CNCMC

CNCMC Caring and Negotiating Committee for Myanmar Citizens
In Mae Sai, Thailand ( CNCMC )

မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်။
09/03/2026

မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (Certificate of Identity - CI) ကုန်ကျစရိတ်များနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက်။

Work Permit ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်ထုတ်ပေးရေးစခန်းများ ...
12/02/2026

Work Permit ကိုင်ဆောင်ထားသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်ထုတ်ပေးရေးစခန်းများ ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာချက်
(၁၂-၂-၂၀၂၆)

မင်္ဂလာအပေါင်းနဲ့ပြည့်စုံသောနံနက်ခင်းလေးဖြစ်ကြပါစေ ဗျာ 🙏
08/11/2025

မင်္ဂလာအပေါင်းနဲ့ပြည့်စုံသောနံနက်ခင်းလေးဖြစ်ကြပါစေ ဗျာ 🙏

မတော်တဆထိခိုက်သေဆုံးခဲ့သည့် အလုပ်သမား မောင်နိုင်လင်းအောင်၏ လူမှုဖူလုံရေးကြေးထပ်မံရရှိမှု သတင်းထိုင်းနိုင်ငံ၊ ဗန်ကောက်မြိ...
15/03/2025

မတော်တဆထိခိုက်သေဆုံးခဲ့သည့် အလုပ်သမား မောင်နိုင်လင်းအောင်၏ လူမှုဖူလုံရေးကြေးထပ်မံရရှိမှု သတင်း

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Bellcon Co., Ltd ၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ မြန်မာ အေဂျင်စီ Success Family Co., Ltd အစီအစဉ် MoU စနစ်ဖြင့် လာရောက်ခဲ့သော မောင်နိုင်လင်းအောင် သည် ၂၉-၂-၂၀၂၄ ရက်နေ့
တွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် သေဆုံးမှုနှင့်
စပ်လျဉ်း၍ အလုပ်ရှင်မှ သေဆုံးသူအတွက် ထောက်ပံ့ကြေးငွေ ဘတ် (၁၀၀,၀၀၀) ၊ လုပ်အားခကျန်ငွေ ဘတ် (၇,၅၃၆) ၊ စုစုပေါင်း ဘတ် (၁၀၇,၅၃၆) အား သေဆုံးသူမိသားစုထံ ပထမအကြိမ်အနေဖြင့် ပေးအပ်ခဲ့ပြီး ဥပဒေနှင့်အညီခံစားခွင့်ရရှိမည့် ဘတ် (၇၄၃,၄၅၄.၇၄)
အား ၁၂-၃-၂၀၂၅ ရက်နေ့ တွင် ထပ်မံပေးအပ်နိုင်ခဲ့သဖြင့် သေဆုံးသူအတွက် နစ်နာကြေးနှင့် ထိုင်းနိုင်ငံ လူမှုဖူလုံရေးဥပဒေ နှင့်အညီ ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ ရရှိရေးအလုပ်သမားသံအရာရှိရုံးအနေဖြင့် ဆောင်ရွက်
ပေးခဲ့ပါကြောင်း သတင်းဖော်ပြအပ်ပါသည်။

အလုပ်သမားသံအရာရှိရုံး ၊ ဘန်ကောက်မြို့

နိမ်လင့်တင်ထားသည့် အလုပ်သမားများ ၁၃ ရက်နေ့ ၈လပိုင်းအတွင်း ဝေါ့ပါမစ်လုပ်ငန်းစဉ်များကို အပြီးဆောင်ရွက်ရမည် အလုပ်လုပ်ခွင့်ပ...
23/02/2025

