MyConstitution

MyConstitution Building Federal Democracy Myanmar by International IDEA
Funded by Finland, Luxembourg and Norway.

လူဇင်ဘတ်၊ နော်ဝေးနှင့် ဖင်လန်နိုင်ငံတို့မှ ရန်ပုံငွေထောက်ပံ့မှုဖြင့်ဆောင်ရွက်ခဲ့သော International IDEA ၏ မြန်မာ့ဖက်ဒရယ်ဒ...
31/12/2025

လူဇင်ဘတ်၊ နော်ဝေးနှင့် ဖင်လန်နိုင်ငံတို့မှ ရန်ပုံငွေထောက်ပံ့မှုဖြင့်ဆောင်ရွက်ခဲ့သော International IDEA ၏ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအစီအစဉ်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပြီးဆုံးပြီ ဖြစ်ကြောင်း အသိပေးလိုပါသည်။

စီမံကိန်းဝက်ဘ်ဆိုက်နှင့် ဤ Facebook စာမျက်နှာရှိ စာစောင်များ၊ မီဒီယာအရင်းအမြစ်များနှင့် သုတေသနစာတမ်းများဖြစ်သော ဤအစီအစဉ်၏ အရင်းအမြစ်များကို မြန်မာပြည်သူများ၊ မြန်မာနိုင်ငံနှင့် ဒီမိုကရေစီအကြောင်း လေ့လာလိုသူအားလုံးအတွက် ရရှိနိုင်စေရန် ဆက်လက်ထားရှိသွားမည်ဖြစ်သည်။

မြန်မာအစီအစဉ်၏ အင်တာနက်စာမျက်နှာကို ဤနေရာတွင် ဝင်ရောက်ကြည့်ရှုပါ - https://constitutionnet.org/mm-idea-myanmar

International IDEA Myanmar အကြောင်း ပိုမိုသိရှိလိုပါက ဤနေရာတွင် ဝင်ရောက်ကြည့်ရှုပါ - https://www.idea.int/country/myanmar

International IDEA's Building Federal Democracy in Myanmar Programme funded by Luxembourg, Norway and Finland completed in December 2025.

The project website and this page will be maintained to ensure that the programme's resources in the form of publications, multimedia products and research remain available to Myanmar's people and all those interested in learning about Myanmar and democracy.

Access the Myanmar project website here: https://constitutionnet.org/idea-myanmar
Learn more about International IDEA Myanmar here: https://www.idea.int/country/myanmar

  ကျွန်ုပ်တို့စီမံကိန်းအကြောင်းနော်ဝေး၊ ဖင်လန်နှင့် လူဇင်ဘတ်တို့မှ ရန်ပုံငွေထောက်ပံ့သော မြန်မာ့ဖက်ဒရ.....

ဖွဲ့စည်းပုံအခြေခံဥပဒေလုပ်ငန်းစဉ်အပေါ် လမ်းညွှန်အခြေခံမူများ၏ အကျိုးသက်ရောက်မှုများအသွင်ကူးပြောင်းရေးကာလအတွင်း ဖွဲ့စည်းပု...
29/12/2025

ဖွဲ့စည်းပုံအခြေခံဥပဒေလုပ်ငန်းစဉ်အပေါ် လမ်းညွှန်အခြေခံမူများ၏ အကျိုးသက်ရောက်မှုများ

