Linn Latt Aein Charity Shop

Linn Latt Aein Charity Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Linn Latt Aein Charity Shop, Charitable organisation, Taunggyi.

🌕 Hello Hello! 💛ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ မှာ လင်းလက်အိမ်ချစ်သူတွေအတွက် Handmade Craft လက်ဆောင်လေးတွေ ပေးမယ့် အထူးအ...
08/08/2025

🌕 Hello Hello! 💛
ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ မှာ လင်းလက်အိမ်ချစ်သူတွေအတွက် Handmade Craft လက်ဆောင်လေးတွေ ပေးမယ့် အထူးအစီအစဉ် လာပါပြီ!

ဒီနေ့မှ စိတ်ကူးပြီး စလုပ်လိုက်တာဆိုတော့…
ည ၈ နာရီကျော်မှ ပြီးတော့တယ်။ post လေး နည်းနည်းနောက်ကျသွားတယ်နော် 🙏

🎁 လက်ဆောင်တစ်ခုချင်းအောက်မှာ အဓိပ္ပါယ်လေးတွေပါရေးထားပါတယ်။
သဘောကျတဲ့လက်ဆောင်လေးတွေ ရှိရင်တော့ comment မှာ မန့်ပေးကြနော်။

👉 လက်ဆောင်လေး ၈ ခု စီစဥ်ထားပါတယ်။
တစ်ခုကို သဘောကျသူ တယောက်ထပ်ပိုခဲ့ရင်တော့ မဲနှိပ်ပြီး ရွေးပေးမှာဖြစ်ပါတယ်။

ဒီည ၁၂ နာရီ အထိပါပဲနော်။

💫 Join us and let us show our appreciation to you all!

ချစ်ခြင်း မေတ္တာနဲ့…
လင်းလက်အိမ် မှ 💛

🌕✨ 8:8 Lion's Gate Portal + ဝါခေါင်လပြည့်နေ့ ✨🌕ဒီနေ့ဟာ မေတ္တာအခါ​​တော်နေ့၊  ဝါခေါင်လပြည့်နေ့လည်းဖြစ်ပြီး၊ ထူးခြားတဲ့ 8:8...
08/08/2025

🌕✨ 8:8 Lion's Gate Portal + ဝါခေါင်လပြည့်နေ့ ✨🌕

ဒီနေ့ဟာ မေတ္တာအခါ​​တော်နေ့၊ ဝါခေါင်လပြည့်နေ့လည်းဖြစ်ပြီး၊ ထူးခြားတဲ့ 8:8 Lion's Gate Portal ပွင့်တဲ့နေ့လည်းဖြစ်တာမို့
လင်းလက်အိမ်ကို အမြဲအားပေးနေတဲ့ မိတ်ဆွေ​များအတွက် ပျော်စရာကောင်းမယ့် အစီအစဉ်လေးတခုကို ပြင်ဆင်ထားပါတယ်။
📣 ဒီည ၈ နာရီ မှာ လင်းလက်အိမ်ရဲ့ Page မှာ ကြေညာမှာဖြစ်လို့ Stay tuned နော်....




ကော်ဖီခွက်အသစ်လေးတွေပါ။ 9 ခွက် ရှိပါတယ်။ တခွက်ချင်းယူ 2,000 9 ခွက်လုံးယူရင် 15,000 နဲ့ရပါမယ်ရှင့်
30/07/2025

ကော်ဖီခွက်အသစ်လေးတွေပါ။ 9 ခွက် ရှိပါတယ်။
တခွက်ချင်းယူ 2,000
9 ခွက်လုံးယူရင် 15,000 နဲ့ရပါမယ်ရှင့်

Decluttering လုပ်ရင်းနဲ့ စိတ်ရှင်း၊ အိမ်ရှင်း၊ ဝင်ငွေတွေ တိုးစေဖို့ 😇😇
30/07/2025

Decluttering လုပ်ရင်းနဲ့ စိတ်ရှင်း၊ အိမ်ရှင်း၊ ဝင်ငွေတွေ တိုးစေဖို့ 😇😇

စာကို..မဖတ်ခင်..အရင်ဆုံး..တင်ထားတဲ့ပုံလေးကိုကြည့်စေချင်ပါတယ်

ဖြူဖြူဖွေးဖွေး..ရှင်းရှင်းသန့်သန့်...ပစ္စည်းတွေသပ်သပ်ရပ်ရပ်နဲ့..ဧည့်ခန်းလေးကိုတွေ့ရတဲ့အခါမှာ ဘယ်လိုခံစားရပါသလဲ..

