  • Home
  • Myanmar
  • Taunggyi
အလုပ်ခေါ်စာ
19/03/2026
အလုပ်ခေါ်စာ
Nurse Aid Training အား အခမဲ့ တက်ရောက်နိုင်ရန်် ကျောင်းပြင်ပရောက် ကလေးများအတွက် အခွင့်အရေး ကမ်းလက်မေတ္တာ လူမှုဖွံ့ဖြိုးရေ...
05/02/2026
Nurse Aid Training အား အခမဲ့ တက်ရောက်နိုင်ရန်် ကျောင်းပြင်ပရောက် ကလေးများအတွက် အခွင့်အရေး
ကမ်းလက်မေတ္တာ လူမှုဖွံ့ဖြိုးရေး အဖွဲ့ မှ ကျောင်းပြင်ပရောက်ကလေးများ အတွက် ရေရှည်ရပ်တည်နိုင်ရန် အတွက် အသက်မွေးဝမ်းကျောင်း ပညာများ ရရှိနိုင်ရန် ရည်ရွယ်၍ Nurse Aid သင်တန်း တက်ရောက်နိုင်ရန် အတွက် ပံ့ပိုးကူညီ ပေးမည်ဖြစ်ပါသည်။
ကျောင်းပြင်ပ ကလေးများ နှင့် ကလေးလုပ်သားများ ဖြစ်နေသည့် အတွက် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်း အဖြစ် ရပ်တည်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
ကျောင်းပြင်ပရောက်နေသည့် ကလေးများ အတွက် ရေရှည် ရပ်တည်နိုင်ရန် အတွက် ရည်ရွယ်သောကြောင့် သင်တန်းအား ပြီးဆုံးအောင် တက်ရောက်နိုင်သူများ လျှောက်ထားနိုင်သည်။ သတ်မှတ်ထားသော သင်တန်းသား တက်ရောက်သူ ကလေးများအတွက် သင်တန်း ကုန်ကျစရိတ်များကို ကမ်းလက်မေတ္တာ လူမှုဖွံ့ဖြိုးရေး အဖွဲ့ မှ ကူညီပံ့ပိုးပေးမည် ဖြစ်ပါသည်။
အထက်ပါ သင်တန်းအား တက်ရောက်လိုပါက Feb 28 2026 ရက်နေ့ နောက်ဆုံးထား၍ ၉က/၅၃ ၊ နတ်စင်လမ်း၊ လမ်းသွယ် ၃ ၊ ရပ်ကွက် ၁၂ ရပ်ကွက် ၊ အေးသာယာ မြို့နယ်တွင် လာရောက် လျှောက်ထားနိုင်ပါသည်။
လူဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံးလျှောက်ထားရန် လိုအပ်ပါသည်။
အသေးစိတ် သိရှိလိုပါက
ဖုန်း - ၀၉၈၈၃၃၃၄၄၂၅ /၀၉၉၇၉၅၁၅၃၀၄
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည် ။
04/11/2025
အပိုင်း၃
မိဘများ ကလေးတွေကိုစိုးရိမ်လျှင် သေချာစမ်းစစ်သင့်တယ်နော်
04/11/2025
အပိုင်း၂.. မိဘများဖြေကြည့်ပါ
21/09/2025
19/09/2025
လူဆိုတာ ဂရုစိုက်ခံချင်တာ အာရုံစိုက်ခံချင်ကြတာ သဘာဝပါဘဲ..
ငယ်စဥ်ကလေးဘဝက တယောက်ယောက်ကိုရိုက်လိုက်မယ်ဆိုရင် အော်လိုက်မယ်ဆိုရင် မိဘတွေက အဲ့အချိန်မှာ အနားရောက်လာကြတယ်။ ဆူတယ်ဆဲတယ်။ ကလေးရဲ့စိတ်ထဲမှာ ငါက အော်မယ် ရိုက်မယ် မိဘမကြိုက်တာ တခုခုလုပ်လိုက်ရင် မိဘက အာရုံစိုက်လာတယ်။ ဘယ်နည်းနဲ့ဖြစ်ဖြစ်ပေါ့...
နောက်ပိုင်း မိဘရဲ့အာရုံစိုက်မှု လိုချင်လာရင် ရန်လိုရန်ဖြစ်တာတွေ လုပ်လာမယ်။ မိဘကို ဘယ်နည်းနဲ့ဖြစ်ဖြစ် စိတ်ထဲတထစ်ထစ်အာရုံစိုက်စေချင်တာမျိုးပေါ့။
ဒါဟာ မှန်ကန်တဲ့လုပ်ရပ်လား။
မိဘတွေရဲ့ သွန်သင်ဂရုပြုမှုက မှန်ကန်ရဲ့လား။
ကလေးတွေရဲ့ ဂရုပြုခံချင်တဲ့လမ်းစဥ်ကရော မှန်ရဲ့လား။
တကယ်ဆို ချစ်ခြင်းနဲ့စည်းကမ်းကအရေးကြီးပြီး လမ်းကြောင်းမှန်ပေါ် ကနေ စိတ်လုံခြုံမှု အပြည့်ရတဲ့ကလေးတွေကို ပြုစုပျိုးထောင်ဖို့သာ ဖြစ်တယ်။ ကောင်းမွန်မှန်ကန်တဲ့ဂရုစိုက်ခြင်းကို ပြုရမှာဖြစ်ပါတယ်။
မိသားစုတိုင်းမှာ မှန်ကန်တဲ့ဂရုစိုက်ခြင်းတွေနဲ့ စိတ်လုံခြုံနွေးထွေးပြီး ပျော်ရွှင်သာယာသောမိသားစုလေးများဖြစ်ပါစေ။
04/09/2025
ပထမဆုံးထိတွေ့ခြင်းက ကောင်းချင်ကောင်းလိမ့်မယ်.. သို့သော် နောက်ဆုံးမှာတော့..
အဝါရောင်အလုံးလေးကို မူးယစ်ဆေးဝါးလို့မြင်ယောင်ကြည့်ပါ..လင့်လေးချထားပါတယ်...
https://youtu.be/0WaYLWDPMB0?feature=shared
22/07/2025
အဖြေလေးတွေ ကြည့်ကြစို့...
17/07/2025
သိသင့်တဲ့ အမေးအဖြေလေးတွေပါ...
ဆုလက်ဆောင်လေးတွေလည်းစီစဥ်ထားတာမို့
ဒီတပတ်အတွင်း ဖြေနိုင်တဲ့ သူကို ဆက်သွယ်ပြီး ဖုန်းဘေလ် လက်ဆောင်လေးတွေရယူပေးပါနော်.. နောက်တပတ်ကြာရင် အဖြေမှန်တွေကိုလည်း တင်ပေးသွားပါမယ်..
Address
No. 9A, 3rd Lane, Shwe Nyaung Pin Street, , Ward 12, Aye Thar Yar
Taunggyi
06014
Alerts
Be the first to know and let us send you an email when ကမ်းလက်မေတ္တာ လူမှုဖွံ့ဖြိုးရေးအဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Organization
Send a message to ကမ်းလက်မေတ္တာ လူမှုဖွံ့ဖြိုးရေးအဖွဲ့:
Share