နိမ်လင့်တင်ထားသည့် အလုပ်သမားများ ၁၃ ရက်နေ့
၈လပိုင်းအတွင်း ဝေါ့ပါမစ်လုပ်ငန်းစဉ်များကို
အပြီးဆောင်ရွက်ရမည် အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ
အလုပ်လုပ်သည့် အလုပ်သမားများနှင့်
လုပ်ပိုင်ခွင့်မရှိသည့် အလုပ်အမျိုးအစားကို
လုပ်ကိုင်သည့် အလုပ်သမားများ တာဝန်ရှိသူများက
စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ၅၀၀၀ မှ ၅၀၀၀၀
အထိချမှတ်ခံရမည်ဖြစ်သလို ပြည်ဝင်ခွင့်
၂နှစ်ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမား
ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်

19/02/2025

အထူးသတိပေးချက်

ထိုင်းရောက်မြန်မာနိုင်ငံသားတွေ ၊ ရွှေ့ပြောင်းလုပ်သားများအားလုံး အွန်လိုင်းပေါ်၌ တရားမဝင်စျေးရောင်းခြင်း ၊ အခြားဝန်ဆောင်မှုလုပ်ငန်းများကြော်ငြာခြင်း ၊ ကားအငှါးဝန်ဆောင်မှုလုပ်ငန်းများငှါးရမ်းခြင်း ၊ လိုင်စင်မဲ့ဆိုင်ခန်းများဖွင့်လှစ်၍စီးပွါးရှာခြင်း ၊ ကွန်ဒိုတိုက်ခန်းများရောင်းဝယ်ခြင်းစတဲ့လုပ်ငန်း လုပ်ကိုင်နေသူများနောက်သို့ ထိုင်းရဲတပ်ဖွဲ့မှခြေရာခံကာ စစ်ဆေးအရေးယူမှုများစတင်ပြုလုပ်နေပြီဖြစ်ပါတယ် ၊ သို့ဖြစ်ပါ၍သတိပြုဆင်ခြင်နိုင်ကြဘို့လိုပါတယ် ။

ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာနမှ ပေးပို့လာသော သတင်းအချက်အလက်များအား ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် အလုပ်လုပ်ကိုင်လျက...
16/12/2024

ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာနမှ ပေးပို့လာသော သတင်းအချက်အလက်များအား ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအလုပ်သမားများသိရှိစေရန် ထပ်ဆင့်အသိပေးခြင်း

၁။ ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံအတွင်းသို့ ပုံမှန်မဟုတ်သော နည်းလမ်းဖြင့် ဝင်ရောက်အလုပ်လုပ်ကိုင်ကြသည့် နိုင်ငံခြားသားအလုပ်သမားများ (ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင်ရောက်ရှိနေသော နိုင်ငံခြားသားအလုပ်သမားများ၊ တရားဝင်ယာယီနေထိုင်
အလုပ်လုပ်ကိုင်ခွင့်ရပြီးမှ အလုပ်လုပ်ကိုင်ခွင့် (work permit) သက်တမ်းကုန်ဆုံးသွားသော နိုင်ငံခြားသားအလုပ်သမားများ၊ ထိုင်းနိုင်ငံအတွင်းသို့ တရားဝင်
ဝင်ရောက်ခဲ့သော်လည်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများ) အတွက် ထိုင်းနိုင်ငံအတွင်း တရားဝင်အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားရာတွင် ဆောင်ရွက်ရမည့် အဆင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ပထမအဆင့် - အလုပ်ရှင်သည် ၎င်းတို့ငှားရမ်းလုပ်ကိုင်မည့် နိုင်ငံခြားသားအလုပ်သမား များ၏အမည်စာရင်း (Name List) တင်သွင်းခြင်း

ထိုင်းနိုင်ငံမှ အလုပ်ရှင်သည် ငှားရမ်းလုပ်ကိုင်မည့် နိုင်ငံခြားသားအလုပ်သမားများ၏ အမည်စာရင်း (Name List)အား တင်သွင်းခြင်းဖြစ်ပြီး အမည်စာရင်းတင်သွင်းသည့်ကာလမှာ ၁၆-၁၂-၂၀၂၄ ရက်မှ ၃၀-၁၂-၂၀၂၄ ရက် အထိ ၁၅ ရက် ကာလဖြစ်ပါသည်။

