19/08/2026
အားလုံးသာလီစွပါ!✍
အကျွန်ရို့ FGED ကအစီစဉ်တစ်ခုဖြစ်ရေ RRS က Session 4 ကိုရောက်ဟိလာပါဗျာလ် စာဖတ်ဝါသနာပါရေ၊စာပေစိတ်ဝင်စားရေ လူငယ်ချေတိကို ပါဝင်ဖို့ဖိတ်ခေါ်ပါရေ။
*နည်းပညာတိ အလျင်အမြန် တိုးတက်ပြောင်းလဲနီရေ အခုခေတ်ကာလမှာ လူငယ်တိအနီနန့် အသိပညာ၊ အတွေးအခေါ် ၊ပင်ကိုယ်အရည်အချင်းတိ တိုးတက်ကောင်းမွန်လာဖို့ "စာဖတ်ခြင်း" က အရေးကြီးရေ အလေ့အကျင့်ချေတစ်ခု ဖြစ်လာပါရေ။
✍စာဖတ်ခြင်းအလေ့အထတိ ပိုကောင်းလာစီဖို့ လူငယ်ချေတိ အတွက်ရည်ရွယ်ပြီးကေ "Review, Reflect & Shadow (RRS)" လို့ခေါ်ရေ စာဖတ်ဝိုင်း Program ချေတခုစြ်ပါရေ။
🍀 Review ဖတ်ထားရေ စာအုပ်က အသိပညာတိကို မျှဝေဖို့။
📖Reflect ရရှိလာရေ အတွေးအမြင်တိကို မိမိဘဝနဲ့ ချိတ်ဆက်စဉ်းစားဖို့။
🖼Shadow သင်ယူရရှိထားရေ အရာတိကို လက်တွေ့ဘဝမှာ အသုံးချဖို့။
အေအစီစဉ်မှာ ပါဝင်ဖို့ ဇာစာအုပ်မျိုးကိုမဆို ဖတ်ပြီးကေ အတွေးအမြင်တိကို လွတ်လပ်စွာ လာရောက်မျှဝေနိုင်ပါရေ။ Speaker အဖြစ်ဖြင့်
ဖြစ်စီ၊ Listener အဖြစ်ဖြင့် ဖြစ်စီ ပါဝင်နိူင်ပါရေ။😍
အတူတူ နားထောင်ကတ်၊ မျှဝေကတ်၊ သင်ယူကတ်ပြီးကေ အနှစ်သာရရှိရေ
ပတ်ဝန်းကျင်ချေတစ်ခုကို FGEDနန့် အတူတူဖန်တီးလားကတ်ပါဖို့။ 🤝
စာဖတ်မျှဝေခြင်းအသေးစိတ်
📅 Date 30/August/2026
⏱ Time 1:00PM-3:00PM
Type Online (Zoom)
စိတ်ပါဝင်စားရေ လူငယ်ချေတိအနီနန့် အောက်က Google Form မှာ စာရင်းပေးသွင်းလို့ရပါရေ 👉
စာရင်းသွင်းရန်လင်ခ်_
https://docs.google.com/forms/d/e/1FAIpQLScI3GnMtQEkCGNGHxpDBE97Y4w7DaPJymEGBUDBGMwz6NvpUw/viewform?usp=header
*ပြုလုပ်မည့်နေရာ/ပုံစံ _ Online
*စာရင်းပေးသွင်းရဖို့ နောက်ဆုံးရက် _ 27.August .2026 (5:PM)