Organization for Building Better Society

Organization for Building Better Society We are the people from various circles with the the aim to promote sustainable peace and to eliminate poverty in Myanmar.

As social development and peacebuilding professionals, we are dedicated to fostering community development, promoting peace, and eradicating poverty across Myanmar.​​​​​​​​​​​​​​​​

အတာသင်္ကြန်နှင့် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် . . .🙏 ဘေးရန်အမျိုးမျိုးကကင်းကွာကြပါစေ။🙏 စားရေရိက္ခာများ ပေါကြွယ်ဝကြပါစေ။🙏 ...
12/04/2026

အတာသင်္ကြန်နှင့် မြန်မာ့နှစ်သစ်ကူးအခါသမယတွင် . . .

🙏 ဘေးရန်အမျိုးမျိုးကကင်းကွာကြပါစေ။

🙏 စားရေရိက္ခာများ ပေါကြွယ်ဝကြပါစေ။

🙏 ကိုယ်ရောစိတ်ပါကျန်းမာချမ်းသာကြပါစေ။

🙏 စီးပွားလာဘ်လာဘများ တိုးပွားတိုးတက်အဆင်ပြေကြပါစေ။

🙏 လူသားဆန်မှုနှင့် မေတ္တာတရားများထွန်းကားကြပါ‌စေ။

BBS အဖွဲ့သည် ငလျင်ဘေးတုံ့ပြန်ကူညီရေးလုပ်ငန်းများဖော်ဆောင်လျက်ရှိရာတွင်၊ လိုအပ်သလိုကူညီပေးရန် Myanmar Food Fair For Earth...
17/07/2025

BBS အဖွဲ့သည် ငလျင်ဘေးတုံ့ပြန်ကူညီရေးလုပ်ငန်းများဖော်ဆောင်လျက်ရှိရာတွင်၊ လိုအပ်သလိုကူညီပေးရန် Myanmar Food Fair For Earthquake Victims Fund Raising (Cambodia​ နိုင်ငံရောက်မြန်မာများနှင့် စုပေါင်းအလှူရှင်များ) မှ ကျပ်သိန်းတစ်ရာ ပေးပို့လှူဒါန်းထားသည့် အလှူငွေဖြင့်၊ အင်းလေး ဟဲယာရွာမ ကျေးရွာတွင် ရေသန့်စက်သစ်အတွက် လိုအပ်နေသောလီတာ (၃၀၀၀)ဆံ့ စတီးရေတိုင်ကီတစ်လုံးဝယ်ယူရန်အတွက် (၅၅)သိန်းကျပ်ကို အလှူရှင်များကိုယ်စား လှူဒါန်းပေးခဲ့ပြီးဖြစ်ပါသည်။

၎င်းနောက် ကျန်ငွေ (၄၅)သိန်းကျပ်နှင့် အခြားအလှူရှင်တစ်ဦီး၏ လှူဒါန်းငွေ (၅)သိိန်းကျပ်ကို စုပေါင်း၍ အင်းလေး၊ ဆီဆုံအနောက်ကျေးရွာရှိ၊ အိမ်ပြိုနေသောမိသားစုတစ်စုအတွက် အိမ်သစ်ပြန်တည်ဆောက်ရန် ကတိကဝတ်ဖြင့်ယနေ့တွင် သိန်း (၅၀)ကျပ်ကိုထောက်ပံ့ပေးလှူခဲ့ပါသည်။

Organization for Building Better Society (BBS) အဖွဲ့အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်...
06/06/2025

Organization for Building Better Society (BBS) အဖွဲ့အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်းရှိရပ်ရွာများတွင် ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသောနေအိမ်များကိို မိုးရာသီမတိုင်ခင် အချိန်မီ ပြုပြင်ရန်နှင့် အစအဆုံးပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် အောက်ပါစာရင်းအတိုင်း မိသားစု (၃၆)စုအား (Cash Assistance for Housing Repair and Reconstruction) ထောက်ပံ့ကူညီမှုများပြုလုပ်ပေးခဲ့ပါတယ်။

🏠 အသေးစားပြုပြင်ရန်အတွက် - မိသားစု (၁၀)စု

🏠 အကြီးစားပြုပြင်ရန်အတွက် - မိသားစု (၃)စု

🏠 လုံးချင်းအစအဆုံးပြန်လည်တည်ဆောက်ရန်အတွက် - မိသားစု (၂၃)စု

BBS အဖွဲ့သည် ငလျင်ဘေးတုံ့ပြန်ကူညီရေးလုပ်ငန်းများဖော်ဆောင်လျက်ရှိရာတွင်၊ လိုအပ်သလိုကူညီပေးရန် Myanmar Food Fair For Earth...
19/05/2025

