Mercury Group

Mercury Group This is the Public Relation page of Mercury Group of Companies, Myanmar.

ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထွဋ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်ပြီး မြတ်စွာဘုရားရှင် ...
29/07/2026

ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)သည် ဗုဒ္ဓဘာသာဝင်တို့အတွက် အထွဋ်အမြတ်ထားရာ နေ့တစ်နေ့ဖြစ်ပြီး မြတ်စွာဘုရားရှင် ပဋိသန္ဓေနေတော်မူခြင်း၊ တောထွက်တော်မူခြင်းနှင့် ဓမ္မစကြာတရားဦး ဟောကြားတော်မူခြင်းတို့ ထူးခြားစွာ စုစည်းကျရောက်သည့် နေ့ထူးနေ့မြတ် ဖြစ်ပါသည်။

ဒီလိုဝိသေသတွေပြည့်နှက်နေတဲ့ ဝါဆိုလပြည့်နေ့မှစတင်ပြီး ဝါတွင်းသုံးလမှာ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာကျင့်ကြံ အားထုတ်ခြင်းများကို စိတ်အေးချမ်းသာစွာ ပြုလုပ်ရင်း ကုသိုလ်ကောင်းမှုများကို အစဉ်ပြုနိုင်ကြပါစေ ဟု မာကျူရီမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🙏💙

#ဝါဆိုလပြည့်နေ့

“နှစ်လနာရီ ခါရာသီရွေ့ပေမဲ့ အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ”လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်...
19/07/2026

“နှစ်လနာရီ ခါရာသီရွေ့ပေမဲ့ အာဇာနည်နေ့ကိုဖြင့် မမေ့သင့်ပါသလေ”

လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် နှစ်ပေါင်း (၇၉) နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

ယနေ့ကျရောက်တဲ့ (၇၉) ကြိမ်မြောက် အာဇာနည်နေ့မှာ တိုင်းပြည်နှင့် လူမျိုးအတွက် မြတ်သောစွန့်လွှတ်ခြင်းဖြင့် အသက်ခန္ဓာ စွန့်လွှတ်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်သူရဲကောင်းကြီးများကို အောက်‌မေ့လွမ်းဆွတ်တမ်းတရင်း ဦးညွှတ်ဂါရဝပြုလိုက်ရပါတယ်။

"Today is the day of expressing gratitude to our Martyrs who gave their lives at the cost of freedom. On this 79th Martyrs’ Day, we seriously pay tribute with deep respect and remembrance to General Aung San and all the fallen martyrs who bravely sacrificed their lives for the country and the people."

#အာဇာနည်နေ့
#၁၉ဇူလိုင်
#၇၉ကြိမ်မြောက်

Mercury group of companies နှင့်အတူ လက်တွဲ ဆောင်ရန် အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ အမြန်အလိုရှိသည်။ခေါ်ယူနေသော ရာထူးမျာ...
17/07/2026

Mercury group of companies နှင့်အတူ လက်တွဲ ဆောင်ရန် အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ အမြန်အလိုရှိသည်။

ခေါ်ယူနေသော ရာထူးများ

- Social Media Executive
- Junior Videographer & Editor
Position များအတွက် ဝန်ထမ်းခေါ်ယူနေပါသည်။

Location - Thingangyung Township. (Bawamyint Bus Stop near )
Sent CV to Viber phone - 09420073938 သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။

Mercury group of companies နှင့်အတူ လက်တွဲ ဆောင်ရန် အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ အမြန်အလိုရှိသည်။ခေါ်ယူနေသော ရာထူးမျာ...
06/07/2026

Mercury group of companies နှင့်အတူ လက်တွဲ ဆောင်ရန် အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ အမြန်အလိုရှိသည်။

ခေါ်ယူနေသော ရာထူးများ

- Social Media Executive
- Customer Care Position
- Data Entry
Position များအတွက် ဝန်ထမ်းခေါ်ယူနေပါသည်။

Location - Thingangyung Township. (Bawamyint Bus Stop near )
Sent CV to Viber phone - 09420073938 သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။

💖👨‍👦 Happy Father’s Day 💖👨‍👦စကားလုံးတွေနဲ့ ဖော်ပြမရနိုင်တဲ့ လုံခြုံနွေးထွေးမှုနဲ့ အားကိုးထိုက်တဲ့ ခွန်အားတွေကို ပေးစွမ်း...
21/06/2026

💖👨‍👦 Happy Father’s Day 💖👨‍👦

စကားလုံးတွေနဲ့ ဖော်ပြမရနိုင်တဲ့ လုံခြုံနွေးထွေးမှုနဲ့ အားကိုးထိုက်တဲ့ ခွန်အားတွေကို ပေးစွမ်းနိုင်တာ ‘ဖေဖေ’ ရဲ့ မေတ္တာတရားပါပဲ။ ✨

