ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး - United Arakan Youths Union

  • Home
  • Myanmar
  • Sittwe
  • ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး - United Arakan Youths Union

ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး - United Arakan Youths Union Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး - United Arakan Youths Union, Youth Organization, Sittwe.

ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး
=========================

ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး ကို ရခိုင်သက္ကရာဇ် (၁၃၈၁) ခု တန်းဆောင်မုန်းလဆန်း (၄) ရက် ခရစ်နှစ် (၂၀၁၈) ခုနှစ် နိုဝင်ဘာလ (၁၁) ရက် တနင်္ဂနွီနိ မှာ စတင်ဖွဲ့စည်းခသည်။

မျှော်မှန်းချက်
----------------
ငြိမ်းချမ်းသာယာဖွံ့ဖြိုးပြီး နိုင်ငံတကာနန့်ရင်ဘောင်တန်းနိုင်မည့် ရခိုင့်လူဘောင်သစ် ဖြစ်ထွန်းလာစီရန် မျှော်မှန်းပါသည်။

ရည်မှန်းချက်
----

-----------
လူငယ်များသည် ဘက်စုံအရည်အသွီးပြည့်ဝကာ ဗလငါးတန်ဖွံ့ဖြိုးပြီး နိုင်ငံ့သားကောင်းများဖြစ်ပေါ်လာစီရန် ရည်မှန်းပါသည်။

ရည်တည်ချက်
------------------
ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံးသည် သီးခြားလွတ်လပ်သော အမှီအခိုကင်းသော အစည်းအရုံး ဖြစ်သည်။ယင်းနည်းအတူ ကိုယ့်အားကိုယ်ကိုး မူဝါဒကို
အခြီခံကျင့်သုံးသည့် အစည်းအရုံးလည်းဖြစ်သည်။

သင်တန်းအောင်မြင်စွာပြီးမြောက်ခြင်း 🎉🎉----------------------------------------------------------✅ `Digital Security Aware...
08/10/2023

သင်တန်းအောင်မြင်စွာပြီးမြောက်ခြင်း 🎉🎉
----------------------------------------------------------

✅ `Digital Security Awareness Training´
Batch - I အား ဒေနိ (8.10.2023) မှာ အွန်လိုင်းက
တဆင့် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခပြီး ဖြစ်ပါရေ။

✅ Solutify Myanmar က ဆရာ၊ ဆရာမတိနန့်
သင်တန်း နှစ်ရက်တာ ကာလအတွင်း စိတ်အား ထက်သန်စွာ ပါဝင်ဆွေးနွေးပီးခကတ်တေ ဆရာ၊
ဆရာမတိ အားလုံးကိုလည်း UAYU Online Program Team ကနီနာ ကျေးဇူးအထူးတင်ဟိပါရေ။

✅ Batch - I သင်တန်းက ပုံရိပ်ချေတချို့ကို ပြန်နာ
မျှဝီပီးလိုက်ပါရေ။ ❤




06/10/2023

သင်တန်းတက်ရောက်ခွင့်ရဟိသူတိအား လေးစားစွာ အကြောင်းကြားအပ်ပါရေ။ 🎉🎉
-----------------------------------------------

✅ '' Digital Safety & Media and Information Literacy Training '' Batch - I သင်တန်းမှာ ပါဝင်ခွင့်ရလူတိ အား Email ကတဆင့် သင်တန်းတက်ရောက်ရဖို့ Zoom Link အား ပီးပို့ပြီး ဖြစ်ပါရေ။

✅ သင်တန်းမှာ လူအကန့်အသတ်ဟိရေအတွက် ကြောင့်သော်လည်းကောင်း၊ လျှောက်လွှာမှာ အချက်အလက် မပြည့်မစုံမှု ကြောင့်သော်
လည်းကောင်း ပါဝင်ခွင့်မရလိုက်လူတိဖို့အတွက် လည်း နောက်အလားတူ သင်တန်းတိမှာ ပါဝင်နိုင်ဖို့
ဦးစားပီးအနီနန့် ဖိတ်ခေါ်ပီးလားဖို့ ဖြစ်ပါရေ။ ❤

