22/06/2026
🙏🙏🙏(၁၆)ကြိမ်မြောက်
ထာဝရရေပဒေသာပင် စိုက်ထူလှူဒါန်းခြင်း
တက်လာတဲနေလို၊တိုးလာတဲ့ရေလို တိုးတက်စည်ပင်ပြန့်ပွါးကြစေ။
🌹🌹🌷🌹🌷🌹🌷🌹🌷🌹🌹
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ထန်းတပင်တောရဆုတောင်းပြည့်ကျောင်းတိုက် အတွင်းသီတင်းသုံတော်မူကြသည် သံဃာတော်များနှင့် ဒေသခံပြည်များနေ့စဉ်သောက်ရေ/သုံးရေ၊ ရေသန့်ထာဝရ ရေပဒေသာပင် (၇၀၀၀၀)ကျပ်ကို နေပြည်တော် ဒက္ခိဏသီရိမြို့ ထန်းတပင်ရွာ
ဦးကျာ်သန်း+ဒေါ်ဒေလီဝင်းမိသားတစ်စုမှကပ္ပိယထံ လွှဲအပ်လှူဒါန်းပါသည်။
အလှူရှင် မိသားစုဝင်များအားလုံး စီးပွါဥစ္စာပေါကြွယ်ဝ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘာသာ သာသနာအကျိုးကို ဆထက်တိုး၍ သယ်ပိုးရွက်ဆောင်နိုင်ကြပါစေ...
🌹🌸🌷ရေလှုရကျိုး (၁၅) မျိုး🌹🌸
၁။ ကန္တာတောင်ဖျား၊ရေမရှား၊ကြိုးစားရေလှူပါ၊
၂။ ပူဆာရေရှာ၊ကင်လိုငြား၊ကြိုးစာရေလှူပါ။
၃။ မိုးတောင်းတသား၊မိုးရွာငြာ၊ကြိုးစားရေလှူပါ။
၄။ သန့်ရှင်းလိုငြာ၊အမျိုးသာ၊ကြိုးစားရေလှူပါ။
၅၊ ကျန်းမာလိုငြာ၊အမျိုးသား၊ကြိုးစားရေလှူပါ။
၆၊နံ့သာအလား၊မွေးလိုငြား၊ကြိုးစားရေလှူပါ။
၇၊ကိလေသားများ၊သန့်ရှင်းငြား၊ကြိုးစားရေလှူပါ။
၈၊ကျော်ဇောထင်ရှား၊တန်ခိုးထွား၊ကြိုးစားရေလှူပါ။
၉၊ခြံရံပေါးများ၊လွန်စည်ကား၊ကြိုးစားရေလှူပါ။
၁၀၊လျင်မြန်ပေါ့ပါ၊အကျိုးများ၊ကြိုးစားရေလှူပါ။
၁၁၊သက်ရှည်လိုငြား၊အမျိုးသား၊ကြိုးစားရေလှူပါ။
၁၂၊လှပါလိုငြား၊အမျိုးသား၊ကြိုးစားရေလှူပါ။
၁၃၊ဥစ္စာစပါး၊ပေါကြွယ်ငြား၊ကြိုးစားရေလှူပါ။
၁၄၊ကာယခွန်အား၊ခိုင်လိုငြား၊ကြိုးစားရေလှူပါ။
၁၅၊ဉာဏခွန်းအား၊ကြီးလိုငြား၊ကြိုးစားရေလှူပါ။
ရေကိုလှူငြား၊ကျိုးဆယ့်ငါး၊မမှားရမည်သာ။
ကပ္ပိယ ဖိုးခွါး
🙏🙏🙏🌸🌸