We Care, We Share

We Care, We Share Serving our community through various initiatives & programs. Join us in making a difference!

💧ကလေးငယ်တွေစာကောင်းကောင်းသင်နိုင်ဖို့၊ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေကောင်းရေသန့်ရရှိဖို့လည်းလိုပါတယ်💧ကျောင်းနေအရွယ်ကလေးများ သ...
30/07/2026

💧ကလေးငယ်တွေစာကောင်းကောင်းသင်နိုင်ဖို့၊ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရေကောင်းရေသန့်ရရှိဖို့လည်းလိုပါတယ်💧

ကျောင်းနေအရွယ်ကလေးများ သန့်ရှင်းစိတ်ချရသော သောက်သုံးရေ ရရှိဖို့ဆိုတာ အခုလို အရာရာခက်ခဲနေတဲ့အချိန်မှာ - တစ်ရက်ကိုရေသန့်ဗူးကြီး (၁၅) ဗူး - ဗူး (၂၀) လောက်ဖိုးကလည်း ချို့တဲ့တဲ့ကျောင်းတွေအတွက်မလွယ်လှပါဘူး။

ဒါကြောင့် ကျွန်ုပ်တို့ HAGL မြန်မာအဖွဲ့သားတွေဟာ “We Care, We Share by HAGL Myanmar" အစီအစဉ်မှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ အစိုးရမူလတန်းလွန်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် သီလရှင်စာသင်တိုက် စတဲ့ ကျောင်း (၄)ကျောင်းသို့ သွားရောက်ပြီး ကျောင်းသား/သူများ၏ ပညာရေးကို အထောက်အကူပြုရန်နှင့် သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန်အတွက်သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

အခုလှူဒါန်းမှုမှတစ်ဆင့် ကလေးငယ်များ နေ့စဉ် သန့်ရှင်းသောသောက်သုံးရေ ရရှိစေမယ့်အပြင် ကျောင်းများရဲ့ နေ့စဉ် ကုန်ကျစရိတ်ကိုလည်း တစ်ဖက်တစ်လမ်းမှ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

လှူဒါန်းထောက်ပံ့ဖြစ်ခဲ့တာတွေကတော့ -
📍 "ချမ်းသာအောင်" သီလရှင်စာသင်တိုက်အတွက်
✅ကလေးငယ်များ သန့်ရှင်းသောသောက်သုံးရေ ရရှိစေရန် ရေသန့်စက်(၁)လုံး
✅စာသင်ကြားရေးကို အထောက်အကူပြုနိုင်ရန် စာရေးသင်ပုန်း ကြီး(Whiteboard) များ
📍 "အေးရိပ်သာ" ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အတွက်
✅သန့်ရှင်းသော သောက်သုံးရေရရှိစေရန် ရေသန့်စက်
✅မီးပျက်ချိန်တွင် စာသင်ကြားမှု မပြတ်တောက်စေရန် ဆိုလာစနစ်နှင့် မီးလုံးများ
✅အေးအေးလူလူစာသင်ကြားနိုင်ရန် နံရံကပ်ပန်ကာနှင့် /AC-DC လျှပ်စစ်ပန်ကာများ
📍 အမှတ် (၂၆) အခြေခံပညာမူလတန်းလွန် (ကျောင်းခွဲ)
✅ကလေးငယ်များ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန် ပျက်စီးနေသည့် RO ရေသန့်စက်အား ပြန်လည်ပြင်ဆင် တပ်ဆင်ပေးခဲ့ခြင်း။
✅ပျက်စီးနေသောစာသင်ပုန်း (Whiteboard) ကြီးများနေရာတွင် အသစ်များ အစားထိုးလဲလှယ်ပေးခြင်း
📍 အမှတ် (၁၀) အခြေခံပညာမူလတန်းလွန်ကျောင်း
✅သန့်ရှင်းသော သောက်သုံးရေ ရရှိစေရန် ရေသန့်စက်ကို အဓိကထားလှုဒါန်းဖြစ်ခဲ့ပါတယ်

🍞 ဒါ့အပြင် HAGL Myanmar ဝန်ထမ်းများ စုပေါင်း၍ ကျောင်းသား/သူ ကလေးငယ်များအားလုံးအတွက် ပေါင်မုန့် အလုံး ၁,၀၀၀ ကိုလည်း ကိုယ်တိုင်ကိုယ်ကျ ဝေငှလှူဒါန်းခဲ့ကြပါသေးတယ်။