အားလုံးသူကို ကျေးဇူးအထူးတင်ဟိပါရေ။



``Digital Safety & Media and Information Literacy Training´´------------------------------------------------------------...
03/10/2023

``Digital Safety & Media and Information Literacy Training´´
--------------------------------------------------------------
📝 ရက္ခိုင်ပြည်က လူငယ်တိဖို့ သင်တန်းသျှေတခု
နန့် မိတ်ဆက်ပီးချင်ပါရေ။

လက်ဟိရခိုင်ဒေသတွင်းမှာရေ အင်တာနက်ကို
အယင်ကထက် ပိုပနာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကတ်ပြီး ဖြစ်ပါရေ။ ယေဒါလေ့ ဒေပိုင်တိုးတက်ကျယ်ပြန့်လာစာနန့်အညီ အင်တာနက်ထဲက ခြိမ်းခြောက်မှုတိ၊ ဒင်္ဂါးလိမ်လည်မှုတိကို ပုံစံမျိုးစုံနန့် ရင်ဆိုင်လာကတ်ရပါရေ။

ဒေပိုင်အရာတိကို ကာကွယ်နိုင်ဖို့ ဇာတိ လုပ်ဆောင်
နိုင်ဖို့လဲဆိုရေအရာတိနဲ့ ပတ်သက်လို့ `Solutify Myanmar´ နန့် `United Arakan Youth Union´ (UAYU) ရို့ ပူးပေါင်းပနာ ဒီဂျစ်တယ်လုံချုံရီးဆိုင်ရာသင်တန်း (Online) အစီအစဥ်သျှေတခု လုပ်ဆောင်ထားဟိပါရေ။ ✅

သင်တန်းအချက်အလက်တိနန့် သင်တန်းအစီအစဥ်တိကို အောက်မှာ အသေးစိတ်ဖော်ပြထားပါရေ။
======================================

သင်တန်းလျှောက်လွှာ 📝
(အောက်ပါ Google Form တွင်ဖြည့်ရန်)

https://forms.gle/HnFdFcPVNkvbBdj89

🚨🚨🚨

အောက်တိုဘာ ၆ ရက်နိ (Deadline) ☑

လူဦးရီလည်းကန့်သတ်ထားရေအတွက် စစောချေ စာရင်းပီးသွင်းကတ်ဖို့ တိုက်တွန်းပါရေ။ ☑



သင်္ကြန်ဆိုရေ ဝေါဟာရစွာ သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာက သက်ဆင်းလှာရေ ဝေါဟာရဖြစ်ပါရေ။ သင်္ကန္တ၊ သင်္ကြန္တ...
13/04/2023

သင်္ကြန်ဆိုရေ ဝေါဟာရစွာ သင်္ကန္တခေါ် ပါဠိဘာသာ၊ သင်္ကြန္တခေါ် သက္ကတဘာသာက သက်ဆင်းလှာရေ ဝေါဟာရဖြစ်ပါရေ။ သင်္ကန္တ၊ သင်္ကြန္တဆိုစွာ ကူးပြောင်းခြင်းလို့ အနက်အဓိပ္ပာယ်ရပါရေ။

နှစ်ဟောင်းက နှစ်သစ်ကို ကူးပြောင်းစွာမှာ လူသားအားလုံး၏ အဆင်မပြေမှူတိအားလုံးကနီ အဆင်ပြေချောမွိ့ရေ ဘဝတိကို ပိုင်ဆိုင်ပြောင်းလဲနှိူင်ပနာ ကျန်းမာသုခပြည့်ဝကတ်ပါစီကြောင်း မိမိရို့ #ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး က ဆုမွန်ကောင်းတောင်းအပ်ပါရေ။
🙏🙏🙏

သာလီစွ ညဇာဖက်ချေပါ 💁‍♂️📣📣📣 `` Leadership Short Training´´ တက်ရောက်ဖို့  စာရင်းပီးထားလူတိထဲကနီပနာ အပတ်စဥ် (၁) တက်ရောက်ခွင...
19/03/2023

