Another Development - AD

Another Development - AD AD is a policy Think Tank organization, to be part of the solutions to the problem and conflicts that prevailed in Myanmar via advocating public policy.

AD is a local policy think-tank and a non-profit organization set up to be part of the solution to the problems and conflicts prevailing in Myanmar by advocating effective public policy change.

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း -  ပိုမိုကောင်းမွန်သော ပြည်သူ့ချိတ်ဆက်ဆောင်ရွက်ရေ...
22/01/2021

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း - ပိုမိုကောင်းမွန်သော ပြည်သူ့ချိတ်ဆက်ဆောင်ရွက်ရေးအတွက် မူဝါဒဆိုင်ရာ အခွင့်အလမ်းများ
-------------------------------------------------------------

ပြည်သူ့ချိတ်ဆက်ဆောင်ရွက်ရေးသည် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုကို မြှင့်တင်ပေးပြီး ပြည်သူလူထု၏ စွမ်းရည်ကိုလည်းတည်ဆောက်ပေးသည်ဖြစ်ရာ ထိရောက်သောအုပ်ချုပ်မှုအတွက် လိုအပ်သော အခြေအနေ တစ်ရပ်အဖြစ် ရှုမြင်နိုင်သည်။ မှန်ကန်သောအခြေအနေများတွင် ဆောင်ရွက်လျှင် ဒေသန္တရအစိုးရအတွက် ပို၍ကောင်းမွန်သော တိုးတက်မှုရလဒ်များ ရရှိအောင် ပံ့ပိုးပေးနိုင်သည်။ တနင်္သာရီတိုင်းဒေသကြီး၏ ပြည်သူ့ချိတ်ဆက်ဆောင်ရွက်ရေးကဏ္ဍတွင် အပြုသဘောဆောင်သော တိုးတက်မှုများ ရှိခဲ့သည်။ သို့သော် တိုင်းဒေသကြီးအတွင်း အဓိပ္ပာယ်ပြည့်ဝသော၊ အားလုံးပါ၀င်သော ချိတ်ဆက်ဆောင်ရွက်ရေးရရှိရန် စိန်ခေါ်မှုများ ရှိနေသေးသည်ကို ဤစာတမ်းတွင် တွေ့ရှိရသည်။ ၎င်းတို့တွင် ဖွဲ့စည်းပုံဆိုင်ရာ၊ ရှုမြင်ပုံဆိုင်ရာနှင့် စွမ်းရည်ဆိုင်ရာ စိန်ခေါ်ချက်များ ပါဝင်သည်။

ဤစာတမ်းသည် အွန်လိုင်းစစ်တမ်းများ၏တွေ့ရှိချက်များ၊ Another Development (AD) ၏ ယခင်အလုပ်ရုံဆွေးနွေးပွဲများနှင့် အစီရင်ခံစာများအပြင် အကျိုးစပ်ဆိုင်သူများနှင့်တွေ့ဆုံခြင်းကို အခြေခံထားပြီး ရှိနှင့်ပြီးဖြစ်သောအချက်အလက်များအား ဖတ်ရှုသုံးသပ်၍ ရေးသားထားသည်။ ဤစာတမ်းတွင် AD သည် တနင်္သာရီတိုင်းဒေသကြီးတွင် ပိုမိုအဓိပ္ပါယ်ပြည့်ဝသော ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်မှုကို ဖြစ်လာစေရန်အတွက် မျှော်မှန်းထားပြီး ၎င်းအားတိုးတက် ကောင်းမွန်လာစေရန်နှင့် အားကောင်းလာစေရန်အတွက် မူဝါဒဆိုင်ရာ အခွင့်အလမ်းများကိုလည်း ဖော်ပြထားပါသည်။

ဤစာတမ်းကို အင်္ဂလိပ် - မြန်မာနှစ်ဘာသာဖြင့် ဖတ်ရှုနိုင်ပြီးအောက်ပါလင့်မှတစ်ဆင့် ဒေါင်းလုဒ်ရယူနိုင်ပါသည်။

https://www.anotherdevelopment.org/publications/

ကိုဗစ် ၁၉ ကပ်ရောဂါ နှောင်းပိုင်းကာလအတွင်း ပြန်လည်ဖွင့်လှစ်မည့် စီးပွားရေးလုပ်ငန်းများ အတွက် အကြံပြု လမ်းညွှန်ချက်များ (အ...
20/01/2021