ဒီအခန်းလေးထဲမှာ..ကိုယ်တိုင်ဝင်ထိုင်ကြည့်မယ်.. တိတ်တိတ်ဆိတ်ဆိတ်ငြိမ်ငြိမ်သက်သက်လေးနဲ့..အနံ့အသက်တွေကလည်းကောင်းနေမယ်..ဖုန်တွေ..အမှိုက်တွေလည်းမရှိဘူးဆိုရင် စိတ်တွေ ကြည်လင်နေမှာပါ..

သူနဲ့ဆန့်ကျင်ဘက်..ရှုပ်ပွနေတဲ့အခန်းတစ်ခုရဲ့ဓာတ်ပုံကိုတော့ Comment မှာပဲ ပြလိုက်ပါမယ်..

ကျွန်မတို့တွေရဲ့စိတ် တွေ..ရှင်းရှင်းလင်းလင်း..ကြည်ကြည်လင်လင်..ဖြစ်ဖို့ဆိုရင်..ကိုယ်နေထိုင်တဲ့ နေရာတွေ.. အခန်းတွေ..အလုပ်စားပွဲတွေဟာလည်း..ရှင်းလင်းနေဖို့ လိုပါတယ်..

ဟိုတယ်ကြီးတွေလို..ခမ်းနားနေရမယ်လို့မဆိုလိုပါဘူး .. ပစ္စည်းလေးတွေ..သူ့နေရာနဲ့သူစီစီရီရီ..သပ်သပ်ရပ်ရပ်နဲ့..အနံ့အသက်ကောင်း..လေဝင်လေထွက်ကောင်းတယ်ဆိုရင် ကျွန်မတို့ရဲ့ Energy ဟာ High-frequency ဖြစ်နေမှာသေချာပါတယ်

ကျွန်မလည်း နှစ်သစ်မှာ.. စိတ်တွေရှင်းချင်တာမို့ အိမ်မှာ.. ရှင်းလင်းရေးတွေလုပ်နေပါတယ် ..

ကျွန်မကအဝတ်အစားကြိုက်တဲ့သူမို့လို့.. အဝတ်အစားတွေများသလို တကယ်ရှင်းရပြီဆိုရင်လည်း အဝတ်ဗီရိုက စပြီးရှင်းရတာပါပဲ ..

ပစ္စည်းတွေ ရှင်းထုတ်နေရင်းကနေ ကျွန်မတို့မှာ.. ဒီလောက်များပြားတဲ့ ပစ္စည်းတွေ ဘယ်လိုရှိနေခဲ့တာလဲဆိုတဲ့အကြောင်းကိုစဉ်းစားမိပါတယ်

၁)ပထမဦးဆုံးအချက်ကတော့ ဝယ်ခဲ့မိတဲ့အတွက်ပါ.. ဘယ်လိုဝယ်ခဲ့တာလဲဆိုရင်.. ပစ္စည်းတစ်ခုကို..ကိုယ်တကယ်မလိုအပ်ဘဲနဲ့...တွေ့လိုက်ရတဲ့အချိန်မှာ ရုတ်တရက်ကြိုက်မိ..လိုချင်စိတ်ဖြစ်မိပြီး..ဝယ်လိုက်မိတာမျိုးပါပဲ.. အင်္ဂလိပ်လိုဆိုရင်တော့ Consumer Impulse လို့ခေါ်ပါတယ်...

