14/12/2022
Anarchist Yonde အင်တာဗျူး ဘာသာပြန်ဆောင်းပါ
ပထမပိုင်း
၁။ ကမ္ဘာလုံးဆိုင်ရာ မင်းမဲ့ဝါဒီလှုပ်ရှားမှုမှာ ဘယ်အပိုင်းက ပါဝင်ဖို့ မျှော်လင့်လဲ။
ကမ္ဘာလုံးဆိုင်ရာ မင်းမဲ့ လှုပ်ရှားမှုက မရှိမဖြစ်လိုအပ်တာကို ကျွန်တော်တို့သိပေမယ့် အဲဒီလှုပ်ရှားမှုမှာပါဝင်ဖို့ လုံးဝ စိတ်ကူးမရှိပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ မင်းမဲ့ဝါဒီတွေရဲ့သွေးစည်းညီညွတ်မှု ကြောင်းပြသဖို့က ထုတ်ပြန်ချက်တစ်ခု တည်းနဲ့ ဖြစ်လာဖို့မလွယ်ဘူးဆိုတာကို ယုံကြည်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ အပြည်ပြည်ဆိုင်ရာ ကွန်မြူနစ်ပါတီမဟုတ်တဲ့အတွက်ကြောင့် အခြားသူတွေကို အမိန့်ပေးဦးဆောင်တာမျိုးမလုပ်နိုင်သလို၊ အခြားမင်းမဲ့ဝါဒီအုပ်စုတွေက လာပြီး ဟိုလိုလုပ် ဒီလိုလုပ်ပြောတာတွေကိုလဲ လက်ခံမှာမဟုတ်ပါဘူး။
ဒါကြောင့် ယခုအချိန်ယခုနေရာမှာ လက်တွေ့ကျကျ
ကျွန်ေတာ်တို့လုပ်နိုင်တဲ့အရာကို အာရုံစိုက်လုပ်ဖို့ပဲ ဆုံးဖြတ်ထားပါတယ်။ ရနိုင်သမျှလွတ်လပ်မှုကို တိုက်ယူမယ်၊ ကိုယ့်နဲ့အနီးစပ်တဲ့ပတ်ဝန်းကျင်က လူတွေကို စည်းရုံးမယ်၊နိုင်ငံတကာလှုပ်ရှားမှုတွေကိုလည်း မျက်ခြည်မပြတ် စောင့်ကြည့်မယ်၊ ဒီလိုနည်းနဲ့ ကမ္ဘာလုံးဆိုင်ရာ မင်းမဲ့ဝါဒီလှုပ်ရှားမှုမှာ ကျွန်ုပ်တို့ရဲ့ပါဝင်မှုက သဘာဝအတိုင်း အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။
Kropotkin က သူ့ရဲ့The Conquest of Bread မှာ 'ကုန်ထုတ်လုပ်မှုကမ္ဘာဖြစ်သည့် ယနေ့ခေတ်တွင် အရာအားလုံးသည် တစ်ခုနှင့်တစ်ခု ချိတ်ဆက်တည်ရှိနေသည်' ဟု ဆိုထားပါတယ်။ခေတ်သစ် အရင်းရှင်လူ့အဖွဲ့အစည်းမှာ ဒီနေ အရင်းရှင်ကြီးတွေ ကွန်ရက်က ခလုတ်တစ်ခုကိုနှိပ်လိုက်တာနဲ့ မနက်ဖြန်မှာ ကမ္ဘာရဲ့ တစ်ဖက်ခြမ်းမှာ ရှိတဲ့လူတွေရဲ့ စားနပ်ရိက္ခာ တွေ ခက်အခဲကြပ်တည်းသွားနိုင်ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ အဲ့လိုနိုင်ငံတကာအရင်းရှင်ယန္တရား၏ ကြီးမားသောအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားလူထုအနေနဲ့ သူတို့သဘောနဲ့သူတို့လွတ်လပ်စွာနေထိုင်နိုင်တဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်ခြင်းဟာ ကမ္ဘာလုံးဆိုင်ရာလွတ်လပ်ရေးလှုပ်ရှားမှု libertarian movement ကို သဘာဝအတိုင်း အထောက်အကူဖြစ်စေမယ်လို့ ယုံကြည်ပါတယ်။