ကိုဗစ် ၁၉ ကပ်ရောဂါ နှောင်းပိုင်းကာလအတွင်း ပြန်လည်ဖွင့်လှစ်မည့် စီးပွားရေးလုပ်ငန်းများ အတွက် အကြံပြု လမ်းညွှန်ချက်များ (အပိုင်း - ၁)
--------------------------------------------------------------------------
၂၀၂၀ခုနှစ်အတွင်း ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် နိုင်ငံအဝှမ်း စီးပွားရေးလုပ်ငန်းများ ပိတ်သိမ်းရခြင်း၊ ရပ်ဆိုင်းရခြင်း တို့ ဖြစ်ပွားခဲ့ရပါသည်။ ယခုအချိန်တွင် အခြေအနေအရ ချမှတ် ကန့်သတ်ထားသည့် စည်းမျဉ်းများ စတင်ဖြေလျော့လာပြီ ဖြစ်သောကြောင့် အသေးစား စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် လိုက်လျောညီထွေ ရှိစွာဖြင့် မည်ကဲ့သို့ လုံလုံခြုံခြုံ တည်တည်မြြဲမဲ ‌ရှေ့ဆက်ရမည်ကို စဉ်းစားရန်လိုအပ်ပါသည်။

ကိုဗစ် ၁၉ ကပ်ရောဂါသည် စီးပွားရေးလုပ်ငန်းတိုင်းကို ပုံစံအမျိုးမျိုးဖြင့် အကျိုးသက်ရောက်စေခဲ့ပါသည်။ အချို့လုပ်ငန်းများက ရွှေ့ပြောင်းလုပ်ကိုင်သည့် လုပ်ငန်းအဖြစ်ပြောင်းလဲပြီး အချို့ကမူ လုပ်ငန်း လည်ပတ်ပုံကို ချိန်ညှိကြပါသည် သို့မဟုတ် လုံးဝပိတ်သိမ်းခဲ့ကြရပါသည်။ စီးပွားရေးလုပ်ငန်းများ အချိန်အပြောင်းအလဲနှင့် ပုံမှန်အတိုင်း ပြန်လည်စတင်နိုင်စွမ်းကို အကျိုးသက်ရောက်စေသည့် အကြောင်းရင်းများမှာ

- ဒေသအလိုက် ချမှတ်ထားသည့် အိမ်တွင်နေထိုင်ရေး/stay at home စည်းမျဉ်းများ
- ပတ်ဝန်းကျင်တွင် ကိုဗစ် ၁၉ ကပ်ရောဂါ ပြင်းထန်မှု
- လုပ်ငန်း နေရာအတည်တကျ ရှိမရှိ
- လုပ်ငန်းခွင်အတွင်း လူမှုခြားနားခြင်း/social distancing (တစ်ဦးနဲ့တစ်ဦးအကြား အနည်းဆုံးခြောက်ပေ) ကို သတ်မှတ်နိုင်မှု
- စားသုံးသူနှင့် အလုပ်သမားများအကြား ထိတွေ့မှုအဆင့် (ဉပမာ - တိုက်ရိုက် ထိတွေ့သည့် အလှပြင်ဆိုင်များ နှင့် ကာယအားကစားရုံများ/gyms Vs. သွယ်ဝိုက် ထိတေွ့သည့် လက်လီဆိုင်များနှင့် စားသောက်ဆိုင်များ) တို့ဖြစ်ကြပါသည်။

ကျွန်ုပ်တို့၏ နိုင်ငံအနေနှင့် ပြည်သူ့ကျန်းမာရေးအပေါ် ရောဂါပိုး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရင်း ပြန်လည်ထူထောင်စဉ်အတွင်း စီးပွားရေးလုပ်ငန်းတိုင်း အနေဖြင့် ခက်ခဲသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရမည်မှာ အသေအချာပင် ဖြစ်ပါသည်။