BBS အဖွဲ့သည် ငလျင်ဘေးတုံ့ပြန်ကူညီရေးလုပ်ငန်းများဖော်ဆောင်လျက်ရှိရာတွင်၊ လိုအပ်သလိုကူညီပေးရန် Myanmar Food Fair For Earthquake Victims Fund Raising (Cambodia​ နိုင်ငံရောက်မြန်မာများနှင့် စုပေါင်းအလှူရှင်များ) မှ ကျပ်သိန်းတစ်ရာ ပေးပို့လှူဒါန်းထားပါသည်။

ယနေ့ တွင် BBS Response Team ကွင်းဆင်းလုပ်ငန်းများလုပ်ဆောင်ရင်း …

အင်းလေး ဟဲယာရွာမ ကျေးရွာတွင် ဘုန်းကြီးကျောင်း (၃)ကျောင်း၊ စာသင်ကျောင်း (၁)ကျောင်းနှင့် ရပ်ရွာအတွင်းရှိ ခန့်မှန်းအိမ်ခြေ (၂၀၀)ကျော်အတွက် အထောက်အပံ့ဖြစ်စေမည့်၊ ရေသန့်စက်သစ်အတွက် လိုအပ်နေသေးသည့် လီတာ (၃၀၀၀)ဆံ့ စတီးရေတိုင်ကီတစ်လုံးဝယ်ယူရန်အတွက် (၅၅)သိန်းကျပ်ကို ၎င်းရန်ပုံငွေဖြင့် အလှူရှင်များကိုယ်စား လှူဒါန်းပေးခဲ့ပါသည်။

BBS Response Team အနေနနဲ့ အင်းလေးကန်အတွင်းရှိငလျင်ဘေးသင့်ရွာများအတွင်း နေအိမ်အဆောက်အဦပျက်စီးမှုအခြေအနေနှင့် ပြန်လည်တည်ဆေ...
19/05/2025

BBS Response Team အနေနနဲ့ အင်းလေးကန်အတွင်းရှိငလျင်ဘေးသင့်ရွာများအတွင်း နေအိမ်အဆောက်အဦပျက်စီးမှုအခြေအနေနှင့် ပြန်လည်တည်ဆောက်ရန်လိုအပ်ချက်များကို ကွင်းဆင်းစိစစ်မှုလုပ်ဆောင်နေပါတယ်။

ဒေသအခြေအနေနဲ့ကိုက်ညီပြီး၊ အိမ်အဆောက်အဦများ၏ မတူညီသည့်ပျက်စီးမှုအခြေအနေနှင့် လိုအပ်ချက်ပေါ်မူတည်ပြီး၊ အသေးစားပြုပြင်မှုအထောက်အပံ့၊ အကြီးစားပြုပြင်မှုအထောက်အပံ့နှင့် အိမ်သစ်ဆောက်ရန်အထောက်အပံ့များကို ပံ့ပိုးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

BBS အဖွဲ့အနေနဲ့ စစ်ကိုင်းမြို့ပေါ်ရှိ ယာယီလူမှုကူညီထောက်ပံ့ရေးစခန်းများဖြစ်ကြတဲ့ …၁။ စကုမှော်၂။ ရန်နိုင်၃။ နှစ်ခုနစ်ရာကွ...
25/04/2025

BBS အဖွဲ့အနေနဲ့ စစ်ကိုင်းမြို့ပေါ်ရှိ ယာယီလူမှုကူညီထောက်ပံ့ရေးစခန်းများဖြစ်ကြတဲ့ …

၁။ စကုမှော်

၂။ ရန်နိုင်

၃။ နှစ်ခုနစ်ရာကွင်း

၄။ အိုးအိမ်

နေရာလေးနေရာမှာ ကလေးငယ်များ စိတ်ပျော်ရွှင်စေရန်နှင့် စိတ်ဒဏ်ရာများလျော့ပါးစေရန်အတွက် “ကလေးပျော်
နေရာ” များကို Plan International အဖွဲ့နှင့်မိတ်ဖက်ပြုပြီး၊ စေတနာ့ဝန်ထမ်းများဖြင့် ပြင်ဆင်လုပ်ဆောင်နေပါတယ်။

