Ma Ra Zine Youth Development Association - MYDA

Ma Ra Zine Youth Development Association - MYDA Environmental Conservation

ဒီရေတောများသည် ရှားပါးပြီး အံ့မခန်းဖွယ်ကောင်းသော ဂေဟစနစ်များဖြစ်ပြီး ကုန်းနှင့်ပင်လယ်အကြား နယ်နိမိတ်တွင်ရှိသည်။ ဤဂေဟစနစ်...
21/04/2026

ဒီရေတောများသည် ရှားပါးပြီး အံ့မခန်းဖွယ်ကောင်းသော ဂေဟစနစ်များဖြစ်ပြီး ကုန်းနှင့်ပင်လယ်အကြား နယ်နိမိတ်တွင်ရှိသည်။ ဤဂေဟစနစ်များသည် ကမ္ဘာတစ်ဝှမ်းရှိ ကမ်းရိုးတန်းဒေသအသိုင်းအဝိုင်းများ၏ ကျန်းမာရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ကာကွယ်ရေးတို့ကို အထောက်အကူပြုပါသည်။ ၎င်းတို့သည် ကြွယ်ဝသော ဇီဝမျိုးစုံမျိုးကွဲများကို ထောက်ပံ့ပေးပြီး ငါးနှင့် crustaceans အတွက် ထောက်ပံ့ပေးသည်။ ဒီရေတောများသည် မုန်တိုင်းဒီရေလှိုင်းများ၊ ဆူနာမီများ၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မှုနှင့် တိုက်စားမှုတို့ကို တိုက်စားမှုမှ သဘာဝအလျောက် ကမ်းရိုးတန်းကာကွယ်ရေးပုံစံတစ်ခုအဖြစ် ဆောင်ရွက်သည်။ ၎င်းတို့၏ မြေဆီလွှာများသည် မြင့်မားသော ထိရောက်မှုရှိသော ကာဗွန်စုပ်ခွက်များဖြစ်ပြီး များပြားလှသော ကာဗွန်ပမာဏကို ရယူသည်။

သို့သော်လည်း ဒီရေတောများသည် ကြီးမားသော ဂေဟစနစ်နှင့် လူမှုစီးပွား သက်ရောက်မှုများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ သစ်တောများ ဆုံးရှုံးခြင်းထက် သုံးဆမှ ငါးဆအထိ လျင်မြန်စွာ ပျောက်ကွယ်လျက်ရှိသည်။

Mangrove❤
21/04/2026

Mangrove❤

ဒီရေတောအကြောင်း သိကောင်းစရာ

🌱ဒီရေတောများသည် ကုန်းမြေပေါ်ရှိမိုးသစ်တောပင်များထက် ကာဗွန်ဒိုင်အောက်ဆိုက် ၅ ဆပို၍ စုပ်ယူ နိုင်သည်။

🌱ဒီရေတောများသည် ပြင်းထန်ဆိုးရွားလွန်းသော ရာသီဥတု(မုန်တိုင်း) ဒဏ်တို့ကို ကာကွယ်နိုင် သည်။

🌱ပင်လယ်ရေနေသတ္တဝါများ ၅၀ ရာခိုင်နှုန်းအထိ တိုးပွားလာနိုင်သည်။

🌱သန္တာကျောက်တန်းများနှင့် ပင်လယ်မြက်များကို ကာကွယ်ရန်အတွက် ရေသန့်ကို စစ်ထုတ်ပေး သည်။

🌱သက်တမ်းရင့် ဒီရေတောပင်တစ်ပင်သည် လူလေးဦးအတွက်လုံလောက်သော အောက်ဆီဂျင်ကို ထုတ် လုပ်ပေးနိုင်သည်။

🌱ကမ္ဘာပေါ်တွင်နေထိုင်သည့် သက်ရှိများအတွက် အအေးဓါတ်ပေးခြင်း၊ အရေးကြီးသောဂေဟ စနစ်ကို ထောက်ပံ့ခြင်း တို့ပြုလုပ်ပေးသည်။

🌱ဒီရေတောများသည် ကမ်းရိုးတန်းဒေသတွင်ရှိသည့် အားနည်းသော လူမှုပတ်ဝန်းကျင်ကို ရေရှည် တည်တံ့စေသော ဖွံ့ဖြိုးတိုး တက်မှုဆီသို့ ရောက်ရှိအောင် ကူညီပေးနိုင်သည်။

သစ်ပင်၊ သစ်‌တောများအားလုံးသည် ဂေဟစနစ်ကို အထောက်အပံ့ပေးရာတွင် ထူးခြားအရေးကြီးသော အခန်းကဏ္ဌမှ ထူးခြားစွာပါဝင်လျက်ရှိသည်။ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဉတုပြောင်းလဲမှုကြောင့်ဖြစ် ပေါ်လာသည့် အကျိုးဆက်များကိုခံစားလာရသည့် လက်ရှိကာလအချိန်တွင် ကမ္ဘာမြေပေါ်ရှိဒီရေတော ဂေဟစနစ်တို့သည် ထူးခြားထိရောက်လွန်းသောအကျိုးပြုမှုများကို ဆောင်ကျဉ်းပေးလျက်ရှိလေသည်။