ပွင့်ပွင့်လင်းလင်း ပြောရရင် တောင်ကိုရီးယားနိုင်ငံသည် ဗီယက်နမ်မှ စက်ရုံအလုပ်သမားများ၊ နီပေါ ဆောက်လုပ်ရေးလုပ်သားများ၊ တရုတ်အိမ်သန့်ရှင်းရေးအလုပ်သမများ၊ ကမ္ဘောဒီးယားအထည်ချုပ်လုပ်သားများ၏ လုပ်အားကို အသုံးချအမြတ်ထုတ်ပြီးတော့ ကြွယ်ဝချမ်းသာနေတာဖြစ်ပါတယ်။
ဥပမာ- Samsung သို့မဟုတ် LG ကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့စက်ရုံများကို နိုင်ငံရပ်ခြားတွေမှာဆောက်ပြီး ထိုဒေသရှိအလုပ်သမားတွေကို အမြတ်ထုတ်ကြပါတယ်။ တောင်ကိုရီးယားသည် ကမ္ဘာ့စီးပွားရေးနယ်ချဲ့ဝါဒရဲ့ 'အင်ပါယာ'တစ်ခုဖြစ်နေပါတယ်။ ဒါကြောင့်၊ ကိုးရီးယားမင်းမဲ့တွေအနေနဲ့ ကျွန်ုပ်တို့က 'ကိုရီးယားအင်ပါယာ' ကို ဖြုတ်ချပြီး ထိုလုပ်ဆောင်မှု၊ ရုန်းကန်မှုတွေမှာပါဝင်ရမှာဖြစ်ပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေအတွက် တိုက်မယ်။ နိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံထားကိုရီးယားကုမ္ပဏီတွေရဲ့ အမြတ်ထုတ်တာကို ရေခြားမြေခြားကအလုပ်သမားတွေ ရုန်းကန်ဒုက္ခခံရတဲ့အခါ အတူတူတိုက်ထုတ်မယ်။
အခြားသူများ၏ လုပ်အားကို အမြတ်ထုတ်ဂုတ်သွေးစုတ်ပြီး အမှီပြုရှင်သန်ခြင်းသည် မည်ကဲ့သို့မျှ မှန်ကန်သော အမှီအခိုကင်းခြင်းမဖြစ်နိုင်ပါဘူး။
၂။ အခုကိုရီးယားမင်းမဲ့သွေးစည်းညီညွတ်အဖွဲ့ကို ဘယ်လို run နေပါသလဲ၊ ဘယ်သူက ဆုံးဖြတ်ချက်တွေကို ချတာပါလဲ။
မင်းမဲ့ platform ၏အခြေခံမူများကိုအခြေခံ၍ အဖွဲ့အစည်းကို စီမံဆောင်ရွက်ပါသည်။ Platform ကို အဖွဲ့ဝင်တိုင်း၏ သဘောတူညီချက်ဖြင့် တည်ထောင်ထားသည်။ အဖွဲ့ဝင်အသစ်ဖြစ်ရန် platform ကို နားလည်သဘောတူလက်ခံရန် လိုအပ်ပါသည်။ သို့သော် ပလပ်ဖောင်းကို အကြွင်းမဲ့ လိုက်နာရမည့် အယူဝါဒအဖြစ် မယူဆပါ။အဖွဲ့ဝင်တစ်ဦးဦးက platform အတွင်း အပြောင်းအလဲတစ်ခုခု လုပ်ဆောင်ရန် တောင်းဆိုပါက၊ အဖွဲ့အစည်းသည် အပြောင်းအလဲကို ဆွေးနွေးရန် တာဝန်ရှိပြီး လူတိုင်း သဘောတူပါက ၎င်းကို ပြောင်းလဲနိုင်သည်။အများတစ်ပြေးညီ သဘောတူမှု၊ဘုံသဘောတူညီချက်ရရှိသည်အထိ ဆွေးနွှေးညှိနှိုင်းထားသည့် ဒီမိုကရေစီအခြေခံမူများအောက်တွင် အဖွဲ့အစည်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ပြုလုပ်ပါသည်။ ဒါကြောင့် ဘယ်သူကမှ လူတစ်ဦးတစ်ယောက်အတွက်ကိုသာ ဆုံးဖြတ်ချက်ချခြင်းမဟုတ်၊ လူတိုင်းက လူတိုင်းအတွက် ဆုံးဖြတ်ချက်ချတာဖြစ်ပါတယ်။ အဲဒီအခြေခံသဘောတရားနှစ်ခုကို နက်နက်နဲနဲ လေ့လာကြည့်ရအောင်။
“Deliberative Democrats”ဆိုသည်မှာ ဆုံးဖြတ်ချက်မချမီ တမင်သက်သက် အချိန်ပေးပြီးပြောဆိုဆွေးနွေးခြင်း ဖြစ်သည် ။ ထိုသို့ ပြောဆိုဆွေးနွေးခြင်းသည် ဆုံးဖြတ်ချက်ချရာတွင် 'Yes' သို့မဟုတ် 'No' ပြောရုံအတွက်သာ မဟုတ်ဟု ဆိုလိုသည်။ မိမိဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းတင်ဆက်ပြရန် လိုအပ်ပါသည်။ သွေးစည်းညီညွတ်မှုနိယာမသည် စင်စစ်အားဖြင့် စုပေါင်းသဘောတူညီချက်နှင့် ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရာတွင် စုပေါင်းတာဝန်ယူခြင်း၏ ရပ်တည်ချက်ဖြစ်သည်။ကံကောင်းထောက်မစွာနဲ့ သို့မဟုတ် ကံမကောင်းစွာနဲ့ ကျွန်ုပ်တို့ဟာ သေးငယ်တဲ့အဖွဲ့အစည်းအသစ်ဖြစ်တာကြောင့် ထိုအခြေခံမူများကို အဖွဲ့အစည်းအတွင်းတွင် လည်ပတ်အောင်လုပ်ဆောင်နိုင်လျှက်ရှိပါသည်။ အဖွဲ့အစည်း အရွယ်အစားကြီးလာပြီး လူအများနှင့် ထိတွေ့နိုင်ခွင့် ပိုများလာသည်နှင့်အမျှ အဆိုပါမူများကို မည်သည့်အချိန်အထိ ဆက်လက်လုပ်ဆောင်သွားနိုင်မည်လဲဆိုတာကို စဥ်းစားမိပါသည်။ သို့သော်လည်း မကြာမီမှာ တည်ထောင်မည့် လူ့အဖွဲ့အစည်းအသစ်ကို စုစည်းရန် ကျွန်ုပ်တို့ ပြင်ဆင်နေပြီးတော့ ဒါက ကျွန်ုပ်တို့အတွက် အဓိပ္ပါယ်ရှိသော စမ်းသပ်မှုတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။သို့သော် အဖွဲ့အစည်းအရွယ်အစား ပိုကြီးလာ၍ ထိုမူများကို ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိတော့လျှင်တောင် ထိုအခြေခံမူများကို ကျွန်ုပ်တို့ မစွန့်လွှတ်လိုပါ။ ထိုသို့ဖြစ်လာခြင်းသည် ကျွန်ုပ်တို့၏အဖွဲ့အစည်း၏ အရွယ်အစားသည် 'အလွန်ကြီး' လာပြီး