၂)ကွန်ပျူတာဘေးမှာဆိုရင်တော့.. ပရင့်ထုတ်ထားတဲ့စာရွက်တွေ တစ်ထပ်ကြီးဖြစ်နေပါတယ်.. ကျွန်မက
အွန်လိုင်းပေါ်ကစာတွေကိုကြိုက်မိပြီဆိုရင်ပရင့်ထုတ်ထားတတ်တယ်..
စာရွက်တွေပရင့်ထုတ်ပြီးတာနဲ့ File တွေ နဲ့ခွဲထားတယ်ရှိပါတယ်..

တချို့စာတွေကပရင့်ထုတ်ထားတာနှစ်ပေါင်းများစွာပဲကြာလှပြီ..အခုထိမဖတ်ဖြစ်သေးပါဘူး ဒါပေမယ့်လည်းမပစ်နိုင်တဲ့အတွက် ..တပုံ့ပုံ့
ဖြစ်နေတာပါပဲ..သည်လိုပစ္စည်းတွေကတော့ I cannot let go of them လို့ပြောရမှာပါပဲ..

၃)တစ်ချို့ပစ္စည်းတွေကတော့အတိတ်က အမှတ်တရတွေ ရှိနေတဲ့အတွက် သံယောဇဥ်တွယ်နေမိတဲ့ ပစ္စည်းတွေပါပဲ ..အဖေ့ရဲ့ကားမောင်းလိုင်စင်တို့.. ဆုံးသွားတဲ့ခွေးကလေးရဲ့လည်ပတ်.. ရည်းစားဟေါင်းက..ဝယ်ပေးခဲ့တဲ့သီချင်းခွေ ဒါမျိုးပစ္စည်းတွေကလည်းအများသားပါပဲ..Old Memories တွေရှိနေတာမို့ မပစ်ရက်နိုင်ပြန်ပါဘူး..

၄)တချို့ ပစ္စည်းတွေ
ကတော့ အခုမသုံးပေမယ့်..နောက်တော့သုံးမှာပေါ့ဆိုပြီး Future Use အတွက် ဝယ်ထားမိတဲ့ပစ္စည်းမျိုးတွေပါပဲ ဥပမာအားဖြင့်.. နောက်ချက်ရအောင်..တွေ့တုန်းဝယ်ထားလိုက်..ဆိုတဲ့..ဟင်းအနှစ်ထုပ်တွေ.. နောက်မှဖတ်မယ်ဆိုတဲ့ စာအုပ်တွေပါပဲ..

၅)နောက်တစ်မျိုးကကျတော့.. လိုအပ်တဲ့သူတစ်ယောက်ယောက်ကို
ပေးပစ်ရမှာလား ..ကိုယ်ပဲ ပြန်သိမ်းထားရမှာလားဆိုပြီး Delayed Decision စိတ်မပြတ်မသားဖြစ်နေလို့ တပုံပုံဖြစ်နေတဲ့ ပစ္စည်း
တွေပါပဲ.. ဥပမာအားဖြင့် ကျွန်မဗီရိုရှင်းတဲ့အခါ တချို့အင်္ကျီလေးတွေဆိုရင် ငါပိန်သွားရင် ပြန်ဝတ်လို့ရသေးတယ်..သူများကိုမပေးသေးပါဘူးလေ.. ဆိုပြီးမပြတ်မသားဖြစ်ရတာမျိုးပါ..

ပစ္စည်းတွေကအဲဒီလောက် များပြားပြီး မှတ်လည်းမမှတ်မိ ပေးလည်းမပေးနိုင် ..ရှင်းလည်းမရှင်းနိုင် ရှုပ်နေပြီဆိုရင် အိမ်မှာနေရတာ စိတ်တွေရှုပ်လာပါလိမ့်မယ်..