အသွင်ကူးပြောင်းရေးကာလအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် နိုင်ငံရေးအရ သဘောတူညီမှုများနှင့် အမြစ်တွယ်နေသောအကျိုးစီးပွားများအကြား ဟန်ချက်မိမိ မျှခြေတစ်ခုရှိစေရန် သိမ်သိမ်မွေ့မွေ့ လုပ်ဆောင်ရလေ့ရှိပါသည်။ ဤမူဝါဒဆိုင်ရာစာတမ်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်၏ ပြဋ္ဌာန်းချက်များကို ပုံဖော်ရာတွင် အထောက်အကူပြုသည့် အဓိကသဘောတူညီချက်များဖြစ်သော လမ်းညွှန်အခြေခံမူများ၏ အရေးကြီးသောအခန်းကဏ္ဍကို လေ့လာထားပါသည်။ ဤစာတမ်းတွင် တောင်အာဖရိကနိုင်ငံ၏ လူမျိုးရေးခွဲခြားမှုစနစ်အဆုံးသတ်ပြီးနောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် လုပ်ငန်းစဉ်များနှင့်အတူ ဥပမာများပေး၍ ဤအခြေခံမူများဖြင့် မည်သို့ယုံကြည်မှုတည်ဆောက်နိုင်သည်၊ လူနည်းစုအဖွဲ့များကို မည်သို့အာမခံချက်ပေးနိုင်သည်နှင့် ပွင့်လင်းသောတွေ့ဆုံဆွေးနွေးမှုဖြစ်စေရန် မည်သို့ တိုက်တွန်းအားပေးနိုင်သည်တို့အပေါ် ဆွေးနွေးတင်ပြထားပါသည်။

တစ်ချိန်တည်းမှာပင် ဤစာတမ်းတွင် ထိုကဲ့သို့သောအခြေခံမူများကို အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို လေ့လာဆန်းစစ်ထားပါသည်။ ထို့ပြင် အထက်မှအောက်သို့ချဉ်းကပ်သည့် နည်းလမ်းများနှင့်အတူပါရှိလာတတ်သည့် သပိတ်မှောက်မှုများ သို့မဟုတ် တရားဝင်မှု ဆုံးရှုံးခြင်းများ စသည့် အန္တရာယ်များကိုလည်း ဆန်းစစ်ထားပါသည်။ ဤစာတမ်းတွင် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများမှသည် အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်များအထိ ဤအခြေခံမူများကို ရေးဆွဲရာတွင် ပြောင်းလဲနေသော နိုင်ငံရေးအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် နည်းလမ်းအမျိုးမျိုးကို ရှာဖွေခြင်းဖြင့် အားလုံးပါဝင်ပြီး ပြောင်းလွယ်ပြင်လွယ်ရှိသော မူဘောင်များအား မည်သို့ရေးဆွဲရမည်ကို လက်တွေ့ကျသော အသိအမြင်များပေး၍ ဆွေးနွေးထားပါသည်။

ဒေါင်းလုတ်ရယူဖတ်ရှုရန်

မြန်မာဘာသာဖြင့်https://www.idea.int/sites/default/files/2025-12/the-impact-of-guiding-principles-on-constitution-making-my.pdf

အင်္ဂလိပ်ဘာသာဖြင့်https://www.idea.int/sites/default/files/2025-06/impact-of-guiding-principles-on-constitution-making.pdf

The Impact of Guiding Principles on Constitution Making

Constitution making during transitions often involves a delicate balance between political deals and entrenched interests. This policy paper looks at the important role of guiding principles—key agreements that help shape the content of new constitutions. Using examples like South Africa’s post-apartheid process, it shows how these principles can build trust, reassure minority groups and encourage open dialogue.

At the same time, the paper examines the challenges of making such principles stick and the risks that come with top-down approaches, such as boycotts or a loss of legitimacy. By exploring different ways of developing these principles—from national talks to executive decisions—it offers practical insights into how to design frameworks that are inclusive and flexible enough to adapt to shifting political contexts.

To download and read:

In English:https://www.idea.int/sites/default/files/2025-06/impact-of-guiding-principles-on-constitution-making.pdf

In Burmese:https://www.idea.int/sites/default/files/2025-12/the-impact-of-guiding-principles-on-constitution-making-my.pdf

International IDEA မှ ထုတ်ဝေထားသည့် မူဝါဒစာတမ်းဖြစ်သည့် "ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ကျင့်သုံးခြင်းတွင် ပြည်သူလူထုပါဝင...
19/12/2025