ဒီရေတောများသည် အပူပိုင်းဒေသ၊ ဒီရေလွှမ်းမိုးတတ်သောနေရာများတွင် ပေါက်ရောက်လေ့ရှိသည့် သစ် ပင်များဖြစ်သည်။

သမုဒ္ဒရာများမှ ကာဗွန်စုဆောင်းမှု ၈၃ ရာခိုင်နှုန်းနှင့် ကမ်းရိုးတန်းရှိ ဒီရေတောများ၊ ပင်လယ်မြက်များနှင့် သန္တာကျောက်တန်းများမှ ၅၀ ရာခိုင်နှုန်းသော မြင်သာထင်သာသည့် အကျိုးသက်ရောက်မှုကို ဒီရေတော များက ဆောင်ရွက်သည်။ ၎င်းအပြင် ဒီရေတောများသည် ကမ်းရိုးတန်းဒေသတွင်နေထိုင်သူ တို့၏ အသက်အိုးအိမ်နှင့် စည်းစိမ်တို့ကိုကာကွယ်ပေးနေသည်ဟုဆိုလျှင်လည်းမမှားပေ။ ဆူနာမီ၊ ဆိုင်ကလုန်း နှင့် အခြားသော ပြင်းထန်သော ရာသီဥတုဒဏ်မဖြစ်ပေါ်စေရန် ဒီရေတောများက မားမား မတ်မတ်ကာ ကွယ်ပေးနေခြင်းဖြစ်လေသည်။

၎င်းတို့သည် ရာသီဥတုပြောင်းလဲမှုနှင့်လိုက်လျောညီထွေဖြစ်အောင်လုပ်ဆောင်ရာတွင် အခြားသော အရေးကြီးသောအင်္ဂါရပ်များစွာဖြင့် ပင်လယ်စာထုတ်လုပ်နိုင်မှုကိုလည်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြင့်‌ပေ လျှက်ရှိပါသည်။ ဒီရေတောများသည် အထက်တွင်ဖော်ပြပြီးကဲ့သို့သော အရေးပါသည့် နေရာတွင်ရှိနေ သော်လည်း နိုင်ငံအများအပြားတွင် ဒီရေတောများ ပြန်းတီးလာမှုမှာ စိုးရိမ်စရာအဆင့်သို့ရောက်ရှိနေပြီ ဟုဆိုနိုင်ပါသည်။ ကုန်းမြေသစ်ပင်များထက် သုံးဆပိုမြန်၍ ပျောက်ကွယ်နိုင်သည်ဟု ယူဆကြပါသည်။ ထို့ကြောင့် ဒီရေတောများအား ပြန်လည်ထိန်းသိမ်းခြင်းဖြင့် လက်ရှိဖြစ်ပေါ်နေမှုကို ပြောင်းပြန်လှန်ရန်အ ချိန်တန်ပြီဟုဆိုနိုင်ပါသည်။

ပင်လယ်သမုဒ္ဒရာမှရရှိသော အရေးပါသည့်ဂေဟစနစ်နှင့်ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာ တို့မှာ ရှေးယခင်ကတည်းက ရှင်သန်ရေပန်းစားခဲ့သည်။ ကမ္ဘာပေါ်တွင် သက်ရှိများရှင်သန်ရပ်တည်နေနိုင်မှုမှာ ထိုအရင်းအမြစ်များအား အချိန်ကြာကြာထိန်းသိမ်းထားနိုင်မှုအပေါ် မူတည်ပါသည်။

ပင်လယ်နှင့်ကုန်းမြေတို့အကြား ကြားခံအဖြစ် ဆားငန်ရေတွင်ပေါက်ရောက်တတ်သည့် တစ်ခုတည်း သောအပင်များမှာ ဒီရေတောများပင်ဖြစ်သည်။ ထိုသစ်ပင်များသည် အနည်များကိုသန့်စင်စေပြီး သန္တာ ကျောက်တန်းများ၊ ပင်လယ်မြင်များကို ကာကွယ်ပေးနေသည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုက်လျော့ပါး စေရန် အမြင့်ဆုံးစွမ်းရည်ကိုထောက်ပံ့ပေးလျက်ရှိသည်။ ထိုကဲ့သို့သော အံအားသင့်စရာကောင်းသည့် အပင်များသည် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာမှုကိုလည်း တစ်ဖက် တစ်လမ်းမှ ကာကွယ်ပေးနေ ပြန်ပါသည်။ (ဆောင်းပါး/ ဓါတ်ပုံ - ထွန်းထွန်း)

Address

Sittwe

Telephone

+959409745122

Website

Alerts

Be the first to know and let us send you an email when Ma Ra Zine Youth Development Association - MYDA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Ma Ra Zine Youth Development Association - MYDA:

Shortcuts

Share