12/09/2026
ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲ အခမ်းအနား တံတားဦးမြို့တွင် ကျင်းပ ပြုလုပ်
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၂ ရက်
တံတားဦး
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တံတားဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို တံတားဦးမြို့နယ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြို့နယ်ကြက်ခြေနီအသင်းခွဲ နာယက၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီေစတနာလုပ်အားရှင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ နာယကမှ သင်တန်းဆင်းအမှာစကားနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားများ အသီးသီးပြောကြားခဲ့ပြီး၊ ရှေးဦးပြုစုခြင်းဆိုင်ရာ အသိပညာနှင့် လက်တွေ့ကျွမ်းကျင်မှုများကို လူမှုအသိုက်အဝန်းအတွင်း ပြန်လည်မျှဝေကူညီဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းနှင့် သင်တန်းကာလအတွင်း ထူးချွန်စွာ ပါဝင်ကြိုးစားခဲ့ကြသူများအား ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများက အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။