International IDEA မှ ထုတ်ဝေထားသည့် မူဝါဒစာတမ်းဖြစ်သည့် "ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ဆောက်ကျင့်သုံးခြင်းတွင် ပြည်သူလူထုပါဝင်ဆောင်ရွက်ခြင်းအတွက် လက်တွေ့ကျသော ထည့်သွင်းစဥ်းစားချက်များ - ဆောင်ရွက်ချက်၊ ဆောင်ရွက်မည့်အချိန်၊ ဆောင်ရွက်မည့်နည်းလမ်းနှင့် ဆောင်ရွက်သည့်အကြောင်းရင်း” ကို ဖတ်လွယ်၊ မှတ်လွယ်ပုံစံဖြင့် ဖတ်ရှုနိုင်ပါပြီ။

• ပြည်သူလူထု ပါဝင်ဆောင်ရွက်ခြင်းဆိုတာ ဘာလဲ။
• ဘယ်အချိန်မှာ ဘယ်လိုနည်းလမ်းများဖြင့် ပြည်သူများ ပါဝင်ဆောင်ရွက်နိုင်သလဲ။
• ပြည်သူလူထု ပါဝင်မှုရှိဖို့ ဘာကြောင့် အရေးကြီးတာလဲ။

ဤစာအုပ်ငယ်တွင် ဤကဲ့သို့ ရှုပ်ထွေးသော အကြောင်းအရာများကို လူတိုင်း ရှင်းရှင်းလင်းလင်းဖြင့် သိရှိနားလည်နိုင်အောင် ရိုးရှင်းသော အသုံးအနှုန်းများ၊ အထောက်အကူဖြစ်စေမည့် ရုပ်ပုံများဖြင့် ရေးသားထားပါသည်။ ရည်ရွယ်ချက်မှာ အားလုံးလက်လမ်းမီနိုင်သော အသိပညာဖြန့်ဝေမှု ဖြစ်စေရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့ ရှုပ်ထွေးသော အကြောင်းအရာများကို လူတိုင်း အလွယ်တကူ သိရှိနားလည်နိုင်စေရန် ဖြစ်သည်။

ဤတွင် ဒေါင်းလုတ်ရယူ၊ ဖတ်ရှုပါ။

အင်္ဂလိပ်ဘာသာဖြင့်https://www.idea.int/sites/default/files/2025-12/people-taking-part-in-making-aconstitution-easy-read-en.pdf
မြန်မာဘာသာဖြင့်https://www.idea.int/sites/default/files/2025-12/people-taking-part-in-making-aconstitution-easy-read-my.pdf

International IDEA’s policy paper “Practical Considerations for Public Participation in Constitution-Building: What, When, How and Why?” is now available in an easy-read format!

• What is public participation?
• When and how can people get involved?
• Why is it important to include the public?

This booklet breaks down complex ideas in a clear, accessible way, using simple language and helpful images. Its goal is to support inclusive knowledge sharing and make constitutional issues easier to understand for everyone.

Read and download here:
In English:https://www.idea.int/sites/default/files/2025-12/people-taking-part-in-making-aconstitution-easy-read-en.pdf
In Burmese:https://www.idea.int/sites/default/files/2025-12/people-taking-part-in-making-aconstitution-easy-read-my.pdf

ပဋိပက္ခများအကြားမှ အားလုံးပါဝင်မှုရှိရေး - မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မသန်စွမ်းသူများ၏ အခွင့်အ...
03/12/2025

ပဋိပက္ခများအကြားမှ အားလုံးပါဝင်မှုရှိရေး - မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မသန်စွမ်းသူများ၏ အခွင့်အရေးများ အပြည့်အဝရရှိစေရေး

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နှင့် ၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သည့် ငလျင်ကြောင့် မြန်မာနိုင်ငံရှိ မသန်စွမ်းသူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် အားပေးမြှင့်တင်ရန် အရေးတကြီး လိုအပ်နေကြောင်း အထူးညွှန်ပြလျက်ရှိပါသည်။ ဤအကျပ်အတည်းများသည် မသန်စွမ်းသူများစွာအတွက် ရှိနှင့်ပြီးသား မညီမျှမှုများ ကို ပိုမိုနက်ရှိုင်းစေပြီး မသန်စွမ်းသူများသည် အကြမ်းဖက်မှုခံရခြင်း၊ နေရပ်ပြောင်းရွှေ့ရခြင်းတို့ ပိုမိုကြုံတွေ့လာရကာ မရှိမဖြစ်လိုအပ်သော ဝန်ဆောင်မှုများမှ ဖယ်ကြဥ်ခံရလျက်ရှိပါသည်။

