Save The Trees

Call Directions Contact the organization

Save The Trees Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Save The Trees, Nonprofit Organization, Toungoo.

သစ်ပင်တွေကိုချစ်တယ် သဘာ၀တရားကြီးနဲ့ ဇီ၀မျိုးစိတ်တွေကို ချစ်တက်သူပါ ငယ်ဘ၀အိမ်မက်တွေထဲမှာ ကိုချစ်တဲ့အရာတွေကို ထိန်းသိမ်းကာ...
03/06/2026

သစ်ပင်တွေကိုချစ်တယ် သဘာ၀တရားကြီးနဲ့ ဇီ၀မျိုးစိတ်တွေကို ချစ်တက်သူပါ ငယ်ဘ၀အိမ်မက်တွေထဲမှာ ကိုချစ်တဲ့အရာတွေကို ထိန်းသိမ်းကာကွယ်ရင် ဇီ၀မျိုးစိတ်အသစ်တွေတွေ့ရင် ကို့အမည်ပေးနိင်ဖို့ပါ။
အင်းလေးမှာ Save The Trees Rescue Team နဲ့ Native Species Conservation & Identification တို့ ပူးပေါင်းပြီး ဇီ၀မျိုးစိတ်တချို့ကို မှတ်တမ်းယူခဲ့တယ် အဲ့ထဲကဂဏန်းမျိုးစိတ်တခုက မျိုးစိတ်အသစ်ဖြစ်နိုင်လို့ NSCIက အထီးအမသုံးစုံကို နိုင်ငံခြားပို့ပြီး မျိုးရိုးဗီဇစစ်ဆေးအတည်ပြုပါမယ် မျိုးစိတ်အသစ်ဆိုတာသေခြာရင် ကျွန်တော့အမည်ပေးခွင့်ရမှာပါ။

အင်းလေးကန်ထဲကလွဲရင် ကမ္ဘာမှာဘယ်နေရာမှ မရှိတဲ့မျိုးစိတ်တွေရှိနေပါတယ်။ မြန်မာနိုင်မှာ မှတ်တမ်းမယူနိုင်သေးတဲ့ မျိုးစိတ်တွေအများကြီးပါ NSCIနဲ့ ပူးပေါင်းပြီး ရှေ့ဆက် လုပ်ဆောင်မည့်အရာတွေအများကြီးရှိပါတယ်။ ကျွန်တော်ဘ၀မှာ ဝါသနာအပါဆုံးအလုပ်ဖြစ်သလို ဘ၀နဲ့ဆန္ဒအကိုညီဆုံးအလုပ်ဆိုလည်း ဟုတ်ပါတယ်။

အသည်းကွဲမြက် (Heartbreak grass) နဲ့ မြန်မာလို အလွယ်ခေါ်ကြတဲ့ ဆီမီးတောက်ပင် (Flame lily) ဟာ လုံးဝမတူတဲ့ အပင်နှစ်မျိုး ဖြစ...
03/06/2026

အသည်းကွဲမြက် (Heartbreak grass) နဲ့ မြန်မာလို အလွယ်ခေါ်ကြတဲ့ ဆီမီးတောက်ပင် (Flame lily) ဟာ လုံးဝမတူတဲ့ အပင်နှစ်မျိုး ဖြစ်ပါတယ်။
​အပင်ပုံသဏ္ဌာန်ရော၊ မျိုးရင်း (Family) ကော၊ ပါဝင်တဲ့ အဆိပ်ဓာတ်တွေပါ ကွဲပြားပါတယ်။ ဒါပေမဲ့ တူညီတဲ့အချက်တစ်ခုကတော့ နှစ်မျိုးစလုံးဟာ အလွန်အဆိပ်ပြင်းပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အပင်တွေ ဖြစ်ကြတာပါပဲ။
​အလွယ်တကူ ခွဲခြားသိရှိနိုင်ဖို့ သူတို့ရဲ့ ကွဲပြားချက်တွေကို အောက်ပါအတိုင်း နှိုင်းယှဉ်ပြပေးလိုက်ပါတယ်ဗျာ။