ကျန်းမာရေးနှင့်လုံခြုံရေး စည်းကမ်းများ ချမှတ်ထားသော်လည်း စီးပွားရေးလုပ်ငန်းများ ပြန်လည် ဖွင့်လှစ်လာသည်နှင့်အမျှ စားသုံးသူများအနေဖြင့် အခြားလူများနှင့် ထိတေွ့မိမည်ကို စိုးရိမ်ရပါသည်။ စားသုံးသူအများအပြား ဝင်ငွေမဲ့ခြင်း သို့မဟုတ် လျော့နည်းခြင်းတို့ကို ခံစားရ၍ အပြည့်အဝ လည်ပတ်နေသည့် ဒီဂျီတယ် လုပ်ငန်းများပင်လျင် အရောင်းမြှင့်တင်ရေး လုပ်ဆောင်ရန် အခက်တွေ့ရနိုင်ပါသည်။

ဆက်လည်ရှင်သန်မည့် စီးပွားရေးလုပ်ငန်းများမှာ စားသုံးသူများ၏ အသစ်အသစ်သော ပြောင်းလဲလာသည့် လိုအပ်ချက်များနှင့်အညီ လိုက်လျောညီထွေ ပြောင်းလဲနိုင်သည့် လုပ်ငန်းများဖြစ်ပါသည်။ သင်တို့အနေဖြင့် ဂရုတစိုက် စီစဉ်ရမည် ဖြစ်ပြီး သင်တို့၏လုပ်ငန်းနှင့် ပတ်သက်၍ မည်သည်ကို ပြောင်းလဲရန်လိုအပ်သည်ကို သာမက ကပ်ရောဂါလွန် ကမ္ဘာတစ်ရပ်တွင် မည်သည့် အခွင့်အလမ်းအသစ်များ တည်ရှိနိုင်မည်ကိုပါ နားလည်ရန်လိုအပ်ပါသည်။

နိုင်ငံအဝှမ်း ကန့်သတ်ချက်များ ပယ်ဖျက်လာသည်နှင့်အမျှ သင့်လုပ်ငန်းအနေဖြင့် ပြန်လည်ဖွင့်လှစ်ရန် လိုအပ်သည့် အဆင့်များကို ဖော်ပြသွားမည် ဖြစ်ပါသည်။ သင်၏ ပြန်လည်ဖွင့်လှစ်ရေး မဟာဗျူဟာသည် သင့်လက်ရှိအခြေအနေနှင့် လုပ်ငန်းအမျိုးအစား အပေါ်မူတည်သော်လည်း သင့်၏ အစီအစဉ်ကို ပံ့ပိုးရန် နှင့် ပုံမှန်အသစ်/new normal အခြေအနေအတွက် ပြင်ဆင်ရန် အကြံပြုချက်များကို ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါသည်။

ကိုးကား ။ ။

A guide to helping businesses of all types and in all regions navigate the complex process of reopening and evolving post-coronavirus pandemic.

ကျောင်းများ၌လူမှုအသိုင်းအဝိုင်းအတွင်းအားလုံးပါဝင်နိုင်မှု - ကရင်ပြည်နယ်ရှိ တစ်ဦးချင်း၊ အချင်းချင်းကြား ဆက်ဆံမှုနှင့် စနစ...
15/01/2021

ကျောင်းများ၌လူမှုအသိုင်းအဝိုင်းအတွင်းအားလုံးပါဝင်နိုင်မှု - ကရင်ပြည်နယ်ရှိ တစ်ဦးချင်း၊ အချင်းချင်းကြား ဆက်ဆံမှုနှင့် စနစ်ပိုင်းဆိုင်ရာအတားအဆီးများ
------------------------------------------------------------------

"၂၀၁၁ ခုနှစ် နိုင်ငံရေးအကူးအပြောင်းကာလမှစ၍ အစိုးရများမှ ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခဲ့သည်။ အစိုးရအနေဖြင့် ပညာရေးကို မြှင့်တင်ရန် ကနဉီးခြေလှမ်းမျာနှင့် ဥပဒေဆိုင်ရာပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေပြီ ဖြစ်သော်လည်း သာတူညီမျှဖြစ်စေမှုနှင့် အားလုံးပါဝင်နိုင်မှုနှင့်ဆိုင်သည့် အားနည်းချက်များကဲ့သို့ အခက်အခဲစိန်ခေါ်မှုများလည်း ရှိနေသေးသည်။"

