12/09/2026
🚨 “HIV ရှိတယ် = တခြားသူကို ကူးစက်မယ်”
ဒီလို ထင်နေ တုန်းလား ?
အမှန်တရားကတော့ မဟုတ်ပါဘူး။
💊 HIV ရှိသူတစ်ယောက်က ART ဆေးကို ပုံမှန်သောက်ပြီး ဗိုင်းရပ်စ်ပမာဏကို သွေးထဲမှာ မတွေ့နိုင်တဲ့အဆင့် (Undetectable) အထိ ထိန်းထားနိုင်ရင်...
❤️ လိင်ဆက်ဆံမှုကနေ HIV ကို မကူးစက်နိုင်ပါဘူး။
ဒါကို U=U (Undetectable = Untransmittable) လို့ ခေါ်ပါတယ်။
U=U ဆိုတာက HIV ပိုးကောင်ရေ ပမာဏ ကို သွေးထဲမှာ စက်နဲ့ ရှာဖွေလို့ မတွေ့တော့တဲ့အထိ ထိန်းချုပ်ထားနိုင်တာပါ။ စက်နဲ့ရှာဖွေမတွေ့တော့တဲ့အထိ ထိန်းထားနိုင်တဲ့အတွက် တခြားသူကို ကူးဖို့ ပိုးဟာလဲ မလုံလောက်တော့တဲ့အတွက် ကူးစက်မှုကို ရပ်တန့်လိုက်နိုင်ပါပြီ။
🚨 HIV ရှိတယ် ဆေးကုသမှုခံယူတယ် ပိုးကောင်ရေကို Undetectable ထိ ထိန်းထားနိုင်ရင် တခြားသူကို ကူးစက်ဖို့ဆိုတာ NO! No no!!!!!!! ပါနော်
U=U ဆို >> HIV ရှိတယ် = တခြားသူကို လိင်မှုကိစ္စကနေ “ လုံးဝ လုံးဝ မကူးစက်ပါ”
#ထွန်းအခမဲ့ဆေးခန်း