Kan Baw Za Youth Library & Reading Club

Kan Baw Za Youth Library & Reading Club Community Library, Non-Profit Organization, established in 2004 Community Library

06/05/2025

တောင်ကြီးမှာ Pharmacist အဖြစ်လုပ်ချင်သူဘယ်သူရှိပါသလဲ

ငလျင်နဲ့အတူ ပြန်လည်တည်ဆောက်ရမဲ့စာကြည့်တိုက်အခြေအနေပါ
31/03/2025

ငလျင်နဲ့အတူ ပြန်လည်တည်ဆောက်ရမဲ့စာကြည့်တိုက်အခြေအနေပါ

16/01/2025

ပိုက်ဆံမရှိတဲ့အခါ အိမ်မှာပဲ
သက်သတ်လွတ် စားတယ်
ပိုက်ဆံရှိလာတော့ ဆိုင်ကောင်းကောင်းမှာ
သက်သတ်လွတ် သွားစားတယ်။

ပိုက်ဆံမရှိတဲ့အခါ စက်ဘီး စီးတယ်
ပိုက်ဆံရှိလာတော့ လေ့ကျင့်ခန်းလုပ်တဲ့
စက်ပေါ်မှာ စက်ဘီး သွားနင်းတယ်။

ပိုက်ဆံမရှိတုန်းက အစာရှာဖို့ လမ်းလျှောက်ရတယ်
ပိုက်ဆံရှိလာတော့ အဆီချဖို့ လမ်းလျှောက်ရပြန်တယ်။

အို လူတွေ လူတွေ ကိုယ့်ကိုကိုယ် လှည့်စား နေကြတာပါပဲလား
======================
ပိုက်ဆံမရှိတုန်းကတော့ အိမ်ထောင်ပြုချင်နေကြပြီး
ပိုက်ဆံရှိလာပြန်တော့ ကွာရှင်းဖို့ စဉ်းစားကြပြန်ရော။

ပိုက်ဆံမရှိတဲ့အခါ ကိုယ့်မိန်းမကိုပဲ အတွင်းရေးမှုး
ပြန်ခန့်ထားရပေမယ့် ပိုက်ဆံချမ်းသာလာတော့
အတွင်းရေးမှုးက ကိုယ့်မိန်းမ ဖြစ်လာတယ်။

ပိုက်ဆံမရှိစဉ်တုန်းက ချမ်းသာချင်ယောင် ဆောင်ခဲ့ပြီး
ပိုက်ဆံလည်းရှိလာရော ဆင်းရဲချင်ယောင် ဆောင်ရပြန်တယ်။

အို လူတွေ အို လူတွေ တစ်ခါမှကို
အမှန် မပြောနိုင်ကြပါလား
=======================
စျေးတင်ရောင်းတာ မကောင်းဘူးပြောပြီး
စျေးကစားနေတာလည်း သူတို့ပဲ။

ငွေဆိုတာ မကောင်းတဲ့ မိစ္ဆာလို့ ဆိုကြ
ပေမယ့်လည်း အဲဒီ ငွေနောက်ပဲ လိုက်ပြီး
လောဘရဲ့သားကောင် ဖြစ်နေကြတယ်။

နေရာမြင့်ရင် အထီးကျန်တယ်လို့ ဆိုကြပြီး
အဲဒီနေရာကိုပဲ တပ်မက်မောနေကြတယ်။

အစားအသောက် လောင်းကစား
မကောင်းဘူး ပြောကြပေမယ့် အရသာတွေ့
မွေ့လျော်နေကြတာလည်း လူတွေပဲ။

အို လူတွေ အို လူတွေ အပြောနဲ့အလုပ်က
တခြားစီ
=====================
ဘဝဆိုတာ မလုပ်နိုင်တာတွေအတွက် စိတ်ပျက်နေဖို့
မဟုတ်ဘဲ လုပ်နိုင်တာလေးတွေ လုပ်သွားဖို့အတွက် ဖြစ်တယ်။

အံ့သြဖွယ်ရာတွေဆိုတာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေလို့
ဘယ်တော့မှ အရှုံးမပေးဘဲ စောင့်သာ ကြည့်နေလိုက်ပါ

ပိုက်ဆံနှစ်ရာလောက်က
သူတောင်းစားကို ပေးဖို့ များနေလွန်းပေမယ့်
ကာရာအိုကေမှာ မုန့်ဖိုးပေးဖို့တော့ မနှောမြောကြဘူး။

တနေကုန် အလုပ်လုပ်ပြီးလို့
ဂျင်မှာ သွား ကစားရမှာ မမောပေမယ့် အိမ်မှာ
အမေကို ကူဖို့ကြတော့ ဝန်လေးနေကြတယ်။

၃ မိနစ်လောက်လေး တရားထိုင်ရမှာ
အချိန် များလွန်းနေပေမယ့် ၃ နာရီလောက်တော့
ရုပ်ရှင် အသာလေး ထိုင်ကြည့်နိုင်တယ်။

ဗယ်လင်တိုင်းဒေး ရောက်ဖို့ တစ်နှစ်လုံး
စောင့်နေကြပေမယ့် အမေ့မွေးနေကိုတော့ မေ့နေကြတယ်။

