18/06/2026
( ၃ ) မိုင်း ဘ/က ပရဟိတကျောင်း ၏ ကျောင်းကြီးကြပ်ရေး ကော်မတီ ဖွဲ့စည်းခြင်း
------------------------------------
💦 ( ၃ )မိုင် ဘ/က ပရဟိတ ကျောင်းသည် ဆရာတော်ဘုရာကြီး ၏ ကြီးကြပ် ဆောင်ရွက် မှုများဖြင့် နယ်စပ်ဒေသ ဝေးလံခေါင်တီးပြီး ဆင်းရဲနွမ်းပါးတဲ့ လူမျိုးစု ကလေးသူငယ်များ အခမဲ့ ပညာသင်ကြားနိုင်ရေးကို နှစ်ပေါင်း၂၀ ကျော် ဖွင့်လှစ်ပေးခဲ့ပါသည်။
💫 ယခုအခါမှာ ဆရာတော်ကြီး၏ ကျန်းမာရေး ကြောင်းသော်လည်းကောင်း၊ သက်တော် ကြီးလွန်းလို့သော်လည်ကောင်း ဆရာတော်ဘုရာကြီး ကိုယ်တိုင် ကြီးကြပ်ဆောင်ရွက်ရန် အခက်ခဲများစွာရှိနေပါသည်။
💫 ထို့ကြောင့် ပရဟိတကျောင်း၏ လုပ်ငန်းစဥ် ကိစ္စအဝဝ များကို စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ကျောင်းကြီးကြပ်ရေး ကော်မတီအား စနစ်တကျ ဖွဲ့စည်းထားပြီး ဖြစ်ပါသည်။ ထို့အပြင် ကျောင်းသား/သူများ ပညာရေးလေ့လာသင်ယူမှုများကို ဆက်လက် လုပ်ဆောင်နိုင်ရန် လိုအပ်သော အထောက်အပံ့များကို စီမံဆောင်ရွက်လျက်ရှိပါသည်။
💫 အဆိုပါ ပရဟိတကျောင်း၏ အဓိက ရည်ရွယ်ချက်မှာ နယ်စပ်ဒေသ ဝေးလံခေါင်တီးတဲ့ ဒေသမှ လူမျိုးစု ကလေးသူငယ်များ၊ လူမှုအခြေအနေ အခက်အခဲရှိသော ကလေးသူငယ်များအား ပညာသင်ယူနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးရန် ဖြစ်ပါသည်။
💫 သို့ဖြစ်ပါ၍ ပညာရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီလိုသော စေတနာရှင် အလှူရှင်များအား လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။ သင်တို့၏ အလှူနှင့် ပံ့ပိုးမှုများသည် ကလေးသူငယ်များ၏ အနာဂတ်ကို ပိုမိုတောက်ပစေမည့် အရေးပါသော အင်အားတစ်ရပ် ဖြစ်ပါသည်။
📚 “ပညာရေးသည် လူ့ဘဝအတွက် အရေးပါဆုံး အခြေခံအုတ်မြစ်ဖြစ်ပါသည်။”