ရှမ်းပြည်နယ်တောင်ပိုင်းကုန်သည်စက်မှုအသင်း

  • Home
  • Myanmar
  • Taunggyi
  • ရှမ်းပြည်နယ်တောင်ပိုင်းကုန်သည်စက်မှုအသင်း

ရှမ်းပြည်နယ်တောင်ပိုင်းကုန်သည်စက်မှုအသင်း Southern Shan State Chamber of Commerce and Industry
ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း

၂၀၂‌၅ခုနှစ် ၊ နိုဝင်ဘာလ (၃၀)ရက် ၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှ...
02/12/2025

၂၀၂‌၅ခုနှစ် ၊ နိုဝင်ဘာလ (၃၀)ရက် ၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ (၃၄)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးသို့ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ၊ ဒုတိယ ဥက္ကဌများ ၊ အတွင်းရေးမှူး နှင့် တွဲဖက် အတွင်းရေးမှူးများ တက်ရောက်ခဲ့ပါသည်။

25/11/2025

ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (၂၀၂၅-၂၀၂၈) ခုနှစ် သက်တမ်း ပထမအကြိမ် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး

တောင်ကြီးမြို့ ၊ ၂၀၂၅ နိုဝင်ဘာ ၁၆ (မွန်းလွဲပိုင်း)

24/11/2025

ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (၂၀၂၅-၂၀၂၈) ခုနှစ် သက်တမ်း အလုပ် အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ပွဲ

တောင်ကြီးမြို့ ၊ ၂၀၂၅ နိုဝင်ဘာ ၁၆ (နံနက်ပိုင်း)

SSSCCI ရွေးချယ်တင်မြှောက်ခံ ဥက္ကဌ၏ နှုတ်ခွန်းဆက်စကားရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်...
22/11/2025

SSSCCI ရွေးချယ်တင်မြှောက်ခံ ဥက္ကဌ၏ နှုတ်ခွန်းဆက်စကား

ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI) ၏ ဥက္ကဌ အဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းအတွက် အထူးဂုဏ်ယူ ဝမ်းမြောက်မိပါသည်။

SSSCCI အသင်း၏ ဥက္ကဌသစ်တစ်ယောက်အဖြစ် ယုံကြည်စွာ မဲပေး၍ အထောက်အပံ့ပြုခဲ့ကြသော အသင်းဝင်များနှင့် အသင်းအဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ပွဲ အောင်မြင်စွာ ဆောင်ရွက်ပေးခဲ့သည့် ရွေးချယ်တင်မြှောက်ပွဲကျင်းပရေးကော်မရှင် အဖွဲ့ဝင်များ၊ ပံ့ပိုးကူညီခဲ့ကြသည့် စီးပွားရေးလုပ်ငန်းများနှင့် မိတ်ဖက်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။

အသင်း၏ ရည်မှန်းချက်များနှင့် မူဝါဒဦးတည်ချက်များအပေါ် လေးနက်စွာ အကောင်အထည်ဖော်ဆောင်ပြီး အသင်းနှင့် အသင်းသားများ၏ အကျိုးစီးပွားအတွက် အပြည့်အဝ ကြိုးပမ်းဆောင်ရွက်သွားပါမည်။

ထို့အပြင် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နိုင်ငံတော်အစိုးရမှ ချမှတ်ထားသော စီးပွားရေးမူဝါဒများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ဦးဆောင် အဖွဲ့အစည်းကြီးတစ်ခု အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

လာမည့် သက်တမ်းအတွင်း အသင်းသားများအားလုံးနှင့်အတူ ပူးပေါင်းလက်တွဲကာ SSSCCI ကို ပိုမိုခိုင်မာတိုးတက်လာစေရန် ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

၂၀၂၅ - ၂၀၂၈ သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သစ် အောင်မြင်စွာ ရွေးချယ်တင်မြှောက်ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်မျ...
17/11/2025

၂၀၂၅ - ၂၀၂၈ သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ သစ် အောင်မြင်စွာ ရွေးချယ်တင်မြှောက်

ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI) ၏ ၂၀၂၅ - ၂၀၂၈ သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကို SSSCCI အသင်းရုံးတွင် နိုဝင်ဘာလ (၁၆) ရက်က အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါသည်။

အလုပ်အမှုဆောင် အဖွဲ့ဝင်များ ရွေးချယ်တင်မြှောက်ပွဲတွင် အသင်း၏ စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီသည့် အသင်းဝင်များအား ကိုယ်တိုင်ရွေးချယ်ခံပိုင်ခွင့်နှင့် မဲပေးခွင့်များကို အသင်းမှ ခွင့်ပြုပေးခဲ့သည်။