စိတ်ပိုင်းဆိုင်ရာအထောက်အကူပြုအခမဲ့ (အွန်လိုင်း)အစီအစဉ်
24/04/2025

စိတ်ပိုင်းဆိုင်ရာအထောက်အကူပြုအခမဲ့ (အွန်လိုင်း)အစီအစဉ်

"စိတ်ပိုင်းဆိုင်ရာအထောက်အကူပြု အခမဲ့ (အွန်လိုင်း)အစီအစဉ်" - (လူဦးရေ ၁၀၀ အထိသာ)

▪️လက်တလောဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းဖွယ်ရာ သဘာဝဘေးငလျင်ဒဏ်ကြောင့် နှင့် အခြားသောကပ်ဘေးဒဏ်ကြောင့် ခံစားနေရသော မိသားစုဝင်များအတွက် Winning Life မိသားစုအနေနဲ့ စာနာခံစားပြီး၊ စိတ်နှလုံး ထိခိုက်ဝမ်းနည်းကြေကွဲရပါတယ်။

✅ ဒီလိုမျိုး ခက်ခဲတဲ့အခြေအနေမှာ စိတ်ဒဏ်ရာရနေပြီး စိတ်နေမကောင်းဖြစ်နေသူ‌တွေ၊ ဝမ်းနည်းကြေကွဲနေရသူတွေ၊ စိုးရိမ်ပူပန်မှုများနေသူတွေအတွက် NLP အခြေပြု စိတ်ပိုင်းဆိုင်ရာ ကနဦးပြုစုစောင့်ရှောက်ခြင်း (Psychological First Aid - PFA) ကို စိတ်ပိုင်းဆိုင်ရာ အထောက်အကူဖြစ်စေဖို့ စိတ်အာဟာရလိုအပ်နေသူများအတွက်အခမဲ့အစီစဉ် (Webinar) ကို ကန့်သတ်လူဦးရေ (၁၀၀) ဦးဖြင့် စီစဉ်မျှဝေပေးလိုက်ပါတယ်။

🫶 သဘာဝဘေးအန္တရာယ်အပါအဝင် အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်ကာလတွေမှာ တစ်ဦးနှင့်တစ်ဦး လက်ချင်းဆက် ပံ့ပိုးကူညီကြဖို့နဲ့ စိတ်ပိုင်းဆိုင်အထောက်အကူပြုပေးကြဖို့၊ လူ့အဖွဲ့အစည်းမှာရှိနေကြသူတွေအချင်းချင်း အခက်အခဲတွေများကြားက တစ်ဦးနှင့် တစ်ဦးအားပေးနှစ်သိမ့်ပေးတာ၊ စိတ်ဓာတ်ခွန်အားဖြည့်ဆည်းပေးတာတွေလုပ်ဆောင်ပြီး စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်စွမ်းအား ပိုမိုမြင့်မားလာဖို့ စတဲ့ရည်ရွယ်ချက်ကြောင့် စီစဉ်တာဖြစ်ပါတယ်။

☑️ လူဦးရေအကန့်အသတ်နဲ့ ပြုလုပ်သွားမယ့် ဒီတစ်ရက်တာ (Webinar) ကို တက်ရောက်လိုပါက အောက်ပါလင့်ကနေ စာရင်းပေးသွင်းပါ။ လူဦးရေ (၁၀၀) ထက်ကျော်လွန်သွားပါက ငလျင်ဘေးသင့်ဒေသခံများကို ဦးစားပေးရွေးချယ်သွားမှာ ဖြစ်ပါတယ်။

အစီအစဉ်
======
ရက်/နေ့ ။ ။ ၂၀၂၅ခုနှစ်၊ မေလ (၁)ရက်/ ကြာသပတေးနေ့

အချိန် ။ ။ နေ့လည် (၁)နာရီ (၃၀)မိနစ်မှ ညနေ (၄)နာရီ (၃၀)မိနစ်အထိ

နေရာ။။ ။ Zoom (Online) ဖြင့်ပို့ချပါမည်။

ဆက်သွယ်မေးမြန်းရန်ဖုန်း-
☎️ ၀၉-၄၀ ၉၅၅ ၄၇၄၇
☎️ ၀၉-၄၀ ၉၅၅ ၄၈၄၈
☎️ ၀၉-၄၀ ၉၅၅ ၄၉၄၉

Webinar တက်ရောက်ရန် အောက်ပါလင့်ကိုနှိပ်ပြီးစာရင်းသွင်းပါ။
----------------------------------------

https://docs.google.com/forms/d/e/1FAIpQLSd6Dn4DSMaLg-ac0qa2NgPGtiyOT7Te0MZw6vMyI2nDONrMfw/viewform?usp=header

