13/10/2026
Official Partnership Agreement Signing Between Loi Aint Education Group & Show Your Kindness Group
Show Your Kindness Group (SYK) မှ ပညာရေး၊ လူငယ်စွမ်းရည်မြှင့်တင်ရေးနှင့် သင်ယူလေ့လာခွင့်များ ပိုမိုတိုးချဲ့ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ Loi Aint Education Group နှင့်အတူ Partnership Agreement ကို တရားဝင် လက်မှတ်ရေးထိုးခဲ့ပါသည်။
ယခုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Show Your Kindness Group နှင့် Loi Aint Education Group တို့သည် လူငယ်များအတွက် ပိုမိုကောင်းမွန်သော ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ သင်ယူလေ့လာမှုဆိုင်ရာ အရင်းအမြစ်များ မျှဝေခြင်း၊ ပညာသင်ဆုအစီအစဉ်များ၊ သင်ကြားရေးနှင့် သင်တန်းပို့ချမှုဆိုင်ရာ သင်တန်းများ (Teaching Training Programs) အပါအဝင် ပညာရေးဆိုင်ရာ အခွင့်အလမ်းများကို အပြန်အလှန် မျှဝေဖော်ဆောင်ခြင်းတို့ကို အတူတကွ လုပ်ဆောင်သွားကြမည်ဖြစ်ပါသည်။
Loi Aint Education Group နှင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခြင်းသည် လူငယ်များအတွက် ပညာရေးအခွင့်အလမ်းများ ပိုမိုရရှိလာစေရန်၊ ပညာသင်ဆုအစီအစဉ်များအကြောင်း သိရှိလေ့လာနိုင်ရန်နှင့် သင်ကြားရေးစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူပြုမည့် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု Show Your Kindness Group မှ ယုံကြည်ပါသည်။
ဤမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အဖွဲ့အစည်းနှစ်ခုအကြား အတွေ့အကြုံများ၊ အသိပညာများနှင့် အခွင့်အလမ်းများကို အပြန်အလှန်မျှဝေကာ လူငယ်များနှင့် ပညာရေးကဏ္ဍအတွက် အကျိုးရှိသော ပညာရေးအစီအစဉ်များ၊ ပညာသင်ဆုအခွင့်အလမ်းများနှင့် သင်ကြားရေးစွမ်းရည်မြှင့်တင်မှု အစီအစဉ်များကို ဖော်ဆောင်နိုင်ရန် မျှော်လင့်ပါသည်။
English Version
Show Your Kindness Group (SYK) and Loi Aint Education Group have officially signed a Partnership Agreement to strengthen collaboration in education, youth empowerment, and expanding learning opportunities for young people.
Through this partnership, both organizations will work together to create better educational opportunities, share learning resources, and promote scholarship programs, teacher training programs, and other educational initiatives that support young people's academic development and professional growth.
SYK believes that this partnership represents an important step toward expanding access to education, increasing awareness of scholarship opportunities, and strengthening teaching and learning capacities.
Through this collaboration, both organizations look forward to sharing knowledge, experiences, and opportunities while developing meaningful educational initiatives, scholarship opportunities, and teacher training programs that contribute to the development of young people and the broader education sector.
Office Phone: 09 989 288 141
Office Email: [email protected]
Follow Us
page https://www.facebook.com/showyourkindnessmyanmar/
Telegram Channel https://t.me/sykgroup
LinkedIn Page https://www.linkedin.com/company/showyourkindness/