ယခုလို အလှုဒါနဖြစ်မြောက်ရေးအတွက် စိတ်ရောကိုယ်ပါ တက်ကြွစွာ ပါဝင်ကူညီပေးခဲ့ကြသော We Care We Share by HAGL Myanmar မိသားစုဝင်များအားလုံးရဲ့ ရက်ရောမှု၊ အသင်းအဖွဲ့စိတ်ဓာတ်နဲ့ စိတ်အားထက်သန်မှုတို့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်။

🎗️နုငယ်တဲ့ကလေးငယ်တိုင်းအတွက် ပံ့ပိုးမှုလက်အစုံများစွာလိုအပ်ပါတယ် 🎗️

💧 Clean Water, Better Learning 💧

For children to thrive in school, access to clean drinking water isn't just important—it's essential.

Yet for under-resourced schools, providing safe drinking water is a constant challenge. Buying 15-to-20-litre water bottles daily creates a heavy financial burden that many simply cannot sustain.

To help lighten this load, our team stepped in through the "We Care, We Share by HAGL Myanmar" program. On July 28, we visited four schools across East Dagon Township, in Yangon Region —including government primary schools, a monastic school, and a nunnery education center—to improve facilities and ensure students have daily access to clean water.

By setting up sustainable water solutions, we’re not only protecting student health, but also helping these schools save on daily operational costs.

Here’s how we helped:
📍 Chan Thar Aung Nunnery Education Center
✅ Installed a water purification unit for daily safe drinking water
✅ Donated large whiteboards to replace worn-out classroom equipment
📍 Aye Yeik Thar Monastic Education School
✅ Installed a water purification unit
✅ Provided Solar lights for uninterrupted learning during blackouts
✅ Provided wall-mounted and AC/DC rechargeable fans to keep study spaces comfortable
📍 No. (26) Basic Education Post-Primary Branch School
✅ Fixed and reinstalled a damaged RO water purifier
✅ Replaced broken whiteboards with brand-new ones
📍 No. (10) Basic Education Post- Primary School
✅ Provided water purification machines for reliable daily water access

🍞 Our HAGL Myanmar team members also pooled together their own support to hand out 1,000 loaves of fresh bread to all the children!

A heartfelt thank you to everyone in our "We Care, We Share" family. Your energy, teamwork, and generosity made a real difference for these young learners.

🎗️ Every child deserves a helping hand to reach their potential. 🎗️

ကျောင်းနေအရွယ်ကလေးများ ကောင်းမွန်စွာပညာသင်ကြားနိုင်ရေးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိမှုဟာလည်း အင်မတန်မှအရေးကြီးလှပါတယ...
02/07/2026

ကျောင်းနေအရွယ်ကလေးများ ကောင်းမွန်စွာပညာသင်ကြားနိုင်ရေးအတွက် သန့်ရှင်းသောသောက်သုံးရေရရှိမှုဟာလည်း အင်မတန်မှအရေးကြီးလှပါတယ် ။ အထူးသဖြင့်နွမ်းပါးတဲ့မိသားစုက ကလေးငယ်တွေ တက်ရောက်နေရတဲ့စိုးရကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေက ကလေးငယ်တွေအတွက် နေ့စဥ်ရေသန့်ဘူးဝယ်သောက်ဖို့ဆိုတာကလည်း ခုလိုကာလမှာခက်ခဲလှပါတယ်။

ဒါကြောင့် “We Care, We Share” by HAGL Myanmar အနေနဲ့ ယခုနှစ်မိုးကာလအတွင်း ကလေးငယ်တွေရေကောင်းရေသန့်ရရှိရေးနဲ့ ရေမှတဆင့်ကူးစက်တက်တဲ့ရောဂါတွေကို ကာကွယ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အရှေ့ဒဂုံမြို့နယ်အတွင်းမှာရှိတဲ့ အစိုးရမူလတန်းလွန်ကျောင်းလေးတွေနဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ တက်ရောက်ပညာသင်ယူနေကြတဲ့ ကလေးငယ်ပေါင်းထောင်ချီအတွက် ရေသန့်စက်များတပ်ဆင်လှုဒါန်းသွားဖို့ ယခုလဇူလိုင်လအတွင်းပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

Clean drinking water is essential for ensuring that school-aged children can pursue their education in a healthy environment. However, for underprivileged students attending government and monastic schools, purchasing bottled water daily has become increasingly difficult under current circumstances.