လူအများကပါဝင်လာခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ယုံကြည်သည်။ ဒါကြောင့် ဒီဝမ်းသာစရာ အခြေအနေကို ရင်ဆိုင်ရတဲ့အခါ ကျွန်ုပ်တို့ Anarchist Solidarity အဖွဲ့အစည်းကို အဖွဲ့ငယ်များ ခွဲပါမယ်၊ အဖွဲ့ခွဲတွေ ဆုံးဖြတ်ချက်ချတဲ့အခါမှာလည်း ဆွေးနွေးညှိနှိုင်းအဖြေရှာတဲ့ ဒီမိုကရေစီနဲ့ စည်းလုံးညီညွတ်မှုဟာ အဖွဲ့ခွဲတစ်ခုချင်းစီရဲ့အတွင်းမှာရော အဖွဲ့ခွဲအချင်းချင်းကြားမှာပါ လည်ပတ်နိုင်မယ်လို့ ယုံကြပါတယ်။ အဲဒါအတွက်ကို အဆင်သင့်ဖြစ်အောင် ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။
၃။ကျားမခွဲခြား ဖိနှိပ်မှုနှင့် လူတန်းစားရုန်းကန်မှု အင်တာဆက်ရှင်း(intersection)သည် လက်ရှိကိုရီးယားတွင် ဘယ်ပုံသက်ရောက်မှုရှိပါသလဲ။
ပထမဦးစွာ ကျွန်ုပ်တို့သည် 'ကျားမတန်းတူညီမျှရေး နှင့် လူတန်းစား ဖိနှိပ်မှုသည် အင်တာဆက်ရှင်း(intersection)အဖြစ် မမြင်ဘဲ၊ 'လူတန်းစား၊ လူမျိုး၊ ကျား၊ မ၊ လိင်စိတ်ခံယူမှု၊ နိုင်ငံသား၊ လူမျိုး
အသက်အုပ်စု စသည်ဖြင့် ဖိနှိပ်မှု အမျိုးမျိုး၏ အင်တာဆက်ဖြစ်မှု' အဖြစ် ကျွန်ုပ်တို့ ယုံကြည်ပါသည်။ ဤများပြားလှသော ဖိနှိပ်မှုများသည် အထက်အောက်ဆက်ဆံရေး(hierarchy)အခြေခံတာကြောင့်ဖြစ်ပေါ်လာတာဖြစ်ပြီး၊ အဆိုပါအရင်းခံမဖျက်သိမ်းပါက အားလုံး၏လွတ်မြောက်ရေးသည် အောင်မြင်နိုင်မည် မဟုတ်ပါ။ ကိုးရီးယားအလုပ်သမားလူတန်းစာလှုပ်ရှားမှု၏မြေပြင်အတွေ့အကြုံအရ၂၀၂၁ ခုနှစ်တွင်က ကျွန်တော်တို့ ဝန်းရံခဲ့သော တိုက်ပွဲတစ်ခုအကြောင်းကို ပြောပြပါမည်။ ၁၉၉၇ ခုနှစ် ဒေသတွင်း စီးပွားရေးအကျပ်အတည်း အပြီးတွင် ကိုးရီးယား အလုပ်သမားများသည် မတည်ငြိမ်သော အာမခံချကိကင်းမဲ့သော လုပ်ငန်းခွင်အခြေအနေများကို ကြုံတွေခဲ့ရသည်၊ အမြဲတမ်းဝန်ထမ်းမဟုတ်သော ယာယီအလုပ်များ
'ပုံမှန်မဟုတ်သော အလုပ်အကိုင်' ဟုခေါ်ပါသည်။
