IDEA - Integrated Development Executive Association

IDEA - Integrated Development Executive Association Integrated Development Executive Association (IDEA) is a social welfare organization (Local Non Gover To create a permanent peaceful living life.

Integrated Development Executive Association (IDEA) is a social welfare organization (Local Non Governmental Organization L-NGO), non-political, non-discrimination in race and religion including gender equity, to implement the following task cooperating with other organization UN-INGO-LNGO which have the same Vision (or) Purpose and target include rural social work team to implement the projects i

n every sector of task, emphasize on getting knowledge and sustainable development. To settle a community of educated and knowledge’s. To attain eco-friendly life style, development of all sectors by thinking social and environmental impacts and its mitigation. Updated by Zaw Htun

    အာဟာရရည်ဖြင့်စိုက်ပျိုးသော မြေမဲ့ Hydroponic farming ကို အော်ဂဲနစ်စိုက်ပျိုးရေး၌ အသိအမှတ်ပြုပါသလား?ဒေါက်တာဝဏ္ဏထွန်း....
11/08/2026




အာဟာရရည်ဖြင့်စိုက်ပျိုးသော မြေမဲ့ Hydroponic farming ကို အော်ဂဲနစ်စိုက်ပျိုးရေး၌ အသိအမှတ်ပြုပါသလား?

ဒေါက်တာဝဏ္ဏထွန်း...................................................

ဟိုက်ဒရိုပိုနစ်အာဟာရရည်ဖြင့်စိုက်ပျိုးရေးသည် သဘာဝမြေဆီလွှာစနစ်ဖြင့် စိုက်ပျိုးခြင်းမဟုတ်သောကြောင့် အော်ဂဲနစ်အဖွဲ့အစည်းအများစုက အသိအမှတ်မပြုကြပါ။ ဟိုက်ဒရိုပိုနစ်စိုက်ပျိုးရေးကို အော်ဂဲနစ်စိုက်ပျိုးရေးစနစ်တစ်ခုအဖြစ် အသိအမှတ်ပြုခြင်းရှိမရှိမှာ နိုင်ငံအလိုက်နှင့် အော်ဂဲနစ်ထောက်ခံချက်ပေးသည့်အဖွဲ့အစည်းအပေါ်မူတည်ပြီး ကွဲပြားခြားနားမှုများ ရှိနေပါသည်။

ဟိုက်ဒရိုပိုနစ်စိုက်ပျိုးရေးဆိုသည်မှာ မြေကြီးကို လုံးဝ (လုံးဝ) အသုံးမပြုဘဲ၊ အပင်အတွက် လိုအပ်သော အာဟာရဓာတ်များကို ရေထဲတွင်ဖျော်စပ်၍ တိုက်ရိုက်ကျွေးမွေးစိုက်ပျိုးသည့် နည်းစနစ်ဖြစ်သည်။

ဂရိဘာသာစကား "Hydro" (ရေ) နှင့် "Ponos" (အလုပ်) ဟူသော စကားလုံးများမှ ဆင်းသက် လာပြီး "ရေဖြင့် အလုပ်လုပ်ခြင်း" ဟု အဓိပ္ပာယ်ရပါသည်။

အော်ဂဲနစ်စိုက်ပျိုးရေးစနစ်၏ အခြေခံမူဝါဒများအရ မြေကြီးကိုအသုံးမပြုဘဲ စိုက်ပျိုးသည့် မည်သည့်စနစ် (Hydroponics သို့မဟုတ် Aeroponics) ကိုမဆို အော်ဂဲနစ်စိုက်ပျိုးနည်း စနစ်အဖြစ် သတ်မှတ်၍မရနိုင်ပါ။ အာဆီယံအော်ဂဲနစ်စံချိန်စံညွှန်းများကို မိမိတို့ပါဝင်ရေးဆွဲစဥ်က အာဆီယံအတွင်းနှင့် ပြင်ပမှပညာရှင်များဖြင့်ပါ အဆိုပါအချက်များကို အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြရပါသည်။