In response, HAGL Myanmar’s “We Care, We Share” initiative will be installing water purification systems this July. This project aims to provide safe drinking water and prevent waterborne diseases during the monsoon season, benefiting thousands of children attending government and monastic schools in East Dagon Township, Yangon Region.

16/06/2026

🩸 သွေးအလှူဆိုတာ လူသားတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ဖို့အတွက် အလွန်မွန်မြတ်တဲ့ ကရုဏာတရားတစ်ခုဆိုရင် မမှားပါဘူး။

“We Care,We Share” by HAGL Myanmar မှ ဇွန်လ၁၄ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် - စုပေါင်းသွေးလှူဒါန်းပွဲကို *Meliá Yangon* ပထမထပ်ရှိ Inya Ballroom ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အမျိုးသားသွေးဌာန (National Blood Centre) နှင့်ချိတ်ဆက်ကာ အရေးပေါ်သွေးလိုအပ်နေသော နေရာများသို့ ကူညီထောက်ပံ့ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပသော ယခုပွဲတွင် ဝန်ထမ်းများနှင့် အလှူရှင်များ စုစုပေါင်း (၃၀၀) ဦးတို့က စိတ်အားထက်သန်စွာဖြင့် ပါဝင်လှူဒါန်းခဲ့ကြပြီး၊ သွေးလှူရှင်များနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရဒါနများကို “We Care We Share”မေတ္တာဖြင့် ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ယခုပွဲတွင် ပါဝင်လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်တစ်ဦးချင်းစီ၏ မွန်မြတ်လှသောအလှူအတွက် “We Care, We Share” နှင့် Meliá Yangon တို့မှ အထူးပင်ကျေးဇူးတင်ရှိပြီး (၄) လတစ်ကြိမ် ပုံမှန်သွေးလှူဒါန်းသည့် အလေ့အကျင့်ကောင်းများကိုလည်း ဆက်လက်ထိန်းသိမ်းသွားကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အကြောင်းအမျိုးမျိုးကြောင့် မပါဝင်ဖြစ်သူများအနေနှင့်လည်း (အမျိုးသားသွေးဌာန) National Blood Centre - https://www.donatebloodmyanmar.org/ တွင် ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းနိုင်ဖို့ကိုလည်း မျှဝေ ပေးလိုက်ရပါတယ်

🩸 Donating blood can truly offer a life-saving gift to someone's life.

To mark World Blood Donor Day on June 14th, 'We Care, We Share ‘by HAGL Myanmar successfully hosted a collective blood donation drive at Meliá Yangon’s first-floor Inya Ballroom.

With the support of the National Blood Centre, the event brought together 300 dedicated staff members and generous donors to provide critical assistance during urgent blood shortages. Melia Yangon and “We Care, We Share” also provided nutritious refreshments to all donors and healthcare workers to show their gratitude.

“We Care, We Share” and Meliá Yangon thank every donor for their generous contribution. Please encourage others to donate blood every four months.

Those who couldn’t join the event for any reason are encouraged to visit the National Blood Centre - https://www.donatebloodmyanmar.org/ to make a donation at their place.

💙 စေတနာရှင်ကုသိုလ်ဖြစ်ဆေးခန်းကိုအားကိုးနေရတဲ့ ဘိုးဘွားတွေအတွက် “We Care, We Share “ရဲ့ အာဟာရဒါနအလှူ 💙ကျန်းမာရေးချို့တဲ့တ...
13/06/2026

💙 စေတနာရှင်ကုသိုလ်ဖြစ်ဆေးခန်းကိုအားကိုးနေရတဲ့ ဘိုးဘွားတွေအတွက် “We Care, We Share “ရဲ့ အာဟာရဒါနအလှူ 💙

ကျန်းမာရေးချို့တဲ့တဲ့အပြင် စားဝတ်နေရေးအတွက်ပါ ရုန်းကန်နေရတဲ့ အခြေခံမိသားစုတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ဆေးဝါးကုသမှုအပြင် နေ့စဉ်စားသောက်မှုမှာ အာဟာရပြည့်ဝဖို့ကလည်း အလွန်အရေးကြီးလှပါတယ်။

