08/05/2025
🧑🏽🎓👩🎓👨🎓သင်တန်းသား သင်တန်းသူများရဲ့ တောင်းဆိုမှုနဲ့ “Post-Disaster Need Assessment” (အခမဲ့) သင်တန်းအပတ်စဥ် (၂) ကို ဆက်လက် သင်ကြားပေးမှာမို့လို့ မိမိအပါအဝင် မိတ်ဆွေများဆီ မျှဝေလိုက်ကြပါအုံး🧑💻🧑🚒🧑🔧
➡️ယခု သင်တန်းဟာ သဘာဝဘေးအန္တရာယ်များကြောင့် လူ၊ အဆောက်အဦ ထိခိုက်ဆုံးရှုံးကြရတဲ့အခါ ပံ့ပိုးကူညီသူများ၊ ထောက်ပံ့သူများ အနေဖြင့် လစ်ဟာမှု မရှိသော၊ အကျိုးရှိထိရောက်သော နည်းလမ်းများဖြင့် အကူအညီပေးနိုင်ရေး မည်သို့ အစီအစဥ်ဆွဲကြမည်၊ ဆန်းစစ်အကဲဖြတ်ကြမည်ကို နားလည်နိုင်ရန် အထောက်အကူဖြစ်မည့် သင်တန်း တရပ်ဖြစ်ပါတယ်။
➡️သင်တန်းမှာ Post-Disaster Need Assessment ဘာသာရပ်ဆိုင်ရာခေါင်းစဥ်အောက်မှ -
✔ Pre-disaster Context & Baseline Information (ဘေးအန္တရာယ်မတိုင်မီ အခြေအနေနှင့် အချက်အလက်များ စုဆောင်းခြင်း)
✔ Assessment of Disaster Effects (ဘေးအန္တရာယ်၏ တိုက်ရိုက်သက်ရောက်မှုများကို တိုင်းတာခြင်း)
✔ Assessment of Disaster Impacts (စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်အပေါ် သွယ်ဝိုက်သက်ရောက်မှုများ)
✔ Recovery Strategy (ရေရှည်တည်တံ့သော ပြန်လည်ထူထောင်ရေးမဟာဗျူဟာများ ရေးဆွဲခြင်း) အကြောင်းအရာများကို ဒေါက်တာလွင်လွင်ဝေက သင်ကြားပေးမှာ ဖြစ်ပါတယ်။
➡️ထို့အပြင် "Public Awareness on Earthquake and Faults in Myanmar" ခေါင်းစဥ်ဖြင့် ကိုရောင်နီပေါ်ဦးက ဆွေးနွေးမှာဖြစ်ပြီး၊ “Earthquake-Ready Homes: Protecting Your Home and Your Rights” ခေါင်းစဥ်ဖြင့် ကိုကျော်မြတ်ဟိန်းက မျှဝေမှာ ဖြစ်ပါတယ်။ သင်တန်းတရပ်လုံး၏ ကူညီပံ့ပိုးသူ Facilitator အနေဖြင့် မသျှားသဲဟွိုင်က ဆောင်ရွက်မှာ ဖြစ်ပါတယ်။
➡️ယခု သင်တန်းကို ဘေးအန္တရာယ်စီမံခန့်ခွဲမှုနယ်ပယ်တွင် လုပ်ကိုင်နေသူများ၊ NGO/INGO ဝန်ထမ်းများ၊ အစိုးရအဖွဲ့အစည်းများ၊ သုတေသနပညာရှင်များ၊ ကျောင်းသား/သူများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်လိုသူများက တက်ရောက်နိုင်ကြပါတယ်။ (သင်တန်းကြေး အခမဲ့ ဖြစ်ပြီး သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ဖို့ လိုအပ်ပါတယ်။)
📅 သင်တန်းနေ့ရက်: 16, 17, 18 – May – 2025
🕰️ သင်တန်းအချိန်: 9:00 - 11:30 AM
📍 နေရာ: Zoom Meeting
☎️ ဖုန်း: 09972998754
📩 စာရင်းသွင်းရန်: https://forms.gle/gjyz3V9P68VcNtKV7
Research Corner