ဟိုက်ဒရိုပိုနစ်ကို ငြင်းပယ်ရသည့် အဓိကအကြောင်းရင်း (၂) ချက် ရှိပါသည် -

၁။ အော်ဂဲနစ်စနစ်၏ အခြေခံသဘောတရား

အော်ဂဲနစ်စံချိန်စံညွှန်းများ၌ အော်ဂဲနစ်စိုက်ပျိုးရေးသည် သက်ရှိဂေဟစနစ်များနှင့် သဘာဝသံသရာစက်ဝန်းများပေါ်တွင်သာ အခြေခံရမည်ဟု ပြဋ္ဌာန်းထားသည်။ ကောက်ပဲသီးနှံများစိုက်စနစ်သည် "အသက်ဝင်နေသော မြေဆီလွှာ" (Living Soil) ပေါ်တွင်သာ အခြေခံရမည်ဟု သတ်မှတ်ထားသဖြင့် မြေကြီးမပါသော ဟိုက်ဒရိုပိုနစ်သည် ဤမူနှင့် ဆန့်ကျင်နေပါသည်။ အပင်များကို သဘာဝမြေကြီး၏ ဂေဟစနစ်စက်ဝန်းအတွင်း၌သာ စိုက်ပျိုးရမည်ဟု သတ်မှတ်ထားသဖြင့် မြေကြီးမပါဘဲ ရေထဲတွင် (သို့မဟုတ်) အုန်းဆံမှုန့်၊ ကျောက်ဂွမ်း ကဲ့သို့သော ကြားခံနယ်များတွင် အာဟာရရည်တိုက်ကျွေးစိုက်ပျိုးသည့် ဟိုက်ဒရိုပိုနစ်စနစ်သည် ဤစံနှုန်းနှင့် ကိုက်ညီမှုမရှိပါ။

၂။ အပင်ကိုကျွေးခြင်းမဟုတ်၊ မြေဆီလွှာကိုသာ အစာကျွေးခြင်းဖြစ်သည်

အော်ဂဲနစ်စိုက်ပျိုးရေးသည် မြေဆီလွှာအတွင်းရှိ အဏုဇီဝပိုးမွှားများနှင့် ဇီဝစနစ် ကျန်းမာလာ​စေရန် ပြုစုပျိုးထောင်ပေး၍ အသက်ဝင်လာစေရန်ဖန်တီးပေးခြင်း ဖြစ်သည်။ ထို့ကြောင့် ဟိုက်ဒရိုပိုနစ်စနစ်တွင် ဓာတုကင်းစင်သော အော်ဂဲနစ်အာဟာရရည်များကို သုံးစွဲထားသည့်တိုင်အောင် မြေဆီလွှာနှင့် ကင်းကွာနေပါက အော်ဂဲနစ်စံနှုန်း မဝင်နိုင်ဟု ယူဆကြပါသည်။

ဟိုက်ဒရိုပိုနစ်စနစ်များကို အော်ဂဲနစ်အဖြစ် အသိအမှတ်မပြုသည့်နိုင်ငံများ.......................................

• ဥရောပသမဂ္ဂ EU organic regulations ကို ကျင့်သုံးသည့်နိုင်ငံများနှင့် ကနေဒါနိုင်ငံတို့တွင် အော်ဂဲနစ်ဆိုသည်မှာ သဘာဝမြေဆီလွှာ ကျန်းမာရေးနှင့် မြေတွင်းဇီဝစနစ်များကို အခြေခံရမည်ဟု ပြဋ္ဌာန်းထားသဖြင့် ဟိုက်ဒရိုပိုနစ်စနစ်များကို အော်ဂဲနစ်အဖြစ် လုံးဝအသိအမှတ်မပြုပါ။
• အာရှနှင့် အာဆီယံအော်ဂဲနစ်စိုက်ပျိုးရေးစံချိန်စံညွှန်းများသည်လည်း ဟိုက်ဒရိုပိုနစ် စိုက်ပျိုးရေးကို အော်ဂဲနစ်အဖြစ် အသိအမှတ်မပြုပါ။
• ကမ္ဘာလုံးဆိုင်ရာ အော်ဂဲနစ်လှုပ်ရှားမှုအဖွဲ့ချုပ် (IFOAM - Organics International) သည်လည်း ဟိုက်ဒရိုပိုနစ် (Hydroponic) စိုက်ပျိုးရေးကို အော်ဂဲနစ်အဖြစ် အသိအမှတ်မပြုပါ။