ထို့အပြင် Anarchist Yondae မှ 'ပုံမှန်မဟုတ်သော အလုပ်' ၏ အကျိုးသက်ရောက်မှုသည် ကျားမ၊ သတ်သတ်မှတ်မှတ် လူမျိုး၊ သတ်သတ်မှတ်မှတ် အသက်အရွယ်အုပ်စုများ၊ လူမျိုးစုအလိုက် စသည်တို့ကို ပစ်မှတ်ထား ဒီဇိုင်းဆွဲထားကြောင်းကို ကျွန်ုပ်တို့ မြင်ခဲ့ရပါတယ်။ ဇန်န၀ါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာအရင်းရှင်စနစ်၏ ပြဂယုတ်တစ်ခုဖြစ်သောကိုရီးယား၏ ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်သည့် LG သည် ၎င်းတို့၏ ရုံးချုပ်အဆောက်အအုံကို ၁၀ နှစ်ကြာ သန့်ရှင်းရေးလုပ်ခဲ့သော သန့်ရှင်းရေးလုပ်သား ၈၀ ကို အလုပ်ကဖြုတ်ခဲ့ပါတယ်။ အဆိုပါ အလုပ်သမားများကို အနည်းဆုံး အခကြေးငွေကို သင့်လျော်စွာ မပေးခဲ့သည့်အပြင် အချိန်ပိုများ မန်နေဂျာများ၏ အနိုင်ကျင့်ခြင်းကိုလဲ ခံခဲ့ရပါတယ်။ ဒါကြောင့် သမဂ္ဂကို ဖွဲ့စည်းပြီး ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင် အခြေအနေတွေကို တောင်းဆိုခဲ့ကြပါတယ်။ LG က ၎င်းတို့အားလုံးကို 'တရားဝင်အလုပ်ထုတ်ခြင်း' ဖြင့် ၎င်းတို့၏တောင်းဆိုချက်များကို ဖြေကြားပေးခဲ့တယ်။ သမဂ္ဂနှင့် အလုပ်သမား 20 တို့သည်အဆောက်အဦ၏ဧည့်ခန်းနှင့် ဂိတ်ကို သိမ်းပိုက်ကာ ပြင်းထန်စွာ သပိတ်တိုက်ပွဲကိုဆွဲနွဲခဲ့ပြီး ဧပြီလ ၃၀ ရက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ကာ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ မေဒေးနေ့မှာတော့ အလုပ်သမား ၂၀ စလုံး အလုပ်ပြန်ရခဲ့ပြီး တောင်းဆိုချက်တွေပြန်လည်ရရှိခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ သတိပြုမိတာက ထိုအလုပ်သမားအများစုသည် သက်ကြီးရွယ်အိုအမျိုးသမီး၊ ပညာမတတ်သူများဖြစ်ကြပြီး ကိုရီးယားတွင် တည်ငြိမ်မှုအရှိဆုံး အပင်ပန်းဆုံး အလုပ်အများကို လုပ်ကိုင်ကြသူများမှာ သက်ကြီးရွယ်အိုအမျိုးသမီးများဖြစ်ကြသည်မှာ မှန်ပါသည် သို့သော် ဤအခြေအနေတွင်၊ 'လူတန်းစားအရေးသာဦးစားပေးရေး" (မာ့က်စ်ဝါဒီများ ထုံးစံအတိုင်း) ကိုသာ တရားသေဆုပ်ကိုင်ထားခြင်း သို့မဟုတ် 'လူတန်းစားအရေးကိုလစ်လျူရှုခြင်း' (မာ့က်စ်ဝါဒီများကို တုံ့ပြန်သည့်အနေဖြင့်) နှစ်မျိုးလုံးသည့်မင်းမဲ့စံအရရှိသင့်သည့်လွတ်မြောက်မှုမျိုးကို ရရှိနိုင်မည်မဟုတ်ပါ။