သာလီစွ ညဇာဖက်ချေပါ 💁‍♂️📣📣📣

`` Leadership Short Training´´ တက်ရောက်ဖို့
စာရင်းပီးထားလူတိထဲကနီပနာ အပတ်စဥ် (၁)
တက်ရောက်ခွင့်ရလူတိအား ဖုန်းဆက်၍
သော်လည်းကောင်း၊ Email နန့်သော်လည်းကောင်း အကြောင်းကြားထားပြီးဖြစ်ပါရေ။ 💁‍♂️☎📨

လျှောက်လွှာဖောင် ဖြည့်ထားရေလူတိထဲကနီပနာ
နောက် အပတ်စဥ်တိမာ တက်ရောက်ခွင့်ရသူတိအား
ထပ်မံ ကြေငြာပီးလားဖို့ဖြစ်ပါရေ။

အပတ်စဥ် (၁) တက်ရောက်ခွင့်ရသူတိအနီနန့်
မပျက်မကွက်တက်ရောက်ပီးကတ်ပါဖို့ လေးစားစွာ
တိုက်တွန်းအပ်ပါရေ 📣

Place: Google Meet
Date: 22,24,25 - 3 - 2023
Time: 6:30 pm - 9:30 pm

အားလုံးသာလီစွပါ---------------------------📑နောက်တပတ်ခါ ကျွန်တော်ရို့UAYU ကနီပနာ Leadership နဲ့ပတ်သက်တေ Short Training သျ...
14/03/2023

အားလုံးသာလီစွပါ
---------------------------
📑နောက်တပတ်ခါ ကျွန်တော်ရို့
UAYU ကနီပနာ Leadership နဲ့ပတ်သက်တေ Short Training သျှေတစ်ခုကို သုံးရက်တာပီးအပ်လားဖို့ဖြိုက်ပါရေ။📢📢

ဇာပိုင်လူတိတက်ရောက်သင့်ပါလဲ။💁‍♂️

- ရပ်ရွာအခြီပြုလူမှုရီးအဖွဲ့အစည်းတိမှာ ပါဝင်လုပ်ကိုင်ပီးနီရေလူတိ

- အသင်းအဖွဲ့၊ လုပ်ငန်းတိမှာ ဦးစီးလုပ်ကိုင်နီရေလူတိ အပြင်

ခေါင်းဆောင်မှုစွမ်းရည်မြင့်တက်
ဖို့ လိလာဆွေးနွေးချင်ရေ လူငယ်တိ
အားလုံး ပါဝင်သင့်ရေ Short Training ချေတစ်ခုဖြိုက်တေအတွက် စိတ်ပါဝင်စားလူတိ
အနီနန့် လက်မရွှတ်သင့်ပါ။ 💁

ပါဝင်ဆွေးနွေးချင်ရေလူတိအနီနန့်
အောက်မှာပီးထားရေ Google Form မှာ ဖြည့်ပြီးကေ စာရင်းပီးသွင်းနိုင်ပါရေ။⬇

https://docs.google.com/forms/d/1TS70E8T-8FjMvJTKa0nG3x-3r2bTKGMV06BmmqNU7oM/edit?usp=drivesdk

Place: Google Meet
Date: 22,24,25 - 3 - 2023
Time: 7:30 pm - 9:30 pm

(အချိန်အကန့်အသတ်၊ လူအကန့်အသတ်ဟိရေအတွက် အရင်စာရင်းပီးကတ်ဖို့ မေတ္တာရပ်ခံအပ်ပါရေ❗❗)

သာလီစွ ညစာဖက်သျှေပါ။ 💁‍♂️ဒေနိ ​ညစာဖက်ကခါ ကျွန်တော်ရို့  UAYU ကနီပနာ ``Mine Risk Education´´ နန့်ပတ်သတ်တေ Sharing အစီအစို...
13/03/2023

သာလီစွ ညစာဖက်သျှေပါ။ 💁‍♂️
ဒေနိ ​ညစာဖက်ကခါ ကျွန်တော်ရို့ UAYU ကနီပနာ
``Mine Risk Education´´ နန့်ပတ်သတ်တေ Sharing အစီအစိုင်သျှေတစ်ခု အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ခပါရေ။