(ခ) ဒုတိယအဆင့် - ကျန်းမာရေးအာမခံနှင့် ကျန်းမာရေးစစ်ဆေးခြင်း

(၁) ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဦးစီးဌာန၏ ခရိုင်အဆင့်ဦးစီး ရုံးများသို့ နိုင်ငံခြားသားအလုပ်သမားများသည် အလုပ်လုပ်ကိုင်ခွင့် (work permit) လျှောက်လွှာတင်သွင်းသောအခါတွင် ကျန်းမာရေးစစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ကျန်းမာကြောင်း အထောက်အထား
လက်မှတ်နှင့် ကျန်းမာရေးအာမခံစာရင်းသွင်း အထောက်အထားတို့ကို ပူးတွဲတင်သွင်းရမည် ဖြစ်ပါသည်။ အဆိုပါ နိုင်ငံခြားသား အလုပ်သမားများသည် ထိုင်းအစိုးရဆေးရုံ (သို့မဟုတ်) အလုပ်အကိုင်ဦးစီးဌာနက ခွင့်ပြုထားသည့်
ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက်မှုဌာန/ဆေးရုံများတွင် ကျန်းမာရေး စစ်ဆေးမှုခံယူနိုင်ပါသည်။ အလားတူ လူမှုဖူလုံရေးဆိုင်ရာ လိုအပ်ချက်များမှ ကင်းလွတ်ခွင့်ရှိသည့် စီးပွားရေးလုပ်ငန်းများ (ဥပမာအားဖြင့် ခေါင်းရွက်ဗျက်ထိုးဈေးသည်များ၊ မှတ်ပုံတင်ထားခြင်းမရှိသော အိမ်တွင်းမှုလုပ်ငန်းများနှင့် ဆိုင်ကယ်/ ကားဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသောသူများ)၌ အလုပ်လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားသားအလုပ်သမားများသည် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန (သို့မဟုတ်) အလုပ်အကိုင်ဦးစီးဌာနက ခွင့်ပြုထားသည့် ကျန်းမာရေးအာမခံကုမ္ပဏီမှတစ်ဆင့် ကျန်းမာရေးအာမခံဝယ်ယူရန် ရွေးချယ်နိုင် ပါသည်။ အစိုးရဆေးရုံနှင့် အလုပ်အကိုင်ဦးစီးဌာနက အသိအမှတ်ပြုထားသည့် ပုဂ္ဂလိကဆေးရုံ စာရင်းများအပါအဝင် ဆေးစစ်ရမည့် လုပ်ငန်းစဉ်နှင့် ကျန်းမာရေး အာမခံထားရှိခြင်းစသည့် လုပ်ငန်းစဉ် ၂ ရပ်လုံးအတွက် အချက်အလက်များကို အလုပ်အကိုင်ဦးစီးဌာန၏ website တွင် ရှာဖွေဖတ်ရှုနိုင်ပါသည်။

(၂) နာမည်စာရင်း တင်သွင်းမှုကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အလုပ်လုပ်ကိုင်ခွင့် (work permit) လျှောက်ထားခြင်းအား ချက်ချင်းစတင်မည် ဖြစ်ပါသည်။ ၃၁-၁၂-၂၀၂၄ ရက်မှ စတင်ပြီး ၃၀-၃-၂၀၂၅ ရက်အထိ ရက်ပေါင်း (၉၀) ကြာမြင့်မည် ဖြစ်ပါသည်။

(၃) စာရွက်စာတမ်းများ ပြန်လည်စိစစ်ခြင်းနှင့် အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုမိန့်ပေးသည့် လုပ်ငန်းစဉ်ဖြစ်ပြီး ၎င်းအဆင့်သည် လျှောက်ထားသော ကာလပြီးဆုံးပြီး နောက် တစ်ရက်တွင် စတင်မည်ဖြစ်ပါသည်။ ၃၁-၃-၂၀၂၅ ရက်တွင် စတင်မည်ဖြစ်ပြီး ၂၉-၄-၂၀၂၅ ရက်အထိ ရက်ပေါင်း (၃၀) ကြာမြင့်မည် ဖြစ်ပါသည်။