• ဟိုက်ဒရိုပိုနစ်သမားများအတွက် သတင်းကောင်းအနေဖြင့် အမေရိကန်နိုင်ငံ (USDA) ကမူ ဓာတုပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာများ မသုံးဘဲ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပါက ဟိုက်ဒရိုပိုနစ်စနစ်များကို USDA Organic အသိအမှတ်ပြုလက်မှတ်အား ပေးအပ်ခွင့်ပြုထားဆဲဖြစ်ပါသည်။

🥬 လေ့လာချင်သူများအတွက် ဟိုက်ဒရိုပိုနစ် စိုက်ပျိုးရေးအတွက် သီးသန့်ခွဲထုတ်ထားသော စံနှုန်းမရှိသော်လည်း USDA (အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန) ၏ National Organic Program (NOP) အောက်ရှိ ရိုးရိုးမြေဆီလွှာအခြေခံ အော်ဂဲနစ်စိုက်ပျိုးရေးစံနှုန်းများအတိုင်းပင် တန်းတူအသုံးပြု၍ စစ်ဆေးအကဲဖြတ်ပါသည်။

ဟိုက်ဒရိုပိုနစ်စိုက်ခင်းတစ်ခု USDA Organic လက်မှတ်ရရှိရန် လိုက်နာရမည့် အဓိက သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

၁။ အာဟာရရည်နှင့် ထည့်သွင်းပစ္စည်း သတ်မှတ်ချက်

• ပုံမှန်ဟိုက်ဒရိုပိုနစ်တွင်သုံးသော ဓာတုအာဟာရရည်များကို လုံးဝ အသုံးမပြုရပါ။
• အသုံးပြုသော အော်ဂဲနစ်မြေသြဇာ၊ အပင်လှုံ့ဆော်ဆေးနှင့် ပိုးမွှားကာကွယ်ရေး ပစ္စည်းများသည် Organic Materials Review Institute (OMRI) သို့မဟုတ် USDA ၏ ခွင့်ပြုပစ္စည်းစာရင်းဝင် ကုန်ကြမ်းများ (ဥပမာ - ငါးအမိုင်နို၊ တီကောင်အားဆေး၊ ပင်လယ်ရေမှော်ရည်) သာ ဖြစ်ရပါမည်။

၂။ ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် အခက်အခဲများ

အော်ဂဲနစ်မြေသြဇာများဖြင့် ဟိုက်ဒရိုပိုနစ်အတွက် အာဟာရရည်များ ဖော်စပ်နိုင်ပါသည်။ ဤနည်းလမ်းကို "ဘိုင်အိုပိုနစ်" (Bioponics) ဟု အများစု ခေါ်ဆိုကြသည်။
သို့သော် သာမန်ဓာတုဗေဒ အာဟာရရည်များနှင့် မတူဘဲ အော်ဂဲနစ်မြေသြဇာများကို အသုံးပြုရာတွင် အောက်ပါစိန်ခေါ်မှုများနှင့် နည်းပညာဆိုင်ရာ လိုအပ်ချက်များ ရှိပါသည်။