ဒါကြောင့်မို့လို့ လွန်ခဲ့တဲ့ ၄ လခန့်က ကျွန်မတို့ သွားရောက်လှူဒါန်းခဲ့ဖူးတဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းက “စေတနာရှင်ကုသိုလ်ဖြစ်ဆေးခန်း” လေးဆီကို ယခုဇွန်လအတွင်းမှာ HAGL Myanmar ရဲ့ “We Care, We Share” အဖွဲ့သားတွေ ဒုတိယအကြိမ်အဖြစ် ထပ်မံရောက်ရှိခဲ့ကြပြန်ပါပြီ။ အသက်ရှင်သန်ရေးအတွက် ဆေးဝါးတွေအပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကိုယ်ခံအားနဲ့ အာဟာရဓာတ်တွေ ဖြည့်တင်းပေးနိုင်ဖို့အတွက် ဆေးခန်းပြသနေတဲ့ အခြေခံမိသားစုတွေနဲ့ အဘိုးအဘွား အယောက် (၅၀) အတွက် ပဲနို့နဲ့ ကြက်ဥ အာဟာရဒါနများကို စေတနာအပြည့်နဲ့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်မျှဝေလှူဒါန်းခဲ့ကြပါတယ်။

ကျန်းမာကြံ့ခိုင်တဲ့ လူမှုအသိုက်အဝန်းတစ်ခု ဖြစ်လာဖို့ဆိုတာ အခြေခံအကျဆုံးဖြစ်တဲ့ ကျန်းမာရေးနဲ့ အာဟာရပြည့်ဝမှုကနေ စတင်တာ ဖြစ်ပါတယ်။ မိဘဘိုးဘွားတွေရဲ့ အပြုံးတွေကို မြင်တွေ့ရတာဟာ ကျွန်မတို့ We Care, We Share အဖွဲ့သားတွေအတွက်တော့ အတိုင်းမသိ ကြည်နူးပီတိဖြစ်ရတဲ့ နေ့ရက်တစ်ရက်ပါပဲ။

“စေတနာရှင်ကုသိုလ်ဖြစ်ဆေးခန်း” ဟာ စားဝတ်နေရေးမပြေလည်တဲ့မိသားစုတွေနဲ့ မိဘဘိုးဘွားတွေကို အပတ်စဉ် ကြာသပတေးနေ့တိုင်း အခမဲ့ဆေးဝါးကုသပေးလျှက်ရှိတဲ့ပရဟိတဆေးခန်းတစ်ခုဖြစ်ပါတယ်။

“စေတနာရှင် ပရဟိတဆေးခန်း” လေးသို့ ဆက်သွယ်လှူဒါန်းလိုပါက -

စေတနာရှင်ပရဟိတအသင်း - ရန်ကုန်
မှတ်ပုံတင်အမှတ် (၂/ပြည်တွင်း/ဝ၀၆၁)
စေတနာရှင်ကုသိုလ်ဖြစ်ဆေးခန်း
ပင်းယလမ်းမကြီး၊ အမက ၁၀ ကျောင်းရှေ့ ၆ ရပ်ကွက်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်
ကိုဖြိုး - ၀၉၄၂၂၇၄၄၄၄၇

''ပြည်သူ့ကျန်းမာရေးအတွက် အတူတကွအလေးထားဆောင်ရွက်ကြပါစို့''

“We Care, We Share ၏ ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပပြီးစီး”ဇွန်လ (၁၄) ရက်နေ့မှာကျရောက...
03/06/2026

“We Care, We Share ၏ ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပပြီးစီး”

ဇွန်လ (၁၄) ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့သွေးလှူရှင်များနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ "We Care, We Share” by HAGL Myanmar နှင့် Meliá Yangon ဟိုတယ်တို့ပူးပေါင်း၍ ကုသိုလ်ပြု ကျင်းပတဲ့ စုပေါင်းသွေးလှူဒါန်းပွဲကို ဇွန်လ (၃) ရက်နေ့တွင် Melia ဟိုတယ် ပထမထပ်မှာရှိတဲ့ Inya Ballroom မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ✨

ယခင်နှစ်များနည်းတူ ယခုနှစ်မှာလည်း “စေတနာရှေ့ထားအသက်ကယ်ဖို့ သွေးလှူဒါန်းကြစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပါဝင်လှုဒါန်းရန်ဖိတ်ခေါ်ခဲ့ရာ ဝန်ထမ်းများနဲ့ အလှူရှင်များအားလုံးစုစုပေါင်း (၃၀၀) ဦးတို့က စိတ်အားထက်သန်စွာဖြင့် လှုဒါန်းခဲ့ကြပါတယ်။ 🩸