စစ်အာဏာသိမ်းမှုမတိုင်မီက မသန်စွမ်းသူများသည် မြန်မာနိုင်ငံလူဦးရေ၏ ၁၂.၈% ခန့်ရှိပြီး ပညာရေး၊ အလုပ်အကိုင်နှင့် အများပြည်သူပါဝင်မှုတို့တွင် သိသာထင်ရှားသော အဟန့်အတားများနှင့် ရင်ဆိုင်နေကြရလျက်ရှိပါသည်။ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဤအခြေအနေများသည် ပိုမိုဆိုးရွား လာခဲ့ပါသည်။ စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများသည် ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ၊ အကြားအားရုံမသန်စွမ်းသူများနှင့် ဉာဏ်ရည်မသန်စွမ်းသူများအတွက် ထွက်ပြေးလွတ်မြောက်ရန်ခက်ခဲခြင်းနှင့် အရေးပေါ်သတိပေးအချက်အလက်များကို လက်လှမ်းမီ ရယူနိုင်မှု မရှိခြင်းတို့ကြောင့် ကြီးမားသော အန္တရယ်ကျရောက်စေပါသည်။ အစီရင်ခံစာများတွင် မသန်စွမ်းမှုကြောင့် ပြောဆိုဆက်ဆံရေးအခက်အခဲရှိမှုကို စစ်ကောင်စီတပ်သားများသည် ၎င်းတို့ မေးမြန်းပြောဆိုသည့်အတိုင်း လိုက်နာရန် ငြင်းဆန်မှုအဖြစ် မှားယွင်းစွာ မှတ်ယူပြီး မသန်စွမ်းသူများအပေါ် ကြမ်းတမ်းရက်စက်စွာ ပြုမူဆက်ဆံခဲ့မှုများအားလည်း မှတ်တမ်းတင်ထားပါသည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လက်လှမ်းမီနိုင်မှုသည်လည်း ပိုမို မညီမမျှဖြစ်လာ ပါသည်။ မသန်စွမ်းမှု အထောက်အကူပြုပစ္စည်းများ ရှားပါးလာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အဆောက်အအုံပစ္စည်းများ ဖျက်ဆီးခံရခြင်းနှင့် မသန်စွမ်းသူများကို ပြုစုစောင့်ရှောက်ပေးနေသော မိသားစုဝင်များသည် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်ရခြင်းတို့ ကြုံတွေ့ရလျက်ရှိပါသည်။ ၂၀၂၅ ခုနှစ် မတ်လတွင် ဖြစ်ပွားခဲ့သော ငလျင်သည် အရေးပေါ်တုံ့ပြန်မှုပေးရာတွင် လိုအပ်ချက်ရှိမှုများ၊ ကွာဟမှုများ ပိုမိုဖြစ်ပေါ်စေခဲ့ပြီး မသန်စွမ်းသူ ရာပေါင်းများစွာသည် ပြန်လည်ထူထောင်ရေး၊ အမိုးအကာများနှင့် ဆေးဝါးကုသမှုများ မရရှိကြပေ။ ပဋိပက္ခကြောင့် ရရှိသော ဒဏ်ရာများနှင့် မြေမြှုပ်မိုင်းပေါက်ကွဲမှုများကြောင့် မသန်စွမ်းသူအရေအတွက်မှာ မြင့်တက်လာရန် ခန့်မှန်းရသည်။

ဤသို့ စိန်ခေါ်မှုများရှိလင့်ကစား မြန်မာ့ကြားကာလဒီမိုကရေစီအဖွဲ့အစည်းများဖြစ်သည့် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) နှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့သည် မသန်စွမ်းသူများ ပါဝင်မှုရှိရေး ကတိကဝတ်ပြုထားပါသည်။ NUG အစိုးရ၏ ဝန်ကြီးဌာနများသည် မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲကာ ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများနှင့် အားလုံးအကျုံးဝင် လက်လှမ်းမီမှုရှိသည့် ပညာရေးများ တိုးချဲ့ပေးစွမ်းနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