• အော်ဂဲနစ်မြေသြဇာ အများစုသည် ရေတွင် အလွယ်တကူ မပျော်ဝင်နိုင်ဘဲ အနည်ကျတတ်သည်။
• ဓာတ်မြေသြဇာများသည် အပင်စုပ်ယူနိုင်သည့် အိုင်ယွန် (Ions) ပုံစံဖြင့် ပါရှိသော်လည်း၊ အော်ဂဲနစ်မြေသြဇာများသည် ရှုပ်ထွေးသော မော်လီကျူးကြီးများ ဖြစ်နေသဖြင့် အပင်က တိုက်ရိုက် စုပ်ယူ၍ မရပါ။
• ရေလွှတ်ပိုက်များ၊ အစက်ချခေါင်းများနှင့် ရေစုပ်မော်တာများတွင် အနယ်များ ငြိပြီး ပိတ်ဆို့တတ်သည်။
• ရိုးရိုးဓာတုအာဟာရရည် သုံးစွဲခြင်းထက် ပိုမိုလက်ဝင်ပြီး စောင့်ကြည့်မှု လိုအပ်ပါသည်။
• ကောင်းစွာ အချဉ်မပေါက်ပါက သို့မဟုတ် အောက်ဆီဂျင် မလုံလောက်ပါက ရေကန်မှ အနံ့ဆိုးများ ထွက်ပေါ်လာနိုင်သည်။
• ဓာတုမြေသြဇာကဲ့သို့ N-P-K အချိုးအစားကို တိတိကျကျ တိုင်းတာရန် ခက်ခဲသဖြင့် အပင်တွင် အာဟာရချို့တဲ့မှု သို့မဟုတ် အဆိပ်သင့်မှု ဖြစ်နိုင်ခြေ ပိုများသည်။
• pH Level ကမောက်ကမဖြစ်တတ်သည်။ အဏုဇီဝပိုးများ အလုပ်လုပ်နေစဉ်အတွင်း ရေ၏ ချဉ်ငန်ကိန်း (pH) မှာ ခဏခဏ ပြောင်းလဲတတ်သဖြင့် နေ့စဉ်စစ်ဆေး ပြင်ဆင်ပေးရပါမည်။

အကယ်၍ မိမိကိုယ်တိုင် အာဟာရဓာတ် အချိုးအစား (N-P-K) ကို ချိန်ညှိလိုပါက အောက်ပါ OMRI Listed အမှုန့်/အရည်များကို ရေဖျော်၍ သုံးစွဲနိုင်သည် -

• နိုက်ထရိုဂျင်အတွက်- ငါးအမိုင်နိုအက်ဆစ်အရည် သို့မဟုတ် အခြားအမိုင်နိုအက်ဆစ်များ။
• ဖော့စ်ဖရပ်စ် (P) အတွက်- အရည်ပျော်လွယ်သော အရိုးမှုန့်ရည် (Liquid Bone Meal) သို့မဟုတ် ရေပျော်ကျောက်ဖော့စ်ဖိတ်။
• ပိုတက်စီယမ် (K) အတွက်- ပင်လယ်ရေမှော်ရည် (Liquid Kelp/Seaweed Extract) နှင့် သဘာဝပိုတက်စီယမ်ဆာလဖိတ် (Sulfate of Potash)။
• ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်အတွက်- သဘာဝ Dolomite Lime သို့မဟုတ် OMRI လက်မှတ်ရ Cal-Mag ဖြည့်စွက်ဆေးရည်များ။

ဟိုက်ဒရိုပိုနစ်တွင် အော်ဂဲနစ်မြေသြဇာများဖြင့် ဖျော်စပ်အသုံးပြုလျှင် သတိပြုရန်အချက်များ

အော်ဂဲနစ်မြေသြဇာများသည် ဓာတ်မြေသြဇာများကဲ့သို့ ရေထဲတွင် အလိုအလျောက် အိုင်းယွန်း (Ions) အဖြစ် ကွဲထွက်မသွားပါ။ ထို့ကြောင့် ၎င်းတို့ကို ဖြိုခွဲပေးမည့် အကျိုးပြုဘက်တီးရီးယား (Bio-filter) တစ်ခု စိုက်ပျိုးရေကန်ထဲတွင် အမြဲရှိနေရန် လိုအပ်ပြီး၊ ရေထဲတွင် အောက်ဆီဂျင် (Oxygen) အလုံအလောက်ရှိနေစေရန် လေမှုတ်စက် (Air pump) ကို ၂၄ နာရီပတ်လုံး ဖွင့်ထားပေးရမည်ဖြစ်ပါမည်။

