The Seekers Institute

The Seekers Institute Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Seekers Institute, Nonprofit Organization, No . 12 Block(4) MinGan Ward, Rakhine State, Sittwe.

Our mission is to empower communities, promote youth development, and improve livelihoods through education, personal development skills, and vocational literacy training in collaboration with local and international organizations in Rakhine State Myanmar စီကာ အင်စတီကျူးသည် ရခိုင်ပြည်နယ် မြို့နယ် အနှံ့ အပြားမှ ‌လူငယ်များအားပင်ကိုယ်စွမ်းရည်နှင့် အတွေးခေါ်များမြှင့်လာစေရန် နှင့် ဗဟုသုတများဆိုင်ရာ သင

်တန်းများ ၊ အတတ်ပညာ အသိပညာ ဆိုင်ရာ သင်တန်းများ အား အပါတ်စဉ် စနေ၊တနင်္ဂနွေရက်များတွင် အခမဲ့ပို့ချပေးခြင်း၊ ၂၀၂၁ ခုနှစ်မှစ၍ Personal Development Program ကို အခမဲ့ ပို့ချပေးခဲ့ရာ အဆိုပါ သင်တန်းတွင် သင်တန်း အပါတ်စဉ် တစ်ခုလျှင် သင်တန်းသား (၄၀)ကျော်တက်ရောက် သင်ယူခဲ့ကြပါသည်။

အသင်းအဖွဲ့တစ်ခု ပျက်စီးရခြင်း အကြောင်းတရားများ“အဖွဲ့တစ်ခု မအောင်မြင်တာဟာ လူမတော်လို့ မဟုတ်ပါဘူး… စနစ်နဲ့ စီမံခန့်ခွဲမှု ...
01/05/2026

အသင်းအဖွဲ့တစ်ခု ပျက်စီးရခြင်း အကြောင်းတရားများ
“အဖွဲ့တစ်ခု မအောင်မြင်တာဟာ လူမတော်လို့ မဟုတ်ပါဘူး… စနစ်နဲ့ စီမံခန့်ခွဲမှု အားနည်းလို့ပါ”
အသင်းအဖွဲ့တစ်ခု ပျက်စီးသွားတဲ့အခါ အများစုက “လူတွေမတော်လို့” လို့ပဲ လွယ်လွယ်တွေးတတ်ကြပါတယ်။ ဒါပေမဲ့ အမှန်တကယ်တော့ ပြဿနာရဲ့ အရင်းမြစ်ဟာ Team System, Communication နဲ့ Leadership တွေထဲမှာပဲ အမြစ်တွယ်နေတတ်ပါတယ်။ အသင်းအဖွဲ့တစ်ခုကို တဖြည်းဖြည်း ချည့်နဲ့သွားစေတဲ့ အဓိကအကြောင်းရင်း (၆) ချက်ကို ပြန်လည်ဆန်းစစ်ကြည့်ရအောင် -

အသင်းအဖွဲ့တစ်ခု ပျက်စီးရခြင်း အကြောင်းတရားများ
“အဖွဲ့တစ်ခု မအောင်မြင်တာဟာ လူမတော်လို့ မဟုတ်ပါဘူး… စနစ်နဲ့ စီမံခန့်ခွဲမှု အားနည်းလို့ပါ”

အသင်းအဖွဲ့တစ်ခု ပျက်စီးသွားတဲ့အခါ အများစုက “လူတွေမတော်လို့” လို့ပဲ လွယ်လွယ်တွေးတတ်ကြပါတယ်။ ဒါပေမဲ့ အမှန်တကယ်တော့ ပြဿနာရဲ့ အရင်းမြစ်ဟာ Team System, Communication နဲ့ Leadership တွေထဲမှာပဲ အမြစ်တွယ်နေတတ်ပါတယ်။

