22/04/2022
အရင်ကထက်…တတ်မြောက်ဖို့ပိုလိုအပ်လာတဲ့ English ဘာသာစကားကို အခက်အခဲမရှိ ကျော်လွှားနိုင်စေမယ့် ESY School ရဲ့ "Basic English Grammar Class"
အင်္ဂလိပ်စာကို အခြေခံကစပြီး ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ရေးတတ်ချင်တယ်။
Grammar မသိလို့ English ဘာသာစကားကို ဆက်လေ့လာဖို့အခက်တွေ့နေတယ်။
ဒီအချက်တွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အင်္ဂလိပ်စာကိုလေ့လာတဲ့အခါမှာ Grammar က အခြေခံအုတ်မြစ်တစ်ခုဆိုလည်း မမှားပါဘူး...
Grammar မသိလည်း ဘာမှမဖြစ်ဘူး....စကားပြောတဲ့အခါ တစ်ဖက်လူနားလည်အောင် Broken English နဲ့ပြောရင်ရတာပဲဆိုပြီး Grammar ကို ဂရုမစိုက်တဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်…
ဒါပေမယ့် Grammar ကို မပိုင်နိုင်ထားရင် Basic level နဲ့ သာတဝဲလည်လည်ဖြစ်ပြီး Intermediate, Advanced level မတက်နိုင်ပါဘူး။
အခုလို self-study အားသန်လာတဲ့ ခေတ်ကြီးထဲမှာ အင်္ဂလိပ်စာကို self-study လုပ်တာ မတိုးတက်ဘူးဆိုတဲ့ အဓိက အကြောင်းအရင်းက Grammar တွေကို သေချာ ကျေကျေညက်ညက် မသိထားတာကြောင့်လည်း ဖြစ်ပါတယ်။
ကိုယ်က တကယ် အင်္ဂလိပ်စာကို Intermediate, Advanced level ထိတက်ချင်တယ်ဆိုရင် Grammar လေ့လာဖို့ကို မပျင်းပါနဲ့/ ဆင်ခြေတွေမပေးပါနဲ့။
အခြေခံ Grammar ကို တကယ်ပိုင်နိုင်ချင်တယ်ဆိုရင်တော့ ESY ကဖွင့်လှစ်တဲ့ (၃)လတာ Basic English Grammar Online Classကို တက်ရောက်ဖို့ ဖိတ်ခေါ်ပါရစေ
ESY Online Class မှာဆိုရင်
👉 သင်ကြားမှုတိုင်းမှာ အကောင်းဆုံးနဲ့အထိရောက်ဆုံးဖြစ်စေမယ့် သင်ရိုးတွေကို စနစ်တကျအခြေခံပြီး Basic Grammar အသေးစိတ်သင်ကြားပေးမှုတွေ
👉 အင်္ဂလိပ်စာမှာ သိသင့်သိထိုက်တာတွေနှင့် အထွေထွေဗဟုသုတတွေ
👉 စာအသင်ပြကောင်းပြီး စာသင်အတွေ့အကြုံ (၇) နှစ်ရှိတဲ့ ဆရာ ရဲ့ပြီးပြည့်စုံတဲ့သင်ကြားမှုတွေကိုစီစဉ်ပံ့ပိုးထားပါတယ်။
ဘယ်သူတွေ joinလို့ရမှာလဲဆိုရင်
👉အသက်အရွယ် ၁၅၊ ၁၆ ၊၁၇ ၊၁၈ အရွယ် ကျောင်းသားကျောင်းသူလေးတွေ joinလို့ရပါတယ်။
👉joinတဲ့ ကျောင်းသားကျောင်းသူလေးဟာ CDM အခြေခံပညာကျောင်းသားကျောင်းသူလေး (ဒါမှမဟုတ်) CDM တက္ကသိုလ်ကျောင်းသားကျောင်းသူလေးတော့ ဖြစ်ဖို့တော့လိုပါတယ်။ ဒီလိုအချိန်ကာလမှာ ကျောင်းသားကျောင်းသူလေးတွေ ပညာရေးနဲ့ အဆက်မပြတ်အောင်၊ အင်္ဂလိပ်ဘာသာစကားစွမ်းရည် တိုးတက်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ဖြစ်ပါတယ်။
Covid ကြောင့် စာသင်ကြားတဲ့ environment ၊ lifestyle တွေပြောင်းလဲသွားတာနဲ့အမျှ နိုင်ငံတကာရဲ့ထိပ်တန်းအင်္ဂလိပ်ဘာသာစကားကို "ESY Online Class" မှာ သင်ယူပြီး ဘဝအတွက် ထူးခြားကောင်းမွန်တဲ့ပြောင်းလဲမှုတွေနဲ့ စတင်လိုက်ကြရအောင်
(၃)လတာ အတန်းတစ်ခုလုံးအတွက် သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး အွန်လိုင်းစာသင်ကြားရာတွင် အသုံးပြုရသော Zoom premium account ဝယ်ယူရန်အတွက် တစ်လလျှင် (၅၀၀၀)ကျပ်သာ ကောက်ခံမည်ဖြစ်ပါသည်။
သင်တန်းအပ်မယ်ဆိုရင်တော့အောက်က Registration Form မှာ ဖြည့်ပေးပါနော်...လူဦးရေအကန့်အသတ်နဲ့မို့ ပြည့်ပြည့်စုံစုံ သေသေချာချာ ဖြည့်ထားသူများကိုသာ ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။
https://surveyheart.com/form/6262af3e858afe1fa8f78a89