အရင်းအမြစ်များ အကန့်အသတ်ရှိပြီး မလုံခြုံမှုများကြားမှ ဤသို့ ကြိုးပမ်းဆောင်ရွက်မှုများသည် စစ်မှန်သော နိုင်ငံရေးဆန္ဒကို ထင်ဟပ်လျက်ရှိသည်။ သို့ရာတွင် ဤထက်မက ပိုမိုဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။ အများပြည်သူ ပြောဆိုဆက်သွယ်ရေးသည် အမြင်အာရုံ၊ အကြားအာရုံ သို့မဟုတ် ဉာဏ်ရည်မသန်စွမ်းသူများအတွက် များသောအားဖြင့် လက်လှမ်းမီနိုင်မှု မရှိသေးပါ။ ပိုမိုခိုင်မာသော ပေါင်းစပ်ညှိနှိုင်းမှု၊ ရန်ပုံငွေနှင့် အားလုံးပါဝင်မှုရှိစေသော အလေ့အကျင့်များမရှိဘဲ ကူညီကယ်ဆယ်ရေးအစီအစဉ်များသည် မသန်စွမ်းသူများထံ ထိရောက်စွာ ရောက်ရှိနိုင်မည် မဟုတ် ပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် မသန်စွမ်းသူများပါဝင်မှုရှိရေးကို အဓိက ထားရန် ကြားကာလ အဖွဲ့အစည်းများသည် နိုင်ငံတကာပံ့ပိုးမှု စဉ်ဆက်မပြတ် လိုအပ်ပါသည်။

International IDEA သည် မသန်စွမ်းသူများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ကြားကာလ အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်လျက် မြန်မာ့အနာဂတ်ကို ပုံဖော်ရာတွင် မသန်စွမ်းသူများ တက်ကြွစွာ ပါဝင်နိုင်ရန်နှင့် အားလုံးပါဝင်မှုရှိရေးမဟာဗျူဟာများကို ချမှတ်နိုင်ရန် ပံ့ပိုးကူညီလျက်ရှိသည်။ အားလုံးလက်လှမ်းမီနိုင်သော သင်တန်းများ ပို့ချခြင်း၊ ပြည်သူ့နီတိပညာရေး အထောက်အကူ ပြု အရင်းအမြစ်များ ရေးသားထုတ်ဝေခြင်းနှင့် မသန်စွမ်းသူများ ဦးဆောင်သော အဖွဲ့အစည်းများ အတွက် စွမ်းရည်မြှင့်သင်တန်းများ ပို့ချပေးခြင်းတို့မှတဆင့် International IDEA သည် အားလုံးပါဝင်မှုရှိသော ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ပံ့ပိုးကူညီလျက်ရှိသည်။

“ပညာရေး၊ ကျန်းမာရေးနဲ့ ဝန်ဆောင်မှုပေးတဲ့အချို့နေရာတွေမှာ လက်လှမ်းမီတဲ့မသန်စွမ်းအချို့ ‌တော်လှန်ရေးကာလမှာ ပါဝင်ခွင့်ရပေမဲ့ အလုပ်အကိုင်အခွင့်အလမ်းမှာတော့ ပါဝင်ခွင့်မရှိသလောက် ပါပဲ။ အကယ်၍ မသန်စွမ်းသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများများ ဖန်တီးပေးနိုင်မယ်ဆိုရင် မသန်စွမ်းထုအတွက် အဖိုးမဖြတ်နိုင်သလို မည်သူတစ်ဦးတစ်ယောက်ကိုမှ မကျန်ရစ်စေရ ဆိုတာကို အကောင်အထည်ဖော်ရာရောက်ပြီး အစိုးရအပေါ် ပိုမိုယုံကြည်မှုရလာမှာဖြစ်ပြီး သွားနေတဲ့ ဖဒရယ်စနစ်က ပိုမိုအသက်ဝင်လာမယ်လို့ ယုံကြည်ပါတယ်။ Nothing about us without us ကို မေ့ထားလို့မဖြစ်ပါဘူး။” IDEA သင်တန်းတစ်ခုမှ သင်တန်းသားတစ်ဦး၏ မှတ်ချက်