ကျွန်မကတော့ ရှင်းရမဲ့..တစ်ခန်းချင်း..တစ်နေရာချင်းမှာ..
Four Box Method နဲ့ ပစ္စည်းတွေကိုရှင်းထုတ်ပစ်လိုက်
ပါတယ် ..ပုံးတွေရဖို့မလွယ်ရင်လည်း အထုပ်လေးတွေနဲ့ ခွဲပြီး ရှင်းလို့ရတာပါပဲ..
(ဒါကလည်း..ဂျပန်ဆရာမ Marie Kondo /Organizing Consultant
ရဲ့နည်းလို့ ထင်ပါတယ်..)

ပထမပုံးထဲမှာ ဆက်သိမ်းထားမယ့်အသုံး​ဝင်သေးတဲ့ပစ္စည်းတွေကိုထည့်ပါ..မြင်သာတဲ့နေရာမှာထားပါ..မမြင်ရတဲ့နေရာမှာဆိုရင် ..ကိုယ့်မှာ ဘာတွေရှိနေသလဲဆိုတာ..
မေ့သွားပါလိမ့်မယ်..KEEP

ဒုတိယပုံးထဲမှာ ပေးပစ်မယ့်...လှူပစ်မယ့်ပစ္စည်းတွေကိုထည့်ပါ... တစ်ခါတည်း လှုလိုက် ပေးလိုက်ပါ.. ကိုယ်သေရင်လည်း..ကျန်တဲ့သူတွေက ဒီပစ္စည်းတွေကို..လှုပစ်..ပေးပစ်
ကြမှာပါ..ထိုက်တဲ့သူတွေရသွားမှာပါ..ကိုယ်တိုင် အသက်ရှင်တုန်း..ကိုယ့်လက်နဲ့လှုရတော့ကုသိုလ်လည်းရ..ပီတိဖြစ်ရတယ်..GIVE AWAY

တတိယပုံးထဲမှာ ပျက်စီးအသုံးမဝင်တော့တဲ့ လွှင့်ပစ်မယ့်ပစ္စည်းတွေကိုထည့်လိုက်ပါ.. အချစ်ရဆုံးသူတွေတောင်သေဆုံးသွားကြသေးတာပဲ သူတို့နဲ့ပတ်သက်တဲ့ပစ္စည်းတွေလည်း တစ်ခုနှစ်ခုအမှတ်တရရှိရင်ပဲလုံလောက်ပါတယ်..ပစ္စည်း သင်္ခါရ..လူသင်္ခါရပါပဲလို့နှလုံးသွင်းလိုက်ပါ..TRASH

လေးပုံးမြောက်ထဲမှာတော့ ပေးလိုက်ရမလား.. သိမ်းထားရဦးမလား ..ဆုံးဖြတ်ရခက်နေတဲ့ပစ္စည်းတွေကိုထည့်လိုက်ပါ..

ပထမသုံးပုံးကတော့ဘာလုပ်ရမယ်ဆိုတာရှင်းပါတယ်.. နောက်ဆုံး ဆုံးဖြတ်ချက်မပြတ်မသား ဖြစ်နေရ
တဲ့ပုံးကလေးကိုတော့..တစ်နေရာမှာထားလိုက်ပါ..

နောက်..သုံးလလောက်ကြာတဲ့အထိ ဒီပုံးတွေကပစ္စည်းတွေကို သုံးလည်းမသုံးမိ.. ပြန်လည်းမဖွင့်ကြည့်မိဘူးဆိုရင် ကိုယ်တကယ်မလိုတော့တာ.. မသုံးဖြစ်တော့တာ..သေချာပါပြီ..
ပေးဖို့.. ပစ်ဖို့သာလုပ်ပါ..

(တချို့ကတော့ လေးပုံးမြောက်ပုံးထဲကို အခုအချိန်ဝတ်ဖို့မလိုသေးတဲ့ ဆောင်းတွင်းဝတ်အနွေးထည်လို..ပစ္စည်းမျိုးတွေ ထည့်ပြီး ခွဲသိမ်းထားလိုက်တာမျိုးကို လုပ်ပါတယ်..RELOCATE)

နှစ်သစ်မှာ မလိုတော့တဲ့အမှိုက်တွေကိုရှင်းပစ်ဖို့လည်းလိုပါတယ် ..ဒီအမှိုက်တွေက..ပိတ်ဆို့နေတဲ့ Energy တွေပါပဲ..