ဤသုတေသနအားဖြင့် ကျောင်းများ၌ လူမှုအသိုင်းအဝိုင်းအတွင်း အားလုံးပါဝင်နိုင်မှုအပေါ်ဆိုင်ရာ အတားအဆီးများကို သိရှိရန်ရည်ရွယ်ပါသည်။ အထူးသဖြင့် ဆရာ/မများနှင့် ကျောင်းသား/သူများ လူမှုရေးအရ အားလုံးပါဝင်နိုင်မှုအပေါ် ထားရှိသော သဘောထားများကို လေ့လာဖော်ထုတ်ရန်နှင့် ယင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို၏ အတွေ့အကြုံများကိုလေ့လာရန်ရည်ရွယ်ပါသည်။ ထို့အပြင် အစိုးရ ကျောင်းများတွင် လူမှုရေးအရ အားလုံးပါဝင်မှုအတွက် အခြေလှမ်းများနှင့် အခြားလုပ်ဆောင်ချက်များအတွက် အတားအဆီးဖြစ်နေသည့် အရာများအား ဖြေရှင်းနိုင်မည့်အခွင့်အရေးများကို ဖော်ထုတ်နိုင်ရန်ရည်ရွယ်ပါသည်။

လူမှုအသိုင်းအဝိုင်းအတွင်းအားလုံးပါဝင်နိုင်မှုကို သိရှိနိုင်ရန် ကရင်ပြည်နယ်ရှိအလယ်တန်း ဆရာ/မများ၊ ကျောင်း အုပ်ကြီးများ၊ အလယ်တန်း ကျောင်းသူ/သားများနှင့် လူတွေ့စစ်တမ်းများ၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများနှင့် တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။

အချက်အလက်များအရ ကျောင်း၌လူမှုအသိုင်းအဝိုင်းအတွင်းအားလုံးပါဝင်နိုင်မှုအတွက် အမြင်/အစွဲများ နှင့် ဆိုင်သော အတားအဆီးအများနှင့် စနစ်အတွင်းအကန့်အသက်များကို တွေ့ရပါသည်။

ကျောင်းများ၌ လူမှုအသိုင်းအဝိုင်းအတွင်း အားလုံး ပါတင်နိုင်မှုကို အားပေးမြှင့်တင်ရန် - ကျောင်းကျောင်းသူ/သားအချင်းချင်းကြား အပြန်အလှန်ဆက်ဆံရေးနှင့် ပူပေါင်းဆောင်ရွက်ခြင်းကို မြင့်တက်လာစေခြင်း၊ ကျောင်းသား/သူ၊ ဆရာ/မများ၊ မိဘများနှင့် ပတ်ဝန်းကျင်းအသိုင်းအဝင်းမှ ကိုယ်စာလှယ်များ၏ပူးပေါင်းပါဝင်မှုဖြင့် ကျောင်းတစ်ကျောင်းလုံးပါဝင်သော ချဉ်းကပ်နည်း၊ လူ့အခွင့်အရေးသင်ကြားပေးခြင်းနှင့် ကျောင်းသင်ခန်းစာများအတွင်း တိုင်းရင်းသားယဉ်ကျေးမှု အငွေ့အသက်များပါဝင်ခြင်းတို့ကိုပြုလုပ်ရန် အကြံပြုထားပါသည်။

အဆိုပါသုတေသနစာတမ်းကို အောက်ပါLink များမှ ဒေါင်းလုတ်ရယူနိုင်ပါသည်။

Another Development Website

https://www.anotherdevelopment.org/publications/

Google Drive Link

https://drive.google.com/drive/folders/189RU5oAMRdrUut5Cc-dgmnCh_Y9f2gIx?usp=sharin

24/12/2020

"အဓိပ္ပါယ်ပြည့်ဝပြီး အားလုံးပါဝင်နိုင်သည့် ပြည်သူ့ဆက်ဆံရေး" အကြောင်း မိတ်ဆက် ဗီဒီယို

မကြာမီအချိန်တွင် “တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း - ပိုမိုကောင်းမွန်သော ဆက်ဆံရေး ...
23/12/2020