ယနေ့စုပေါင်း သွေးလှူဒါန်းပွဲကို အမျိုးသားသွေးဌာနနှင့်ချိတ်ဆက်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အရေးပေါ်သွေးလိုအပ်နေသောနေရာများသို့ ကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ပါတယ်။ Meliá Yangon ဟိုတယ်မှ သွေးလှူရှင်များ နှင့်ကျန်းမာရေးဝန်ထမ်းများအတွက် အာဟာရဒါနနှင့် We Care, We Share မှဖြည့်စွက်စာများကို မေတ္တာဖြင့် ပြန်လည်ပေးအပ်ခဲ့ပါတယ်။ 🥛🍳

ယခုပွဲကနေ ရန်ကုန်အမျိုးသားသွေးဌာနရဲ့ အရေးပေါ်သွေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ရုံသာမက၊ (၄) လတစ်ကြိမ် ပုံမှန်သွေးလှူဒါန်းတတ်တဲ့ အလေ့အထကောင်းကိုကျင့်သုံးဖို့ရန်အတွက်လည်း တွန်းအားတစ်ခုဖြစ်စေခဲ့ပါတယ်။

ပြည်သူလူထုရဲ့ ကျန်းမာရေးအခန်းကဏ္ဍ ပိုမိုခိုင်မာလာစေဖို့အတွက် မိမိတို့ရဲ့ အဖိုးတန်သွေးကို လှူဒါန်းပေးခဲ့ကြတဲ့ အလှူရှင်တစ်ဦးချင်းစီရဲ့ မွန်မြတ်လှတဲ့အလှူအတွက် We Care, We Share နဲ့ Meliá Yangon တို့မှ အထူးမှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါတယ်။ 💖

“We Care, We Share” Marks World Blood Donor Day with Successful Mass Blood Donation Drive

In honor of World Blood Donor Day on June 14th, a collaborative charity blood donation drive organized by “We Care, We Share” by HAGL Myanmar and Meliá Yangon was successfully held on June 3rd at the Inya Ballroom, located on the first floor of the Meliá Yangon hotel. ✨

Continuing the tradition of previous years, this year's event invited participants to join under the noble theme of “Normalizing Voluntary Blood Donation.” Driven by a shared enthusiasm to save lives, a total of 300 individuals, including dedicated staff members and generous donors, stepped forward to donate. 🩸

Organized in partnership with the National Blood Center, the drive aimed to provide critical support to areas facing urgent blood shortages. To show gratitude, Meliá Yangon provided nutritious refreshments, while “We Care, We Share” distributed nourishment to all the blood donors and healthcare workers present. 🥛🍳

This event not only helped meet the National Blood Center's emergency blood requirements in Yangon but also served as a powerful inspiration for people to adopt the healthy habit of donating blood every 4 months.

We Care, We Share, and Meliá Yangon would like to thank every single donor. Your noble contribution of life-saving blood plays a vital role in strengthening the healthcare of our community. 💖

🩸စေတနာရှေ့ထား အသက်ကယ်ဖို့ သွေးလှူဒါန်းကြစို့ 🩸နေ့စဉ်နှင့်အမျှ နာမကျန်းတဲ့လူပေါင်းများစွာဟာ အရေးပေါ်အခြေအနေတွေနဲ့ ခွဲစိတ်...
16/05/2026

🩸စေတနာရှေ့ထား အသက်ကယ်ဖို့ သွေးလှူဒါန်းကြစို့ 🩸
နေ့စဉ်နှင့်အမျှ နာမကျန်းတဲ့လူပေါင်းများစွာဟာ အရေးပေါ်အခြေအနေတွေနဲ့ ခွဲစိတ်ကုသမှုတွေအတွက် အလှူရှင်တွေရဲ့ သွေးကို အားကိုးနေကြရပါတယ်။

သင်သိပါသလား?
ကျန်းမာသန်စွမ်းသူတစ်ဦးဟာ (၄) လ တစ်ကြိမ် ပုံမှန်သွေးလှူဒါန်းနိုင်ပါတယ်။ ဒီလို ပုံမှန်လှူဒါန်းခြင်းဟာ အရေးပေါ် သွေးလိုအပ်နေတဲ့ လူနာတွေအတွက် အချိန်မရွေး သွေးအဆင်သင့်ရှိနေစေဖို့ အလွန်ကူညီရာရောက်ပါတယ်။

