09/06/2026
📣‼️စုရပ်အားနေရာပြောင်းလဲပြီး မြစိမ်းတောင်ကျောင်းမှဆက်တက်လာလျှင် ညာဖက်လမ်းခွဲသို့ ရွေ့ပြောင်းထားကြောင်း အသိပေးပါတယ်ရှင်။ ‼️
မိုးရာသီ မျိုးစေ့ကြဲခြင်းနှင့် သစ်ပင်စိုက်ခြင်းကို လာမည့် တနင်္ဂနွေနေ့ (၁၄.၆.၂၀၂၆)တွင် ပြုလုပ်သွားမည်ဖြစ်ပါသဖြင့် သစ်ပင်ချစ်သောသူများ၊ သဘာဝပတ်ဝန်းကျင်ကိုတန်ဖိုးထားသူများ၊ တောင်ကြီးမြို့ကို စိမ်းလန်းလှပစေချင်သူများ လာရောက်ပါဝင်နိုင်ပါတယ်ရှင်။ တောထဲကို အလည်အပတ်လာချင်သူများလဲ ပူးပေါင်းပါဝင်ရင်း မျိုးစေ့ကြဲနိုင်ပါတယ်ရှင်။
အစီအစဉ်
*******
အချိန် ။ ။ မနက် ၇:၃၀ နာရီ
နေရာ ။ ။ မြစိမ်းတောင်ကျောင်းမှဆက်လာလျှင် လမ်းမကြီး ညာဖက်လမ်းခွဲ
📢 ယူဆောင်လာရမည့်အရာများ
✅မိုးကာအင်္ကျီ 🧥
✅ကိုယ်ပိုင်ေသာက်ရေဗူး
✅တောတွင်းစီးဖိနပ် (လမ်းချော်နိုင်သဖြင့် ပွိုင့်ကောင်းသောဖိနပ်လိုအပ်ပါသည်)
✅လက်အိတ်
✅ဦးထုတ်
“ကိုယ့်မြို့ကိုယ့်ရွာသာယာဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့” 🌳
#သစ်ပင်ချစ်သူများ #သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး #မျိုးကြဲခြင်း #သစ်ပင်စိုက်ခြင်း #တောင်ကြီးမြို့ #မြေအောက်ရေထိန်းသိမ်းရေး