ပါဝင်တက်ရောက်ပီးလူတိအနီနန့် မိုင်းနဲ့ပတ်သက်တေ ဗဟုသုတတိ၊
ကိုယ့်အနီနဲ့ မြီပြင်မှာ မိုင်းအန္တရာယ်တစ်ခုခုကြုံတွိလာရကေ ဇာပိုင် လုပ်ဆောင်နိုင်ဖို့လဲဆိုစာတိကို ကောင်းစွာနားလည်
သဘောပေါက်ကတ်ပြီး လက်တွိကျကျအသုံးချနိုင်ကတ်ဖို့ မျှော်လင့်မိပါရေ 💗

နောက်ထပ် UAYU က ပီးအပ်လားဖို့ဖြစ်တေ
Online Trainingတိ Sharing Session တိမှာပါဝင်ပီးကတ်ဖို့
လေ့ တိုက်တွန်းယင်း MRE Sharing Session က
ပုံရိပ်ချေတချို့မျှဝီပီးလိုက်ပါရေ.....💁💙


အားလုံး သာလီစွပါ==========================📎 ကျွန်တော်ရို့ UAYU ကနီပနာ အဂုလ (၁၃) ရက်နိခါ Sharing အစီအစိုင်တစ်ခုကို ဆက်လက်...
09/03/2023

အားလုံး သာလီစွပါ
==========================

📎 ကျွန်တော်ရို့ UAYU ကနီပနာ အဂုလ (၁၃) ရက်နိခါ Sharing အစီအစိုင်တစ်ခုကို ဆက်လက်လုပ်ဆောင်လားဖို့ဟိပါရေ။💁‍♂️

📎 Sharing လုပ်လားဖို့ အစီအစိုင်ကတော့ရေ
``Mine Risk Education´´ ဖြိုက်ပါရေ။
စစ်ရီးပဋိပက္ခတိကြားထဲက ကျွန်တော်ရို့ရက္ခိုင်ဒေသမာ မိုင်းတိပေါက်ကွဲမှုတိကြောင့် ဒေသခံ
ပြည်သူတိဧ့ အသက်အိုးအိမ်ဆုံးယှုံးမှု၊ ကိုယ်လက် အင်္ဂါဆုံးယှုံးမှုတိကို နိစိုင်နန့်အမျှ ကြုံတွိနီကတ်ရပါရေ။❗

📎ယင်းပိုင်မျိုး ဖြစ်ရပ်ဆိုးတိကနီပနာ အတတ်နိုင်ဆုံး ဇာပိုင်ကာကွယ်မှုတိလုပ်ဆောင်နိုင်ကတ်ဖို့လဲ၊ မိုင်းအန္တရာယ်တစ်ခုခုကြုံတွိလာကေ ဇာပိုင် ကိုင်တွယ် ဖြီယှုင်းဆောင်ရွက်နိုင်ကတ်ဖို့လဲဆိုစာ အရီးကြီးပါရေ။

အဂု ကျွန်တော်ရို့ Sharing လုပ်လားဖို့အစီအစိုင်ကနီ ယင်းပိုင် ကာကွယ်လုပ်ဆောင်နိုင်ဖို့အကြောင်း
အရာတိကို ထဲထဲဝင်ဝင် လိလာလားနိုင်ဖို့ ဖြစ်တေအတွက် ဇာသူမဆို
ပါဝင်ဆွီးနွီးကတ်ဖို့ ဖိတ်ခေါ်အပ်ပါရေ။

အောက်က ပီးထားရေ Google Link မှာ ဖောင်ဖြည့်ပနာ Sharing အစီအစိုင်မာ အားလုံးသူပါဝင်နိုင်ပါရေနှန်း။💁‍♂️ ⬇

https://docs.google.com/forms/d/1aRBkONVg9GhmXD7OBJttd64w3vqpPGl5Y6ZdwKDfQ9Y/edit?usp=drivesdk


ဒေနိကျရောက်ရေ ``International Women's Day´´ကို ဂုဏ်ပြုရင်း UAYU ကနီ ပြုလုပ်ခရေ``Basic Gender Concepts Sharing´´online cl...
08/03/2023

ဒေနိကျရောက်ရေ ``International Women's Day´´
ကို ဂုဏ်ပြုရင်း UAYU ကနီ ပြုလုပ်ခရေ
``Basic Gender Concepts Sharing´´online class အပတ်စဥ် (၁) နန့် အပတ်စဥ် (၂) သင်တန်းပုံရိပ်ချေ
တိကို မျှဝီလိုက်ပါရေ။ 💗

