Shan Women Development Network - SWDN

Shan Women Development Network - SWDN More Women No cry

Permanently closed.
ရှမ်းအမျိုးသမီးများဖွံ့ဖြိုးရေးအသင်းအဖွဲ့ ၊ Shan Women Development Network (SWDN) မှ ရုံးညစောင့်(၁)ဦး အတွက် အလုပ် ခေါ်နေ...
23/06/2026

ရှမ်းအမျိုးသမီးများဖွံ့ဖြိုးရေးအသင်းအဖွဲ့ ၊ Shan Women Development Network (SWDN) မှ ရုံးညစောင့်(၁)ဦး အတွက် အလုပ် ခေါ်နေပါသည်။
ရာထူး ရုံးညစောင့် (၁) ဦး
နေရာ ဒေသ ရပ်ကွက်(၃)၊ ဝိုင်းမော်မြို့၊ ကချင်ပြည်နယ်
ဝန်ထမ်းအမျိုးအစား အချိန်ပြည့်ဝန်ထမ်း
အစီရင်ခံရမည့်သူ ရုံးအုပ်
အလုပ်ကာလ - (၁) နှစ်၊ စီမံကိန်းလိုအပ်ချက်အရ အရည်အချင်းနှင့် စွမ်းဆောင်ရည်ပေါ်မူတည်၍ သက်တမ်းတိုးခန့်သွားမည်။
စတင်မည့်ရက် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ပထမပတ်
အကျိုးခံစားခွင့်လစာ ညှိနှိုင်းလစာ

အဖွဲ့၏နောက်ခံအကြောင်းအရာ
ရှမ်းအမျိုးသမီးများဖွံ့ဖြိုးရေးအသင်း (SWDN) သည် အကျိုးအမြတ်မယူသော လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်နေသော အမျိုးသမီးဦးဆောင် အဖွဲ့ဖြစ်သည်။ ဝိုင်းမော်မြို့နယ်တွင် အခြေစိုက်၍ မြိုနယ် အသင်းအဖွဲ့မှတ်ပုံတင်ကိုင်ဆောင်၍ တရားဝင်လုပ်ကိုင်နေသော အဖွဲ့ဖြစ်ပါသည်။ အမျိုးသမီးများကို အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဝင်ငွေတိုးလုပ်ငန်းများ ဖော်ဆောင်ပံ့ပိုးပေးခြင်း၊ စိုက်ပျိုးရေးလုပ်ငန်း အတွက် သဘာဝမြေဩဇာနှင့် အိမ်တွင်းစိုက်ခင်းများ အားပေးမြှင့်တင်ပေးခြင်း၊ အာဟာရပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးတွင် အသိပညာပေးခြင်းနှင့် ဆန်းစစ်လေ့လာခြင်းလုပ်ငန်းများ လုပ်ဆောင်နေသောအဖွဲ့ဖြစ် ပါသည်။
• လုပ်ဆောင်ရမည့်တာဝန်ဝတ္တရားများ-
• ရုံးပရဝုဏ်အတွင်းနှင့် ရုံးတွင်းရှိ ပစ္စည်းဥစ္စာများ၏ ဘေးကင်းရေးနှင့် လုံခြုံရေးကို စောင့်ကြပ်ကာကွယ်ရန် တာဝန်ရှိသည်။
• ရုံး၏ပတ်ဝန်းကျင်တွင်ညစဉ် ညဘက်လုံခြုံရေး အတွက် စစ်ဆေးမှုများပြုလုပ်ပြီး SMT အဖွဲ့ထံသို့ သတင်းပို့ခြင်း။
• ရုံးပရဝုဏ်အတွင်း ပစ္စည်းများဖြစ်သော (သော့များ၊ မီးချောင်းများ၊ အချက်ပေးကိရိယာများနှင့် မီးသတ်ကိရိယာများ) ကိုကာကွယ်ရန် သို့မဟုတ် အသုံးပြုရန် သွက်လက်ဖျတ်လတ်၍ အမြဲသတိရှိရမည်။
• ဒေသအတွင်းရှိ ထူးခြားအချက်အလက်များကို ကြီးကြပ်သူ ရုံးအုပ်ထံသို့ နောက်မကျဘဲ အချိန်မီ တင်ပြရန်။

လိုအပ်သော အရည်အချင်းများ
• အသက် ၃၅ နှစ်မှ ၆၅ နှစ် အတွင်း ဖြစ်သူ၊
• အခြေခံပညာ အလယ်တန်း/အထက်တန်းအဆင့် ရှိသူ၊
• ကျန်းမာရေးကောင်းမွန်ပြီး သွက်လက်နိုးကြားသူ၊
• ပြစ်မှုမှတ်တမ်းကင်းရှင်းပြီး အကျင့်စာရိတ္တကောင်းမွန်၍ ရိုးသားသူ၊
• လုံခြုံရေးဆိုင်ရာ အသိအမြင်ရှိသူ၊
• ဒေသသုံးဘာသာစကားတတ်ကျွမ်းသူ၊
လျှောက်ထားရန်နေရာနှင့်ပုံစံ
စိတ်ပါဝင်စားသူများသည် ကိုယ်ရေးအချက်အလက်ဖောင် (CV Form) ကို ဖြည့်စွက်၍
[email protected] နှင့် [email protected] သို့ အီးမေလ်းပို့၍ သော်လည်းကောင်း၊
အမှတ် (၅၂)၊ အောင်ချမ်းသာဘုန်းကြီးကျောင်းအနီး၊ ရပ်ကွက် (၃)၊ ဝိုင်းမော်မြို့ သို့ လူကိုယ်တိုင်လာရောက်၍လည်းကောင်း လျှောက်ထားနိုင်ပါသည်။
လျှောက်လွှာပိတ်ရက်
၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၉) ရက်၊ တနင်္လာနေ့၊ ညနေ (၅:၀၀) နာရီ နောက်ဆုံးထား၍ လျှောက်ထားရန်။
ဆက်သွယ်ရန်
Admin & HR ဖုန်း - ၀၉ ၂၅၀၅ ၆၂၈၈၉
မှတ်ချက်။ ။ လိုအပ်ချက်များနှင့် ကိုက်ညီသော လျှောက်ထားသူများကိုသာ အင်တာဗျူးအတွက် ဆက်သွယ်အကြောင်းကြားမည် ဖြစ်ပါသည်။

27/01/2026

ဆယ်ကျော်သက်အရွယ်(၁၁)နှစ်သမီးလေးSWDNရေ လူထုအကျိုး ဆက်ကာပိုးမယ်နော်
💐💐💐

Address

No=93, Ward-3, Waingmaw , Kachin State. 09789897744
Waingmaw

Telephone

+959789897744

Website

Alerts

Be the first to know and let us send you an email when Shan Women Development Network - SWDN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Shan Women Development Network - SWDN:

Shortcuts

Share