🥦🥦🥦 နိဂုံးချုပ်အနေဖြင့် ဟိုက်ဒရိုပိုနစ်စနစ်များကို အော်ဂဲနစ်စိုက်ပျိုးရေးအဖြစ် IFOAM နှင့် အာဆီယံနိုင်ငံများတွင် အသိအမှတ်မပြုပါ။ အော်ဂဲနစ်စိုက်ပျိုးရေးဆိုသည်မှာ အဓိပ္ပါယ်နက်ရှိုင်းကျယ်ပြန့်လှပြီး၊ ဓာတုပစ္စည်းများကို အသုံးမပြုရုံမျှနှင့် အော်ဂဲနစ်စိုက်ပျိုးရေးဟု မသတ်မှတ်နိုင်ပါ။ ဓာတုကင်းလွတ်သီးနှံများဟုသာ သတ်မှတ်နိုင်ပါသည်။

သို့သော် ဟိုက်ဒရိုပိုနစ်ထုတ်ကုန်များကို GAP ထောက်ခံချက်လျှောက်ထားနိုင်သလို၊ USDA ၏ National Organic Program (NOP)ဖြင့် Certificate ရယူပြီး၊ အဆိုပါဈေးကွက်များသို့ တင်ပို့နိုင်မည် ဖြစ်ပါသည်။

https://www.facebook.com/share/1Bb9tKKStm/

On 23 December 1994, the United Nations General Assembly decided, in its resolution 49/214, that the International Day o...
09/08/2026

On 23 December 1994, the United Nations General Assembly decided, in its resolution 49/214, that the International Day of the World’s Indigenous People shall be observed on 9 August every year. The date marks the first meeting, in 1982, of the UN Working Group on Indigenous Populations.

This year’s theme is: “Honouring Indigenous Midwives: Safeguarding Life and Well-being”



ရေကြီးရေလျှံဖြစ်ပွားသည့်အခါ  တစ်ပုံချင်း ဖတ်ကြည့်ပါ
07/08/2026

ရေကြီးရေလျှံဖြစ်ပွားသည့်အခါ


တစ်ပုံချင်း ဖတ်ကြည့်ပါ

05/08/2026

For your opportunities
For your information

Global Youth Climate Training - GYCT

Global Youth
Climate Training
Free, fully online capacity development for people aged 16-35. Build the knowledge and confidence to engage in international climate policy ahead of COP31 in Antalya (9-20 November 2026).

https://www.linkedin.com/safety/go/?url=https%3A%2F%2Flnkd%2Ein%2FdP_BWTvK&urlhash=2z_V&mt=2FXnpqy4u9ciMr8M6YvUSCyuzRUMl6ENURwyDqXI2YZ12eV2MfPJT4zqDRlqc28muPsssLqLmdvJMESfs5SpOc-bl2XCScQ3zYk_81iBpTL4l72WTaYo7PrmRw&isSdui=true

၂၀၁၂ မှာ စတင်ဖွဲ့စည်းခဲ့ပြီး၂၀၂၃ မှာ Women Lead အဖွဲ့အနေနဲ့ ပြောင်းလဲဖွဲ့စည်းထားတဲ့Idea Myanmar အဖွဲ့ရဲ့ ပြီးသွားတဲ့ စီမ...
02/08/2026

၂၀၁၂ မှာ စတင်ဖွဲ့စည်းခဲ့ပြီး
၂၀၂၃ မှာ Women Lead အဖွဲ့အနေနဲ့
ပြောင်းလဲဖွဲ့စည်းထားတဲ့
Idea Myanmar အဖွဲ့ရဲ့ ပြီးသွားတဲ့ စီမံကိန်းတွေက
Level
Level လေးတွေ
Women Vocational Income Product
product တွေ ရပါပြီ
ဈေးနှုန်းတွေက
လက်ကားဈေး
လက်လီဈေး
မတူပါဘူးနော်။
Women Empowerment အတွက် အားပေးကြပါစို့။




မနက်ဖြန်တောင်ကြီးဟိုတယ်မှာစိတ်ပါဝင်စားသူ တောင်သူများMSME လုပ်ငန်းရှင်များလာရောက်နားထောင် လျှောက်ထားနိုင်ပါတယ်။ +
27/07/2026

