22/08/2026
ချင်ခင်မြတ်နိုး လေးစားအပ်ပါသော တေးရေးတေးဆို ပအိုဝ်းအနုပညာရှင်များ ခင်ဗျား
မင်္ဂလာပါခင်ဗျား
* မိမိတို့ Community Development Network. မှ page ပေါ်ကနေ video အတိုတွေကို ပအိုဝ်းသီချင်းတွေနဲ့ ထည့်သွင်းပြုလုပ်ခဲ့တာတွေရှိပါတယ်။
ယင်းသီချင်းများ၏ တေးရေးတေးဆို မူရင်းပိုင်ရှင် သို့မဟုတ် မူပိုင်ခွင့် ရှိသူများထံ ခွင့်မတောင်းဘဲ Short videos ရုပ်သံအတိုတွေ ပြုလုပ်ပြီး post တင်ခဲ့တဲ့အပေါ် ၎င်းမူပိုင်ခွင့်ရှိသော တေးရေးတေးဆို ပအိုဝ်း အနုပညာရှင်များအား လေးနက်တည်ကြည်စွာ တောင်းပန်အပ်ပါတယ်။
* မိမိတို့ CDN ၏ page ပေါ်မှာ ရုပ်ပုံလွှာနဲ့ဖြစ်စေ၊ ရွှေ့လျားရုပ်သံနဲ့ဖြစ်စေ ပအိုဝ်းသီချင်းများ ထည့်သွင်းပေါင်းစပ်ပြုလုပ်ပြီး Post တွေ တင်ခဲ့ပြီးတာတွေရော နောက်နောင် မိမိတို့ CDN တို့၏ ပအိုဝ်းဒေသအတွင်း ပံ့ပိုးမှုပြုလုပ်လျက်ရှိသော ပညာရေးကဏ္ဍအပါအဝင် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်ပံ့ဖြစ်စေမဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ရုပ်သံအတိုဖြင့် မိမိတို့ CDN page ပေါ် တင်ဆက်သွားမည့်အရာများကိုလည်း ခွင့်ပြုပေးနိုင်ပါရန်လည်း တဆက်တည်း ချစ်ခင်လေးစားစွာ တောင်းခံအပ်ပါတယ်။
* ချစ်ခင်မြတ်နိုး လေးစားရပါသော မူရင်းပိုင်ရှင် တေးရေးတေးဆို အနုပညာရှင်များအားလုံး အထူးပင် ကျေးဇူးတင်ရှိပါတယ်။
* Page မှာ တင်ဆက်ခဲ့တဲ့ ရုပ်သံအတိုတွေအားလုံးမှာ ပါဝင်တဲ့ သီချင်းများ၏ မူရင်းပိုင်ရှင် တေးရေးတေးဆို အနုပညာရှင်များအား Credit ပေးပါတယ်။
ချစ်ကြည်လေးစားစွာ
Community Development Network - CDN
# # -220826 # # #
(22/08/2026)