11/09/2025
.
မတန်လို့
🔹🔹🔹
🔸
" မတန်လို့ ဒီတိုင်းလွတ်ထားတာကို မသိဘူးလို့တော့မထင်ပါနဲ့"
🔸
သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ချင်းတပ်တယ်..အဲ့တော့ သူ့ယောက်ျား သူတောင်းစားကို ပူစာတယ်။
🔸
မောင်တော် ဘုရင့်ပွဲတော်အုပ် စားချင်တယ်လို့ နှမတော်ချဉ်ချင်းတပ်တယ် .. ဘုရင့်ပွဲတော်အုပ်မှ မစားရရင် နှမတော် သေရပါလိမ့်မယ်မောင်တော် ရအောင်ယူပေးပါ။ "
🔸
ဪနှမတော်ရယ် သူတောင်းစားနဲ့ ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆိုတော်သေး.."ဒို့က သူတောင်းစား "ဘုရင့်ပွဲတော်အုပ် မတန်မရာ ဘယ်လိုယူလို့ရမလဲ.."
🔸
" မောင်တော် နှမတော်ကိုချစ်ရင် ယူပေးရမယ် မဟုတ်လို့ကတော့ နှမတော်ဒေါသကို သိတယ်နော် "
🔸
အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ်နန်းတော်ထဲဝင်ခိုးလို့ မလွယ်ဘူး မိရင် ငါသေမှာ..အဲ့ဒီတော့ ရဟန်းအသွင်ဆောင်ပြီး ဆွမ်းခံကြွရင်အဆင်ပြေမယ်..ခေါင်းတုံး သင်္ကန်းပတ် သပိတ်လွယ်ပြီး နန်းတော်ရှေ့ကိုကြွ..သူတောင်းစားဆိုတော့ ဟန်ဆောင်ကောင်းတယ်။
🔸
နန်းတော်ရှေ့မှာ ဣနြေ္ဒ အပြည့်နဲ့ ရပ်နေတာ ဘုရင်ကတွေ့တော့ ပညာရှိဘုရင်ပဲ သိတာပေါ့.
🔸
ဘုရင်က"ငါဒီရဟန်းအတုကို မောင်းထုတ်လိုက်ရင် ဒီဘုရင်ရဟန်းကို မရိုမသေ လုပ်တယ်ဆိုပြီး အများပြည်သူတွေက ငါ့ကို ကဲ့ရဲ့ရှုတ်ချကြမယ်."
🔸
ဒီတော့ ဘုရင်ကအမတ်ကိုပြောတယ်..`ဒီရဟန်းထူးခြားတယ် ခေါင်းကလဲ ခုမှရိပ်ထားသကဲ့သို့ စိမ်းလို့ ဣနြေ္ဒ အပြည့်နဲ့ ,, ဒါနဲ့ အမတ်တစ်ယောက်ကို
လွှတ်ပြီး ``ဘာအလိုရှိလဲ လျောက်လိုက်စမ်း..ဆိုပြီးခိုင်းတယ်။
🔸
အမတ်က ရဟန်းတုကိုမေးပြီးပြန်လာ ဘုရင်ကိုပြန်လျောက်တင်တယ်`` ဘုရင့်ပွဲတော်အုပ် အလှူခံချင်တယ်တဲ့ဘုရားပေါ့ လျောက်တယ်။
🔸
ဘုရင်က"ဒါဆို ယူပြီးကပ်လိုက်စမ်း."ပြီးတော့ ဘုရင်က အမတ်ကိုပြောတယ်"ဒီရဟန်းထူးခြားတယ်၊အနောက်ကနေ မသိမသာ လိုက်ချောင်းစမ်း၊
ဘာလဲသိရအောင်"ပေါ့။
🔸
ဒါနဲ့အမတ်က အနောက်ကနေလိုက် မြို့ပြင်ဇရပ်နားရောက်တော့ သူတောင်းစားက သင်္ကန်းကိုချွတ်လိုက်တော့ အောက်ကလူဝတ်ကိုလည်းမြင်ကော" ဒီကောင်သူတောင်းစားပဲ."ဆိုတာ သိလိုက်တယ်။
🔸
အမတ်ကလဲ ပညာရှိအမတ်ဆိုတော့ စဉ်းစားတယ်။
🔸
`` ငါ ဘုရင်ကို အမှန်အတိုင်း ပြန်လျောက်ရင် ဘုရင်က ဒီသူတောင်းစားကို
သတ်လိမ့်မယ်..ဒီသူတောင်းစား အဆင့်လောက်နဲ့ ငါ့ဘုရင် အကုသိုလ် ဖြစ်ရတာ "မတန်ပါဘူး"လို့ စဉ်းစားပြီ နန်းတော်ကိုပြန်တယ်။
🔸
နန်းတော်ပြန်ရောက်တော့ ဘုရင်ကမေးတယ်။ဟိုရဟန်း အခြေနေဘာထူးလဲအမတ်လို့ မေးတော့ ....
🔸
အမတ်က....`` မှန်လှပါ အရှင်ဘုရားရဲ့ဘုန်းတော်ကြောင့် မြို့ပြင်ဇရပ်တစ်နေရာမှာ ကြည့်ရင်းကြည့်ရင်းနဲ့ ရဟန်းအသွင်ပျောက်သွားပါတယ်ဘုရား"
လို့ လျောက်တင်တော့....
🔸
အရေးတယူ လုပ်ရမည့်ကိစ္စမဟုတ်တော့ ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်တယ်။
🔸
" မတန်လို့ ဒီတိုင်းလွှတ်ထားတာကို မသိဘူးလို့တော့ မထင်ပါနဲ့"တဲ့....
🔸
မိတ်ဆွေအပေါင်းတို့...... တစ်ချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့် အရေးတယူလုပ်ဖို့ မတန်တာတွေ အများကြီးမို့ တုဖက်ပြိုင်ပြီး ငြင်းမနေကြဘဲ ဥပေက္ခာ ပြုလိုက်ကြစေချင်ပါတယ်ဗျ ။
;
゚viralシ ゚viral