📢 အလုပ်သင်စေတနာ့ဝန်ထမ်းများဖိတ်ခေါ်ခြင်း📢===================================BBS အဖွဲ့သည် မန္တလေးနှင့် စစ်ကိုင်း ငလျင်ဘေး...
15/04/2025

📢 အလုပ်သင်စေတနာ့ဝန်ထမ်းများဖိတ်ခေါ်ခြင်း📢
===================================

BBS အဖွဲ့သည် မန္တလေးနှင့် စစ်ကိုင်း ငလျင်ဘေးသင့်ဒေသများတွင် အရေးပေါ်ကူညီလုပ်ငန်းများဆက်လက်လုပ်ဆောင်ရန်နှင့် နောက်ဆက်တွဲ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်စီစဉ်လုပ်ဆောင်လျက်ရှိပါသည်။

ရှေ့လုပ်ငန်းများလုပ်ဆောင်ရာတွင် ဒေသခံစေတနာ့ဝန်ထမ်းများကိုပါ အလုပ်သင်အနေဖြင့်ဖိတ်ခေါ် ပါဝင်လုပ်ဆောင်သွားမည်ဖြစ်ပါသဖြင့်၊ အောက်ပါအရည်အချင်းများနှင့်ကိုက်ညီသူများ လျောက်ထားနိုင်ပါရန်လေးစားစွာဖိတ်ခေါ်ပါသည်။

လိုအပ်သောအလုပ်သင်စေတနာ့ဝန်ထမ်းအရေအတွက်
====================================

▪️ မန္တလေးဒေသအတွက် အလုပ်သင်စေတနာ့ဝန်ထမ်း (၄) ဦး
▪️စစ်ကိုင်းဒေသအတွက် အလုပ်သင်စေတနာ့ဝန်ထမ်း (၄) ဦး

🎯 အလုပ်သင်‌ စေတနာ့ဝန်ထမ်းကာလ - (၃)လ

လိုအပ်သောအရည်အချင်းများ
====================

▪️မန္တလေး (သို့မဟုတ်) စစ်ကိုင်း ဒေသခံဖြစ်ရမည်။

▪️အလုပ်ချိန် တစ်ပတ် (၅)ရက် အချိန်ပေးပါဝင်နိုင်သူဖြစ်ရမည်။

▪️တက်ကြွပြီး လူမှုရေးလုပ်ငန်းများလုပ်ဆောင်ရန် စိတ်အားထက်သန်သူဖြစ်ရမည်။

▪️အသက် ၂၀ နှစ်အထက်၊ ၄၀ နှစ်ထက်မကြီးသူဖြစ်ရမည်။

▪️ ပညာအရည်အချင်း အထက်တန်းနှင့် အထက်ရှိသူဖြစ်ရမည်။

▪️ကွန်ပျူတာတတ်ကျွမ်းသူဖြစ်ရမည်။

▪️အသင်းအဖွဲ့နှင့် လုပ်ကိုင်နိုင်သူဖြစ်ရမည်။

▪️လူမှုရေးလုပ်ငန်းဆိုင်ရာအသိပညာသင်တန်းများကို တက်ရောက်သင်ယူနိုင်သူဖြစ်ရမည်။

▪️ အရေးပေါ်အခြေအနေတွင် ပါဝင်ဆောင်ရွက်နိုင်သူဖြစ်ရမည်။

▪️အလုပ်သင်စေတနာ့ဝန်ထမ်းသည် လခစားဝန်ထမ်းမဟုတ်သဖြင့်၊ လစာမရရှိဘဲ၊ စေတနာ့ဝန်ထမ်းစိတ်သက်သက်ဖြင့် လုပ်ဆောင်နိုင်သူဖြစ်ရမည်။

