Board of Education Seikphyu Township-BEST

Board of Education Seikphyu Township-BEST This page is only to give informations about Education CDMers of Seikphyu Township.

13/09/2025
ဒီဇင်ဘာလအတွင်း  ကျောင်းများအကြားချစ်ကြည်ချီတက်လမ်းလျှောက်ပွဲများကျင်းပ👉👉👉ကျွန်တော်တို့အနေဖြင့်  အခြေခံကျောင်းသားဘဝ(မူ၊လယ...
30/12/2024

ဒီဇင်ဘာလအတွင်း ကျောင်းများအကြားချစ်ကြည်ချီတက်လမ်းလျှောက်ပွဲများကျင်းပ

👉👉👉ကျွန်တော်တို့အနေဖြင့် အခြေခံကျောင်းသားဘဝ(မူ၊လယ်၊ထက်)မှာ (အထူးသဖြင့်ကျေးလက်ကျောင်းများ)မရရှိခဲ့ဘဲ အဆင့်မြင့်ပညာ(တက္ကသိုလ်၊ကောလိပ်)များတွင်သာ ရခဲ့သည့် လှုပ်ရှားမှုများကို ပြုလုပ်ပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

ယခုဒီဇင်ဘာလတွင်  ဆိပ်ဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့အနေဖြင့်   ထီရောင်းချမှုများမှ    ကျန်ရှိနေသေးသည့်  ရန်ပုံငွေဖြင့်   နေအိ...
27/12/2024

ယခုဒီဇင်ဘာလတွင် ဆိပ်ဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့အနေဖြင့် ထီရောင်းချမှုများမှ ကျန်ရှိနေသေးသည့် ရန်ပုံငွေဖြင့် နေအိမ်မီးလောင်ဆရာတစ်ဦးနှင့် ၉၆ပါးရောဂါဖြင့်ကွယ်လွန်သူ ကျောင်းသူတစ်ဦးအား ၁၀၀၀၀၀/-ကျပ်(တစ်သိန်းကျပ်)စီ ထောက်ပံ့ပေးခဲ့ပါသည်။

လွန်ခဲ့သည့် ၂၅/၁၁/၂၄(Sun)တွင် ကျရောက်သည့် (၁၀၄)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ဆိပ်ဖြူမြို့နယ်ကြားကာလပညာသင်ကျော...
01/12/2024

လွန်ခဲ့သည့် ၂၅/၁၁/၂၄(Sun)တွင် ကျရောက်သည့် (၁၀၄)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ဆိပ်ဖြူမြို့နယ်ကြားကာလပညာသင်ကျောင်းများတွင် အကြိုဟောပြောပွဲနှင့်ပြပွဲ၊ပြိုင်ပွဲများပြုလုပ်ခဲ့ပါသည်။

01/10/2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
ဆိပ်ဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့

ကြေညာချက်
၁၃၈၆ခုနှစ်၊တော်သလင်းလပြည့်ကျော် ၁၄ ရက်နေ့
(၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလ ၁ ရက်)

တရားမဝင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော
Non CDM ပညာရေး ဝန်ထမ်းများအား အသိပေး ထုတ်ပြန်ကြေညာခြင်း

၁။ တရားမဝင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသော Non CDM ပညာရေးဝန်ထမ်းများအနေဖြင့် မိမိတို့ရရှိနေသော လစာနှင့် ခံစားခွင့်များသည် မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းအကြမ်းဖက်အဖွဲ့အစည်းက ပေးနေခြင်းမဟုတ်၊ ပြည်သူ့အခွန်ဘဏ္ဍာများမှ အကုန်အကျခံ ပေးနေခြင်းဖြစ်သည့်အတွက် ပြည်သူ့ဘက်ကိုမျက်နှာမူရပါမည်။

၂။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံတော်အာဏာကို မတရားသဖြင့် အကြမ်းဖက်ရယူခဲ့ခြင်းကပင် မဲရုံများတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပညာရေးဝန်ထမ်းများအား တိုက်ရိုက် စော်ကားခြင်းဖြစ်သည်ကို Non CDM ပညာရေးဝန်ထမ်းများအနေဖြင့် သိသင့်သည်။

၃။ သို့ဖြစ်ပါ၍ တရားမဝင်အကြမ်းဖက်စစ်ကောင်စီက ဦးဆောင်ပြုလုပ်မည့် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ကြမည့် Non CDM ပညာရေးဝန်ထမ်းများအား မြို့နယ်ပညာရေးဘုတ်အဖွဲ့ အနေဖြင့် နယ်မြေခံ ကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ကြေညာလိုက်သည်။

ဆိပ်ဖြူမြို့နယ်ပညာရေးဘုတ်အဖွဲ့

ကုန်ဆုံးခဲ့သည့်  Julyလထဲတွင်  ပညာရေးစုံညီပွဲတော်ကျင်းပသည့်   ကြားကာလပညာသင်ကျောင်း (၂) ကျောင်းအား   တစ်ကျောင်းလျှင် (၁)သိ...
01/08/2024

ကုန်ဆုံးခဲ့သည့် Julyလထဲတွင် ပညာရေးစုံညီပွဲတော်ကျင်းပသည့် ကြားကာလပညာသင်ကျောင်း (၂) ကျောင်းအား တစ်ကျောင်းလျှင် (၁)သိန်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့အပြင် (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားများ၊အကြိုဟောပြောပွဲများ၊ပြပွဲ၊ပြိုင်ပွဲများလည်း ကျင်းပပေးနိုင်ခဲ့သည်။

03/07/2024(WED)ရက်နေ့တွင်  ကြားကာလပညာသင်ကျောင်း(၂)ကျောင်း၏ ဆရာမ(၂)ဦးအား ထီဖွင့်ပွဲရန်ပုံငွေမှ ကျန်းမာရေးဆေးဝါးကုသစရိတ်ထေ...
14/07/2024

03/07/2024(WED)ရက်နေ့တွင် ကြားကာလပညာသင်ကျောင်း(၂)ကျောင်း၏ ဆရာမ(၂)ဦးအား ထီဖွင့်ပွဲရန်ပုံငွေမှ ကျန်းမာရေးဆေးဝါးကုသစရိတ်ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင်(၁)သိန်းကျပ်နှုန်း ထောက်ပံ့ပေးခဲ့ပါသည်။

စတုတ္ထအကြိမ်မြောက်ထီဖွင့်ပွဲ၏    ကံထူးရှင်အလှူရှင်နှစ်ဦးအား           အထူးပင်ကျေးဇူးတင်ပါကြောင်း  မှတ်တမ်းတင်ဂုဏ်ပြုအပ်ပ...
21/06/2024

စတုတ္ထအကြိမ်မြောက်ထီဖွင့်ပွဲ၏ ကံထူးရှင်အလှူရှင်နှစ်ဦးအား အထူးပင်ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

Address

Seikpyu

Website

Alerts

Be the first to know and let us send you an email when Board of Education Seikphyu Township-BEST posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share