မကြာမီအချိန်တွင် “တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း - ပိုမိုကောင်းမွန်သော ဆက်ဆံရေး အတွက် မူဝါဒဆိုင်ရာ ရွေးချယ်စရာများ” သုတေသနစာတမ်း မိတ်ဆက်ပွဲအစီအစဉ်စတင်တော့မှာဖြစ်ပါတယ်။

အောက်ပါ Zoom Link မှတက်ရောက်နိုင်သလို AD' pageမှလည်း Live လွှင့်တင်သွားမှာဖြစ်ပါတယ်။

Zoom Link (Meeting ID, Passcode)
--------------------------------------
Join Zoom Meeting
https://l.facebook.com/l.php...
Meeting ID: 860 2788 7405
Passcode: 384466

သုတေသနစာတမ်းမိတ်ဆက်ပွဲ (Zoom Launch)------------------------------------------------“တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည...
18/12/2020

သုတေသနစာတမ်းမိတ်ဆက်ပွဲ (Zoom Launch)
------------------------------------------------
“တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း - ပိုမိုကောင်းမွန်သော ဆက်ဆံရေး အတွက် မူဝါဒဆိုင်ရာ ရွေးချယ်စရာများ” သုတေသနစာတမ်း မိတ်ဆက်ပွဲကို Zoom မှတစ်ဆင့် စီစဉ်ကျင်းပသွားမည်ဖြစ်ပါသဖြင့် အောက်ပါအစီအစဉ်အတိုင်း တက်ရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ဤစာတမ်းကို အွန်လိုင်းစစ်တမ်းကောက်ယူခြင်း၊ ကျင်းပခဲ့သော အလုပ်ရုံဆွေးနွေးပွဲများနှင့် ‌အေဒီအသင်း၏ အစီရင်ခံစာများ၊ မတူညီသောပါဝင်ပတ်သက်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ တဆင့်ခံအချက်အလက်များကို လေ့လာခြင်းများမှတဆင့် ရရှိသောတွေ့ရှိချက်များကို အခြေခံ၍ ရေးသားပြုစုထားပါသည်။ ဤစာတမ်းသည် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ပိုမိုကောင်းမွန်သောပြည်သူ့ဆက်ဆံရေးကို ဖော်ဆောင်နိုင်စေရန် ရည်ရွယ်ထားသည်။ ထိုသို့ဖော်ဆောင်နိုင်ရန် ထိရောက်စေမည့်မူဝါဒဆိုင်ရာ အခွင့်အလမ်းများကို ရှင်းလင်း ဖော်ပြထားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း ( ပြည်သူ့ဆက်ဆံရေးအခန်းကဏ္ဍ) မှာ အပြုသဘောဆောင်သည့် တိုးတက်မှုများကို များစွာတွေ့ရသော်လည်း ဒေသအတွင်း အဓိပ္ပါယ်ပြည့်ဝပြီး ပါ့ဝင်မှုအားကောင်းသည့် ချိတ်ဆက်ဆောင်ရွက်မှုတစ်ရပ် ရှိစေရန်အတွက် စိန်ခေါ်မှုများရှိနေသည်ကို တွေ့ရပါသည်။ စနစ်ဆိုင်ရာ၊ အမြင်သဘောထား ဆိုင်ရာနှင့် စွမ်းဆောင်ရည်ဆိုင်ရာ စိန်ခေါ်မှုများ ဖြစ်သည်။

အစီအစဉ်တွင် AD မှသုတေသနရှင်းလင်းတင်ပြခြင်းနှင့် အမေး၊ အဖြေကဏ္ဍများ ပါဝင်မည်ဖြစ်ပြီး AD ၏ page ပေါ်မှလည်း တိုက်ရိုက် (Live) လွှင့်တင်သွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားတက်ရောက်လိုသူများအတွက် ပွဲနေ့တွင် ဝင်ရောက်ရမည့် Zoom Link (Meeting ID, Passcode) တို့ပါ တစ်ပါတည်း ဖော်ပြထားပါတယ်။