(ဂ) တတိယအဆင့် - ဇီဝဆိုင်ရာအချက်အလက်(Biometric Data) စုဆောင်းခြင်း

(၁) ၎င်းအဆင့်အား နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့် (work permit) နောက်ဆုံးလျှောက်ထားရမည့် ရက်ဖြစ်သော ၃၀-၃-၂၀၂၅ ရက် ပြီး နောက် ၃၁-၃-၂၀၂၅ ရက်တွင် စတင်မည်ဖြစ်ပြီး ၂၈-၆-၂၀၂၅ ရက် အထိ ရက်ပေါင်း (၉၀) ကြာမြင့်မည် ဖြစ်ပါသည်။

(၂) ကိုယ်ရေးအချက်အလက်များ မှတ်ပုံတင်ခြင်းအား နိုင်ငံခြားသားအလုပ်သမားများ သည် မည်သည့် ကိစ္စပင်ရှိစေကာမူ အလုပ်လုပ်ကိုင်ခွင့် (work permit) သက်တမ်း
၁ နှစ်အတွင်း ထိုင်းနိုင်ငံ၊ ခရိုင်အုပ်ချုပ်ရေးမှူးရုံးများ (သို့မဟုတ်) ဗန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူးရုံးထံသို့
၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို မှတ်ပုံတင်ရမည် ဖြစ်ပါသည်။

ဆိုလိုသည်မှာ အလုပ်လုပ်ကိုင်ခွင့် (work permit) စတင်ခွင့်ပြုသည့် ၃၁-၃-၂၀၂၅ ရက် ရက်မှ စတင်ပြီး ၃၁-၃-၂၀၂၆ ရက်အထိ တစ်နှစ်ကာလအတွင်း မှတ်ပုံတင်ရန် ဖြစ်ပါသည်။

၂။ ၁၃-၂-၂၀၂၅ ရက်တွင် အလုပ်လုပ်ကိုင်ခွင့် (work permit) သက်တမ်းကုန်ဆုံးမည့် ပုံမှန် နိုင်ငံခြားသားအလုပ်သမားများ (နိုင်ငံကူးလက်မှတ် (စာအုပ်နီ)၊ CI (စာအုပ်စိမ်း) ကိုင်ဆောင် ထားသူများ) အတွက် ဆောင်ရွက်ရမည့်အချက်များမှာ အောက်ပါအတိုင်း
ဖြစ်ပါသည်-

(က) အလုပ်လုပ်ကိုင်ခွင့်(work permit) သက်တမ်းတိုးလျှောက်ထားသည့် နိုင်ငံခြားသား အလုပ်သမား တစ်ဦးချင်းစီအတွက် သက်ဆိုင်ရာစာရွက်စာတမ်းများနှင့်အတူ အလုပ်ရှင်က ၎င်းတို့ ငှားရမ်းလုပ်ကိုင်မည့် နိုင်ငံခြားသားအလုပ်သမားများ၏ အမည်စာရင်း (Name List)ကို ၁၃-၂-၂၀၂၅ ရက် နောက်ဆုံးထား၍ သတ်မှတ် ထားသောလမ်းကြောင်းမှတစ်ဆင့် အတည်ပြုချက် လျှောက်ထားရယူနိုင်သည်။