International IDEA မှ ရေးသားထုတ်ဝေထား သော ဖတ်လွယ်၊မှတ်လွယ် စာအုပ်များသည် ရပ်ရွာဆွေးနွေးရေးစကားဝိုင်းများနှင့် နိုင်ငံရေး လုပ်ငန်းစဥ်များတွင် မသန်စွမ်းသူများ ပါဝင် ဆွေးနွေးနိုင်ရန် အထောက်အကူပြုပါသည်။ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကာလနောက်ပိုင်း အခြေအနေတွင် ဒီမိုကရေစီ၊ အသွင်ကူးပြောင်း ရေးကာလ တရားမျှတရေး၊ အားလုံးပါဝင်မှုရှိ‌ရေး နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို လက်လှမ်းမီ ဖတ်ရှုနိုင်စေရန်အတွက် ဤစာအုပ်များတွင် ရိုးရှင်းလွယ်ကူသော အသုံးအနှုန်းများ၊ တိုတုတ်ရှင်းလင်းသော စာကြောင်းများနှင့် ရုပ်ပုံများ အသုံးပြုထားပါသည်။

ရှေ့ဆက်လျှောက်လှမ်းရာတွင် မသန်စွမ်းသူများ ပါဝင်မှုရှိရေးသည် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီမူဘောင်၏ အခြေခံအစိတ်အပိုင်းအဖြစ် ပါဝင်ရပါမည်။ အခွင့်အရေးများ တန်းတူညီမျှမှုရှိရေး၊ ခွဲခြားဆက်ဆံမှု မရှိရေး၊ အားလုံးအကျုံးဝင်လက်လှမ်းမီနိုင်မှုရှိခြင်းနှင့် နိုင်ငံရေးလုပ်ငန်းစဥ်တွင် ပြည့်ပြည့်ဝဝ ပါဝင်နိုင်ခွင့်ရှိရေးတို့ကို အဆင့်အလွှာအသီးသီး၌ အာမခံရမည်ဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးအစီအမံများနှင့် ညှိနှိုင်းတိုင်ပင်ရေးယန္တရားများ တည်ဆောက်ရာတွင် မသန်စွမ်းသူများကို ထည့်သွင်းပါဝင်စေခြင်းသည် ရေရှည်တည်တံ့သောအပြောင်းအလဲ ဖော်ဆောင်ရန် အဓိကကျသည်။

ယနေ့ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် မသန်စွမ်းသူများနှင့် တစ်သားတည်းရပ်တည်မှုရှိရုံမက လုပ်ဆောင်ချက်အဖြစ် အကောင်အထည်ဖော် ပြောင်းလဲရမည် ဖြစ်သည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မသန်စွမ်းသူများနှင့် မသန်စွမ်းသူများဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွက် ငွေကြေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးမှုများကို ပိုမိုပေးအပ်ရန်၊ အားလုံးပါဝင်မှုရှိသော အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံမှုကို အားကောင်းစေရန်နှင့် အရေးပေါ်တုံ့ပြန်မှုများ‌ပေးအပ်ရာတွင် အားလုံးလက်လှမ်းမီမှုကို ဦးစားပေးရန် လိုအပ်ပါသည်။ အားလုံးပါဝင်မှုရှိသော အုပ်ချုပ်မှုဆီသို့ လျှောက်လှမ်းသော ခြေလှမ်းတိုင်းသည် မသန်စွမ်းသူများ ဂုဏ်သိက္ခာရှိရှိ၊ အခွင့်အလမ်းများဖြင့် ဘေးကင်းစွာ နေထိုင်နိုင်သည့် အနာဂတ် မြန်မာနိုင်ငံတော်ဆီသို့ ပိုမိုနီးကပ်စေပါသည်။ ကမ္ဘာပေါ်တွင် အလျစ်လျူရှုခံရဆုံး ပဋိပက္ခများထဲမှ တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ပဋိပက္ခအတွင်း မသန်စွမ်းသူများသည် ခံနိုင်ရည်ရှိမှုနှင့် ခေါင်းဆောင်မှု ကို ဆက်လက်ပြသနေပါသည်။ မသန်စွမ်းသူများသည် နိုင်ငံပြန်လည်တည်ဆောက်ရေးတွင် အပြည့်အဝ ပါဝင်ခွင့်ထက် မနည်း ရရှိထိုက်ပါသည်။

https://www.idea.int/news/inclusion-amid-crisis-ensuring-rights-persons-disabilities-post-coup-myanmar

