28/08/2026
💊 ART ဆေးသောက်ချိန်ကို ဘယ်လိုရွေးချယ်သင့်လဲ?
"မနက်သောက်ရင် ပိုကောင်းလား?"
"ညသောက်ရင် ပိုထိရောက်လား?"
အမှန်တော့ ART ဆေးအတွက် အရေးကြီးဆုံးက နေ့တိုင်း အချိန်တူတူ သောက်နိုင်ဖို့ပါ။
သောက်ချိန်ရွေးတဲ့အခါ👇
✅ နေ့တိုင်း မမေ့ဘဲ သောက်နိုင်မယ့်အချိန်ကို ရွေးပါ။
ဥပမာ - မနက်စာစားပြီး၊ ညစာစားပြီး (သို့) အိပ်ရာမဝင်ခင်
⏰ ဖုန်း Alarm (သို့) Reminder ထားပြီး သတိပေးစနစ်ကို အသုံးပြုပါ။
🍽️ အစာနဲ့တွဲသောက်ရမလား မတွဲသောက်ရဘူးလားဆိုတာက ART ဆေးအမျိုးအစားပေါ် မူတည်နိုင်တာကြောင့် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူရဲ့ ညွှန်ကြားချက်ကို လိုက်နာပါ။
💚 ART ဆေးကို နေ့တိုင်း အချိန်မှန်သောက်ခြင်းက HIV ကို ထိန်းချုပ်နိုင်စေပြီး ကျန်းမာတဲ့ဘဝကို ဆက်လက်ရရှိဖို့ အရေးကြီးတဲ့အလေ့အကျင့်တစ်ခု ဖြစ်ပါတယ်။
📌 မှတ်ထားရမှာက...
"အကောင်းဆုံးသောက်ချိန်" ဆိုတာ မရှိပါဘူး။
"ကိုယ်နေ့တိုင်း အချိန်မှန်သောက်နိုင်တဲ့အချိန်" က အကောင်းဆုံးသောက်ချိန်ပါ။
"ဆရာဝန်များ နှစ်သိမ့်ဆွေးနွေးသူများနဲ့တိုင်ပင်ပြီး အကောင်းဆုံးဆေးသောက်ချိန်ကိုရွေးပါ။
ဒါဆိုရင် သင့်အတွက် အကောင်းဆုံး ဆေးသောာက်ချိန်ကို ရရှိပါလိမ့်မယ်။
တိုင်ပင်ဆွေးနွေးလိုပါက ဆက်သွယ်ပါ။
ထွန်းအခမဲ့ဆေးခန်း
09453512012
Viber>09453512012
Telegram>https://t.me/Tun_Free_Clinic
Messenger>http://m.me/PreventYangon
#ထွန်းအခမဲ့ဆေးခန်း