အဓိကကွဲပြားခြားနားချက်များ
​၁။ အပင်နှင့် အရွက် ပုံသဏ္ဌာန်
​အသည်းကွဲမြက်: တောနက်ထဲမှာ သစ်ပင်ကြီးတွေကို နွယ်တက်တဲ့ ပင်စည် မာကျောတဲ့ နွယ်ပင်ကြီးမျိုး ဖြစ်ပါတယ်။ အရွက်တွေက မျက်နှာချင်းဆိုင်ထွက်ပြီး ချောမွေ့ပါတယ်။
​ဆီမီးတောက်: သူက အမြစ်မှာ "ဥ" (Tuber) ရှိတဲ့ အပင်မျိုးပါ။ အပင်အမြင့် ၈ ပေကနေ ၁၀ ပေဝန်းကျင်လောက်ပဲ ရှိတတ်ပြီး အရွက်ထိပ်ဖျားလေးတွေက နွယ်နှာမောင်းလိုမျိုး အလိပ်လေးတွေဖြစ်ပြီး အခြားအပင်ကို တွယ်ကပ်တတ်ပါတယ်။
​၂။ အပွင့် ပုံစံ (အလွယ်ဆုံး ခွဲခြားနည်း)
​အသည်းကွဲမြက်: အပွင့်က အဝါရောင် အဆွဲအပြုံလိုက် ပွင့်တာဖြစ်လို့ အဝေးကကြည့်ရင် သနပ်ခါးပွင့် ဒါမှမဟုတ် အဝါရောင်ပန်းနွယ်တွေနဲ့ တူပါတယ်။
​ဆီမီးတောက်: အပွင့်က သိသာထင်ရှားလှပလွန်းလို့ ခြံစိုက်ပန်းအဖြစ်တောင် စိုက်ကြပါတယ်။ ပွင့်ချပ်တွေက အပေါ်ကို လန်တက်နေပြီး အောက်ခြေက အဝါ၊ အဖျားက အနီရောင်ဖြစ်လို့ "ဆီမီးတောက်" နေတဲ့ ပုံစံအတိုင်း ထင်ထင်ရှားရှား မြင်ရပါတယ်ဗျာ။
​၃။ အဆိပ်သင့်ပုံစံ ကွဲပြားမှု
​အသည်းကွဲမြက်: စားမိရင် (အထူးသဖြင့် အမြစ်) မိနစ်ပိုင်းအတွင်းမှာတင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကြွက်သားတွေကို လေဖြတ်တောက်စေပြီး အသက်ရှူရပ်ကာ ချက်ချင်း သေဆုံးစေပါတယ်။
​ဆီမီးတောက်ပင်: သူ့ရဲ့ မြေအောက်ဥဟာ အဆိပ်အပြင်းဆုံးပါ။ စားမိရင် နာရီပိုင်းအတွင်း ပြင်းထန်စွာ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း (သွေးပါခြင်း) တွေဖြစ်ပြီး ရက်ပိုင်းအတွင်း ကျောက်ကပ်နဲ့ ကလီစာတွေအကုန် ပျက်စီးကာ သေဆုံးတတ်ပါတယ်။ (ရှေးအခါက ဆီမီးတောက်ဥကို ကိုယ်ဝန်ဖျက်ချဖို့နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ မှားယွင်းအသုံးပြုခဲ့ကြဖူးပါတယ်။)

​⚠️ အရေးကြီးသတိပြုရန်ချက်
နှစ်ပင်စလုံးဟာ မြန်မာနိုင်ငံရဲ့ တောတောင်တွေထဲမှာ သဘာဝအလျောက် ပေါက်ရောက်တတ်ပြီး အလွန်အန္တရာယ်များတဲ့အတွက် တောတွင်း ဇီဝမျိုးစိတ်တွေ လေ့လာတဲ့အခါမှာဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်တဲ့အခါမှာဖြစ်ဖြစ် အရွက်၊ အမြစ်၊ အစေးတွေကို လက်ဗလာနဲ့ တိုက်ရိုက်ကိုင်တွယ်ခြင်း လုံးဝမပြုလုပ်ဖို့ အထူးသတိပြုသင့်ပါတယ်ဗျာ။

ဇီ၀မျိုးစိတ်တွေကို လေ့လာရင်း ဝေးလံခေါင်သီတဲ့ ကျိုင်းတုံဒေသ တောင်တန်းတွေပေါ်က ရွာတွေမှာ တိုင်းရင်းသားလူငယ်တွေ အသည်းကွဲရင်...
02/06/2026

