ROYAL HEART : Dog Shelter & Animal Rescue - Mandalay

ROYAL HEART : Dog Shelter & Animal Rescue - Mandalay Rescue : It is not just a verb, It is a promise.

ဒီလို ၂ ​ပေခွဲ ​လှောင်အိမ်​အကြီးလေး​တွေအသုံးမလိုတဲ့သူရှိရင် ဝယ်ချင်ပါတယ်ရှင်အသစ်​တွေက ဘယ်မှာမှ ၀ယ်မရလို့ပါရှင်
20/08/2026

ဒီလို ၂ ​ပေခွဲ ​လှောင်အိမ်​အကြီးလေး​တွေ
အသုံးမလိုတဲ့သူရှိရင် ဝယ်ချင်ပါတယ်ရှင်
အသစ်​တွေက ဘယ်မှာမှ ၀ယ်မရလို့ပါရှင်

တိုဘီ​ရေဖြူမ​က နင့်ကိုမျှော်​နေတယ်အမြန်ပြန်လာပါ​တော့ 😞
19/08/2026

တိုဘီ​ရေ
ဖြူမ​က နင့်ကိုမျှော်​နေတယ်
အမြန်ပြန်လာပါ​တော့ 😞

18/08/2026

#ဧရာဝတီရေဘေးကတိလေးတွေရဲ့Videoကိုအဆုံးထိကြည့်ပေးခြင်းဖြင့်ကူညီကြပါဦးရှင်

ဧရာဝတီရေ​ဘေးကို Royal Heart အဖွဲ့သားများ 15 နဲ့ 16 ရက်​နေ့က ပထမအကြိမ်အဖြစ် သွား​ရောက်ခဲ့ပါတယ်ရှင်။ခေါက်ဆွဲအထုပ် ၁၀၀၀၊ ငါး​သေတ္တာ ဘူး ၄၀၀၊ ​ဆေးကဒ် ၂၆၀၊ ​ခွေးစာ​ခြောက် ၆ အိတ်၊ ကြက်သည်းများ၊ ​ခွေးစာဘူးများ၊ ​ဆေးဝါးများ၊ ​လှောင်အိမ်များ၊ ​ခွေးဖမ်းကွင်းများနဲ့ သွား​ရောက်ခဲ့ပါတယ်ရှင်။ ပထမရက်မှာ ​ချောင်းဖျား၊ ရှမ်းစု၊ ကျွဲလမ်းစု၊ ကွက်သစ်ရွာ​တွေဘက်ကို သွား​ရောက်ခဲ့ပါတယ်။ ဒုတိယရက်မှာ ​မသန်းသန်း​အေးနဲ့အတူ လေးမျက်နှာမြို့ကိုသွား​ရောက်ခဲ့ပါတယ်။ လူ​တွေကိုလဲ ခွဲ​ဝေလှူဒါန်းပြီး၊​ခွေး​လေး​တွေကိုလဲ အစာ​ကျွေး​ပေးခဲ့ပါတယ်။ ​ပထမရက်က​ခွေး​လေး​တွေကို သခင်​တွေက အိမ်​​ပေါ်​ခေါ်တင်ထား​ပေးတာ ​ကျေးဇူးတင်စရာပါ။ ​အစာ​ခြောက်​တွေကို ငါး​သေတ္တာ​တွေနဲ့ နယ်​ကျွေး​တော့ အရမ်းစားကြပါတယ်။ တစ်​ကောင်ကို ​လေးငါးပန်းကန်ကုန်ပါတယ်။ လေးမျက် နှာက ​ခွေး​လေး​တွေကက​တော့ အိမ်​ခေါင်းမိုး​တွေနဲ့ အ​ပေါ်ထပ်​တွေမှာ အဆင်​ပြေသလို​လေး​နေ​နေရပါတယ်။ ကျမတို့ အသံကြား​တော့ သူတို့ရှိ​ကြောင်း အသံ​ပေးတာ​တွေကိုလဲ ကြားခဲ့ရတာ စိတ်မ​ကောင်းဖြစ်မိပါတယ်။ ဒီ​နေရာမှာ​ပြောချင်တာတစ်ခုက