မိသားစုရဲ့ အရိပ်အာဝါသဖြစ်စေဖို့ ဘဝရဲ့ ပူလောင်မှုတွေကို တိတ်တဆိတ် ရင်ဆိုင်ကျော်ဖြတ်ပြီး၊ သားသမီးတွေရဲ့ အိပ်မက်တွေ တောက်ပလာအောင် ကိုယ်တိုင် မြေဆီလွှာအဖြစ် ခံယူပေးဆပ်ခဲ့တဲ့ ဖေဖေတို့ရဲ့ ကျေးဇူးတရားက အတိုင်းအဆမရှိ ကြီးမားလှပါတယ်။

ဇွန်လရဲ့ တတိယအပတ် တနင်္ဂနွေနေ့မှာ ကျရောက်တဲ့ အဖေများနေ့မှာ မိသားစုအတွက် အမြဲတမ်း နောက်ကွယ်ကနေ အားပေးပံ့ပိုးပေးပြီး၊ ဘဝရဲ့ အဖိုးတန်ဆုံးသော လမ်းပြအလင်းရောင် ဖြစ်ပေးတဲ့ ဖေဖေတို့ရဲ့ ကျေးဇူးတရားကို အလေးအမြတ်ထား ဂုဏ်ပြုဦးညွှတ်အပ်ပါတယ်။

ဖေဖေတို့အားလုံး သက်ရှည်ကျန်းမာပြီး စိတ်ချမ်းသာခြင်း အပြည့်နဲ့ ပျော်ရွှင်အေးချမ်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းနိုင်ပါစေကြောင်း မာကျူရီမိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်။ ✨💐

👨‍👦 To the unsung heroes who guide us with a gentle hand and support us with a silent strength Happy Father's Day to all the wonderful fathers. 🙏🏻

#အဖေများနေ့

Mercury group of companies နှင့်အတူ လက်တွဲ ဆောင်ရန် အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ အမြန်အလိုရှိသည်။ခေါ်ယူနေသော ရာထူးမျာ...
16/06/2026

Mercury group of companies နှင့်အတူ လက်တွဲ ဆောင်ရန် အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ အမြန်အလိုရှိသည်။

ခေါ်ယူနေသော ရာထူးများ

-Digital Marketing Executive(Female - 2 Post )
-Operation Support Associate ( Male /Female - 2 Post )

Location - Thingangyung Township. (Bawamyint Bus Stop near )
Sent CV to Viber phone - 09420073938 သို့ CV Form ပေးပို့လျှောက်ထားနိုင်ပါသည်။

Happy Eid Mubarak🕌✨ယနေ့ မေလ (၂၈)ရက်နေ့မှာ ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင် မိတ်ဆွေများ အထွဋ်အမြတ်ထားရာ “ကုရ်ဘာနီ အီးဒ်” နေ့ထူး...
28/05/2026

Happy Eid Mubarak

🕌✨ယနေ့ မေလ (၂၈)ရက်နေ့မှာ ကျရောက်တဲ့ အစ္စလာမ်ဘာသာဝင် မိတ်ဆွေများ အထွဋ်အမြတ်ထားရာ “ကုရ်ဘာနီ အီးဒ်” နေ့ထူးနေ့မြတ် အချိန်အခါသမယမှာ ငြိမ်းချမ်းခြင်း၊ ပျော်ရွှင်ခြင်းနှင့် ကြီးပွားချမ်းသာအောင်မြင်ခြင်းများ ယူဆောင်လာပါစေကြောင်း မာကျူရီ မိသားစုမှ ဆုတောင်းမေတ္တာပို့သပါတယ်။🕌✨

Happy Eid Mubarak to all Muslim friends. Here’s wishing you and your family peace, happiness, good health and prosperity on the auspicious occasion.


Happy Mother’s Day! 💖လောကမှာ အတိုင်းအဆမရှိတဲ့ ပေးဆပ်မှုတွေနဲ့ အနွေးထွေးဆုံးသော မေတ္တာတရားကို ပြပါဆိုရင် ‘မေမေ’ ဆိုတဲ့ စက...
10/05/2026

Happy Mother’s Day! 💖

လောကမှာ အတိုင်းအဆမရှိတဲ့ ပေးဆပ်မှုတွေနဲ့ အနွေးထွေးဆုံးသော မေတ္တာတရားကို ပြပါဆိုရင် ‘မေမေ’ ဆိုတဲ့ စကားလုံးလေးက အဖြေဖြစ်မှာပါပဲ။ ✨💖

မိသားစုတစ်ခုရဲ့ အုတ်မြစ်ဖြစ်သလို၊ သားသမီးတွေရဲ့ ဘဝလမ်းခရီးမှာ အလင်းရောင်ပေးတဲ့ မီးရှူးတန်ဆောင်လည်း ဖြစ်ပါတယ်။ နေအိမ်မှာတင်မကဘဲ လူမှုပတ်ဝန်းကျင်နဲ့ လုပ်ငန်းခွင်နယ်ပယ် အသီးသီးမှာပါ ကြံ့ကြံ့ခံ ရုန်းကန်လှုပ်ရှားရင်း အရာရာကို ဟန်ချက်ညီအောင် ထိန်းကျောင်းပေးနေတဲ့ မေမေတို့ရဲ့ စွမ်းဆောင်ရည်က တကယ်ကို လေးစားအတုယူစရာပါ။