📎 သင်တန်းမှာ ပါဝင်တက်ရောက်ပီးခသူတိ အားလုံးကို ကျွန်တော်ရို့ UAYU ကနီပြီးကေ ကျေးဇူးအထူးတင်ဟိပါရေ။ 💗

📎 UAYU ကနီ နောက်ထပ် Sharing လုပ်လားဖို့
အစီအစိုင်တိမှာ အဂုပိုင် စိတ်အားထက်သန်မှု
အပြည့်နန့် ပါဝင်ကတ်ပြီးကေ လိလာဆွီးနွီးမှုတိ
အများကြီးလုပ်ဆောင်လားနိုင်ဖို့ မျှော်လင့်ပါရေ.....



အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနိ (IWD)=============================၂၀၂၃ ခုနှစ်၊ မက်ချ်လ ၈ ရက် ဂနိကျရောက်တေ အပြည်ပြည်ဆိုင...
08/03/2023

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနိ (IWD)
=============================
၂၀၂၃ ခုနှစ်၊ မက်ချ်လ ၈ ရက်

ဂနိကျရောက်တေ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနိကို ဂုဏ်ပြုအပ်ပါသည်။

📝 လူခမ်းသိမ်းရို့၏ ငြိမ်းချမ်းရီး၊ လုံခြုံရီးနန့် ဖွံ့ဖြိုးရီးရို့အတွက် လူသား သရု​ပ်သကန်ဖြစ်တေ အမျိုးသား၊ အမျိုးသမီးနန့် LGBTQ+ အသိုက်အဝိုင်းရို့သည် အပြန်အလှန်နားလည်မှူနန့် အမှီသဟဲပြုမှူရို့ကို သဟဇာတကျကျပြုမူဆောင်ရွက်ရန် အထူးလိုအပ်ပါသည်။

📝 ရာစုနှစ်ပေါင်းများစွာ ပုံစံခွက်ထဲနီသားကျလာလတ်တေ ခွဲခြားဆက်ဆံမှူနန့် နှိမ့်ချကဲ့ရဲ့မှူရို့စွာ ဂုဏ်သိက္ခာမြင့်မားသည် လူ့ဘောင်ကို တည်ဆောက်ရာတွင် စိန်ခေါ်မှူအခက်အခဲတရပ်ဖြစ်လျက်ဟိသည်။

📝 ဂနိကျရောက်တေ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနိက စပျာယ် အမျိုးသမီးတိကို အကြမ်းဖက်မှူ၊ ခွဲခြားဆက်ဆံမှူနန့်တိ ကင်းဝီးလို့ သာယာလှပရေ လူမှူရပ်ဝန်းတိဖြစ်လှာပါစီကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


အားလုံး သာလီစွပါ ==================ရခိုင်ပြည်က လူငယ်သျှေတိအတွက်သင်တန်းသျှေ တစ်ခုနဲ့ မိတ်ဆက်ပီးချင်ပါရေ။ လက်ဟိခေတ်ရခိုင်လ...
27/02/2023

အားလုံး သာလီစွပါ
==================

ရခိုင်ပြည်က လူငယ်သျှေတိအတွက်
သင်တန်းသျှေ တစ်ခုနဲ့ မိတ်ဆက်ပီးချင်ပါရေ။

လက်ဟိခေတ်ရခိုင်လူမှုအဖွဲ့အစည်းမှာ လူငယ်တိကြား ပွင့်လင်းမြင်သာမှုတိ အများကြီး ဟိလာကတ်ပြီးဖြစ်ပါရေ။
ယင်းပိုင်တိုးတက်လာသည်နန့်အမျှ နယ်ပယ်ပေါင်းစုံမှာကျား၊မ ကွာခြားမှုတိ လျော့နည်းလာပြီး ဖြစ်ပါရေ။ လူငယ်တိကြားထဲ ကျား၊မရီးရာ အခန်းကဏ္ဍတိ ပိုမိုနားလည်သိဟိပြီးကေ ပိုမိုကောင်းမွန်ရေ လူမှုအသိုင်းအဝန်းသျှေတစ်ခု ဖြစ်လာဖို့စာ ဧကန်ပါ။