ဒီလို ပုံမှန်သွေးလှူခြင်းအလေ့အထကို ဖော်ဆောင်ဖို့အတွက် We Care, We Share နဲ့ Meliá Yangon တို့မှ အမျိုးသားသွေးဌာန နဲ့အတူပူးပေါင်းပြီး ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့မှာကျရောက်မယ့် ကမ္ဘာ့သွေးလှူရှင်များနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပပြုလုပ်မယ့် "စေတနာ သွေးလှူဒါန်းပွဲ" သို့ လာရောက်ပါဝင်ဖို့ လူကြီးမင်းတို့ကို နွေးထွေးစွာ ဖိတ်ကြားအပ်ပါတယ်။

📍 နေရာ - Inya Ballroom၊ | Meliá Yangon
📅 နေ့ရက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ (၃) ရက်
⏰ သွေးလှူဒါန်းနိုင်မည့် အချိန်များ -

နံနက် ၉:၀၀ နာရီ မှ မွန်းတည့် ၁၂:၀၀ နာရီအထိနေ့လယ် ၁:၀၀ နာရီ မှ ၂:၃၀ နာရီအထိ

📝 စာရင်းပေးသွင်းလိုသူများအနေနဲ့ မေလ (၂၃) ရက်နေ့၊ နေ့လယ် (၁၂) နာရီထက် နောက်မကျစေပဲ အောက်ပါလင့်ခ်မှ တစ်ဆင့်စာရင်းပေးသွင်း နိုင်ပါတယ်။
🔗 စာရင်းပေးသွင်းရန် - https://bit.ly/4uqD9zu

🥪 သွေးလှူရှင်များအတွက် We Care, We Share နှင့် Melia Yangon ဟိုတယ်တို့မှ လိုအပ်သော ဖြည့်စွက် အစားအစာနှင့် မေတ္တာလက်ဆောင်များ ပေးအပ်ပေးသွားမှာ ဖြစ်ပါတယ်။

🩸လူကြီးမင်းရဲ့ ပုံမှန်သွေးလှူဒါန်းမှုက လူပေါင်းများစွာရဲ့ အသက်ကို ကယ်တင်နိုင်တဲ့အပြင် မိသားစုများစွာအတွက်လည်း မျှော်လင့်ချက်ရောင်ခြည်တွေ ပေးစွမ်းနိုင်ပါတယ်။

❤️ အခုလိုမွန်မြတ်လှတဲ့ လှုပ်ရှားမှုမှာ ပါဝင်ဆင်နွှဲပြီး ပုံမှန်သွေးလှူဒါန်းတတ်တဲ့ အလေ့အထတစ်ခုကို သွေးလှူဒါန်းဖို့စာရင်းပေးသွင်းရင်း ဝိုင်းဝန်းလုပ်ဆောင်ကြရအောင်။

--------------------------------------
🩸 Give Freely, Give Often 🩸
Every day, many patients rely on donated blood for emergencies, surgeries, and medical treatments. Yet, many people only think about blood donation when someone they know is in need.

Did you know?
A healthy person can donate blood once every 4 months. Regular voluntary blood donation helps ensure that blood is always available for patients who urgently need it.

In celebration of World Blood Donor Day 2026, We Care, We Share and Meliá Yangon, in collaboration with the National Blood Center Myanmar, warmly invites you to join our Voluntary Blood Donation Event under the theme:
✨ Normalizing Voluntary Blood Donation ✨
📍 Venue: Inya Ballroom |Meliá Yangon
📅 Date: June 3rd, 2026
⏰ Donation Sessions:
• 9:00 AM – 12:00 PM
• 1:00 PM – 2:30 PM
📝 If you would like to join, please register via the link below not later than 12:00 PM on May 23.
🔗 Register here: - https://bit.ly/4uqD9zu

🥪 We Care, We Share and Melia Yangon Hotel will be offering light refreshments and thoughtful gifts to all donors.
🩸Your regular donation may save multiple lives, and your simple action can bring hope to many families.
❤️ Be a part of this meaningful movement and help us encourage a culture of regular voluntary blood donation.