ကျမတို့ကပိုပြီး​တော့ ​ခေါင်​ပေါ်​နေ​နေရတဲ့ ​ခွေး​လေး​တွေကို ကယ်​ချင်ပါတယ်ရှင်။ မြင်တဲ့အတိုင်း က​လေး​တွေက အရမ်း​ကြောက်ပြီး ​ရေထဲဆင်း​ပြေးကြတာ​ရော၊ အိမ်ထဲဝင်​ပြေးကြတာ​ရော၊ လယ်ထွန်စက်လိုဟာမျိုး​ပေါ်က ​ခွေး​လေး​တွေဆို ကျမတို့ကို ​ကြောက်လို့ ​ခေါင်းကြီးကိုအတင်းတိုးဝှက်ပြီး ဖင်ကြီး​တွေ​ထောင်​​နေတာ​တွေကို​တွေ့ကြရမှာပါ။ ​ကျမတို့ လှေဆိုတာကလဲ သစ်သား​လှေမို့ လှုပ်ရင်​တောင် ​စောင်း​သွားတာမို့ အသက်​တောင်​ဖြောင့်အောင် မရှူရဲပါဘူး။ ​​နေ​တွေပူလိုက်၊ မိုး​တွေသည်းလိုက်၊ ​လေ​တွေတိုက်လိုက်နဲ့ ​ခွေး​တွေအတွက်သာသွားရတာ၊ ​ရေလဲမကူးတတ်ပါဘူး။ ​ခွေး​လေး​တွေအတွက် ​မေ့​ဆေးဆရာ​ရောပါ​ပေမယ့် ​မေ့​ဆေးပစ်ရင် ​ရေထဲဆင်း​ပြေးပြီး ​မေ့​ဆေးရှိန်နဲ့ ​အောက်ထဲကို နစ်သွားမှာပါ။ ​ခွေးဖမ်းကွင်းလဲ ပါ​ပေမယ့် အနား​တောင်ကပ်မရတာမို့ ​ရေကူး​ပြေးရင် လိုက်ဖမ်းလို့မရပါဘူး။ ​ရေကူးပြီး မရမကလိုက်ဖမ်း၊ ဇွတ်အတင်းချုပ်ပြီး ​လှေ​ပေါ်တင်ရင်လဲ ​လှေ​မှောက်မှာပါ။ ​ခွေး​လေး​တွေကလဲ ​ကြောက်သထက်ပို​ကြောက်ပြီး ​​နောက်ကျ ကျမတို့သွား​ကျွေးရင်
အသံ​ပေးမှာမဟုတ်​တော့ပါဘူး။ အပြစ်မ​ပြောကြဖို့ ​မေတ္တာရပ်ခံတာပါ။ ကုန်း​ပေါ်တင်ထားတဲ့ ​ခွေး​လေး​တွေလဲရှိပါတယ်။ ကုန်း​ပေါ်တင်ထားတာအဆင်​ပြေသလိုထင်ရ​ပေမယ့် အစာနဲ့ မိုးရွာရင် ​နေစရာအမိုးအကာအတွက်က အဆင်မ​ပြေလို့ ဖျား​နေတဲ့ ​ခွေး​လေး​တွေလဲ ရှိတယ်လို့ အမက ​ပြောပါတယ်။ အဲ့​ခွေး​လေး​တွေကို ​ခေါ်ဖို့ရာအတွက် အမက ​လှောင်အိမ် နှစ်လုံးတောင်းလို့ ​ပေးထားခဲ့ပါတယ်။ အစာ​ခြောက်ကျန်တာ​တွေ​​ရော ​ပေးထားခဲ့ပါတယ်။ မြင်ရ​တွေ့ရတာ လူ​တွေ​ရော၊ ​ခွေး​တွေ​ရောစိတ်မ​ကောင်းဖြစ်ရပါတယ်။ သူတို့အတွက်က အစာ​ရေစာမပြတ်လတ်​အောင်အမက ​တောက်​လျှောက်​ကျွေး​ပေး​နေပါတယ်။ ​ရေမကျမချင်း​ကျွေးဖို့အတွက်ကလဲ လိုအပ်​နေတာမို့ အမကကျမကို စီစဥ်​ပေးပါတယ်။ သူတို့အတွက် တစ်ရက်စာကုန်ကျ​ငွေက ​အောက်ပါအတိုင်းဖြစ်ပါတယ်။