မေလရဲ့ ဒုတိယအပတ် တနင်္ဂနွေနေ့မှာ အမြဲကျရောက်တဲ့ နိုင်ငံတကာ အမေများနေ့မှာ မိသားစုအတွက်ရော၊ လူ့အဖွဲ့အစည်းအတွက်ပါ အဖိုးမဖြတ်နိုင်တဲ့ မေတ္တာတရားတွေနဲ့ ပေးဆပ်နေကြတဲ့ မေမေများအားလုံးကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု ဂုဏ်ပြုအပ်ပါတယ်။

မေမေတို့အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ပျော်ရွှင်စရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေကြောင်း မာကျူရီမိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ✨💐

🤱🏻 Happy Mother's Day to the incredible women who make our lives brighter with their enduring love and unwavering strength.🙏🏻


#အမေများနေ့

သမိုင်းရဲ့ အလှပဆုံး တီထွင်ဖန်တီးမှုတိုင်းဟာ လူသားတွေရဲ့ ကြိုးစားအားထုတ်မှုတွေကနေပဲ ပေါက်ဖွားလာတာပါ ။ 👥ယနေ့ကျရောက်တဲ့(၂၀၂...
01/05/2026

သမိုင်းရဲ့ အလှပဆုံး တီထွင်ဖန်တီးမှုတိုင်းဟာ လူသားတွေရဲ့ ကြိုးစားအားထုတ်မှုတွေကနေပဲ ပေါက်ဖွားလာတာပါ ။ 👥

ယနေ့ကျရောက်တဲ့(၂၀၂၆)ခုနှစ်၊မေလ (၁) ရက်နေ့ဟာ ကမ္ဘာတစ်ဝှမ်းက အလုပ်သမားထုကြီးရဲ့ ဂုဏ်ယူဖွယ်ရာ ‘ အလုပ်သမားနေ့ “ မေဒေး”နေ့ဖြစ်ပါတယ် ။

ကာယလုပ်သားပဲဖြစ်စေ ၊ ဉာဏလုပ်သားပဲဖြစ်စေ ကိုယ့်ရဲ့ မိသားစုအတွက်၊ ကိုယ့်ရဲ့ အနာဂတ်အတွက် နေ့စဉ်နဲ့အမျှ ပင်ပန်းမှုကို အပြုံးနဲ့ ရင်ဆိုင်နေကြတဲ့ ပြည်သူပြည်သား အလုပ်သမားများအားလုံးကို လေးစားဂုဏ်ပြုရင်း…

ယနေ့မှစ၍ ကောင်းမွန်သောအနာဂတ်နေ့ရက်တွေကို လျှောက်လှမ်း ပိုင်ဆိုင်နိုင်ကြပါစေကြောင်း မာကျူရီမိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင့်။🙏🏻

We, Mercury Group, proudly honor all workers around the world on this May Day 2026, recognizing that every great achievement in history is born from human effort, and we sincerely wish all hardworking individuals both physical and intellectual laborers strength, happiness, and a brighter future ahead.



🙏ကဆုန်လပြည့် (ဗုဒ္ဓနေ့ )🙏“ ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ   မှတ်ရန် လကဆုန် “ ဆိုသည့် အတိုင်း မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှ...
30/04/2026

🙏ကဆုန်လပြည့် (ဗုဒ္ဓနေ့ )🙏

“ ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ
မှတ်ရန် လကဆုန် “ ဆိုသည့် အတိုင်း

မြန်မာသက္ကရာဇ် (၁၃၈၈) ခုနှစ်၊ ခရစ်နှစ် (၂၀၂၆)၊ဧပြီလ (၃၀)ရက်၊ ကြာသပတေးနေ့တွင် ကျရောက်သော ကဆုန်လပြည့်နေ့ သည် ဗုဒ္ဓဘာသာဝင်တိုင်း၏ အထွဋ်အမြတ် ထားရာ ဗုဒ္ဓနေ့ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ညောင်ရေသွန်းလောင်းရင်း…

ကိုယ်စိတ်နှစ်ဖြာအေးချမ်းသာယာကြပြီး ဘေးအန္တရာယ်ကင်းရှင်းကာ သာယာချမ်းမြေ့သော နေ့မြတ်လေးဖြစ်ပါစေကြောင်း မာကျူရီ မိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင်...🙏

We, Mercury Group wish people of Myanmar a Safe, peaceful, and healthy soul on Full Moon Day of Kasong.


#ကဆုန်လပြည့်နေ့

Address

Thingangyun

Telephone

+959420073938

Website

Alerts

Be the first to know and let us send you an email when Mercury Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Mercury Group:

Shortcuts

Share