(ခ) အထက်တွင်ဖော်ပြခဲ့သည့် ကျန်းမာရေး စစ်ဆေးမှုခံယူခြင်းနှင့် ကျန်းမာရေးအာမခံ ထားရှိရန် လိုအပ်ခြင်းတို့သည် ယခု နိုင်ငံခြားသားအလုပ်သမား အမျိုးအစား အတွက်လည်း အကျုံးဝင်ပါသည်။ လိုအပ်သော လုပ်ထုံးလုပ်နည်းများ အဆင့်ဆင့် ဆောင်ရွက်ပြီးစီးပါက နိုင်ငံခြားသားအလုပ်သမားများအား (၂) နှစ် အလုပ်လုပ်ကိုင် ခွင့် (work permit) ခွင့်ပြုပေးမည် ဖြစ်ပါသည်။ (၂) နှစ် သက်တမ်း ပြည့်မြောက် ပါက နိုင်ငံခြားသားအလုပ်သမားများသည် နောက်ထပ် (၂) နှစ်သက်တမ်းအတွက် အလုပ်လုပ်ကိုင်ခွင့် (work permit) သက်တမ်းတိုးလျှောက်ထားနိုင်ပါသည်။

၃။ အလုပ်ရှင်ပြောင်းခြင်းအတွက် အလုပ်လုပ်ကိုင်ခွင့် (work permit) သက်တမ်းတိုးခြင်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်အကိုင်စီမံခန့်ခွဲမှုဆိုင်ရာ တော်ဝင်အမိန့် B.E. 2560 ပုဒ်မ ၅၂ ၊ ပုဒ်မ ၅၅ နှင့် ၎င်း၏ ပြင်ဆင်ချက်များအရ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်ရှိသော နားလည်မှုစာချွန်လွှာ (MOU)စနစ်ဖြင့် လာရောက်သည့် နိုင်ငံခြားသားအလုပ်သမားများကို အလုပ်ရှင်အသစ် ပြောင်းလဲခြင်းကို ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်ရန် ခွင့်ပြုထားပါသည်။

(ခ) သို့ရာတွင် ၂၄-၉-၂၀၂၄ ရက်တွင် ထုတ်ပြန်သည့် အစိုးရအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝန်ကြီးဌာနဆိုင်ရာ အမိန့်ကြော်ငြာစာတွင် အလုပ်ရှင်အသစ် ပြောင်းလဲရန် ဆောင်ရွက်ခြင်းကာလကို အလုပ်ရှင်အဟောင်းနှင့် အလုပ်လုပ်ကိုင်မှု ရပ်စဲသည့်နေ့မှစတင်၍ ရက်ပေါင်း ၆၀ အထိ ဆောင်ရွက်နိုင်ကြောင်း ခွင့်ပြုထား ပါသည်။ ယင်းသို့ သက်တမ်းတိုးမြှင့်ပေးသည့်ကာလသည် ၁၃-၂-၂၀၂၉ ရက် အထိ အကျုံးဝင်မည်ဖြစ်ပါသည်။

၄။ အလုပ်အကိုင်အချက်အလက်များအား အာဏာပိုင်များထံသို့ သတင်းပေးပို့ရခြင်းမှ ကင်းလွတ်ခွင့်မှာ အောက်ပါ
အတိုင်းဖြစ်ပါသည်

အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များအား သတင်းပေးပို့ရခြင်းမှ ကင်းလွတ်ခွင့်ဆိုသည်မှာ ပုံမှန်အားဖြင့် အလုပ်ရှင် (သို့မဟုတ်) တစ်စုံ တစ်ဦးသည် အလုပ်အကိုင်ခန့်ထားမှုနှင့်ပတ်သက်သော အချက်အလက်များ (ဥပမာအားဖြင့် အလုပ်သမားငှားရမ်းခြင်း၊ ၎င်းအား အလုပ်မှ ရပ်စဲခြင်း (သို့မဟုတ်) အလုပ်ခန့်အပ်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ အပြောင်းအလဲပြုလုပ်ခြင်းကဲ့သို့သော ကိစ္စရပ်များ)အား သက်ဆိုင်ရာ အာဏာပိုင်များထံ အကြောင်းကြားရန် လိုအပ်မှုမရှိခြင်းကို ဆိုလိုပါသည်