ဆန် ၁၂ပြည် 40000
ကြက်ရိုးက ၅ပိသာ 50000
ဟင်္သာတက​နေ လေးမျက်နှာထိ ဆိုင်ကယ်ကယ်ရီခအသွား၊အပြန် 40000
စက်လှေကတစ်ရက် 60000
​​ကျွေးမယ့်သူငှားစရိတ် တစ်ရက် 10000
အစာ​ခြောက် တစ်ရက် အိတ်တစ်ဝက်စာ 50000
စုစု​ပေါင်း 250000 ကျပါတယ်ရှင်။

ထို့ကြောင့် ​ရေ​ဘေးတိ​တွေအတွက် Plan က နှစ်ခုရှိပါတယ်ရှင်။

(ပထမ Plan)
ကျမတို့တိုင်ပင်တာကကျ ထမင်း​ကျွေးပြီး အစာ​ခြောက်ကို ​နောက်ရက်အတွက် ပစ်တင်ထားခဲ့ချင်
တာပါ။ ​တစ်ရက်ခြားတစ်ခါ​ကျွေးဖို့ပါ။ ဒီလိုဆိုရင်​တောင်တစ်လကို ၁၅ ရက်​ကျွေးရပါမယ်။ ကုန်ကျ​ငွေက 3750000 ပါရှင်။ ​နောက်​နေ့က​နေစ တစ်လအတွက်
ကျမ​ကျွေးခိုင်းပါမယ်ရှင်။ ​မိုးကအဆက်မပြတ်ရွာ​နေ
တာရယ်၊ ကျမတို့သွားတုန်းက​ ရေဆက်တက်တာ​တွေ
ရယ်​ကြောင့် ​ရေက ​လော​လောဆယ် ကျဖို့အ​နေအထား
မရှိ​​သေးပဲ မိုးကုန်မှကျမယ့်သ​ဘောလို့ အမက​ပြောပါတယ်။ ​ရေကျလို့ လူ​တွေ အိမ်​တွေရှင်းကြပြုကြနဲ့ဆိုရင်
​တောင် ​လူ​တွေလဲ ရှုပ်​နေမှာနဲ့ ခွေး​တွေအတွက်က စား
စရာအဆင်​ပြေမှာမဟုတ်​သေးပါဘူး။ ခန့်မှန်း ဝါကျွတ်
​လောက်ထိကျွေးရမယ်လို့ အမက​ပြောပါတယ်။ ဒီလိုဆိုရင်ကို သုံး​လေးလကြာပါမယ်။ ဒီအ​တောအတွင်း ​ခေါင်
​ပေါ်က​ခွေး​လေး​တွေအတွက် တစ်ရက်စာကို လှူဒါန်း​ကျွေး​မွေးချင်သူများရှိရင် ကျမဆီကို ရက်က​လေးလာ
​ရွေး​ပေးလို့ရပါတယ်ရှင်။ ​ရေရှည်အတွက်ပါ စီစဥ်ပြီး
လုပ်​ပေးတာမို့ တိချစ်သူအလှူရှင်​တွေ ​​ကျေနပ်ကြမယ်လို့ ထင်ပါတယ်ရှင်။ ကျမကျန်းမာ​ရေးအ​ခြေ​နေကို
ကြည့်ပြီး ​နောက်တစ်ပတ်ထပ်သွားပါမယ်ရှင်။ မသွား
နိုင်ရင်​တောင် လိုတာအကုန်​ထောက်ပံ့​ပေးမှာ ဖြစ်ပါ
တယ်။ ဒီစာအထိက မ​နေ့ထဲက​ရေးထားတာပါ။

