P2P - Donation Page for Myanmar People

P2P - Donation Page for Myanmar People ပြည်သူမှ ပြည်သူသို့ လှူဒါန်းရန် 𓆩♡𓆪 ꧁*。ပြည်သူမှ ပြည်သူသို့ *。゚꧂
(1)

P2Pဆိုတာတလရအစကတည်းက ခိုင်ခိုင်မာမာနဲ့ရပ်တည်လာခဲ့တာအခုထိပါအစပိုင်းကဘုံဘုံရယ်ဆရာဘို၀င်းရယ် သူရိန်ရဲသွေးရယ်ခင်နှင်းဆီရယ် ဂွ...
18/04/2026

P2Pဆိုတာတလရအစကတည်းက
ခိုင်ခိုင်မာမာနဲ့ရပ်တည်လာခဲ့တာ
အခုထိပါ
အစပိုင်းကဘုံဘုံရယ်ဆရာဘို၀င်းရယ် သူရိန်ရဲသွေးရယ်ခင်နှင်းဆီရယ် ဂွစာတို့၅ယောက်ပါ

အဲ့နောက်ဆရာဘို၀င်းနဲ့သူရိန်ရဲသွေးလိုင်းမရလို့
နားသွားတော့
ကျနော်ရောက်သွားပြီး
ခင်နှင်းဆီကစာရင်းကိုင်ပါ

အဲ့နောက်ဘုံဘုံက
လူလိမ်ဖော်ထုတ်ရေးဖက်
ရောက်သွားတော့
လန်းလန်းရယ်ကျနော်ရယ်ခင်နှင်းဆီရယ်ဂွစာရယ်ကျန်ပြီးဂွစာနဲ့လန်းလန်းကလဲလိုင်းမရလို့ပျောက်သွားတော့

ကျနော်နဲ့ခင်နှင်းဆီပဲကျန်
ကျနော်ကလဲလိုင်းမရတဲ့အချိန်ပျောက်ပြန်တော့
ခင်နှင်းဆီတယောက်ထဲ
မလျော့ဇွဲနဲ့မှန်မှန်ကန်ကန်လုပ်ခဲ့လို့
အခုထိP2Pရှိနေတာပါ

အဓိကပြောချင်တာကတော့ လူတွေသာပြောင်းသွားတာသူကတော့မပြောင်းလဲတဲ့အပြင်
တစ်ယောက်ထဲကျန်တာတောင်
ဇွဲမလျော့ပဲရပ်တည်ခဲ့လို့
P2Pအခုထိရှိနေတာပါ

နမ့်ဖတ်ကာစစ်ဖြစ်ချိန်လိုင်း၃လပျက်သွားတော့မန်ဘာစုတဲ့အစီအစဥ်ဖျက်လိုက်ရပြီးခင်နှင်းဆီလိုင်းရမှ
ပြန်စခဲ့ရတာပါ

မြေပြင်မှာအင်အားမပြည့်စုံကျောင်းမှာကျောင်းအုပ်တာ၀န်နဲ့
မူလယ်အတန်းစုံစာသင်ရင်းကိုယ်တိုင်ကလစ်ရင်း ထောက်ပို့ကိစ္စတွေ
တခုမှမလစ်ဟင်းအောင်
လုပ်ခဲ့တာ ခင်နှင်းဆီတစ်ယောက်ထဲပါ

အမေသေတာတောင်
အုပ်စုစုံညီကိုတာ၀န်ယူထားရလို့ဆိုပြီး
နာရေးချချိန်VCခေါ်တာတွေမသိအောင်ကို
တာ၀န်တွေကျေအောင်လုပ်နေတဲ့ငါ့သူငယ်ချင်း

​စစ်ရှောင်ရင်းခြေခေါက်လဲလည်း
ကလစ်အလုပ်တွေမနားခဲ့တဲ့
တလရကိစ္စတွေကိုတာ၀န်ကြီးလို
ဘ၀နှစ်ပြီးလုပ်ခဲ့တဲ့သူငယ်ချင်း

သူဟာဘက်စုံကြိုးစားရင်း
WOHဆေးရုံတစ်ရက်တာChallengeမှာWinnerရခဲ့တာဟာသူမရဲ့ကြိုးစားအားထုတ်မှု
ဇွဲသန်မှုတို့ကြောင့်ပါ

သူမဟာဆေးစက်ကျရာအရုပ်ထင်အောင်
ကြိုးစားသူဆိုတာ
အဲ့အချိန်ကတည်းက
ငါတို့သိခဲ့တာသူငယ်ချင်း