(က) ယခုအခါ ပုဒ်မ ၅၉၊ ၆၂၊ ၆၃၊ ၆၃/၁၊ ၆၃/၂ နှင့် ၆၄ တို့အရ အလုပ်လုပ်ကိုင်ခွင့် ရရှိထားသော နိုင်ငံခြားသား
အလုပ်သမားများသည် တော်ဝင်အမိန့်စာ ပုဒ်မ ၆၄/၂ အရ ၎င်းတို့၏ အလုပ်အကိုင်အချက်အလက်များအား
အာဏာပိုင်များထံသို့ သတင်း ပေးပို့ရခြင်းမှ
ကင်းလွတ်ခွင့်ပေးထားပါသည်။ အဆိုပါ ကင်းလွတ်ခွင့်သည် ယင်းသို့ အလုပ်လုပ်ကိုင်ခွင့်ရရှိထားသော နိုင်ငံခြားသား အလုပ်သမားများအတွက် ဝန်ထုပ် ဝန်ပိုးလျော့ကျစေရန်နှင့် အလုပ်လုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့စေရန် ရည်ရွယ် ပါသည်။ သို့ရာတွင် အထက်ဖော်ပြပါ ကင်းလွတ်ခွင့်သည် အလုပ်ရှင်အပြောင်းအလဲ ပြုလုပ်ခြင်း (သို့မဟုတ်) ထပ်တိုးခြင်း စသည့် အချက်အလက်များအား သတင်းပို့ ရန်အပေါ် သက်ရောက်ခြင်း မရှိသဖြင့် အာဏာပိုင်များထံ တင်ပြရမည် ဖြစ်ပါသည်။ ကင်းလွတ်ခွင့်သည် ၁၃-၂-၂၀၂၉ ရက်အထိ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါသည်။

၅။ အထက်ဖော်ပြပါအချက်အလက်များသည် ထိုင်းနိုင်ငံ၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်အကိုင်ဦးစီးဌာနက ပေးပို့လာသော အချက်အလက်များဖြစ်ပါသည်။

၆။ ထိုင်းနိုင်ငံ မြောက်ပိုင်းတွင် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာအလုပ်သမား အများစုသည် အကျိုးဆောင်ကုမ္ပဏီ၊ အကျိုးဆောင်အဖွဲ့အစည်း၊ အကျိုးဆောင်ပုဂ္ဂိုလ်တို့မှ တဆင့် အထက်ပါရုံးကိစ္စရပ်များအား ဆက်သွယ်ဆောင်ရွက်ကြကြောင်း တွေ့ရှိရသဖြင့် အထက်ပါလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် ငွေကြေးလိမ်လည်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ ရှိသည့်အတွက် ယုံကြည်စိတ်ချရသည့် အကျိုုးဆောင် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့ကို လေ့လာရှာဖွေဆောင်ရွက်ကြရန် သတိပေးတိုက်တွန်းလိုပါသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေရန် ဆုမွန်မေတ္တာ ပို့သအပ်ပါသည်။

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်။

တာချီလိတ်ကနေထိုင်းကိုထွက်ချင်နေကြသူတွေအတွက်  ရေးမှရတော့မယ် 😩တာချီလိတ်ကနေ PV နဲ့ထိုင်းကိုထွက်လို့ရသလားလို့ လာလာမေးလာသူတွေ...
29/09/2024

တာချီလိတ်ကနေထိုင်းကိုထွက်ချင်နေကြသူတွေအတွက် ရေးမှရတော့မယ် 😩

တာချီလိတ်ကနေ PV နဲ့ထိုင်းကိုထွက်လို့ရသလားလို့ လာလာမေးလာသူတွေသိစေဘို့ 👍

ပြည်မထဲကကလေးတွေ တာချီလိတ်ကိုလာဘို့လူငယ်တော်တော်များများစုံစမ်းလာကြတယ် ၊ ပြည်ပကိုထွက်ဘို့အတွက် PV သမားတွေ ထိုင်းဗီဇာရှိရင်လာလို့ရပါတယ် ၊ ထိုင်းလဝကဂိတ်ရောက်ရင်တော့ကိုယ်သွားမည့်နေရာနဲ့တည်းမည့်ဟိုတယ်လိပ်စာပြည့်စုံအောင်ဖြည့်ကြရမှာပါ ။