(ဒုတိယ Plan)
​ရေ​တွေက ဆက်တိုက်ဆက်တက်လာတာမို့ မချစ်သဲဖြူတို့နဲ့ မသန်းသန်း​အေးတို့က ဒီမနက်တိုင်ပင်ပြီး ​ခေါင်​ပေါင်ကခွေး​လေး​တွေကို ​ရေကူးသမား​တွေနဲ့ ဖိုက်ဘာ​လှေကြီးငှားပြီး လူအင်အားနဲ့ ရ​အောင်ဖမ်းဖို့ ခုတင်
ဖုန်းဆက်လာပါတယ်။ ဖမ်းလို့ရတဲ့ ​ခွေး​လေး​တွေကိုလဲ ပိုင်ရှင်ရှိတဲ့​ခွေး​လေး​တွေပြန်​ခေါ်လို့ရ​အောင် ​နေရာတစ်ခုမှာ ခဏထားပြီး ​ရေကျသည်အထိ​ကျွေး​မွေး​စောင့်​ရှောက်ထားမယ် (သို့မဟုတ်) ကျမက ​ဖမ်းလို့ရမယ့် ​ခွေး​လေး​တွေကို ​ခေါ်​ပေးဖို့ တိုင်ပင်​​နေပါတယ်။ ဒီ Plan ကိုလုပ်မယ်ဆိုလဲ ကျမဘက်က လူ၊ ကား၊ ​မေ့​ဆေး လိုတာအကုန်လုပ်​ပေးမှာပါရှင်။ ဒီစာက ထပ်ဖြည့်တာပါ
ရှင်။

ခု ဘယ် Plan ကို လုပ်မယ်ဆိုတာ အကုန်ဝိုင်းတိုင်ပင်
​နေတုန်းပါရှင်။ ဘယ် Plan ​နေ​နေ ​ခွေး​လေး​တွေ​ ကောင်းဖို့အတွက် ကျမတို့​တွေ အကုန်တိုင်ပင်ပြီး ဝိုင်း
ဝန်းလုပ်​ဆောင်ကြမှာပါရှင်။

ထို့​ကြောင့် ရေ​ဘေးတိ​လေး​တွေအတွက် လိုအပ်တဲ့ အ​ထွေ​ထွေသုံးစရိတ်များ၊ ကယ်ဆယ်​ရေးကားခများ၊ ဆက်လက် အသက်ရှင်ရပ်တည်နိုင်​အောင် အစာ​ရေစာများအတွက် ​​

09772301864
Saw Thae Oo
Kpay/Wave acc

09258599009
U Win Ko
Kpay/Wave acc

သို့လှူဒါန်း​ပေးလို့ရပါတယ်ရှင်။

(Kpay ထည့်ရခြင်းအ​ကြောင်းအရင်းသည် လှူဒါန်းချင်
သူများအတွက် မ​မေးရပဲ အဆင်​ပြေ​​အောင် တစ်ခါ
ထည့်​ပေးရခြင်းဖြစ်ပါသည်။ ဇွတ်အလှူခံခြင်းမျိုးမဟုတ်ပါဘူးရှင်။)

ဆယ်နှစ်တာကာလလုံး​ ရေ​ဘေးဆို အကုန်သွားထားတဲ့ Link​လေး​တွေနဲ့ ဘဏ့်အ​ကောင့်တွေကို မန့်မှာ တင်ထား​ပေးပါမယ်ရှင်။ အလှူရှင်များအားလုံးကို ​ကျေးဇူးတင်
ပါတယ်ရှင်။ ကျန်းမာ၊ ချမ်းသာ၊ ​​ဘေးကင်းကြပါ​စေရှင်။

ခွေး​လေး​ပျောက်​နေလို့တင်ခွင့်ပြုပါရှင်စွယ်​တော်​လေးလမ်းမှာ ​နေ​နေတဲ့​ခွေးအဖြူ(အထီး) ​လေးအ​မ​နောက်လိုက်ရင်း​ပျောက်​နေလို...
17/08/2026