ဇီ၀မျိုးစိတ်တွေကို လေ့လာရင်း ဝေးလံခေါင်သီတဲ့ ကျိုင်းတုံဒေသ တောင်တန်းတွေပေါ်က ရွာတွေမှာ တိုင်းရင်းသားလူငယ်တွေ အသည်းကွဲရင် (တခြားလူမှုရေးပြဿနာတွေအတွက်လည်း သုံးပါတယ်) ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အသုံးပြုတဲ့ အပင်တစ်ပင် အကြောင်းသိခဲ့ရတယ်။

​အပင်ရဲ့ အစိတ်ပိုင်းအားလုံးအဆိပ်ရှိပြီး အမြစ်က အဆိပ်အပြင်းဆုံးဖြစ်ပြီး စားမိရင် ၃ မိနစ်အတွင်း သေဆုံးနိုင်ပါတယ်။ အရွက်စားရင် ၁၀ မိနစ်အတွင်း၊ အပွင့်စားရင်တော့ နာရီဝက်အတွင်း သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ၎င်းအပင်ဟာ နွယ်ပင်အမျိုးအစားဖြစ်ပြီး သစ်ပင်ကြီးတွေကို မှီခိုပြီး ပေါက်ရောက်တတ်ပါတယ်။

ဒီအပင်အောက်ကို ဘယ်သတ္တဝါမှ မသွားကြသလို၊ အရွက်ကို ကိုင်မိရင်တောင် အပူလောင်သလို ခံစားရတတ်ပါတယ်။ အပင်ရဲ့ အဆိပ်မိရင်တော့ အသည်းဟက်တက်ကွဲသလို ပြင်းထန်ပူလောင်တဲ့ အဆိပ်မိဝေဒနာကို ခံစားရပြီး သေဆုံးကြရတာပါ။

​ရွာနဲ့ အနီးအနားမှာ ပေါက်ရင် ခုတ်ပစ်ကြတာမို့ လူသူအရောက်အပေါက်နည်းတဲ့ တောနက်ထဲမှာပဲ တွေ့ရတာ များပါတယ်။ ဒီတစ်ခေါက်သွားရင်တော့ သေသေချာချာ လေ့လာဖြစ်မှာပါ။
​ကျွန်တော်/ကျွန်မကတော့ ရှားပါးတဲ့ အပင်တွေနဲ့ ဇီဝမျိုးစိတ်တွေကို စိတ်ဝင်စားသူမို့ အပင်ပုံရိုက်ပြီး မျိုးစိတ်ခွဲခြားနိုင်ဖို့ NSCI ကို အကူအညီတောင်းခဲ့ပါတယ်။ အံ့ဩစရာကောင်းတာကတော့ သူ့ရဲ့ အများသုံးအမည် (Common name) က Heartbreak grass (အသည်းကွဲမြက်) ပါ တရုတ်လိုတော့ "斷腸草" (အူပြတ်စေသော မြက်) လို့ အဓိပ္ပာယ်ရပါတယ်။ အဆိပ်မိရင် အစာအိမ်နဲ့ အူလမ်းကြောင်းကို ပြင်းထန်စွာ ပျက်စီးစေလို့ ဖြစ်ပါတယ်။

IDက-(Scientific Name: Gelsemium elegans (Gardner & Champ..​Family: Gelsemiaceae )ပါ

​"အသည်းကွဲမြက်ပင်" လို့ အများအားဖြင့် သိကြတဲ့ Gelsemium elegans ဟာ Gelsemiaceae မိသားစုဝင် အဆိပ်ရှိသော အပင်တစ်မျိုးဖြစ်ပြီး တရုတ်နိုင်ငံနဲ့ အခြားအာရှနိုင်ငံတွေမှာ တွေ့ရှိရပါတယ်။ အပင်မှာ gelsemine၊ gelsenicine၊ gelsevirine၊ koumine နဲ့ 14-Hydroxygelsenicine ကဲ့သို့သော အဆိပ်ရှိတဲ့ အယ်ကာလွိုက် (alkaloids) များ ပါဝင်တဲ့ နွယ်ပင်အမျိုးအစားဖြစ်ပြီး သစ်ပင်ကြီးတွေကို မှီခိုပေါက်ရောက်တတ်ပါတယ်။

​လေ့လာမိသလောက်တော့ ဒီအပင်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ အမြစ်တွေကို အစားအစာထဲသို့ လျှို့ဝှက်စွာခတ်ပြီး တရုတ်သစ်လုပ်ငန်းရှင် Long Liyuan အား ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ အဆိပ်ခတ်ရာ၌ အသုံးပြုခဲ့ပါတယ်။