ယင်းအတွက်နန့် အကျွန်ရို့ ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး (UAYU) က ကျား၊မရီးရာ (Gender)အခြီခံသဘောတရားသိဟိနားလည်စီဖို့ Gender Based Violences (GBV)
​ဖြစ်ပေါ်စီရေ အကြောင်းအရာတိနဲ့ ပတ်သက်ပြီးကေ Awareness Sharing ပီးလားဖို့ အစီအစိုင်သျှေတစ်ခု လုပ်ဆောင်ထားပါရေ။

ဒေ အစီအစိုင်မှာ ဇာတိပါဖို့လဲ?
- Gender နန့် S*x ကွာခြားပုံတိ
- Gender ကိုသတ်မှတ်ထားရေပုံစံခွက်တိ
- LGBT
- အာဏာ နဲ့ အာဏာအမျိုးအစားတိ
- သဘောတူညီမှုနဲ့ လိင်ပိုင်းဆိုင်ရာ
သဘောတူညီမှု
- GBV ဖြစ်ပွားစီရေ အကြောင်းအရာတိ
- GBV နောက်ဆက်တွဲ အကျိုးဆက်တိ
- Victims တိဖို့ လုပ်ဆောင်ပီးသင့်ရေ အကြောင်းအရာတိ

အစဟိသဖြင့် အကြောင်းအရာတိကို
ဆွေးနွေးလိ့လာလားကတ်ဖို့ ဖြစ်ပါရေ။

ပွင့်လင်းမြင်သာမှုဟိလာပြီးကေ ဒေသ
အတွင်းအပြုသဘောဆောင်ရေ ပြောင်းလဲမှုတိ အများကြီးလုပ်ဆောင်နိုင်ဖို့ လူငယ်တိတက်ရောက်သင့်ပါရေ။

အချိန်
=====
3.3.2023 5.3.2023
(ညစာ ၆ ချက်တီးကနီ ၉ ချက်တီးအထိ)

Online Class ဖြစ်ပါရေ

သင်တန်းတက်ချင်ရေ လူငယ်တိအနီနန့်
page messenger မှာ နာမည်၊ မြို့နယ်
နဲ့ e-mailလိပ်စာပြည့်ပြည့်စုံစုံ ပို့ပြီးကေ
လျှောက်ထားနိုင်ပါရေ။

အခက်အခဲတစုံတရာဟိကေ
09780575510 ကို ဆက်သွယ်မိန်းမြန်း
နိုင်ပါရေ။

သင်တန်းကြေးအခမဟိ (Free Class)ပါ။😍

လူဦးရေကန့်သတ်ထားရေအတွက်နန့်
အယင် စာရင်းပီးသွင်းပီးကတ်ပါလို့ တိုက်တွန်းချင်ပါရေ။😍

မောင်တော အပတ်စဉ် ၃ ကွန်ပျူတာသင်တန်း ပုံရိပ်များ🖼️🥰ယခုလက်ချိန် မောင်တောသုံးမိုင်ဘုန်းကြီးကျောင်းတွင် အခြေခံကွန်ပျူဝာာသင်တ...
07/08/2022

မောင်တော အပတ်စဉ် ၃ ကွန်ပျူတာသင်တန်း ပုံရိပ်များ🖼️🥰

ယခုလက်ချိန် မောင်တောသုံးမိုင်ဘုန်းကြီးကျောင်းတွင် အခြေခံကွန်ပျူဝာာသင်တန်းအားဖွင့်လှစ်လျှက်ဟိပါသည်။🎉🎊

⌛သင်တန်းကာလ?
- ၁ လခွဲ

📑Curriculum?
- Microsoft word 2010
- Microsoft powerpoint 2010
- Microsoft excel 2010
- Zawgyi/Unicode myanmar Typing

နောက်ထပ်အကြောင်းအရာတိကို သိရဖို့ ကျွန်တော်ရို့ Page ကို Like ‌and Follow လုပ်ထားကတ်ပါနန်း အမျိုးရို့🥰🤗

Address

Sittwe

Alerts

Be the first to know and let us send you an email when ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး - United Arakan Youths Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံး - United Arakan Youths Union:

Share