ခွေး​လေး​ပျောက်​နေလို့တင်ခွင့်ပြုပါရှင်
စွယ်​တော်​လေးလမ်းမှာ ​နေ​နေတဲ့
​ခွေးအဖြူ(အထီး) ​လေး
အ​မ​နောက်လိုက်ရင်း
​ပျောက်​နေလို့ပါရှင်
ခါတိုင်း စွယ်​​တော်ခုနှစ်လမ်းမှာ
သွားသွားပြီး ပြန်လာပါတယ်
ခုပြန်မလာလို့
အသက်လဲကြီး​နေပြီဖြစ်ပြီး
နားလဲ အရမ်းမကြား​တော့ဘူးမို့
လမ်းမှာတစ်ခုခုဖြစ်​နေမှာစိုးလို့ပါရှင်
​တွေ့ခဲ့ရင် ဆက်သွယ်​ပေးပါဦး​နော်
ပတ်ရှာ​နေတာ ခုထိမ​တွေ့​သေးလို့ပါ
​ခွေး​လေးက လူစိမ်း အဖမ်း​တော့မခံတာမို့
​ခွေး​လေး​ကို​တွေ့ရင် သူရှိတဲ့​နေရာ​လေးမှာ ခဏ​စောင့်​ပေးပြီး ကျမတို့ကို ဆက်သွယ်​ပေးပါ့မယ်​နော်
ချက်ချင်းလာ​ခေါ်ပါ့မယ်ရှင်
​ခွေး​လေး​ကို ​တွေ့​အောင်ပြ​ပေးနိုင်ရင်
ဆု​ငွေ တစ်သိန်း ချီးမြှင့်​ပေးပါ့မယ်​နော်
​ကျေးဇူးပြု၍ ဆက်သွယ်​ပေးကြပါဦးရှင်

09780999947
09772301864

 #ခွေးပျောက် နေပြည်​တော်၊ ပုဗ္ဗသီရိစွယ်​တော်​လေးလမ်းမှာ ​နေ​နေတဲ့​ခွေးအဖြူ(အထီး) ​လေးအ​မ​နောက်လိုက်ရင်း​ပျောက်​နေလို့ပါရ...
16/08/2026

#ခွေးပျောက်
နေပြည်​တော်၊ ပုဗ္ဗသီရိ
စွယ်​တော်​လေးလမ်းမှာ ​နေ​နေတဲ့
​ခွေးအဖြူ(အထီး) ​လေး
အ​မ​နောက်လိုက်ရင်း
​ပျောက်​နေလို့ပါရှင်
ခါတိုင်း စွယ်​​တော်ခုနှစ်လမ်းမှာ
သွားသွားပြီး ပြန်လာပါတယ်
ခုပြန်မလာလို့
အသက်လဲကြီး​နေပြီဖြစ်ပြီး
နားလဲ အရမ်းမကြား​တော့ဘူးမို့
လမ်းမှာတစ်ခုခုဖြစ်​နေမှာစိုးလို့ပါရှင်
​တွေ့ခဲ့ရင် ဆက်သွယ်​ပေးပါဦး​နော်

09780999947
09772301864

နေရာမျိုးစုံက ဒုက္ခမျိုးစုံနဲ့ အပယ်ခံ​လေး​တွေပါ။ မန်း​လေးကို တတိယတစ်​ခေါက်လွှတ်ရပါတယ်။ ကျမ​ဆေးရုံတက်​နေ​တာတောင် ကယ်ပြီးက...
11/08/2026

နေရာမျိုးစုံက ဒုက္ခမျိုးစုံနဲ့ အပယ်ခံ​လေး​တွေပါ။ မန်း​လေးကို တတိယတစ်​ခေါက်လွှတ်ရပါတယ်။ ကျမ​ဆေးရုံတက်​နေ​တာတောင် ကယ်ပြီးကုထား​ပေးတဲ့
​ခွေး​လေး​တွေပါ။ အလှူရှင်များ သာဓု​ခေါ်ဆိုနိုင်​စေပြီး
တိချစ်သူတိုင်း ကုသိုလ်အမျှရကြပါ​စေရှင်။

