03/10/2024
2017 June 5 မှာ စပြီးစိုက်ခဲ့တဲ့ အပင်လေးတွေဟာ အခုဆိုရင် လူတွေကိုအရိပ်ပေးနိုင်တဲ့ အရွယ်အထိရောက်လာခဲ့ပါပြီ
ဒီလိုအထိဖြစ်လာဖို့ အချိန်တွေအကြာကြီး ပြုစုခဲ့ရပါတယ် စိုက်ရုံနဲ့မပြီး ရှင်အောင်ပြုစုခဲ့ကြလို့ ရလဒ်ကောင်းထွက်လာတာပါ
အခုတော့ အရမ်းကြီးပြုစုစရာမလိုတော့တဲ့အရွယ်ဖြစ်လာပြီမို့ စိတ်အေးရပါပြီ
အားလုံးရဲ့ လက်တွေနဲ့ပြုစုခဲ့ရတာမို့ သက်ဆိုင်သမျှသူတိုင်း အေးချမ်းပါစေ 🌳
(၇)နှစ်ကျော် အပင်လေးတွေရဲ့ ဖြတ်သန်းမှုကိုပုံတွေမှာကြည့်ပေးပါဦး 😁
ငြိမ်းချမ်းတဲ့တစ်နေ့တော့ ဒီလူတွေဒီအပင်တွေနဲ့ ဒီနေရာလေးမှာ ဆုံကြဖို့မျှော်လင့်ရင်း...
P.S...September ရဲ့ ဆိုးဝါးတဲ့ရေဘေးမှာ လူအများစုက သစ်ပင်တွေရဲ့ တန်ဖိုးကိုသိသွားကြပြီမို့ သစ်ပင်လေးတွေကို ဒီထက်ပိုချစ်တတ်လာရင်ကောင်းမှာပဲ