လမ်းပေါ်က ဗိုက်ဆာနေတဲ့
ကလေးတွေကို ပေါင်မုန့်တစ်ချပ်တောင်
မပေးပေမယ့်
ပန်းချီကားတစ်ချပ်ကျတော့ သိန်းချီပြီး
ပေးဝယ်ကြတယ်။

ဟာသတွေဆိုရင် ရှယ်လုပ်ဖို့
နှစ်ခါပြန် မစဉ်းစားပေမယ့်
ဒီလို စာမျိုးကျတော့ လက်တွန့် နေကြတယ်။

စဉ်းစားကြည့်ပါ
=========
ပြောင်းလဲပါ
သေပြီးရင်တောင် ရနေအုံးမယ့် အရာတွေ
လွယ်လွယ်လေး လုပ်နိုင်ပါတယ်။

တစ်ယောက်ယောက်ကို အပြုံး လက်ဆောင်
လေး ပေးလိုက်ရင်လည်း သူ့အတွက် တစ်နေ့
တာကို ကိုယ်က ရသွားတာပါပဲ

ဆေးရုံမှာ တွန်းလှည်း လှုတယ်ဆိုရင်
အဲဒီ တွန်းလှည်းကို နေမကောင်းသူတွေ
အသုံးပြုတိုင်း ကိုယ်က ကုသိုလ် ရနေတာပဲ

မိဘမဲ့ဂေဟာ စာသင်ကျောင်းနဲ့ ဆေးရုံတွေမှာ
လှုဒါန်းတာဟာ လူတိုင်း အသုံးပြုဖို့ ဖြစ်လို့
အမြဲတမ်း
ပြန်ရနေမယ့် ကုသိုလ် ကောင်းမှုတွေ ဖြစ်တယ်။

အများပြည်သူ သွားလာတဲ့နေရာတွေမှာ
ရေသန့်စက်လေး ထားပေးလိုက်ရင်လည်း
လူတိုင်း ရေသောက်ကြမှာမို့ ကုသိုလ်ရနေမှာပဲ

သစ်ပင်စိုက်တာဟာလည်း အရိပ်ရဖို့အတွက်
ဖြစ်လို့ ဒါလည်းကောင်းမှုကုသိုလ်ပါပဲ

အားလုံးထဲမှာ အလွယ်ဆုံးကတော့ ဒီစာကို
ရှယ်လိုက်လို့ တစ်ယောက်ယောက်က
တစ်ခုခုကို လုပ်ဖြစ်သွားရင် လည်း
ကုသိုလ် ရတာပဲမဟုတ်လား?

စာကြည့်တိုက် အသုံးပြုသူစာဖတ်သူများမနက်၁၀နာရီမှညနေ၄နာရီအတွင်းလာရောက်အသုံးပြုနိုင်ပါတယ်နော်
03/11/2024

စာကြည့်တိုက် အသုံးပြုသူစာဖတ်သူများမနက်၁၀နာရီမှညနေ၄နာရီအတွင်းလာရောက်အသုံးပြုနိုင်ပါတယ်နော်

09/09/2023

Our Vision
လူတစ်ဦးခြင်းသည်မိမိယုံကြည်ရာ စိတ်၀င်စားရာများကို လွတ်လပ်စွာလုပ်ကိုင်နိုင်၍ မိမိပတ်၀န်းကျင်နှင့် လူ့ဘောင်လောကကြီး အကျိုးကို ဆောင်ရွက်နိုင်သောသူများနှင့် လူ့အဖွဲ့အစည်းကိုတည်ထောင်ရန်

Goal
ဒေသအတွင်း တည်ငြိမ်အေးချမ်းပြီး ပြည်သူများ လူမှုရေး၊ ပညာရေး၊ အခြေအနေ မြင့်မားလာ၍ ရေရှည်တည်တံ့သောလုပ်ငန်းကို လုပ်ကိုင်လာပြီး ဘက်စုံဖွံ့ဖြိုးတိုး တက်နိုင်ရန်
Mission
ကမ္ဘောဇလူငယ်စာကြည့်တိုက်နှင့်စာဖတ်အသင်းသည် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးလုံး၀ ကင်းရှင်း၍ အကျိုးအမြတ်ကို အဓိကမထားဘဲလူသားခြင်းစာနာမှုဖြင့် ငြိမ်းချမ်းရေး၊ လူမှု၀န်းကျင်ဖွံ့ဖြိုးရေး၊ သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို (စာကြည့်တိုက်ကို အခြေခံ၍) ဒေသခံအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်ရန်

05/09/2023

Address

Aung Thapyae Street, Sein Pan Qtr (Near Shan State Police Force And Behind Lawkamanaung Monastery)
Taunggyi
06011

Opening Hours

Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00
Saturday 10:00 - 16:00

Telephone

+959765211398

Alerts

Be the first to know and let us send you an email when Kan Baw Za Youth Library & Reading Club posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Kan Baw Za Youth Library & Reading Club:

Share

Our Story

Kan Baw Za Youth Library and Reading Club (Local NGO) is a non-profit, totally on political, humanitarian organization based on the voluntary services and committed to promoting Peace, Co-operation and Development.

The club was originally established in 2004 and was formed to promote better educational practices, to provide library and voluntary activities.

Kan Baw Za Youth Library has Five programs and co-operation with multi stakeholders


  • Library Program - Library services, Education services and Mobile library services