PJ သမားတွေ OWIC Card မရှ်ိရင်တော့လာမနေနဲ့အပိုပါဘဲ ၊ PJ သမားတွေ Pass Port သက်တမ်းတိုးချင်လို့ဆိုပြီး နယ်စပ်ကို ထိုင်းကနေပြန်လာချင်ကြတယ် ၊ အဝင်တုံး - အထွက်တုံးအတွက်လာထုချင်သူတွေ OWIC Card မရှိရင်အဝင်ရပြီး ပြန်ထွက်လို့မရပါဘူး ။

ပြည်ပကနေအကြောင်းအမျိုးမျိုးကြောင့် အမိမြန်မာပြည်ကိုခေတ္တပြန်လာကြတဲ့လူငယ်တွေ ရန်ကုန်လေဆိပ်ကနေ ပြည်ပကိုပြန်လည်ထွက်ကြတဲ့အခါ တော်တော်များများ အခက်အခဲမျိုးစုံနဲ့ရင်ဆိုင်နေကြရတယ်လို့သိရတယ် ၊ ထို့အတူ PV စာအုပ်နဲ့ အပြင်ကိုထွက်ချင်တဲ့ကလေးတွေရော မိတ်ဆွေတစ်ချို့ရဲ့သားသမီးလေးတွေကအစ ကျွန်တော့်ဆီကိုအကူအညီတောင်းခံပြီးလာကြတယ် ၊ တတ်နိုင်သမျှကူညီနိုင်သလောက်တော့ကူညီပေးပါတယ် ။

နောက်ဆုံးပညာသင်သွားကြဘို့တော့တော်တော်လေးအခက်တွေ့နေလို့ တာချီလိတ်ကိုစုပြုံပြီးရောက်လာကြတာတွေရှ်ိနေပါတယ် ။

( ပြည်ပကနေ အကြောင်းထူးမရှ်ိရင်
ဖြစ်နိုင်ရင် ပြန်မလာကြနဲ့ လို့ပြောချင်တယ်
၊ သွားလိုက်လာလိုက်နဲ့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရအောင် အရင်လိုလွယ်ကူတယ်လို့မထင်ကြပါနဲ့ ) 😩

အဓိက တစ်ခါမှမထွက်ဖူးတဲ့ ဒူဘိုင်း ၊ အိုမန် စတဲ့နိုင်ငံတွေကို သွားဘို့ အရဲစွန့်ပြီးလာကြတဲ့လူငယ် လူရွယ်တွေကိုလည်းနေ့စဉ်တွေ့မြင်နေရပါတယ် ၊ လူလိမ်ပွဲစားတွေကိုသတိထားကြပါ ၊ ကြိုသူရှိပြီးသေချာရင်တော့ပြဿနာမရှိပါဘူး ။

မြန်မာ - ထိုင်း နယ်စပ်ဖြစ်တဲ့ တာချီလိတ် - မယ်ဆိုင် ၊ အမှတ် ( ၁ ) ချစ်ကြည်ရေးတံတားကနေဖြတ်သန်းဝင်ရောက်ဘို့အတွက် ထိုင်းဗီဇာလိုပါတယ် ၊ Smart Card လိုပါသည် ၊။
လေယာဉ်လက်မှတ်စျေးနှုန်းကတော့ ရန်ကုန် - တာချီလိတ် ၅၃၆၀၀၀ ၊ ၂ ပတ်ကြိုတင်ဖြတ်ရင်ပို၍သက်သာပါသည် ၊ မန်းလေး - တာချီလိတ် ၃ သိန်းနဲ့ ၄ သိန်းကြားရှ်ိသည် ။

တာချီလိတ်ကရေဘေးသင့်ထားလို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဆောင်နေကြတာမို့ ယခင်လိုတော့သွားရေးလာရေးမှာ အစစအရာရာအဆင်ပြေချင်မှပြေပါလိမ့်မည် ။ သတင်းတွေဖတ်ပါ ၊ စုစုစံကိုစောင့်ကြည့်ပါ ၊ မင်းဂွတ်သီးစားပါ ။

လောလောဆယ်တော့ဝင်လို့ရနေပါသေးတယ် ။ မည်သည့် ညွှန်ကြားချက်အမိန့်တစ်စုံတစ်ရာမှမရှိသေးပါဘူး ။

ကဲ

#ဘာမရှင်းတာရှိသလဲ ?

