12/08/2025
အချိန်ဆွဲခြင်းကို ဘယ်လိုဖျောက်ဖျက်မလဲ?🤔
ပြီးတော့အချိန်ဆွဲခြင်းဆိုတာကဘာလဲ?
ရိုးရိုးရှင်းရှင်းပြောပြရမယ်ဆိုရင်ကိုယ်လုပ်ရမယ့်အလုပ်ကိုမလုပ်ပဲ ဆိုရှယ်မီဒီယာပေါ်မှာပဲ အချိန်ကုန်ခြင်း၊တစ်နေ့တာပြီးဆုံးရမယ့်အလုပ်ကိုပြီးမြောက်အောင် မလုပ်ခြင်း၊ သက်တောင့်သက်သာဖြစ်မယ့်အရာကိုပဲေရွးလုပ်ခြင်းဖြင့် ကိုယ့်အတွက်အကျိုးရှိစေမယ့်အရာကိုရှောင်လွှဲခြင်း၊စိတ်ပိုင်းဆိုင်ရာအားနည်းခြင်း၊ပြတ်သားတဲ့goals မရှိခြင်း၊ အမှားလုပ်မိမှာကြောက်ခြင်း စသည်ဖြင့်အမျိုးမျိုးသောအကြောင်းအရာများဖြစ်နိုင်ပါတယ်။
ဒီလိုမျိုးအချိန်ဖြုန်းခြင်းကနေ အကျိုးရလဒ်အနေနဲ့ဘာရလဲဆိုတော့ စိတ်ဖိစီးမှု၊အတွေးလွန်ခြင်း၊နှင့်အခွင့်အရေးဆုံးရှုံးလိုက်ရခြင်း၊ ယုံကြည်မှုကျဆင်းခြင်း တွေရနိုင်ပါတယ်။ ဉပမာ-ကစ်ကစ်ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်ဆိုပါတော့ သူမက ဒီနေ့ တစ်နေ့တာလုပ်ရမယ့် to do lists တွေရှိတယ်ဘယ်ချိန်ဘာလုပ်ရမှာလဲဆိုတာလည်းပဲသေချာသိတယ်၊သို့ပေမယ့်သူမမှာလည်းဆိုးတဲ့ အလေ့အကျင့်လေးတစ်ခုရှိတယ်အဲ့တာကဘာလဲဆိုတော့ မနက်ထတာနဲ့ဖုန်းထပွတ်တာပဲ၊ကျွန်တော်တို့သိတဲ့အတိုင်းပဲ မနက်ခင်း ထထခြင်းမှာဖုန်းကြည့်တာဟာ တစ်နေ့တာကိုယ့်ရဲ့လုပ်နိုင်စွမ်း energy ကိုလျော့ကျစေနိုင်တယ်၊ဘာလို့လဲဆိုတော့ ဆိုရှယ်မီဒီယာပေါ်မှာ မြင်ရတဲ့သတင်းတွေပို့စ်တွေက အဆိုးအကောင်းတက်လာနိုင်တာကြောင့်အဲ့လို့ဟာတွေမြင်ပြီးဖတ်ပြီးနားထောင်ပြီးရင် စိတ်ကတစ်နေကုန်လုံးအဲ့ဆီကိုရောက်နေမှာ၊အဲ့တော့ ကစ်ကစ်ကလည်းအဲ့လိုမျိုးပဲနေ့တိုင်း ဆက်လုပ်နေတာကြောင့် သူ ပြီးရမယ့်အလုပ်ကိုအချိန်မှန်မပြီးတာတို့ နောက်နေ့ရွှေ့လိုက်ရတာတို့ ဖြစ်ကုန်ရော၊ဆိုးကျိုးအနေနဲ့ ဘာတိုးတက်လမ်းလည်းရှိလာမှာမဟုတ်တော့ဘူးပေါ့နော်။ စိတ်မပူပါနဲ့လူတော်တော်များများကလည်း ဒီဟာတွေကိုကြုံတွေ့ဖူးပါတယ်။Dwiအပါအဝင်ပေါ့နော်။
အဲ့တော့ဒီအချိန်ဆွဲခြင်းတွေကိုဘယ်လို နည်းလမ်းလေးတွေနဲ့ ဖျောက်ဖျက်ရမလဲဆိုတာကို ဒီထဲမှာDwiကမျှဝေပေးသွားမှာမလို့အဆုံးထိဖတ်ပြီး လက်တွေ့အသုံးချကြည့်ရအောင်ပေါ့နော်။