Zoom Link (Meeting ID, Passcode)
--------------------------------------
Join Zoom Meeting
https://l.facebook.com/l.php?u=https%3A%2F%2Fus02web.zoom.us%2Fj%2F86027887405%3Fpwd%3DbXJFaEJoR2IxQ2xIeVBydm5mUW9Jdz09%26fbclid%3DIwAR0tnqrv1UjjpVlPBcOm7HUlggb_Xtu3J8gZYkXZoirp1HMdiLLNhYvbCi0&h=AT3916_UAU0B5rw_X3eBEq_HRSgwRX1mhJRs2Uot3o2V5BkLbRbacExbCEVkrNH8v0xDH13ejfSeZpoYmh7t76sPArM4d9VFL54TGDRrm8HkSeg3kf1O6VI6IZkwTWzDF7CN0Q

Meeting ID: 860 2788 7405
Passcode: 384466

နေ့ရက် ။ ။ ၂၃.၁၂.၂၀၂၀ (ဗုဒ္ဓဟူးနေ့)

အချိန် ။ ။ မနက် ၁၀:၀၀ နာရီ မှ ၁၁:၃၀ နာရီ အထိ

17/12/2020

မာဘော့ (Marbot)

ဒီ “မာဘော့” ဇာတ်လမ်းမှာဆိုရင် ငွေစက်ရုပ်၊ သံစက်ရုပ် နဲ့ ရွှေစက်ရုပ် တွေက သူတို့မူလနေထိုင်တဲ့ လကမ္ဘာဂြိုဟ် ပျက်စီးသွားပြီးတဲ့နောက်မှာ ဂြိုဟ်အသစ်ဆီသို့ပြောင်းရွေ့လာခဲ့ကြပြီး နိုင်ငံသုံးနိုင်ငံ တည်ထောင်ခဲ့ကြတယ်။ အဲ့နိုင်ငံသုံးနိုင်ငံထဲက ငွေစက်ရုပ်တွေရှိတဲ့ ရန်းနိုင်ငံမှ မာဘော့လို့အမည်ရတဲ့ စက်ရုပ်က ဂြိုဟ်သစ်ဆီသို့ပြောင်းရွေ့လာခဲ့စဉ် ခြေထောက်တစ်ဖက် ပျက်စီးသွားခဲ့တယ်။ အဲ့လိုနဲ့ ကျောင်းတက်တဲ့အချိန် ရောက်လာတဲ့အခါ မာဘော့စက်ရုပ် ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ရမလဲ ဆိုတာ စိတ်ဝင်တစားနဲ့ ဗဟုသုတရဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

12/12/2020

အားလုံးအကျုံးဝင်ပညာရေးပန်းတိုင်ဆီသို့

“အားလုံးအကျုံးဝင်ပညာရေးပန်းတိုင်ဆီသို့” ဇာတ်လမ်းမှာဆိုရင် ဆရာ၊ ဆရာမတွေနဲ့ပညာရေးဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကျောင်းသား၊ ကျ...
11/12/2020

“အားလုံးအကျုံးဝင်ပညာရေးပန်းတိုင်ဆီသို့” ဇာတ်လမ်းမှာဆိုရင် ဆရာ၊ ဆရာမတွေနဲ့ပညာရေးဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေအကြား အားလုံးအကျုံးဝင်မှုမြှင့်တင်ဖို့အတွက် လွယ်လင့်တကူ ဖော်ဆောင်နိုင်မည့်နည်းလမ်းတချို့ကို အကြံပြုတင်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် Mizzima နဲ့ DVB ရုပ်သံလိုင်းတွေမှာ ပုံပါအချိန်ဇယားအတိုင်း စောင့်မျှော်ကြည့်ရှုနိုင်ဖို့ ထပ်မံဖော်ပြလိုက်ပါတယ်။

အေဒီအသင်းရဲ့ “၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ နှင့် ရွေးကောက်ပွဲဆိုင်ရာကတိကဝတ...
10/12/2020

အေဒီအသင်းရဲ့ “၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ နှင့် ရွေးကောက်ပွဲဆိုင်ရာကတိကဝတ်များ (ရန်ကုန်တိုင်းဒေသကြီးအား အခြေပြုလေ့လာခြင်း)” သုတေသနစာတမ်းကို အင်္ဂလိပ်ဘာသာစကားဖြင့် ဖတ်ရှုလေ့လာနိုင်ပါပြီ။

Another Development-AD’s research paper named “Political parties and candidates of 2020 election and their campaign promises: A case study of Yangon Region” that is available in English to read.