အသစ်တွေကိုလက်ခံဖို့ဆိုရင်..အဟောင်းတွေကိုရှင်းထုတ်ပစ်မှဖြစ်မှာပါ.. ရှင်းလင်းနေတဲ့အိမ်နဲ့ ရှုပ်ပွထ..နေတဲ့အိမ် ..နေရတဲ့ခံစားချက်ချင်းကမတူပါဘူး..

ဒီနှစ်ဟာ..အကောင်းတွေကိုလက်ခံရမယ့်နှစ် လို့..ပညာရှင်တွေကဆိုကြပါတယ်..အကောင်းတွေကိုလက်ခံဖို့ဆိုရင် ကိုယ်လက်ခံပေးရမဲ့ နေရာတွေ..စိတ်စွမ်းအားတွေ
ကိုချဲ့ထားဖို့..လိုအပ်ပါတယ် .. အမှိုက်လိုဖြစ်နေတဲ့..မလိုအပ်တဲ့.. ပစ္စည်း တွေကိုရှင်းထုတ်ပစ်လိုက်ပါ..
.စိတ်ရှင်း..အိမ်ရှင်းရင်..ငွေလည်းရွှင်..ငွေလည်း ဝင်ပါသတဲ့..

မွန်ဟော်စီ
၂၀၂၂ April



#မနက်စာအာဟာရ


Photo
Internet

✨ Branded တွေကို အရမ်းတန်တဲ့စျေးနဲ့ ရမှာပါနော်!အမျိုးသမီးဝတ်၊ အမျိုးသားဝတ် အစုံ ပါပါတယ်။🧺 အထည် ၅၀ ကျော်ဆိုတော့ စိတ်ကြိုက...
27/07/2025

✨ Branded တွေကို အရမ်းတန်တဲ့စျေးနဲ့ ရမှာပါနော်!
အမျိုးသမီးဝတ်၊ အမျိုးသားဝတ် အစုံ ပါပါတယ်။

🧺 အထည် ၅၀ ကျော်ဆိုတော့ စိတ်ကြိုက်ရွေးလိုက်နော်။

📩 မှာယူဖို့ Messenger မှာပေးပို့နိုင်ပါတယ်။

Preloved but well-loved မြန်မာဝမ်းဆက်လေးတွေ လာပါပြီ။📍 အရည်အသွေးကောင်း၊ 📍 တန်ဖိုးသင့်တင့်၊📍 သဘာဝပတ်ဝန်းကျင်ချစ်သူတွေရဲ့ ရ...
27/07/2025

Preloved but well-loved မြန်မာဝမ်းဆက်လေးတွေ လာပါပြီ။
📍 အရည်အသွေးကောင်း၊
📍 တန်ဖိုးသင့်တင့်၊
📍 သဘာဝပတ်ဝန်းကျင်ချစ်သူတွေရဲ့ ရွေးချယ်မှု။

သပ်ရပ်လှပပြီး ပွဲဝတ်၊ ရုံးဝတ်၊ နေ့စဉ်ဝတ်လို့ရတဲ့ မြန်မာဝတ်စုံလေးတွေပါ။

🥰 တစ်စုံတည်းသာရှိတာမို့ စိတ်ကြိုက်တွေ့ရင် စောင့်မနေနဲ့နော်!

စျေးနှုန်းလေးတွေ ပုံအောက်မှာ ပါပါတယ်ရှင့်။


#မြန်မာဝတ်စုံ

Branded ချည်သားဘောင်းဘီလေးတွေပါ။ ပုံလေးတွေ အောက်မှာ Caption လေးတွေ ရေးထားပေးပါတယ်။
27/07/2025

Branded ချည်သားဘောင်းဘီလေးတွေပါ။
ပုံလေးတွေ အောက်မှာ Caption လေးတွေ ရေးထားပေးပါတယ်။

20/07/2025

4 colors available

19/07/2025
29/06/2025

📢 We're Hiring!
Join our charity shop team in Hlaing Township – where purpose meets creativity.

