသပ်ရမှာပေါ့၊ ကိုဗစ်က အခြေအနေကောင်းလာပြီဆိုရင်တောင်မှ ကျောင်းတွေမှာ ပထမအရင်ဖွင့်တုန်းကလို ကိုဗစ်ကာကွယ်ရေးနဲ့ပတ်သက်ပြီး လုပ်ရမှာတွေအများကြီးရှိတယ်၊ ဒါပေမယ့် ဒါတွေက ဆရာတို့ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး ကိုဗစ်ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်တွေနဲ့ လုပ်ဆောင်ရမှာဖြစ်တယ်” လို့ ဒေါက်တာတင်မောင်ဝင်းကဆိုပါတယ်။

ထိုပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်ယူမှုအပြည့်အဝမရရှိထားသည့်အတွက်ကြောင့် စာမေးပွဲများ ကျင်းပနိုင်မည်မဟုတ်ကြောင်း ၄င်းကသုံးသပ်ပြောကြားထားပါတယ်။

“အခုဆိုရင် နောက်သုံးလလောက်ဆို တစ်နှစ်ပြည့်ပြီ သင်ခန်းစာနဲ့ပတ်သက်ပြီး ဘာမှသင်ယူမှုမရှိတဲ့ကလေးက အတန်း ၈ တန်းလောက်ရှိတယ်Grade-10, Grade-11 လောက်က တစ်လကျော်ကျော်လောက် တချို့ကျောင်းတွေကတော့ဖွင့်တယ် ရက်ပိုင်းလေးဖွင့်ပြီး ပြန်ပိတ်သွားရတဲ့ကျောင်းတွေလည်းရှိတယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ်အဆင်ပြေတဲ့သူတွေကတော့ သင်ယူနေကြတာပေါ့ ဒါပေမယ့် လာမည့် မတ်လမှာ စာမေးပွဲစစ်ခြင်း၊ မစစ်ခြင်းဆိုတာကတော့ ဆရာတို့အမြင်ကတော့မဖြစ်နိုင်ဘူး”
လို့ ၄င်းက ဆိုပါတယ်။


In Latha(2)
#အ.ထ.က(၂)လသာ

မရပ်မနားကြိုးစား‌ပေး‌နေ‌ပေမယ့်တစ်ချက်မှားသွားတာနဲ့တစ်သက်မနားပြောခံရမယ့် သူတို့တစ်ယောက်တစ်လေရဲ့အမှားကြောင့်နင်တို့ပညာရေး၀...
09/11/2020

မရပ်မနားကြိုးစား‌ပေး‌နေ‌ပေမယ့်တစ်ချက်မှား
သွားတာနဲ့တစ်သက်မနားပြောခံရမယ့် သူတို့

တစ်ယောက်တစ်လေရဲ့အမှားကြောင့်နင်တို့ပညာရေး၀န်
ထမ်းဆရာဆရာမတွေကဘယ်လိုရယ်ဆိုပီးငခုံးတစ်
ကောင်ကြောင့်တစ်လှေလုံးပုပ်သလို အပုပ်ခံရတဲ့သူတို့

မနက်‌ခြောက်နာရီမဲရုံဖွင့်နိုင်ဖို့စောစောထကြိုးစား
ဆောင်ရွက်ပေးနေပီးညနက်ထိရေတွက်ပေးနေတဲ့သူတို့

တစ်ခါတစ်ခါ အမှားပါသည်ရှိသော်လက်
ညှိုးငေါက်ငေါက်အော်ငေါက်ခံရတဲ့သူတို့

ပါးစပ်ကတရစပ်အော်လိုက်ဝိုးတဝါးနဲ့မျက်လုံးကကြည့်လိုက်နဲ့ ဘယ်လောက်ပင်ပန်းနေလိုက်မလဲဆရာ၀န်တွေသူနာပြုတွေအသက်ပေးလို့နိုင်ငံ့တာ၀န်ထမ်းဆောင်နေတယ်ဆိုတွေအသက်ပေးလို့နိုင်ငံ့တာ၀န်ထမ်းဆောင်နေသလိုပါပဲ

သူတို့လဲဘယ်သူ့ဆီကရောဂါပိုးကူးမယ်ဆိုတာမသိ
ပဓာနမထားပဲ ရွေးကောက်ပွဲကြီးအောင်မြင်စွာပီးဆုံး
ရေးကိုသာအဓိကထားဆောင်ရွက်ပေးခဲ့သူတွေပါ

တစ်ချို့တစ်ချို့သောနေရာတွေမှာ အနည်းစုကအမှားလုပ်မိသော်လည်းအကုန်လုံးသိမ်းကြုံးပြည်သူ့မေတ္တာခံယူခဲ့ကြသူသူတို့ပါပဲ

နိုင်ငံ့၀န်ထမ်းဆရာဆရာမများအား
အစဥ်အမြဲလေးစားဂုဏ်ပြုလျှက်ပါ
(CD)
In Latha(2)
#အ.ထ.က(၂)လသာ

Address

112(Bogyoke Aung San Road) +95
Yangon

Opening Hours

Monday 06:30 - 11:30
Tuesday 06:30 - 11:30
Wednesday 06:30 - 11:30
Thursday 06:30 - 11:30
Friday 06:30 - 11:30

Website

Alerts

Be the first to know and let us send you an email when Love In Latha2 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share