အဲ့နောက်နေရာတွေပြောင်း
တာ၀န်တွေပြောင်းလဲ
ဘယ်အလုပ်ကိုမှ
မလျော့ခဲ့တာကိုက
တလရကိစ္စမှန်သမျှကို
တာ၀န်ကြီးတစ်ခုလို
သူ့ဘ၀ကြီးကိုနစ်မြုပ်လုပ်ခဲ့တာ
ငါတို့အဖွဲ့တွေအသိဆုံးပါ

အခုနောက်ပိုင်း
မန်ဘာကတ်တွေ certiတွေကိုပါ
ကိုယ်တိုင်လုပ်နေတာမို့
သူ့ရဲ့အားထုတ်နိုင်စွမ်းကို
လိုက်လို့ကိုမမီနိုင်အောင်ပါ

ဒီနှစ်လဲစစ်ရှောင်ရင်း
တနေကုန်လိုင်းမရတဲ့နေရာမို့လို့
နေ့ခင်းတနေကုန်လုပ်အားပေးစာသင်ပေးရင်း ညဆိုတညလုံးမအိပ်နေ
Certiများလုပ်ရင်း
၁၀လပိုင်ကတည်းက
မျက်စိစဖြစ်တော့တာ

စဖြစ်ကတည်းကဓါတ်ပုံရိုက်ပြတဲ့သူ့မျက်လုံးပုံကိုကြည့်ပြီး
နင်အိမ်ပြန်တော့
ဖုန်းမသုံးနဲ့တော့လို့အတန်တန်တားတဲ့ကြားက
လစာမရအိမ်ငှားနေလို့
ကြပ်တည်းအဆင်မပြေတဲ့ကြားက
ဇွတ်ပေတေနေခဲ့လို့
အခုလိုမျက်လုံးက
ပိုဆိုးလာခဲ့တာ

အဲ့နောက်အိမ်ရှင်က
စျေးဆိုင်ဖွင့်မှာမို့ဖယ်ခိုင်း
တောင်ကြီးပြန်ငွေကုန်လာခဲ့ပြီး
တည်းတဲ့ကျောင်းက
အဖွဲ့အစည်းခြင်းမတူလို့
တည်းခိုတာကိုပဲလက်မခံတော့မှ
သူပြန်တော့တာ

သူဒုက္ခတွေရောက်နေတော့
မမြင်ကြပဲ
သူပြန်မှစွတ်စွဲသတဲ့လားဟာ

နင့်စိတ် နင့်လုပ်ရပ်တွေကို
ငါတို့သိထားတာမို့
နင်မထိုးဘူးဆိုတာယုံတယ်
နင့်လောက်မလုပ်န်ိင်သူတွေက
နင့်ကိုစွတ်စွဲတာများ
ဖြေရှင်းမနေနဲ့
နင့်လိပ်ပြာနင်လုံတယ်မို့လား ဆက်လျှောက်သူငယ်ချင်း

နင်လုပ်နေတာဟာ
နင့်ကိုယ်ကျိုးအတွက်
မဟုတ်တာမို့
နင့်လုပ်ရပ်ဟာ
ရိုးသားဖြောင့်မတ်မှန်ကန်တာမို့
ဆက်လျှောက်သူငယ်ချင်း
ရဟန်း၀တ်နေတဲ့ငါ့က်ု
အပူမပေးချင်လို့ဆိုပြီး
အခုထွက်မှသိရလို့
ငါအားပေးနောက်ကျသွားတယ်ဟာ

ငါယုံတယ်
အတိုက်အခိုက်ပေါင်းစုံခဏခဏကြုံနေကျမို့
အခုလဲနင်အေးဆေးကျော်ဖြတ်နိုင်မှာပါ

နင်က ကလစ်ကာတွေရဲ့လမ်းပြကြယ်
တောင်တန်းပေါ်က
ကလေးများရဲ့မီးအိမ်ရှင်ပဲ
သာမန်လူမှမဟုတ်တာ

နင့်ကိုနင်လုပ်သလို
မလုပ်နိုင်သူတွေကပြောတာ
ပြောပါစေ
ထင်တဲ့သူတွေက
မသိလို့ထင်တာထင်ကြပါစေ

နင့်လိပ်ပြာနင်လုံတယ်မ်ု့လား
အချိန်ကအဖြေပေးသွားလိမ့်မယ်
ဖြေရှင်းမနေနဲ့

နင်ကသူများတွေထက်
ပိုလုပ်သူမို့
ပိုအပြောခံရတာလေ
အဲ့ဒါထုံးစံဟ သဘာ၀

တလရမှာက ဆရာကြီးတွေများတာမို့
အမှိုက်တွေ
ခေါင်းထဲမထည့်နဲ့

နင့်ရဲ့ဒုက္ခတွေ
ငါတို့အသိဆုံးမို့
ငါတို့ပြန်ခိုင်းခဲ့တာ
ကန်းသွားလို့နင့်က်ုဘယ်သူကမှသူရဲကောင်းဘွဲ့မပေးဘူး နင်ပဲဒုက္ခရောက်မှာဆိုပြီးပြန်ခိုင်းခဲ့တာ