ပါဝင်လုပ်ဆောင်ရမည့်လုပ်ငန်းများ
=======================

▪️ငလျင်ဒဏ်သင့်ပြည်သူများအား အထောက်အပံ့ပစ္စည်းများဖြန့်ဝေရန်နှင့် စာရင်းပြုစုရန်။

▪️အရေးပေါ်လူသားချင်းစာနာမှုကူညီရေးလုပ်ငန်းများတွင် ပါဝင်ကူညီရန်။

▪️လူထုလိုအပ်ချက် စစ်တမ်းများနှင့် အချက်အလက်များ ကောက်ယူစုဆောင်းရန်။

▪️လိုအပ်သောစာရွက်စာတမ်းများပြုစုရန်။

▪️ဒေသခံများနှင့် ဆက်သွယ်ချိတ်ဆက်ရန်။

အကျိုးခံစားခွင့်များ
==============

✅ လစဉ်အထွေထွေအသုံးစရိတ် (၃)သိန်းကျပ်

✅ ဖုန်းဘေတစ်လ တစ်သောင်းကျပ်

✅ ၃ လပြည့်ပါက၊ စေတနာ့ဝန်ထမ်းဂုဏ်ပြုလက်မှတ်

✅ BBSတွင် စီမံချက်ကွင်းဆင်းဝန်ထမ်းများခန့်အပ်ရာတွင်၊ လုပ်ကိိုင်ဆောင်ရွက်မှုနှင့် စွမ်းဆောင်ရည်ကောင်းသည့် စေတနာ့ဝန်ထမ်းများကို ဦးစားပေး စဉ်းစားမည်ဖြစ်သည်။

👉 လျောက်ထားသူများအနက်မှ အကိုက်ညီဆုံးသူများကိုသာ လူတွေ့အင်တာဗျူးဖိတ်ခေါ်ပြီး၊ ရွေးချယ်ပါမည်။

-------------------------------------------------------

အလုပ်သင်စေတနာ့ဝန်ထမ်း လျောက်ထားရန်အောက်ပါလင့်ကိုနှိပ််၍ အချက်အလက်များဖြည့်သွင်းပါ။

လျောက်လွှာပိတ်ရက်နှင့်အချိန် ။ ၂၀၂၅ခုနှစ်၊ ဧပြီလ (၁၉)ရက် / ညနေ (၅)နာရီနောက်ဆုံး

https://forms.office.com/r/SwAfWSKGiC

မြန်မာနှစ်ကူး မေတ္တာပို့ဆုတောင်း ❤️မြန်မာ့နှစ်သစ်ကူးအခါသမယမှာ နိုင်ငံသူနိုင်ငံသားများအားလုံး  ဘေးရန်ကင်းကွာပြီး၊ ကိုယ်စိ...
12/04/2025

မြန်မာနှစ်ကူး မေတ္တာပို့ဆုတောင်း ❤️

မြန်မာ့နှစ်သစ်ကူးအခါသမယမှာ နိုင်ငံသူနိုင်ငံသားများအားလုံး ဘေးရန်ကင်းကွာပြီး၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ကျေးရွာများဖြစ်သည့် … သီးကုန်းကျေးရွာ - မိသားစု (၂၂၇) စု အတွက်တစ်မ...
11/04/2025

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ကျေးရွာများဖြစ်သည့် …

သီးကုန်းကျေးရွာ - မိသားစု (၂၂၇) စု အတွက်တစ်မိသားစုလျှင် -

▪️ရေသန့် ၁ လီတာ (၁၂) ဘူး
▪️ဆိုလာအားသွင်းမီးလုံး (၁)လုံး

ပင်းစု (တောင်) ကျေးရွာ - မိသားစု (၂၀၀)စု နှင့် ပင်းစု (မြောက်) ကျေးရွာ - မိသားစု (၁၄၀) စုအတွက် တစ်မိသားစုလျှင် -

▪️ရေသန့် ၁ လီတာ (၁၂) ဘူး
▪️ဆိုလာအားသွင်းမီးလုံး (၁)လုံး
▪️ဆေးစိမ်ခြင်ထောင် (၁)လုံး
▪️တာပေါ်လင် (၁ စ)
▪️ဆန် (၆ ပြည်)
▪️ဆီ (၁ လီတာ)
▪️ဇလုံကြီး အသင့်စားဟင်းအနှစ်ထုတ်ကြီး - (၂ ထုတ်)

စသဖြင့် ကျေးရွာ(၃)ရွာအတွင်းရှိ မိသားစုပေါင်း (၅၆၇)စုအတွက် လိုအပ်နေသော သောက်သုံးရေနှင့် အစားအသောက်များကို Emergency Response Team ကဝေငှပေးခဲ့ပါတယ်။

