19/07/2026
ဇူလိုင်ဆယ့်ကိုး၏ နံနက်ခင်းမှာ
အလံတိုင်ထိပ်က အလံတော်တစ်ဝက်
တိတ်ဆိတ်စွာ လွှင့်ထူနေသော်လည်း
ပြည်သူ့နှလုံးသားထဲက လေးစားမှုက
အပြည့်အဝ မြင့်မားနေဆဲလျှက်ပါ ။
အချိန်ရဲ့ လက်တံတွေ ဘယ်လိုပဲလည်ပတ်ခဲ့ပါစေ ၊
နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပါစေ ၊
သို့သော် သမိုင်းစာမျက်နှာပေါ်က ၊
ရဲရင့်သော ခြေလှမ်းများကိုအချိန်က မဖျက်နိုင်ခဲ့ပါဘူး ။
လွတ်လပ်ရေးအတွက်၊ကိုယ်ကျိုးမငဲ့ဘဲ
အသက်ကို စတေးခဲ့သူများ၊
အနာဂတ်မျိုးဆက်တို့၏ အပြုံးအတွက်
ကိုယ့်ဘဝကို ပေးဆပ်ခဲ့သူများ ၊
သူတို့၏ အမည်များ ၊ သမိုင်းများသည်
ကျောက်စာထက် ခိုင်မာစွာ ပြည်သူ့နှလုံးသားတွင် ရေးထိုးထားသည်။
သွေးစက်များက မုန်းတီးမှုကို မစိုက်ပျိုးခဲ့၊
မျှော်လင့်ချက်ပန်းများကိုသာ ပွင့်လန်းစေခဲ့သူများ ၊
စည်းလုံးခြင်း၏ အမြစ်များကို နက်ရှိုင်းစွာ
စိုက်ပျိုးပေးခဲ့ကြသည်။
ယနေ့ ကျွန်ုပ်တို့၏ တာဝန်မှာ
အတိတ်ကို ငိုကြွေးရုံမဟုတ်၊
သူတို့၏ ရည်မှန်းချက်များကို
လက်တွေ့ဘဝတွင် ဆက်လက်ရှင်သန်စေရန်၊
အမှန်တရားကို တန်ဖိုးထားရန်၊
ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်၊
ညီညွတ်မှုကို တည်ဆောက်ရန် ဖြစ်သည်။
အာဇာနည်တို့၏ စိတ်ဓာတ်သည်
လေညင်းထဲတွင် မပျောက်ကွယ်၊
သမိုင်းထဲတွင် မငြိမ်သက်၊
မျိုးဆက်တိုင်း၏ နှလုံးသားထဲတွင်
ရဲရင့်မှုအလင်းရောင်အဖြစ်
အမြဲ ထွန်းလင်းနေမည်။
ဇူလိုင်ဆယ့်ကိုး ရောက်တိုင်း
ငြိမ်သက်စွာ ဦးညွှတ်အလေးပြုမည်၊
ကျေးဇူးတရားဖြင့် အောက်မေ့မည်၊
သူတို့ စိုက်ပျိုးခဲ့သော မျှော်လင့်ချက်များကို
ကျွန်ုပ်တို့ လက်ဆင့်ကမ်း ထိန်းသိမ်းကြစို့ ........။
"အာဇာနည် သူရဲကောင်းများ ကောင်းရာသုကတိလားပါစေ "
#ရွှေဘိုခရိုင်အမှတ်၁၇တပ်ရင်း
#တပ်ခွဲ၄
#အာဇာနည်နေ့