အသင်းအဖွဲ့တစ်ခုကို တဖြည်းဖြည်း ချည့်နဲ့သွားစေတဲ့ အဓိကအကြောင်းရင်း (၆) ချက်ကို ပြန်လည်ဆန်းစစ်ကြည့်ရအောင် -

📌 ၁။ ယုံကြည်မှု ပျောက်ဆုံးခြင်း (Lack of Trust)
အဖွဲ့ဝင်တွေကြား တစ်ဦးကိုတစ်ဦး ယုံကြည်မှုတွေ အားနည်းလာပြီး အလေးထားဆက်ဆံမှုတွေ ကျဆင်းလာတဲ့အခါ -
📝 အမှားကို ဝန်ခံဖို့ ကြောက်ရွံ့လာကြတယ်
📝 တစ်ဦးပေါ်တစ်ဦး ဆက်ဆံရေးတွေ နည်းပါးလာတယ်
📝 အားနည်းချက်ကို ဖုံးကွယ်ထားပြီး အပေါ်ယံဆက်ဆံမှုသာ ရှိတော့တယ်

📌 ၂။ ပွင့်လင်းစွာ မဆွေးနွေးခြင်း (Poor Communication)
ပြဿနာရှိနေတာကို သိရဲ့နဲ့ -
📝 ပြဿနာအရင်းအမြစ်တွေကို ထုတ်မပြောကြတော့ဘူး
📝 မှန်ကန်တဲ့ဆန္ဒနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ မရှိတော့ဘူး
📝 မရှင်းလင်းမှု (Misunderstanding) တွေ များလာပြီး အဖွဲ့အတွင်း တင်းမာမှုတွေ မြင့်တက်လာတတ်ပါတယ်

📌 ၃။ ပန်းတိုင် ဝေဝါးခြင်း (Unclear Goals)
📝 ငါတို့ ဘာအတွက် အလုပ်လုပ်နေတာလဲ?
📝 ငါတို့ ဘာကို ရောက်ချင်တာလဲ?
📝 ငါတို့ရဲ့ ဦးတည်ချက်နဲ့ ခံယူချက်က ဘာလဲ?
📝 ဘယ်သူက ဘယ်လိုမျိုး တာဝန်ယူမှာလဲ?
စတဲ့ အချက်တွေ ရှင်းလင်းမှုမရှိတဲ့အခါ လူတိုင်းက ကိုယ်ထင်ရာကိုယ်လုပ်ကြပြီး ဦးတည်ချက်မဲ့တဲ့အဖွဲ့ ဖြစ်သွားပါတယ်။

📌 ၄။ ခေါင်းဆောင်မှု အားနည်းခြင်း (Weak Leadership)
ခေါင်းဆောင်က -
🔰 ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား မချနိုင်ဘူး
🔰 ပြဿနာကို ထိထိရောက်ရောက် မဖြေရှင်းနိုင်ဘူး
🔰 တာဝန်ခံမှု (Accountability) တောင်းဆိုဖို့ အားနည်းတယ်

📌 ၅။ တာဝန်ယူမှု မရှိသော ယဉ်ကျေးမှု (Lack of Accountability)
🔰 အလုပ်မပြီးလည်း ဘာမှမဖြစ်ဘူးဆိုတဲ့ စိတ်တွေ မွေးဖွားလာတယ်
🔰 အမှားလုပ်မိလည်း ဘယ်သူမှ မထိန်းကျောင်းတဲ့ ပတ်ဝန်းကျင်မျိုး ဖြစ်လာတယ်
ဒီလို Culture မျိုးမှာ Performance တွေ ကျဆင်းလာပြီး အဖွဲ့ရဲ့ အရည်အသွေး တဖြည်းဖြည်း ပျက်စီးသွားတတ်ပါတယ်။