မနက်ဖြန်
တောင်ကြီးဟိုတယ်မှာ
စိတ်ပါဝင်စားသူ တောင်သူများ
MSME လုပ်ငန်းရှင်များ
လာရောက်နားထောင် လျှောက်ထားနိုင်ပါတယ်။
+

[English below]

Responsible Business Fund Plus (RBF+) ၏ တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအား ရှင်းလင်းတင်ပြခြင်းအခမ်းအနား ဖိတ်ကြားခြင်း (မန္တလေးမြို့၊ တောင်ကြီးမြို့၊ မော်လမြိုင်မြို့)။

RBF+၏ တတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်းအား “၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့” မှစတင်၍ “၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ရက်နေ့” အထိ ခေါ်ယူသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပြုလွှာခေါ်ယူခြင်းဆိုင်ရာ ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား ‘၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့’ တွင် မန္တလေးမြို့၊ တောင်ကြီးမြို့၊ မော်လမြိုင်မြို့ များ၌ အသီးသီးကျင်းပသွားမည်ဖြစ်ရာ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ် အနီးတစ်ဝိုက်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ၎င်းတို့၏တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သော တောင်သူများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) နှင့် စီးပွားရေးအသင်းအဖွဲ့များမှ စိတ်ပါဝင်စားသူများအား အဆိုပါအခမ်းအနားသို့ တက်ရောက်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ဤအခမ်းအနားတွင်

• RBF+ ၏ လုပ်ငန်းစဉ်များ
• RBF+ တွင် ပါဝင်လျှောက်ထားနိုင်သော ဧရိယာများ
• အဆိုပြုလွှာတွင် ပါဝင်သော မေးခွန်းများနှင့် သတိပြုရမည့်အချက်များ
• ဧရိယာအလိုက် အဆိုပြုလွှာရေးသားမှု ပုံစံများအား ရှင်းလင်းပြောကြားသွားမည် ဖြစ်ပါ သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လိုသော လူကြီးမင်းများအနေဖြင့် တက်ရောက်မည့် လုပ်ငန်းအမည်နှင့် လူဦးရေအား ‘၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့’ နောက်ဆုံးထား၍ အောက်ဖော်ပြပါ လင့်ခ် (Link) မှတစ်ဆင့် ဖြစ်စေ၊ ဖုန်းနံပါတ်များသို့ ရုံးချိန် (နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀ နာရီ) အတွင်း ဆက်သွယ်၍ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

အခမ်းအနားအစီအစဉ်အသေးစိတ် (မန္တလေးမြို့)

နေ့ရက် : ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ (အင်္ဂါနေ့)
အချိန် : နံနက် (၀၉:၃၀) နာရီ မှ နေ့လယ် (၁၂:၃၀) နာရီ အထိ
ကျင်းပမည့်နေရာ : Hotel Hazel (မ-၆၈ / ၁, ၅၃ လမ်း၊ ၃၆ လမ်းနှင့် ၃၇ လမ်းထောင့်၊ မဟာအောင်မြေ မြို့နယ်၊ မန္တလေးမြို့)

အခမ်းအနားအစီအစဉ်အသေးစိတ် (တောင်ကြီးမြို့)

နေ့ရက် : ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ (အင်္ဂါနေ့)
အချိန် : နံနက် (၀၉:၃၀) နာရီ မှ နေ့လယ် (၁၂:၃၀) နာရီ အထိ
ကျင်းပမည့်နေရာ : Taunggyi Hotel (သစ်တောရပ်ကွက်၊ တောင်ကြီး - ဟိုပုံးလမ်း၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်)။

အခမ်းအနားအစီအစဉ်အသေးစိတ် (မော်လမြိုင်မြို့)

နေ့ရက် : ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့ (အင်္ဂါနေ့)
အချိန် : နံနက် (၀၉:၃၀) နာရီ မှ နေ့လယ် (၁၂:၃၀) နာရီ အထိ
ကျင်းပမည့်နေရာ : Royal Mawlamyine Hotel (အမှတ် ၆၄၊ ပုလဲလမ်းနှင့် အပေါ်မိန်းလမ်းထောင့်၊ မော်လမြိုင်မြို့)