၄။ သမိုင်းကြောင်းအရ ကိုရီးယားမင်းမဲ့ဝါဒီတွေကတရုတ်၊ ဗီယက်နမ်၊ ဂျပန်မင်းမဲ့အဖွဲ့ဝင်တွေပါ၀င်တဲ့ ဒေသတွင်း အရှေ့တိုင်းမင်းမဲ့ဝါဒီများနှင့် လက်တွဲလုပ်ဆောင်ခဲ့ကြပါတယ်။ ယနေ့ခေတ်တွင် အလားတူ နိုင်ငံတကာချိတ်ဆက်မှုများ ရှိပါသလား၊ ဒါမှမဟုတ် ထိုချိတ်ဆက်မှုုုတွေက ကိုရီးယား မင်းမဲ့လှုပ်ရှားမှုကို ဘယ်လိုအကျိုးဖြစ်ထွန်းစေမလဲ။
ဝမ်းနည်းစရာက ယနေ့ခေတ်မှာ ထိုကဲ့သို့သော အချိတ်အဆက်များ မကျန်တော့ပါဘူး။ အထူးသဖြင့်၊ ကိုရီးယားကျွန်းဆွယ်ရှိ မင်းမဲ့ဝါဒီတော်လှန်ရေးလှုပ်ရှားမှုသည် ၁၉၃၀ ပြည့်လွန်နှစ် နှစ်များနောက်ပိုင်းတွင် ပျောက်ကွယ်သွားခဲ့သည်။ ထို့အပြင်၊ အရှေ့အာရှနိုင်ငံ (၃) နိုင်ငံ (တရုတ်၊ ဂျပန်၊ ကိုရီးယားနှစ်နိုင်ငံ) ၏မင်းမဲ့လှုပ်ရှားမှုများသည် ဒုတိယကမ္ဘာစစ်အပြီးတွင် အများအားဖြင့် တူညီကြောင်း ကျွန်ုပ်တို့တွေ့မြင်ရပါသည်။ တောင်ကိုရီးယားတွင် မင်းမဲ့ဝါဒသည် အမျိုးသားရေးဝါဒနှင့် ပေါင်းစည်းခဲ့ပြီး ကွန်မြူနစ်ဆန့်ကျင်ရေးသို့ ကူးပြောင်းခဲ့သည်။ ကိုရီးယားတွင် ‘မင်းမဲ့ဝါဒီများ’ ဟုခေါ်ဝေါ်ကြသည့် မင်းမဲ့များသည် ‘အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု’ လမ်းစဥ်ကို စွဲလမ်းနေဆဲဖြစ်သည်။ ဂျပန်နိုင်ငံတွင် Zenkyōtō (All-Campus Joint Struggle Committees) ကျရှုံးပြီးနောက် လူမှုတော်လှန်ရေးလှုပ်ရှားမှုများ ပျောက်ကွယ်သွားခဲ့သည်။ တရုတ်နှင့် မြောက်ကိုရီးယားမှာတော့pseudo-socialist အာဏာရှင်များ၏ မျက်လှည့်ဆန်ဆန် ဖိနှိပ်မှုတွေကြောင့်မို့ မင်းမဲ့လှုပ်ရှားမှုတွေရှိလာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီမင်းမဲ့တွေရဲ့ကွန်ယက်ကိုပြန်လည်ထူထောင်ဖို့ လိုအပ်တယ်လို့ အခိုင်အမာ ယုံကြည်ပါတယ်။ လေယာဥ်လက်မှတ်စျေးနှုန်း 80,000 ဝမ် (50 ပေါင်) တစ်နာရီပျံသန်းရုံဖြင့် ကျွန်ုပ်တို့ရောက်ရှိနိုင်သည့်နေရာမှ အတူတူတိုက်ပွဲဝင်ပေးမယ့် ရဲဘော်များရှိနေမယ်ဆိုရင်ဒါအံ့ဩဖွယ်ကောင်းအောင် ကောင်းမွန်တဲ့ကိစ္စတစ်ခုမဟုတ်ဘူးလား။ ကျွန်ုပ်တို့နဲ့ တွေ့ဆုံ ဆွေးနွေးနိုင်ပြီး ပူးတွဲဆုံးဖြတ်ချက်များကို ကြေညာနိုင်တဲ့ရဲဘော်တွေရှိခြင်းဟာ အရမ်းကောင်းပါတယ်။
ဒုတိယအပိုင်း Link: https://m.facebook.com/story.php?story_fbid=178780234829676&id=100080931002802&mibextid=Nif5oz