📌 ၆။ ကိုယ်ကျိုးနှင့် မာနကို ရှေ့တန်းတင်ခြင်း (Self-interest over Team)
“အဖွဲ့အောင်မြင်မှု” ထက် ကိုယ့်နာမည်၊ ကိုယ့်ရာထူးနဲ့ ကိုယ့်အတ္တကိုပဲ အလေးထားလာတဲ့အခါ အဖွဲ့ဟာ တစ်သားတည်း မဟုတ်တော့ဘဲ “တစ်ယောက်ချင်းစီ” ခွဲထွက်သွားပါတော့တယ်။

💡 အသင်းအဖွဲ့တစ်ခု ပျက်စီးတာဟာ တစ်နေ့တည်းနဲ့ ဖြစ်လာတာ မဟုတ်ပါဘူး။ သေးငယ်တဲ့ ပြဿနာတွေကို မဖြေရှင်းဘဲ လျစ်လျူရှုထားရာကနေ တဖြည်းဖြည်း အမြစ်တွယ်သွားတာပါ။

✅ အကောင်းဆုံး အဖွဲ့တွေဆိုတာ ပြဿနာမရှိတာ မဟုတ်ပါဘူး။ ပြဿနာတွေကို အချိန်မီ ပွင့်ပွင့်လင်းလင်း ဖြေရှင်းနိုင်တဲ့ အဖွဲ့တွေသာ ဖြစ်ပါတယ်။

🔗 ပိုမိုကောင်းမွန်သော Team Management Skills များအတွက် - https://itseekersedu.com/

19/04/2026

“အတူတူသင်ယူခဲ့တဲ့နေ့ရက်တွေက အဆုံးသတ်သွားပေမယ့် အမှတ်တရတွေကတော့ မပျက်ဘဲ ကျန်ရှိနေပါတယ် 🌸



14/04/2026

2022 ခုနှစ်က ပြုလုပ်ခဲ့တဲ့ Gender Awareness Training မှာ လုငယ်တွေပြုလုပ်ခဲ့တဲ့ Activities လေးတစ်ခုဖြစ်ပါတယ်။

လူငယ်များအတွက် နားလည်မှု၊ လေးစားမှုနဲ့ တန်းတူညီမျှမှုအကြောင်းကို
လေ့လာခွင့်ရခဲ့တဲ့ အမှတ်တရတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒီနေ့အချိန်ထိ Gender equality ဆိုတာ အရေးကြီးနေဆဲဖြစ်ပြီး
လူငယ်တွေကို ယုံကြည်မှုရှိအောင် ဆက်လက်ပံ့ပိုးနေပါတယ်။

20/01/2026

အရင်တုန်းက ကျောင်းသားတွေ သင်ယူလေ့လာခဲ့ကြတဲ့ ရုပ်သံလေးတွေ ပြန်မျှဝေပေးလိုက်ပါတယ်။ မမေ့နိုင်တဲ့ Classroom Moments တွေပါ ✨

17/01/2026

📢အများသူငှာရှေ့မှာ စကားပြောဖို့ဆိုတဲ့အချက်က လူတိုင်းက ကြောက်ရွံကြတယ်။ ဘာကြောင့်လဲ
အနီးစပ်ဆုံးအဖြေတစ်ခုကြည့်ရအောင်
✅ မိမိရဲ့ပြောဆိုချက်ကို တစ်ဖက်သူ(နားထောင်တဲ့သူတွေ) ကဲ့ရဲ့မှာ
✅ အမှားဖြစ်မှာ
✅ စကားပြောဖို့အတွေ့အကြုံမရှိသေးတာ
✅ ပြောမယ့်အကြောင့်အရာက မခိုင်မာတာ

📝နောက် ဘာတွေရှိသေးလည်း မှတ်ချက်လေးပြုခဲ့ကြနော်






Address

No . 12 Block(4) MinGan Ward, Rakhine State
Sittwe
07014

Opening Hours

Saturday 00:00 - 17:00
Sunday 00:00 - 17:00

Telephone

+959254593587

Alerts

Be the first to know and let us send you an email when The Seekers Institute posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to The Seekers Institute:

Shortcuts

Share