🛍️ Position Details:
- Workdays: Fri–Sun (3–4 days/week)
- Wage: 10,000 MMK/day + bus fees
- Weekly payment
- Location: Hlaing (Yangon)
- Probation: 1 month

💚 What You’ll Gain:
- Online sales & social media experience
- Teamwork & communication skills
- Be part of a community-focused mission
- Learn about preloved items & sustainability

📌
အွန်လိုင်းအရောင်း၊ စျေးကွက်ရှာဖွေမှု၊ ပစ္စည်းစီမံခန့်ခွဲမှုနဲ့ အသင်းအဖွဲ့လိုက်အလုပ်တွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ Social Enterprise လုပ်ငန်းတစ်ခုရဲ့တန်ဖိုးကို နားလည်လာပြီး ကိုယ်ပိုင်အတွေ့အကြုံအဖြစ် အသုံးချနိုင်မှာ ဖြစ်ပါတယ်။

✅ Interested? Apply now!
👉

Preloved Dressချစ်စရာ အနီရောင် Dress လေးကတော့ ပေါင် 100-11 0 cuties လေးတွေအတွက်ပါ။ အောက်ခံ ကြိုးတစ်ချောင်းလေးကိုမှ အပေါ်...
30/05/2025

Preloved Dress
ချစ်စရာ အနီရောင် Dress လေးကတော့ ပေါင် 100-11 0 cuties လေးတွေအတွက်ပါ။ အောက်ခံ ကြိုးတစ်ချောင်းလေးကိုမှ အပေါ်က ဇာအကောင်းစားလေးတစ်ထပ်ပါပါသေးတာနော်❤️
အသစ်တိုင်းရမှာမို့ ပေးရတဲ့ဈေးနဲ့ အရမ်းတန်ပါတယ်❤️
Price:35000MMK
Conditions:Good as New
Size: 100-110lb

🏫 မိမိတို့ရဲ့ အမြတ်တနိုးဖြစ်ရတဲ့ ပစ္စည်းလေးတွေကို တဆင့်ပြန်လည်ရောင်းချချင်တယ်ဆိုရင်လဲ Linn Latt Aein Charity Shop ကလက်ခံဆောင်ရွက်ပေးနေပါတယ်နော်

☎️ အသေးစိတ်သိရှိလိုတာလေးတွေရှိရင်လဲ Page Messenger ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။
#

🍀Preloved Dress🍀အပန်းရောင်လေးကိုမှ ရိုးရိုးရှင်းရှင်းလေး မို့ လှသောလေးပါနော်။ ဇာအကောင်းလေးက ပွဲတိုးတာမို့ လက်လွတ်မခံသင့်...
30/05/2025

🍀Preloved Dress🍀

အပန်းရောင်လေးကိုမှ ရိုးရိုးရှင်းရှင်းလေး မို့ လှသောလေးပါနော်။ ဇာအကောင်းလေးက ပွဲတိုးတာမို့ လက်လွတ်မခံသင့်ပါဘူးနော်။အသစ်အတိုင်းရမှာမို့ ပေးရတဲ့ဈေးနဲ့ အရမ်းတန်ပါတယ်ရှင့်

Price:35000MMK
Conditions: Good as New
Size:100-110lbs

🏫 မိမိတို့ရဲ့ မြတ်နိုးတန်ဖိုးထားရတဲ့ ပစ္စည်းလေးတွေကို တဆင့်ပြန်လည်ရောင်းချချင်တယ်ဆိုရင်လည်း Linn Latt Aein Charity Shop မှ လက်ခံဆောင်ရွက်ပေးနေပါပြီ။

☎️ အသေးစိတ်သိလိုပါက Page Messenger ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်❤️❤️

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Linn Latt Aein Charity Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share