သူငယ်ချင်းရေ
တသက်တာကုလို့မရအောင်သူငယ်အိမ်ကပ်သွားပြီ ငါ့ညာဖက်မျက်လုံးမှေးသွားပြီဆိုပြီးနင်ဖုန်းဆက်ငိုတော့ငါစိတ်မကောင်းဘူးသူငယ်ချင်းရာ
နင့်ရဲ့စွန့်လွှတ်မှုအတွက်နင်ပြန်ရတာကCအဖြစ်ကထုတ်ပယ်သတဲ့လား
အာဏာရူးတွေလားဟာ
သေချာမစုံစမ်းပဲထုတ်တာ

အာဏာရှင်ကိုတော်လှန်ရင်းအာဏာရှင်တွေဖြစ်ကုန်ကြတာလား
ရင်နာစရာကောင်းတာဟာ

ငါ့သူငယ်ချင်းဟာလူ၃ယောက်စာလောက်လုပ်ခဲ့တာ
ရတဲ့လစာကလဲ
Cချင်းကူရင်း လှူရင်းကုန်ခဲ့တာ
မိသားစုအတွက်တကျပ်မှတာ၀န်မရှိ မယူခဲ့တာ
ငါတို့အသိဆုံးမို့
စ်တ်ဓာတ်မကျနဲ့သူငယ်ချင်း

အဖြူကအဖြူ
အမည်းကအမည်းမို့
အချိန်ကအဖြေ​ပေးမှာပါ

နေရာဆိုတာ
လုယူလို့ရတာမဟုတ်
လုပ်ပြမှသွသူရတာမို့
အေးဆေးသူငယ်ချင်း

နင့်သူငယ်ချင်း
Adm..Kyaw Ye Aung

14/02/2026

ဒီသီချင်းလေးတော့ နားထောင်ဖြစ်အောင်နားထောင်ကြည့်ကြပါအုန်းဗျာ💔

Minn Paing
For Revolution 🚩🚩🚩

တော်လှန်မွေးနေ့ပါမင်မင်ခင် နှင်းဆီ P2Pရဲ့ပဲ့ကိုင်ရှင်မင်မင်အစကနေ အခုထိမနားခဲ့တဲ့ မင်မင်တလရပြီးတဲ့အထိကျန်းကျန်းမာမာနဲ့ဘေး...
26/01/2026

တော်လှန်မွေးနေ့ပါ
မင်မင်
ခင် နှင်းဆီ

P2Pရဲ့ပဲ့ကိုင်ရှင်မင်မင်
အစကနေ အခုထိ
မနားခဲ့တဲ့ မင်မင်

တလရပြီးတဲ့အထိ
ကျန်းကျန်းမာမာနဲ့
ဘေးကင်းစွာ
ထာ၀ရအဆင်ပြေပါစေ

စိတ်၏ငြိမ်းချမ်းခြင်းကို
ရပါစေမင်မင်

31/05/2025

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

Sky Shwe မှ ၂လစာ ပါ၀င်ကူညီထောက်ပို့ထားပါတယ်။အစဉ်တစ်စိုက်ပါ၀င်ကူညီထောက်ပို့မှူ့အတွက် အလေးအနက်ကျေးဇူးတင်ဂုဏ်ပြု လိုက်ပါတယ်...
29/04/2025

Sky Shwe မှ ၂လစာ ပါ၀င်ကူညီထောက်ပို့ထားပါတယ်။အစဉ်တစ်စိုက်ပါ၀င်ကူညီထောက်ပို့မှူ့အတွက် အလေးအနက်ကျေးဇူးတင်ဂုဏ်ပြု လိုက်ပါတယ် ခင်ဗျာ🫡

P2P လစဉ်မန်ဘာ၀င်များရဲ့အလှူငွေစာရင်းပါApril.. 101000May...110000June..96000July.. 157500August.. 243500September.. 22650...
05/03/2025

P2P လစဉ်မန်ဘာ၀င်များရဲ့အလှူငွေစာရင်းပါ

April.. 101000
May...110000
June..96000
July.. 157500
August.. 243500
September.. 226500
October.. 264000
November..269000
December..294000(60000)354000
January..349000
February..376000

ရငွေပေါင်း..2546500
လှူပြီး.. 2650000
စိုက်ထားငွေ...104000

၉ဖွဲ့လှူပြီး
(500000/300000/
350000/100000/500000/
300000/200000/200000/200000)