11/02/2026

💜 အသိသတိရှိခြင်းက အသက်ကို ကယ်တင်နိုင်ပါတယ် 💜
အခုကျရောက်တဲ့ ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့မှာ 'We Care, We Share' အဖွဲ့အနေနဲ့ ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်း ရဲ့ မွန်မြတ်တဲ့ လုပ်ငန်းစဉ်တွေမှာ တတပ်တအား ပါဝင်ကူညီခဲ့ပါတယ်။ ဒီဖောင်ဒေးရှင်းဟာ အဆင့် (၄) ကင်ဆာဝေဒနာရှင်တွေ သူတို့ရဲ့ နောက်ဆုံးအချိန်ကို အေးချမ်းစွာနဲ့ ဝေဒနာသက်သာစွာ ဖြတ်သန်းနိုင်ဖို့အတွက် ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကင်ဆာရောဂါ ကာကွယ်ရေးနဲ့ ကူညီဖေးမရေးအတွက် အားလုံးအတူတကွ လက်တွဲပြီး အသိပညာပေးသွားကြရအောင်ပါ။

💜 Awareness saves lives 💜
This World Cancer Day, the 'We Care, We Share' team visited the U Hla Tun Hospice Cancer Foundation to support their vital mission. This foundation provides compassionate, end-of-life care for Stage 4 cancer patients, ensuring they spend their final days in peace and comfort. Let’s keep sharing, caring, and raising awareness together.

#ကင်ဆာရောဂါ

09/02/2026

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့ (World Cancer Day) တွင် HAGL Myanmar အနေဖြင့် ကင်ဆာဝေဒ...
04/02/2026

ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့ (World Cancer Day) တွင် HAGL Myanmar အနေဖြင့် ကင်ဆာဝေဒနာရှင်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့်အတူ တစ်သားတည်း ရှိနေပါကြောင်း ဖော်ပြအပ်ပါသည်။ ၂၀၂၅ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ သတ်မှတ်ထားသော"United by Unique" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ၊ လူနာတစ်ဦးချင်းစီ၏ မတူညီသော ဖြတ်သန်းမှုအတွေ့အကြုံများကို လေးစားတန်ဖိုးထားပြီး လူနာကို ဗဟိုပြုသည့် စောင့်ရှောက်မှုစနစ်ဖြစ်ပေါ်လာစေရန် ကျွန်ုပ်တို့ အနေဖြင့် တိုက်တွန်းအားပေးလျက်ရှိပါသည်။
ကျွန်ုပ်တို့၏ လူမှုအကျိုးပြုလုပ်ငန်းစဉ်များမှတစ်ဆင့် လူတိုင်း လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာဗဟုသုတများကို ရရှိနိုင်မည့် အနာဂတ်ကို ဖော်ဆောင်ပေးရန် ရည်မှန်းထားပါသည်။

မတူကွဲပြားခြားနားမှုများ အားလုံးပေါင်းစည်းပြီး၊ အတူတကွ လက်တွဲဆောင်ရွက်ခြင်းက ပိုမိုခိုင်မာသော အင်အားကို ဖြစ်စေပါသည်။



*Together We Are Stronger!*

On World Cancer Day, 4th February, HAGL Myanmar stands in solidarity with those affected by cancer. Following the 2025–2027 theme "United by Unique," we advocate for person-centered care that respects the unique journey of every patient.

Through our ongoing CSR initiatives in healthcare and community development, we aim to support a future where everyone has access to the care and awareness they deserve.

We are united by our differences, and stronger when we take action together.

# #

🎗️ကင်ဆာဝေဒနာရှင်များကိုဖေးမခဲ့တဲ့ We Care We Share ရဲ့ မေတ္တာခရီးစဉ်🎗️"ကင်ဆာ" ဆိုတဲ့ စကားလုံးဟာ ကြားလိုက်ရုံနဲ့တင် လူတို...
30/01/2026

🎗️ကင်ဆာဝေဒနာရှင်များကိုဖေးမခဲ့တဲ့ We Care We Share ရဲ့ မေတ္တာခရီးစဉ်🎗️

"ကင်ဆာ" ဆိုတဲ့ စကားလုံးဟာ ကြားလိုက်ရုံနဲ့တင် လူတိုင်းကို တုန်လှုပ်စေနိုင်ပါတယ်။ ကင်ဆာရောဂါဟာ ကုသစရိတ် အလွန်ကြီးမားသလို ဆင်းရဲနွမ်းပါးတဲ့ မိသားစုတွေအတွက်တော့ စီးပွားရေးအရ ချွတ်ခြုံကျစေပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ကြီးလေးတဲ့ ဒုက္ခတွေကို ခံစားပြီးမှ သေဆုံးကြရတာမျိုး ဖြစ်ကြရပါတယ်။

