09/05/2026
မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း(MRPDA)ရှမ်းတောင်ရုံးခွဲ၏ 2026/2029ခုနှစ်အတွက် အလုပ်အမှုဆောင်ရွေးကောက်တင်မြှောက်ပွဲအား ယနေ့(၉/၅/၂၀၂၆)စနေနေ့တွင် ရှမ်းယဉ်ကျေးမှုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခန်းအနားတွင် ဗဟိုဒုဥက္ကဌ(၁)ဦးဝဏ္ဏစိုးမှ အဖွင့်အမှာစကားပြောကြားပြီး၊ဗဟိုအတွင်းရေးမှူးချုပ် ဒေါ်လွင်လွင်မေမှ ဂုဏ်ပြုမိတ်ဆက်စကားပြောကြားခဲ့ကြပါသည်။
ထို့နောက် ရှမ်းတောင်ဥက္ကဌဦးနိုင်မင်းစိုးမှ အခန်းအနားကျင်းပရခြင်းရည်ရွယ်ချက်ကိုပြောကြားခဲ့ပြီး ရှမ်းတောင်ဘဏ္ဍာရေးမှူး ဦးအောင်ကိုစိုးက ဘဏ္ဍာရေးရှင်းတမ်းများကိုဖတ်ကြားခဲ့ပါသည်။
ထို့နောက် ရွေးကောက်ပွဲအားဆက်လက်ကျင်းပခဲ့ရာ ရှမ်းတောင်ဥက္ကဌအသစ်အဖြစ် ဒေါ်အေးသန္တာစိုး(ခ)ဆုမြတ်၊ဒုဥက္ကဌ(၁)အဖြစ် ဦးအောင်ကိုစိုးတို့နှင့်အတူ ကျန်အလုပ်အမှုဆောင်များအား အသီးသီးဆန္ဒမဲပေးရွေးချယ်ခဲ့ကြပါသည်။