ဒါ့အပြင် လန်ဒန်ရှိ ငွေကြေးခိုးယူမှု စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ရုရှားလူမျိုး ငွေကြေးပညာရှင် Alexander Perepilichny ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့မှာ အဆိပ်ခတ်ခဲ့စဉ်ကလည်း ဒီအပင်ကိုပဲ အသုံးပြုခဲ့တာ ဖြစ်နိုင်ခြေရှိတယ်လို့ သိရပါတယ်။

ဒီအပင်ဟာ ဆေးဖက်ဝင်အပင်တွေကို လေ့လာရင်း အပင်အမျိုးမျိုးကို မြည်းစမ်းစားသုံးခဲ့တယ်လို့ ဆိုကြတဲ့ ပထမဆုံး ယန်ဧကရာဇ် ရှန်နောင် (Shennong) သေဆုံးရခြင်းရဲ့ အကြောင်းရင်းအဖြစ်လည်း လူသိများပါတယ်။

​အဆိပ်ရှိတဲ့ alkaloid ဓာတ်တွေ (Gelsemine) ကြောင့် အာရုံကြောစနစ်ကို ထိခိုက်စေပြီး မူးဝေခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ ကြွက်သားများ လှုပ်ရှားမရတော့ခြင်းနဲ့ နောက်ဆုံး အသက်ရှူလမ်းကြောင်း မကြွေ့တော့ဘဲ သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
​⚠️ အရေးကြီးသတိပေးချက်
ဒီအပင်ရဲ့ အပွင့်တွေဟာ အဝါရောင်လှလှပပ ဖြစ်နေတတ်ပြီး တစ်ခါတရံ တောရိုင်းပျားရည်တွေထဲမှာ ဒီအပွင့်ရဲ့ ဝတ်မှုန်တွေ ပါသွားရင် ပျားရည်ပါ အဆိပ်သင့်တတ်ပါတယ်။ တောတောင်ထဲ သွားလာတဲ့အခါ ဖြစ်စေ၊ ဒီအပင်ကို တွေ့တဲ့အခါ ဖြစ်စေ လုံးဝ (လုံးဝ) ခူးဆွတ်ခြင်း၊ အရေပြားနှင့် တိုက်ရိုက်ထိတွေ့ခြင်း သို့မဟုတ် ပါးစပ်ထဲ ထည့်ခြင်းမျိုး မပြုလုပ်ရန် အထူးသတိပြုဖို့ လိုအပ်ပါတယ်။

တောင်ကြီးမြို့ တောင်ပေါ်မှာ.. ချယ်ရီပန်းတွေ စပွင့်နေပါပြီ ...ပွင့်စမှာဘဲ လမ်းဘေးအပင်ငယ်အချို့ ခူးယူခံရလို့ အကိုင်းတွေကျိ...
25/12/2025

တောင်ကြီးမြို့ တောင်ပေါ်မှာ..
ချယ်ရီပန်းတွေ စပွင့်နေပါပြီ ...
ပွင့်စမှာဘဲ လမ်းဘေးအပင်ငယ်အချို့ ခူးယူခံရလို့ အကိုင်းတွေကျိုးကျနေတာ မြင်မ‌ ကောင်းအောင်တွေ့ခဲ့ရလို့ ....ကျွန်တော်တို့ 👇👇👇အောက်ပါစာသားတွေနဲ့ ချယ်ရီပန်းတွေမခူးကျဖို့ ...

#ချယ်ရီပန်း #ချယ်ရီပန်းမခူးရ
#ချယ်ရီပန်းအကိုင်းခက်များမချိုးရ
#ချယ်ရီပင်လေးတွေကိုချစ်ကြမယ်
#တောင်ကြီးမြို့
#တောင်ကြီးသူ
#သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းကြမယ်
#သဘာ၀ပတ်၀န်းကျင်ကိုကာကွယ်ကြမယ်
#ချယ်ရီပန်းရောင်းတာတွေ့ရင်မဝယ်ပါ

17/12/2025

ကျားဖြန်လူလိမ်Pageပါဗျ သတိထားကျဖို့ပါ

Address

Toungoo

Telephone

+959790162093

Website

Alerts

Be the first to know and let us send you an email when Save The Trees posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Save The Trees:

Shortcuts

Share