ဖိုင်ကိုရယူရန်
-------------
https://www.anotherdevelopment.org/publications/

To download ‌a PDF
----------------------
https://www.anotherdevelopment.org/publications/

ရုပ်သံပြသခြင်း အစီအစဉ်------------------------------------အေဒီအသင်းက အသိပညာပေးဇာတ်လမ်းဖြစ်တဲ့ “အားလုံးအကျုံးဝင်ပညာရေးပန်...
08/12/2020

ရုပ်သံပြသခြင်း အစီအစဉ်
------------------------------------

အေဒီအသင်းက အသိပညာပေးဇာတ်လမ်းဖြစ်တဲ့ “အားလုံးအကျုံးဝင်ပညာရေးပန်းတိုင်ဆီသို့” ဇာတ်လမ်းနှင့် “မာဘော့” အမည်ရဇာတ်လမ်းတို့ကို မဇိ္ဈမရုပ်သံ (MIZZIMA TV), DVB, Channel 7နှင့် MRTV တို့မှာ ပြသသွားမှာဖြစ်ပါတယ်။

“အားလုံးအကျုံးဝင်ပညာရေးပန်းတိုင်ဆီသို့” ဇာတ်လမ်းတွင် ဆရာ၊ ဆရာမများနှင့် ပညာရေးဆိုင်ရာတာဝန်ရှိသူများအနေနဲ့ ကျောင်းသား၊ ကျောင်းသူများအကြား အားလုံးအကျုံးဝင်မှုမြှင့်တင်ရန်အတွက် လွယ်လင့်တကူ ဖော်ဆောင်နိုင်မည့်နည်းလမ်းတချို့ကို အကြံပြုတင်ပြထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။

“မာဘော့”ဇာတ်လမ်းမှာတော့ မာဘော့အမည်ရ စက်ရုပ်တစ်ကောင် ခြေထောက်တစ်ဖက်ပျက်စီးသွားပြီးတဲ့နောက်မှာတော့ အခြားစက်ရုပ်တွေကြား ဘယ်လိုစိန်ခေါ်မှုတွေနဲ့ဆိုင်ရမလဲ...မာဘော့နေထိုင်တဲ့နိုင်ငံမှာ ဘယ်လို မတူကွဲပြားမှုတွေရှိနေလဲ... အခြားနိုင်ငံတွေဆီကို မာဘော့ရောက်တဲ့အခါမှာရော ဘယ်လိုစိန်ခေါ်မှုတွေ တုံ့ပြန်မှုတွေ ခံစားရမလဲ.. စတဲ့အကြောင်းအရာများကို စိတ်ဝင်တစားနဲ့ ဗဟုသုတရဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။

ဒါကြောင့် ပုံပါအစီအစဉ်အတိုင်း စောင့်မျှော်ကြည့်ရှုပေးကြဖို့ ဖော်ပြလိုက်ပါတယ်။

Another Development (AD) က မာဘော့ (Marbot) အမည်ဖြင့်  ကလေးသူငယ်များအား မသန်စွမ်းအသိပညာပေး ဗီဒီယို ဇာတ်လမ်းတိုကို Channel...
05/12/2020

Another Development (AD) က မာဘော့ (Marbot) အမည်ဖြင့် ကလေးသူငယ်များအား မသန်စွမ်းအသိပညာပေး ဗီဒီယို ဇာတ်လမ်းတိုကို Channel 7 , DVB နှင့် MRTV ရုပ်သံလိုင်းများမှတစ်ဆင့် မကြာမီ ထုတ်လွှင့်တင်ဆက်ပြသသွားမှာဖြစ်ပါတယ်။ ထုတ်လွှင့်တင်ဆက်မည့် နေ့ရက်နှင့် အချိန်တို့ကို AD Facebook စာမျက်နှာမှတစ်ဆင့် ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်တာကြောင့် စောင့်မျှော်ကြည့်ရှုပေးကြဖို့ သတင်းပါးလိုက်ပါရစေ။

Address

62, 5th Floor, Nyaung Tone Street
Yangon
11111

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00

Telephone

09264883421

Alerts

Be the first to know and let us send you an email when Another Development - AD posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Another Development - AD:

Share