21/03/2026
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံးမြို့နယ်(ထား၀ယ်ခရိုင်) နှင့် တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက် - TCSN တို့ တွေ့ဆုံဆွေးနွေးခြင်း
၂၀၂၆ ခုနှစ် ၊ မတ်လ (၁၅) ရက်
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (လောင်းလုံးမြို့နယ်) နှင့် တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက် - TCSN တို့ တွေ့ဆုံဆွေးနွေးမှုကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံးမြို့နယ်မှ နာယက မစာရာ၊ အကြံပေး ကိုဟိန်းထက် နှင့် အရေးရာတာဝန်ခံများ တက်ရောက်ခဲ့ကြပြီး တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက် - TCSN မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ စုစုပေါင်း တက်ရောက်သူဦးရေ (၂၀) ဦးဖြင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးမှုကို မြန်မာစံတော်ချိန် နံနက် (၁၀) နာရီတွင် စတင်ခဲ့ပါသည်။
တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက် - TCSN မှ တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စတင်စုစည်းခဲ့မှု အခြေအနေများ၊ လက်ရှိတွင် တိုင်းအတွင်း/ပြင်ပရှိ တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများကို စုစည်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ တနင်္သာရီတိုင်း တော်လှန်ရေးထိန်းချုပ်နယ်မြေများရှိ CDM နိုင်ငံ့ဝန်ထမ်းရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ကြသည်။
ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံးမြို့နယ်မှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စတင်စုဖွဲ့သည့် အခြေအနေများ၊ လက်ရှိမြို့နယ်အတွင်း ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ထောက်ပံ့မှုများ၊ မြို့နယ်အတွင်းရှိ CDM နိုင်ငံ့ဝန်ထမ်းများ၏ အခြေအနေများကို ဆွေးနွေးခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းမှ ချိတ်ဆက်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ သိရှိလိုသည့် အကြောင်းအရာများ၊ မေးမြန်းလိုသည့် ကိစ္စရပ်များကို ဆွေးနွေးမေးမြန်းခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်ဖြစ်သည့် လောင်းလုံးမြို့နယ်အတွင်းရှိ CDM နိုင်ငံ့ဝန်ထမ်းများ ပိုမိုစုစည်းချိတ်ဆက်နိုင်ရန်အတွက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံးမြို့နယ်အတွင်းရှိ CDM နိုင်ငံ့ဝန်ထမ်းများ၏ အခြေအနေများကို ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ရှေ့ဆက်ချိတ်ဆက် ဆောင်ရွက်ရန်လည်း တနင်္သာရီတိုင်း CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက် - TCSN နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံးမြို့နယ်တို့မှ တာဝန်ရှိသူများ၊ တက်ရောက်လာသူ CDM နိုင်ငံ့ဝန်ထမ်းများမှ ဆန္ဒပြုခဲ့ကြပြီး တွေ့ဆုံဆွေးနွေးမှုကို မြန်မာစံတော်ချိန် နေ့လယ် (၁၂) နာရီ (၄၀) မိနစ်တွင် အောင်မြင်စွာ ရပ်နားခဲ့သည်။
Tanintharyi CDM Solidarity Network