ရွေးချယ်တင်မြှောက်ရေး ကော်မရှင်မှ ရွေးချယ်ခံပိုင်ခွင့် အဆိုတင်သွင်းသူများနှင့် မဲပေးမည့်သူများကို နိုဝင်ဘာလ (၇) ရက်တွင် အဆင့်ဆင့် စိစစ်လက်ခံပြီးနောက် ရွေးချယ်တင်မြှောက်ပွဲကို နိုဝင်ဘာလ (၁၆) ရက်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI) ရွေးချယ်တင်မြှောက်ပွဲတွင် ဥက္ကဌအဖြစ် ဦးအောင်ဆန်းဝင်း ၊ ဒုတိယဥက္ကဌ ၆ ဦး၊ အထွေထွေ အတွင်းရေးမှူး ၁ဦး ၊ တွဲဖက်အတွင်းရေးမှူး ၆ ဦး ၊ဘဏ္ဍာရေးမှူး ၁ ဦး ၊ တွဲဖက်ဘဏ္ဍာရေးမှူး ၃ ဦး ၊ စာရင်းစစ် ၁ ဦး ၊ တွဲဖက်စာရင်းစစ် ၂ ဦး စုစုပေါင်း၂၁ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရွေးချယ်တင်မြှောက်ပွဲတွင် အလုပ်အမှုဆောင် ၆၆ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ ပြီး ၊ ရွေးချယ်တင်မြှောက်ခံ အလုပ်အမှုဆောင် ၆၆ ဦးထဲမှ စီမံခန့်ခွဲမှု ကော်မတီ ၂၁ ဦးကို ပြန်လည်ရွေးချယ်ခဲ့ပါသည်။

အသင်းသည် ဒေသအဆင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခန်းကဏ္ဍတွင် ရှိနေသောကြောင့် ရွေးချယ်တင်မြှောက်ခံခဲ့ရသည့် ပုဂ္ဂိုလ်များသည် အသင်းကြီးကို စနစ်တကျဖြင့် စီမံခန့်ခွဲ၍ တိုးတက်ကောင်းမွန်ရေး ဦးစားပေး ဆောင်ရွက်ကြရန် အသင်းမှ တိုက်တွန်းအပ်ပါသည်။

၂၀၂၅-၂၀၂၈ သက်တမ်းအတွက် ရွေးချယ်ခံထားရသည့် ဥက္ကဌသစ် ဦးအောင်ဆန်းဝင်းက "ကျွန်တော့်ရဲ့ အတွေ့အကြုံ ကောင်းများကို အသုံးချပြီး အသင်းအကျိုးအတွက် ကြိုးပမ်းလုပ်ဆောင်သွားပါမယ်။ ဒါ့အပြင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများ အကောင်အထည့် ဖော်ဆောင််နိုင်ရေး၊ ဒေသစီးပွား တိုးတက်လာစေရေး၊ အသင်းနှင့် အသင်းဝင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အသင်းအဖွဲ့ဝင်များ၊ မိတ်ဖက်အဖွဲ့များ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားပါမယ်လို့ ကတိပြုအပ်ပါတယ်" ဟု ပြောကြားခဲ့ပါသည်။

ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား ဖြစ်မြောက်ရေးအတွက် ပါဝင်ခဲ့ကြသူများ၊ ရွေးချယ်ခံပိုင်ခွင့် အဆိုတင်သွင်းခဲ့သူများ၊ မဲပေးရွေးချယ်ခဲ့သူများ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ်နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ပွင့်လင်းမြင်သာစွာဖြင့် သမာသမတ်ကျကျ ဆောင်ရွက်ပေးခဲ့သည့် ရွေးချယ်တင်မြှောက်ရေး ကော်မရှင်တွင် ပါဝင်ခဲ့သူများ အားလုံးကို အသင်းမှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

ထို့အပြင် ယခင်သက်တမ်းအတွင်း ဒေသအကျိုးစီးပွားနှင့် အသင်း၏ အကျိုးစီးပွားများကို တာဝန်‌ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြ‌သော ဗဟိုအလုပ်အမှုဆောင်ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့်တကွ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များနှင့် အသင်းသားများ အားလုံးကို ကျေးဇူးတင်ကြောင်း အသင်းမှ မှတ်တမ်းတင်အပ်ပါသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI) ၏ ၂၀၂၅ - ၂၀၂၈ ခုနှစ် သက်တမ်းအတွက်...
15/11/2025

ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI) ၏ ၂၀၂၅ - ၂၀၂၈ ခုနှစ် သက်တမ်းအတွက် ဗဟိုအလုပ်အမှုဆောင်သစ်နှင့် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်း လုပ်ငန်းစဉ်ပုံစံ ဖြစ်ပါသည်။