လှူပြီးအဖွဲ့များကို
အစဉ်လိုက်ပြထားပါတယ်

02/03/2025

ထရမ့်နဲ့ဇီလင်စကီး အကြီးအကျယ်စကားများ။တော်တော် မိုက်ရိုင်း အနိုင်ကျင့်ချင်တဲ့ ထရမ့်😤
Credit ဗိုလ်ချုပ်ဇော်မင်းထွန်း😂

01/03/2025

အရေးတော်ပုံ အောင်မြင်‌ စေချင်‌ရင် နာမည်မှာ'အောင်' ပါတဲ့သူကို အာဘွား 3ခါပေးပါ🥴🥴

အစဉ်အမြဲ ထာ၀ရ ချစ်ခင်လေးစားလျှက်🫡🫡
13/02/2025

အစဉ်အမြဲ ထာ၀ရ ချစ်ခင်လေးစားလျှက်🫡🫡

P2P သို့  1,2 လပိုင်း(Jan,Feb)လစဉ် ပါ၀င် ထောက်ပို့စာရင်း နဲ့ P2P မှတစ်ဆင့် လစဉ် မှ နှစ်ချီတဲ့အထိ ပါ၀င်ကူညီထောက်ပို့ပေး န...
05/02/2025

P2P သို့ 1,2 လပိုင်း(Jan,Feb)လစဉ် ပါ၀င် ထောက်ပို့စာရင်း နဲ့ P2P မှတစ်ဆင့် လစဉ် မှ နှစ်ချီတဲ့အထိ ပါ၀င်ကူညီထောက်ပို့ပေး နေကြတဲ့ လူကြီးမင်းတို့ အတွက် အလေးအနက်ကျေးဇူးတင်ဂုဏ်ယူမိကြောင်းလဲ ပြောကြားလိုပါတယ်🫡

Unhappy Birthday ပါဗျာ။အာဏာသိမ်း 4နှစ်ပြည့် ကျတော့်မွေးနေ့မှစကျတော်အပါအ၀င် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး မတရားအနိုင်...
01/02/2025

Unhappy Birthday ပါဗျာ။အာဏာသိမ်း 4နှစ်ပြည့် ကျတော့်မွေးနေ့မှစကျတော်အပါအ၀င် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး မတရားအနိုင်ကျင့် ညှင်းပန်းနှိပ်စက်မှူ့အမျိုးမျိုး ကနေ အမြန်ဆုံးလွတ်မြောက်အေးချမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။

Happy Birthday 🎈🎈 ဒီနေ့ကတော့ ကျတော်တို့ P2Pရဲ့ အက်မင်တစ်ဉီးဖြစ်တဲ့ ဉက္ကဌဆရာမ ခင်နှင်းဆီရဲ့မွေးနေ့ဖြစ်ပါတယ်။အားလုံးမွေးနေ...
27/01/2025

Happy Birthday 🎈🎈
ဒီနေ့ကတော့ ကျတော်တို့ P2Pရဲ့ အက်မင်တစ်ဉီးဖြစ်တဲ့ ဉက္ကဌဆရာမ ခင်နှင်းဆီရဲ့မွေးနေ့ဖြစ်ပါတယ်။အားလုံးမွေးနေ့ဆုတောင်းလေးနဲ့ ဆုတောင်းပေးကြပါအုန်းနော်။
တော်လှန်သောမွေးနေ့ပါ @ခင် နှင်းဆီ ရေ။တနှစ်ပီး တနှစ် ပြောင်းလဲ သွားတဲ့တော်လှန်အရွေ့ခရီးမှာ တော်လှန်ရေးအစကနေ ယနေ့အထိ မယိုင်မလဲတဲ့စိတ်ဓာတ်နဲ့ မတရားမှူ့ကို ငုံမခံတွန်းကန်တော်လှန်နေဆဲဖြစ်တဲ့ သူငယ်ချင်း အတွက် ယနေ့ကျရောက်တဲ့မွေးနေ့မှစ နောက်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်တိုင်းပြည်အကျိုး အများအကျိုး ရွက်သယ်ပိုးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ သူငယ်ချင်းနဲ့အတူ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးလိုလားတောင့်တတဲ့ အာဏာရှင်စနစ်အမြန်ဆုံးချုပ်ငြိမ်းပျောက်ကွယ်ပီး ဒီမိုကရေစီနိုင်ငံတော်သစ်ပေါ်ထွန်းလာ‌စေဖို့ အလေးအနက်ဆန္ဒပြုဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Address

Yangon

Alerts

Be the first to know and let us send you an email when P2P - Donation Page for Myanmar People posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share