ရန်ကုန်မြို့ အရှေ့ဒဂုံမှာရှိနေတဲ့ ဦးလှထွန်း (မေတ္တာရိပ်မွန်) ကင်ဆာဖောင်ဒေးရှင်း - U Hla Tun Hospice (Cancer Foundation) ဆိုတာ ဘဝရဲ့ နောက်ဆုံးခရီးကို စောင့်ဆိုင်းနေကြတဲ့ ကင်ဆာဝေဒနာရှင်တွေရဲ့ ခိုနားရာတစ်ခုပါ။ ဆေးပညာအရ ကုသဖို့ နောက်ဆုံးအဆင့် ရောက်ရှိနေပြီဖြစ်တဲ့ အဆင့် (၄) ကင်ဆာဝေဒနာရှင်တွေကို သူတို့ရဲ့ နောက်ဆုံးအချိန်မှာ အေးချမ်းစွာ နားခိုနိုင်ဖို့နဲ့ ဝေဒနာသက်သာအောင် ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ ဖောင်ဒေးရှင်းဖြစ်ပါတယ်။

ဒါကြောင့် ယခုလဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ HAGL Myanmar ရဲ့ “We Care, We Share” အဖွဲ့ဟာ ဦးလှထွန်း ကင်ဆာဖောင်ဒေးရှင်းသို့ သွားရောက်ပြီး လှူဒါန်းမှုနဲ့ မေတ္တာမျှဝေမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ လှူဒါန်းမှုများအနေနဲ့ ဖောင်ဒေးရှင်းမှလိုအပ်သောနေရာတွင်အသုံးပြုရန် အလှူငွေကျပ် သိန်း (၃၀) နှင့် ဝေဒနာရှင်တစ်ဦးချင်းစီအတွက်
တစ်ဦးလျှင် (၁) သိန်းကျပ်စီ မေတ္တာငွေများ ပေးအပ်ခဲ့ပါတယ်။

ကင်ဆာရောဂါဟာ ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် မဖြစ်သေးခင်မှာ ကြိုတင်ကာကွယ်နိုင်ဖို့နဲ့ ဖြစ်ပြီးသူတွေကို ကူညီမျှဝေတတ်ကြဖို့ - ကင်ဆာအသိပညာပေးလှုပ်ရှားမှု (Cancer Awareness Campaign)တွေ လိုအပ်နေပါတယ်။ ကျွန်တော်တို့ HAGL Myanmar ရဲ့ လှုမှုအကျိုးပြုရည်မှန်းချက်တွေထဲမှာ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး အသိပညာပေးဖို့ကလည်း အဓိကအနေနဲ့ ပါဝင်နေပါတယ်။ ဒါကြောင့်လည်း အခုလို သွားရောက်လှူဒါန်းရင်း တာဝန်ရှိသူတွေ၊ ဝေဒနာရှင်တွေနဲ့ အမေးအဖြေတွေ ပြုလုပ်ပြီး ဗဟုသုတတွေ ရယူလာခဲ့ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ (၄) ရက်နေ့မှာ ကျရောက်မယ့် “ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့”နဲ့ ကင်ဆာအသိပညာပေးလှုပ်ရှားသူတွေကို လေးစားဂုဏ်ပြုသောအားဖြင့် ယခုအလှူဒါနကို ကြည်နူးဝမ်းမြောက်စွာ ပြုလုပ်လိုက်ရပါတယ်။

------------------------
🎗️ We Care, We Share: A Journey of Compassion 🎗️

The word "Cancer" brings immense challenges—not just physically, but financially and mentally. To support those in their toughest moments, HAGL Myanmar’s “We Care, We Share” team visited U Hla Tun Hospice (Cancer) Foundation in East Dagon on January 29th.

The foundation provides a peaceful sanctuary and palliative care for Stage 4 cancer patients. To support their incredible mission, we contributed:
•3,000,000 MMK for the Foundation’s essential operations.
•100,000 MMK directly to each patient as a gesture of love and support.

Beyond donations, we believe in the power of Cancer Awareness. By understanding the risks and lifestyle factors, we can work toward prevention and better support for those affected.

As we approach World Cancer Day (Feb 4), we honor the fighters, the survivors, and the caregivers. Together, we can make a difference. 🤝❤️

Address

အမှတ်(၂)လမ်းမကြီးဘေး၊အရှေ့ဒဂ
Yangon

Website

Alerts

Be the first to know and let us send you an email when We Care, We Share posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share