Inclusion Amid Crisis: Ensuring the Rights of Persons with Disabilities in Post-Coup Myanmar

The International Day of People with Disabilities highlights the urgent need to protect and empower persons with disabilities (PWD) in Myanmar in the wake of the 2021 military coup and the March 2025 earthquake. For many PWD, these crises have deepened existing inequalities, leaving PWD more vulnerable to violence, displacement, and exclusion from essential services.
Before the coup, PWD made up an estimated 12.8% of Myanmar’s population and already faced significant barriers to education, employment, and public participation. Since 2021, the situation has worsened. Military attacks and village burnings have endangered those with mobility, hearing, or intellectual impairments—many unable to flee or access emergency information. Reports document cases of ill-treatment because soldiers misinterpreted disabilities as refusal to comply.

Humanitarian access has become increasingly unequal. Assistive devices are scarce, health facilities have been destroyed, and families caring for PWD face growing financial hardship. The March 2025 earthquake further exposed gaps in emergency response, with hundreds of PWD left without rehabilitation, shelter, or medical aid. The number of PWD is expected to rise due to conflict-related injuries and landmine explosions.

Despite these challenges, Myanmar’s interim democratic institutions—including the National Unity Government (NUG) and the National Unity Consultative Council (NUCC)—have shown commitment to disability inclusion. NUG Ministries have partnered with disability organizations to expand rehabilitation services and accessible education.

These efforts reflect genuine political will, even amid insecurity and limited resources. However, much more is needed. Public communications often remain inaccessible to people with visual, hearing, or intellectual disabilities. Relief programs cannot effectively reach PWD without stronger coordination, funding, and inclusive practices. Interim institutions require sustained international support to keep disability inclusion central to Myanmar’s democratic transition.

International IDEA has been working with PWD, civil society, and interim institutions to ensure that persons with disabilities are active participants in shaping Myanmar’s future and can define strategies for their inclusion . Through accessible training, civic education materials, and capacity-building with PWD-led organizations, International IDEA promotes inclusive democratic reform.

“While some persons with disabilities have been able to access education, health, and some services during the revolutionary period, they have had little to no access to employment opportunities. If more job opportunities can be created for persons with disabilities, it will be invaluable for them, and no one will be left behind. This will lead to greater trust in the government and make the federal system more effective. We believe that "nothing about us without us" must not be forgotten” – Participant in IDEA webinar

International IDEA’s easy read resources in Burmese and English help PWD engage in community dialogues and political processes. These booklets use simple language, short sentences, and visuals to make democracy, transitional justice and inclusion themes in post-coup Myanmar more accessible.

Looking ahead, disability inclusion must be a foundational element of Myanmar’s federal democratic framework. Equal rights, non-discrimination, accessibility, and full political participation must be guaranteed at all levels. Involving PWD in drafting constitutional arrangements and establishing consultative mechanisms will be key to lasting change.

On this International Day, solidarity must translate into action. The international community needs to expand financial and humanitarian support for PWD and disability-focused civil society, strengthen engagement with inclusive institutions, and ensure emergency responses prioritize accessibility. Every step toward inclusive governance brings Myanmar closer to a future where PWD can live with dignity, safety, and opportunity. In one of the world’s most neglected conflicts, PWD continue to show resilience and leadership. They deserve nothing less than full inclusion in the rebuilding of their country.

https://www.idea.int/news/inclusion-amid-crisis-ensuring-rights-persons-disabilities-post-coup-myanmar



Image credit: Visualrebellion.org

Address

Sule Pagoda Road
Yangon
11131

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when MyConstitution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MyConstitution:

Shortcuts

Share