26/03/2026
အနာဂတ်အတွက် အုတ်မြစ်ချခြင်းဖြစ်တဲ့ ကော်ဖီပျိုးထောင်ခြင်း
Heisa Community FM ကနေ မင်္ဂလာပါလို့ နှုတ်ဆက်လိုက်ပါတယ်။ လက်ရှိ Heisa ကနေ တင်ဆက်ပေးနေတဲ့ ကော်ဖီပင်အကြောင်း အစီအစဉ်က အခုဆိုရင် "ကော်ဖီဘယ်လိုပျိုးမလဲ၊ ဘယ်လိုဂရုစိုက်မလဲ" ဆိုတဲ့ အကြောင်းအရာကို ရောက်လို့လာပါပြီ။
ကော်ဖီစိုက်ပျိုးခြင်းမှာ ပျိုးပင်ဘဝဟာ အရေးကြီးဆုံး အဆင့်တစ်ခုဖြစ်ပါတယ်။ ပျိုးပင်ကျန်းမာမှ နောင်တစ်ချိန်မှာ အထွက်နှုန်းကောင်းတဲ့ အပင်ကြီးတစ်ပင် ဖြစ်လာမှာပါ။ ဒီနေ့မှာတော့ အောင်မြင်တဲ့ ကော်ဖီပျိုးခင်းတစ်ခုဖြစ်ဖို့ သိထားသင့်တဲ့ အချက်တွေကို ရှာဖွေပြီး ပြန်လည်မျှဝေထားပါတယ်။
🌱 ပျိုးထောင်ရာမှာ ဒါတွေကို ဂရုစိုက်ကြစို့ -
၁။ မျိုးစေ့ရွေးချယ်မှု - မျိုးစေ့ကို နေရောင်တိုက်ရိုက်မပြဘဲ အရိပ်ထဲမှာပဲ စနစ်တကျ အခြောက်ခံဖို့ လိုပါတယ်။
၂။ ပျိုးမြေစပ်နည်း - အပေါ်ယံမြေ၊ မြေဆွေးနဲ့ သဲကို (၂:၁:၁) အချိုးအတိုင်း စပ်ပေးရင် ပျိုးပင်လေးတွေ အမြစ်တွယ်တာ ပိုကောင်းစေပါတယ်။
၃။ ရေသောက်မြစ်ကို ဂရုစိုက်ပါ - ပျိုးအိတ်ထဲ ရွှေ့စိုက်တဲ့အခါ အမြစ်ခေါက်မသွားဖို့ အထူးသတိထားပါ။ အကယ်၍ အမြစ်က အိတ်ထက်ရှည်နေရင် အမြစ်ဖျားကို (၁) လက်မခန့် တိတိရိရိ ဖြတ်ပေးခြင်းက အမြစ်ခွေခြင်း (J-root) ကို ကာကွယ်နိုင်ပါတယ်။
၄။ အရိပ်နဲ့ ရေ - ပျိုးပင်ငယ်လေးတွေကို နေရောင်ဒဏ်ကနေ ၇၀ ရာခိုင်နှုန်းခန့် အရိပ်ပေးထားပြီး မြေစိုရုံလေး ရေမှန်မှန်လောင်းပေးဖို့ လိုအပ်ပါတယ်။
"အမြစ်ဖြောင့်မှ အပင်သန်" ဆိုတဲ့အတိုင်း မိမိတို့ရဲ့ ကော်ဖီစိုက်ခင်းလေးတွေ ရေရှည်အောင်မြင်ဖို့ ပျိုးပင်ဘဝကတည်းက စနစ်တကျ ပြုစုကြပါစို့။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အသေးစိတ်ကို Heisa Community FM ရဲ့ အသံလွှင့်အစီအစဉ်မှာ ဆက်လက်နားဆင်နိုင်ပါတယ်။ အားလုံးပဲ အောင်မြင်တဲ့ ကော်ဖီရာသီသစ်ကို ပိုင်ဆိုင်နိုင်ကြပါစေ။