ယနေ့မှာ စစ်ကိုင်းမြို့ငလျင်ဘေးသင့်ပြည်သူ မိသားစု (၅၀၀) အတွက် အသုံးအဆောင်နဲ့ အစားအသောက်ပါဝင်တဲ့ Essential Family Kit ဖြန်...
10/04/2025

ယနေ့မှာ စစ်ကိုင်းမြို့ငလျင်ဘေးသင့်ပြည်သူ မိသားစု (၅၀၀) အတွက် အသုံးအဆောင်နဲ့ အစားအသောက်ပါဝင်တဲ့ Essential Family Kit ဖြန့်ဝေခြင်းကို စစ်ကိုင်းမြို့၊ သုခကာရီလူမှုရေးအသင်းကြီးရဲ့အကူအညီနဲ့ မိတ်ဖက်ပြုလုပ်ဆောင်ခဲ့ပါတယ်။

သုခကာရီ ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းအနေနဲ့ စစ်ကိုင်းမြို့ပေါ်ထိခိုက်ပျက်စီးသွားတဲ့အိမ်တွေကိုလက်လှမ်းမီနိုင်သမျှ အိမ်တိုင်ရာရောက်ကွင်းဆင်းသွားရောက် စာရင်းကောက်ယူပြီး၊ စနစ်တကျဖြန့်ဝေပေးနိုင်ဖို့ အင်တိုက်အားတိုက်အားဖြည့်ကူညီပေးခဲဲ့တဲ့အတွက် BBS အဖွဲ့အနေနဲ့ အထူးအလေးထားကျေးဇူးတင်ရှိပါတယ်။

တစ်မိသားစုလျှင် ဝေငှပေးခဲ့သည့်ပစ္စည်းများ -

၁။ ဆန် (၆ ပြည်)

၂။ ဆီ (၁ လီတာ)

၃။ တာပေါ်လင်မိုးကာစ (၁ စ)

၄။ ဆေးစိမ်ခြင်ထောင် (၁ လုံး)

၅။ ဆိုလာမီးလုံး ( ၁ လုံး)

၆။အသေးသုံးငွေ (၃ သောင်းကျပ်)

၇။ ဟင်းချကိဒယ်အိုး (၁ လုံး)

၈။ ဒန်အိုး (၂လုံး)

၉။ စတီးဇလုံ (၃)လုံး

၁၀။ ထမင်းစားစတီးပန်းကန် (၃ ချပ်)

၁၁။ ထမင်းစားဇွန်း (၆ ချောင်း)

၁၂။ ဟင်းချက်ဇွန်းကြီး (၁ ချောင်း)

ဒုတိယအကြိမ်မြောက် Emergency Response ခရီးစဉ်အနေနဲ့ စစ်ကိုင်းမြို့က ငလျင်ဘေးသင့်ပြည်သူတွေအတွက် အသုံးအဆောင်နဲ့ စားစရာတွေဖြ...
09/04/2025

ဒုတိယအကြိမ်မြောက် Emergency Response ခရီးစဉ်အနေနဲ့ စစ်ကိုင်းမြို့က ငလျင်ဘေးသင့်ပြည်သူတွေအတွက် အသုံးအဆောင်နဲ့ စားစရာတွေဖြန့်ဝေဖို့ Emergency Reaponse Team စတင်ထွက်ခွါလာပါပြီ။

အရေးပေါ်အခြေအနေမှာ ငလျင်ဘေးသင့်ပြည်သူတွေ နေထိုင်စားသောက်ရှင်သန်ရေးအခက်အခဲတွေကို ကူညီဖြေလျော့ပေးနိုင်ဖို့အတွက် ရက်ပျက်မရှိ၊ နားရက်မယူဘဲ BBS တစ်ဖွဲ့လုံးအင်တိုက် အားတိုက်ကြိုးစားလုပ်ဆောင်နေပါတယ်။

ဒုတိယခရီးစဉ်နှင့်တဆက်တည်းမှာပဲ တတိယခရီးစဉ်အနေနဲ့ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်းက ငလျင်ဘေးသင့် ကျေးရွာ (၃)ရွာကို အရေးပေါ် အစားအသောက်နှင့်အသုံးအဆောင်တွေ ဆက်လက်ဖြန့်ဝေပေးဖို့လည်း စီစဉ်လုပ်ဆောင်နေပါတယ်။

Address

No. 229 (B), Main Road, Rupa-North Ward
Sittwe

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

0959458371100

Alerts

Be the first to know and let us send you an email when Organization for Building Better Society posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Organization for Building Better Society:

Share