17/07/2026
ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအကြောင်း အသိပညာပေးဟောပြောပွဲ အလက(မြို့မ)တွင် ကျင်းပ
၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၇ ရက်
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)၌ ရေ၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေး (Water, Sanitation and Hygiene - WASH) ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကျောင်းအုပ်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေ့အကျင့်ကောင်းတစ်ရပ်အဖြစ် နေ့စဉ်လိုက်နာဆောင်ရွက်ရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်ဖန်တီးထိန်းသိမ်းရန် တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ တံတားဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ စေတနာ့လုပ်အားရှင်များက သန့်လေးသန့် အကြောင်း၊ လက်ဆေးသန့်ရှင်းရေးနည်းလမ်းများ၊ ရေသန့်အသုံးပြုရေး၊ အစားအစာသန့်ရှင်းရေး၊ အိမ်သာသန့်ရှင်းရေးနှင့် Menstrual Hygiene Management (MHM) ဆိုင်ရာ အသိပညာများကို ကျောင်းသား၊ ကျောင်းသူများ နားလည်လွယ်ကူစေရန် ရှင်းလင်းဟောပြောခဲ့ကြသည်။
အဆိုပါ အသိပညာပေးအစီအစဉ်သည် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအသိအမြင် မြင့်မားလာစေရန်၊ သန့်ရှင်းသော အလေ့အကျင့်များကို နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်သုံးလာစေရန်နှင့် ကျန်းမာသော ကျောင်းပတ်ဝန်းကျင် ဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်သည်။
-U