21/02/2026
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ခွန်စောလွင်၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်စနေအောင် တို့နှင့်အဖွဲ့မှ ညောင်ရွှေမြို့နယ် လူငယ်စွမ်းရည်မြှင့်သင်တန်းအား တက်ရောက်အားပေးချီးမြှင့်
:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::
၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁)ရက်နေ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နှင့် ဒေသခံများပူးပေါင်းပြီး ကျောင်းပိတ်ကာလ နွေရာသီတွင် လူငယ်များအတွက် အင်္ဂလိပ်ဘာသာစကားစွမ်းရည်၊ ဗုဒ္ဓယဉ်ကျေးမှု၊ ပအိုဝ်းစာပေ စသည်တို့ကို သင်ကြားပို့ချပေးသည့် လူငယ်စွမ်းရည်မြှင့်သင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ညောင်ရွှေမြို့နယ်၊ လင်လံမြောက်ကျေးရွာအုပ်စု၊ ထီဟန့်တားကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရှိရပါသည်။
အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ဖြားခွန်သိန်းဖေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ခွန်စောလွင်၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်စနေအောင် တို့နှင့်အဖွဲ့မှ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဖြားခွန်သိန်းဖေမှ ပအိုဝ်းအမျိုးသားတော်လှန်ရေးကာလမှ ပအိုဝ်းဒေသအခြေအနေများနှင့် ပအိုဝ်းလူငယ်များ၏ ပညာရေးအခြေအနေများ၊ ငြိမ်းချမ်းရေးယူပြီးနောက် ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်ခဲ့ရမှုများ၊ ယနေ့လူငယ်များ၏ ပညာရေးအခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်လာသည့်အခြေအနေများ၊ လူငယ်များအတွက် လမ်းမှားစေနိုင်သည့် ပတ်ဝန်းကျင်လွမ်းမိုးမှုအကြောင်းအရာများ၊ လူငယ်များ စိတ်ဓါတ်စွမ်းရည်ပိုင်းဆိုင်ရာအကြောင်းအရာများကို အားပေးစကားချီးမြှင့်ပြောကြားပေးသွားခဲ့ပါသည်။
ခွန်စောလွင်နှင့် ခွန်စနေအောင်တို့မှလည်း တက်ရောက်လာသော ဒေသခံများနှင့် သင်တန်းသားလူငယ်များအား မိမိကိုယ်ကို မိတ်ဆက်ပေးခဲ့ကြပြီး၂၀၂၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့မှုများ၊ မိမိတို့ကိုယ်စားပြုကြရသည့်မဲဆန္ဒနယ်များအကြောင်း၊ လွှတ်တော်အကြောင်းအရာများနှင့် လွှတ်တော်ကိုယ်စားလှယ်နှင့်ပြည်သူ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြမည့် အကြောင်းအရာများကို တင်ပြဆွေးနွေးပေးခဲ့ကြပါသည်။
ယနေ့ပြုလုပ်သော လူငယ်စွမ်းရည်မြှင့်သင်တန်းကို သင်တန်းသား လူငယ်မောင်မယ်များ (၅၀၀)ကျော် တက်ရောက်လာပြီး (၂၁.၂.၂၀၂၆) မှ (၂၁.၅.၂၀၂၆) အထိ နွေရာသီ ကျောင်းပိတ်ကာလ(၃) လအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
(၂၁.၂.၂၀၂၅)
#ပြည်သူ့ဆက်ဆံရေးဌာန၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)
#ခွန်စောလွင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
Pa O National Organisation
; Pa O National Organisation