စာရင်းသွင်းရန်လင့်ခ် -

https://docs.google.com/forms/d/139RtZ0U0l-QqH5ATqwMezLyTDH_F4FJgblzAJg5mRyE/viewform?edit_requested=true

စာရင်းသွင်းရန်ဖုန်းနံပါတ်-

မဇူလီနန်းခန့် - ၀၉ ၂၆၄၉၁၈၉၁၇
မထက်လင်းလင်းအောင် - ၀၉ ၇၈၄၁၇၀၄၃၇
မပက်ထရီနာ - ၀၉ ၇၇၃၁၈၀၈၂၇
မသီရိခိုင် - ၀၉ ၂၆၀၀၇၃၆၉၅

တတိယအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းအား ရှင်းလင်းတင်ပြသည့် အခမ်းအနား အချိန်ဇယားအား ကြည့်ရှုရန် -

https://www.facebook.com/share/p/1DMQAJsbjC/?mibextid=wwXIfr

Responsible Business Fund Plus (RBF+)

Invitation to the Awareness Event of the Third Call for Proposals (Mandalay, Taunggyi, Mawlamyine)

The Responsible Business Fund Plus (RBF+) is pleased to announce that Third Call for Proposals will officially open from 14 August 2026 to 4 September 2026.

To introduce the Third Call for Proposals and provide guidance to prospective applicants, an Awareness Event will be held on 28 July 2026 in Mandalay, Taunggyi, Mawlamyine townships.

We cordially invite farmers, micro, small and medium-sized enterprises (MSMEs), business associations, and other stakeholders engaged in agriculture, livestock, fisheries, and the entire agrifood value chain in Mandalay Region, Mon State, Shan State and nearby areas to attend this event.

The information session will cover:

Overview of the RBF+ Program

Funding areas eligible for support under RBF+

Guidance on completing the proposal application form and key points to consider

Proposal preparation guidance for each funding area

Those wishing to attend are kindly requested to register their company/organization name and number of participants no later than 24 July 2026 by completing the registration form via the link below or by contacting one of the following numbers during office hours (9:00 a.m. – 5:00 p.m.).

Event Details (Mandalay Township)

Date: Tuesday, 28 July 2026

Time: 9:30 AM – 12:30 PM

Venue: Hotel Hazel (No. M-68/1, 53rd Street, Corner of 36th and 37th Streets, Mahar Aungmyay Township, Mandalay)

Event Details (Taunggyi)

Date: Tuesday, 28 July 2026

Time: 9:30 AM – 12:30 PM

Venue: Taunggyi Hotel (Forest Quarter, Taunggyi–Hopong Road, Taunggyi, Shan State)

Event Details (Mawlamyine)

Date: Tuesday, 28 July 2026

Time: 9:30 AM – 12:30 PM

Venue: Royal Mawlamyine Hotel (No. 64, Corner of Pearl Street and Upper Main Road, Mawlamyine)

Registration Form

https://docs.google.com/forms/d/139RtZ0U0l-QqH5ATqwMezLyTDH_F4FJgblzAJg5mRyE/viewform?edit_requested=true


Registration Contacts

Ms. Zule Nan Khant – +95 9 264 918 917

Ms. Htet Linn Lin Aung – +95 9 784 170 437

Ms. Patrina – +95 9 773 180 827

Ms. Thiri Khaing – +95 9 260 073 695

Event Schedule

For the program schedule of the Third Call for Proposals Awareness Event, please visit:

https://www.facebook.com/share/p/1DMQAJsbjC/?mibextid=wwXIfr

Demo plotNawng Yar Saing villageHopong Township27th July 2026       Idea Myanmar
27/07/2026

Demo plot
Nawng Yar Saing village
Hopong Township
27th July 2026






Idea Myanmar

Address

Tabaungkwin Pat Lane
Taunggi Mong
06018

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Telephone

+959796455554

Alerts

Be the first to know and let us send you an email when IDEA - Integrated Development Executive Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to IDEA - Integrated Development Executive Association:

Shortcuts

Share