၂၀၂၅ -၂၀၂၈ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကျင်းပမည်  ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှ...
15/11/2025

၂၀၂၅ -၂၀၂၈ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကျင်းပမည်

ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI) ၏ အလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၆ ရက်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ (SSSCCI) အစည်းအဝေးခန်းမတွင်း၌ နံနက် ၉ နာရီမှ နေ့လယ် ၁၂နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။

ယင်းအခမ်းအနားကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ထားခဲ့သော်လည်း ပိုမိုပြည့်စုံစွာ ပြုလုပ်နိုင်ရေးအတွက် နိုဝင်ဘာ ၁၆ ရက် (တနင်္ဂနွေနေ့)သို့ ပြောင်းလဲကျင်းပမည်ဖြစ်ကြာင်း အသိပေးအကြောင်းကြားအပ်ပါသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ၂၀၂၅ - ၂၀၂၈ ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ပွဲကို ကျင်းပပြုလုပ်ပြီးနောက် အသင်းသားစုံညီအစည်းအဝေးပွဲ နှင့် အထိမ်းအမှတ်ညစာစားပွဲကို တစ်ပါတည်း ကျင်းပသွားမည်ဖြစ်ပါသည်။

အလုပ်အမှုဆောင်အဖြစ် ဝင်ရောက်ရွေးချယ်ခံရန် ဆန္ဒရှိသူများအနေဖြင့် အမှုဆောင်အဆိုပြုလွှာများနှင့် အလိုအလျောက်အမှုဆောင် အဆိုပြုလွှာများကို SSSCCI ရုံးချိန်အတွင်း လာရောက်ထုတ်ယူကာ နိုဝင်ဘာ ၅ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား ပေးပို့ရန် အသင်း၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသောကြာင့် လာမည့် နိုဝင်ဘာ ၁၆ ရက်တွင် အလုပ်အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

မွေးနေ့ ဆုမွန်ကောင်း တောင်းအပ်ပါသည်။
11/11/2025

မွေးနေ့ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

11/11/2025

ရက်စွဲ​ပြောင်းလဲသတ်မှတ်ခြင်း

ရှမ်းပြည်နယ်​(​တောင်ပိုင်း) ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(SSSCCI ​)၏ (၂၀၂၅-၂၀၂၈)အလုပ်အမှု​ဆောင်သစ်ရွေးချယ်တင်​မြောက်ပွဲ၊ အသင်းသားစုံညီအစည်းအ​ဝေးပွဲ နှင့် အထိမ်းအမှတ်ညစာစားပွဲ ကို ယခင်သတ်မှတ်ထားသည့် ၁၅.၁၁.၂၀၂၅ (စ​နေ​နေ့) အစား ၁၆.၁၁.၂၀၂၅ (တနင်္ဂ​နွေ​နေ့) ​ပြောင်းလဲကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၂၈) ခုနှစ် သက်တမ်းအတွက် အလုပ်အမှု...
30/10/2025

ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၂၈) ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့သစ် ရွေးချယ်တင်မြှောက်ခြင်းကို ၁၅.၁၁.၂၀၂၅ နေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခန်းမ၌ ကျင်းပပြုလုပ်ပါမည်။

အလုပ်အမှုဆောင်အဖြစ် ဝင်ရောက်ရွေးချယ်ခံရန် ဆန္ဒရှိသူများသည် အမှု​ဆောင်အဆိုပြုလွှာများနှင့် အလိုအ​လျောက်အမှု​ဆောင် အဆိုပြုလွှာများ ကို အသင်းရုံးခန်းတွင် ရုံးချိန်အတွင်း လာ​ရောက်ထုတ်ယူနိုင်ပါသည်။အဆိုပြသူ၏ အမည်စာရင်း​ပေးသွင်းပြီး ထုတ်ယူနိုင်ပါသည်။ ကိုယ်စားထုတ်ယူ၍လည်း ရပါသည်။

ထိုအဆိုပြုလွှာများကို ဖြည့်သွင်းရေးသားပြီး ၅.၁၁.၂၀၂၅ ရက်နေ့ ညနေ ၄:၀၀ နာရီ နောက်ဆုံးထား၍ အသင်းရုံးခန်းသို့ ပြန်လည်ပေးပို့ရပါမည်။

Address

117/0-119/9 Taunggyi-Hopone Main Road
Taunggyi
06025

Alerts

Be the first to know and let us send you an email when ရှမ်းပြည်နယ်တောင်ပိုင်းကုန်သည်စက်မှုအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ရှမ်းပြည်နယ်တောင်ပိုင်းကုန်သည်စက်မှုအသင်း:

Share