ထိုင်းနိုင်ငံတွင်ယာဉ်စည်းကမ်းဥပဒေအရ ဒဏ်ကြေးနှုန်းထားအသစ်ကိုပြင်ဆင်ပြောင်းလဲထုတ်ပြန်လိုက်ပြီဖြစ်ပါသည် ။ ထိုင်းရောက်မြန်မာ...
25/09/2024

ထိုင်းနိုင်ငံတွင်ယာဉ်စည်းကမ်းဥပဒေအရ ဒဏ်ကြေးနှုန်းထားအသစ်ကိုပြင်ဆင်ပြောင်းလဲထုတ်ပြန်လိုက်ပြီဖြစ်ပါသည် ။

ထိုင်းရောက်မြန်မာတွေ မြန်မာပြည်မှာမောင်းကြသလိုမမောင်းကြသလိုမျိုး အထူးသတိပြုကြရှောင်ကျဉ်ကြဘို့လိုပါသည် -

၁ ။ သတ်မှတ်ထားသည်ကီလိုမီနှုန်းကိုကျော်လွန်ပါက ၄၀၀၀ ဘတ်
၂ ။ မူးပြီးမောင်ပါက -

ပထမအကြိမ်မိရင် - ၅၀၀၀ ( သို့မဟုတ် ) ၂၀၀၀၀၀ ဘတ်

ဒုတိယအကြိမ် ( ၂ ) အတွင်းထိုကဲ့သို့ထပ်မံကျူးပါက ၅၀၀၀၀ ဘတ် ( သို့မဟုတ် ) ၁၀၀၀၀၀ ဘတ်

၃ ။ လမ်းပြောင်းပြန်မောင်လျင် ၂၀၀၀

၄ ။ မီးပွိုင့်ဖြတ်မောင်းလျှင် ၄၀၀၀ ဘတ် ( ယခင်က ၅၀၀ ) ။

၅ ။ ဖုန်းပြောရင်းယာဉ်မောင်းလျှင် ၄၀၀၀ ဘတ်

၆ ။ မျဉ်းကျားမှလူးကူးဖြတ်နေစဉ်ယာဉ်မရပ်ပေးပါက ၄၀၀၀ ဘတ်

၇ ။ ဆိုင်ကယ်ဦးထုပ်မဆောင်းပါက ( သို့ ) ဘေးကင်းစေသည့်ဦးထုပ်မဆောင်းပါက ၄၀၀၀ ဘတ်

၈ ။ ခါးပါတ်မပတ်ပါက ၂၀၀၀ ဘတ်

၉ ။ အသက် ၆ နှစ်အောက်ကလေးငယ်အား ပေါင်ပေါ်တင်ထားပါက ဘတ် ၂၀၀၀

( ၄င်းအတွက် အန္တရာယ်ကင်းရှင်းသည့်နေရာထိုင်ခင်းမပေးပါက )

တို့ဖြစ်သည် ၊။

#ค่าปรับกฎหมายจราจรใหม่

19/09/2024

ထိုင်းနိုင်ငံမယ်ဆိုင်မြို့တွင် ရေကြီးမှုဒဏ်ခံရပြီးနောက် စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်နေပုံ

VDO Crd

#แม่สาย #เชียงรายจมโคลน
#เร่งฝื้นฟูบ้านดินโคลนถล่ม

Address

Tachileik

Telephone

+959428235229

Website

Alerts

Be the first to know and let us send you an email when CNCMC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share