ပထမတစ်ချက်ကတော့ "start small" အသေးအမွှားလေးကနေစလုပ်ပါ။ ဘယ်အရာပဲလုပ်လုပ်ပေါ့နော် ကြီးမားတဲ့ taskတစ်ခုကို တစ်စိတ်တစ်ပိုင်းစီ ခွဲလုပ်ကြည့်ပါ။For example-Dwi ဆိုရင် presentation လုပ်ရတော့မယ်ဆိုရင် big picture ကိုမကြည့်ပဲနဲ့ ပထမဆုံးintroduction ကိုစလုပ်တယ် အဲ့တာပြီးမှာတစ်ခြားmain ကိုလုပ်တယ်ပေါ့နော်။
ဒုတိယအချက်ကတော့ "အချိန်အပိုင်းအခြား" နဲ့လုပ်တာပဲဖြစ်ပါတယ်။Dwi အကြံပေး စေချင်တာကတော့Pomodoro timerကို အသုံးပြုစေချင်ပါတယ်။ဒီtimerကဘယ်လိုအလုပ်လုပ်လဲဆိုတော့ ၂၅မိနစ် deep work, studying လုပ်ရင် ၅ မိနစ်လောက်က ခဏနားတာပဲဖြစ်ပါတယ်၊တကယ်လို့ ကိုယ်ကဒီထက်အာရုံစိုက်နိုင်ရင် ၅၀ မိနစ် လုပ် ၁၀ မိနစ် နားပေးခြင်းအားဖြင့် ကိုယ့်ရဲ့အာရုံစိုက်နိုင်စွမ်းကို ပိုပြီးထိရောက် စေနိုင်ပါတယ်။ကြားထဲမှာနားပေးခြင်းဖြင့် စိတ်ပင်ပန်း၊ကိုယ်ပင်ပန်းမှု၊လေးလံမှုတွေကိုလျှော့ချပေးနိုင်ပါတယ်။ဒီ နည်းလမ်းကို လည်း လူတော်တော်များများကအသုံးပြုလေ့ရှိပါတယ်။
တတိယအချက်အနေနဲ့ taskတွေအားလုံးပြီးဆုံးသွားတဲ့အချိန်မှာ ကိုယ့်ဟာကို ဆုချပါ၊ဟိုလို ဆုကြီးတွေ branded clothes, cosmetics,itemsတွေဝယ်ခိုင်းတာမဟုတ်ဘူးနော်။ ကိုယ်စားချင်တဲ့ အစားအစာ တစ်ခုခုပဲဖြစ်ဖြစ်၊cafe သွားပြီးကော်ဖီသောက်တာပဲဖြစ်ဖြစ်၊တစ်ယောက်တည်းhang out dateလုပ်တာ ပဲဖြစ်ဖြစ်လုပ်နိုင်ပါတယ်။ Dwiဆိုရင် tast accomplishment တစ်ခုခုပြီးသွားပြီဆိုရင် ရွှေရင်အေးသွားသောက်တာတို့ Boba Tea ☕ ဝယ်သောက်တာတို့လုပ်တယ်ပေါ့နော်။အဲ့တာတွေနဲ့ကိုယ့်ဟာကို reward လုပ်ပြီးပြီဆိုရင် နောက် အရာ၊အလုပ် ထပ်လုပ်ဖို့ခွန်အား တွေကပြည့်နေတယ်ပေါ့နော်။
ဒီအချက်တွေကိုဖတ်ပြီးလို့တစ်စုံတစ်ခုအကျိုးရှိသွားမယ်လို့မျှော်လင့်ပါတယ်။ပြီးတော့ဒီထဲကအချက်တစ်ခုခုကိုလည်းလက်တွေ့သုံးချဖို့မမေ့ပါနဲ့အုန်းလို့ထပ်တိုက်တွန်းရင်းဒီcontentကိုဒီမှာပဲရပ်လိုက်ပါတော့မယ်။
Content by Dwi
Thank you so much