၁။ ကားတိုက်ပြီး​ကျောပြဲ၊ ​ပေါင်ကျိုး​နေတဲ့​ခွေး​လေး၊ ကယ်လာ​ပေမယ့် ခွဲစိတ်​နေရင်း ဆုံးပါတယ်ရှင်။

၂။ သကြားစက်နားက လည်ပတ်သံကြိုးကြီးတစ်​နေတာကို လည်ပတ်ဖြတ်​ပေးခဲ့ပါတယ်ရှင်။

၃။ ကပ္ပါယ်အိတ်​ပေါက်ထွက်​နေတဲ့​ခွေး​လေးလဲ ခွဲစိတ်ပြီးခြံမှာရှိပါတယ်ရှင်။

၄။ စလင်းမြို့က သားအိမ်ကျွံ​နေတဲ့​ခွေး​လေးကိုလဲ
​နေပြည်​တော်​ခေါ်​ဆေးကုပြီး စလင်းပြန်ပို့​ပေးခဲ့ပါတယ်
ရှင်။

၅။ မန်း​လေးက မျက်မမြင်​လေးလဲ ကယ်ထားပါတယ်။

၆။ မန်း​​လေးက ကင်ဆာ​လေးလဲကယ်ထားပါတယ်။

၇။ စစ်ကိုင်းက ကင်ဆာ​လေးလဲ ကယ်ထားပါတယ်။

၈။ စစ်ကိုင်းက အမိမဲ့ က​လေးငါး​ကောင်လဲ ကယ်ထားပါတယ်။

၉။ ပျဥ်းနားက ကားတိုက်ခံရတဲ့ ခွေးမဲကု​လေးလဲ ကယ်
ပြီး ကုသထားပါတယ်။

၁၀။ ပျဥ်းမနား ကသစ်၀ိုင်​ကျောင်းနားက ကားတိုက်ပြီး
လဲ​နေတဲ့ ​ခွေး​လေးလဲ ကယ်တင်ကုသထားပါတယ်။

၁၁။ ပျဥ်းမနားကဂုတ်အနာ​လေးလဲ ကယ်ပြီးကုသထားပါတယ်။

၁၂။ မရတနာကိုကိုဆီက ကားတိုက်ပြီး ​ပေါင်ကျိုးထား
တဲ့​ခွေး​လေးလဲ စတီးရိုးထည့်ခွဲစိတ်ထားပါတယ်ရှင်။

၁၃။ ​ညောင်ပင်ကြီးစု​ကျောင်းက ​အဆိပ်ချခံရ​တော့မယ့်ခွေး ၃ ​ကောင်နဲ့ က​လေးတစ်ချို့ကိုလဲ ကယ်ထားပါတယ်ရှင်။

၁၄။ ရန်နိုင်လမ်းက ​လူ​တွေမလိုချင်​တော့တဲ့ ​ခွေးလေး​ကောင်ကိုလဲ ကယ်ထားပါတယ်ရှင်။

၁၅။ ပျဥ်းမနားက ​လူ​တွေမလိုချင်​တော့တဲ့ ခွေးတစ်အုပ်ကိုလဲ ကယ်ထားပါတယ်ရှင်။

၁၆။ ပိ​တောက်​အိမ်ယာ​က လူ​တွေမလိုချင်​တော့တဲ့ ခွေးဖြူလည်ပတ်နဲ့​ခွေးကိုလဲ ကယ်ထားပါတယ်ရှင်။

၁၇။ ပျဥ်းမနား၊ တံခွန်တိုင်​ကျောင်းက​ လူ​တွေမလိုချင်​တော့တဲ့ ခွေးသားမိတစ်အုပ်လဲ ကယ်ထားပါတယ်ရှင်။

၁၈။ ပျဥ်းမနားမဟာစည်​​ကျောင်းက​ လူ​တွေမလိုချင်​တော့တဲ့ ခွေးတစ်​ကောင်ကိုလဲကယ်ထားပါတယ်ရှင်။

၁၉။ မိုးကုတ်​က​နေစစ်​ရှောင်လာပြီး ပြန်ပြောင်းရ​တော့မှာမို့ ​နေပြည်​တော်မှာ ကျန်ခဲ့မယ့်​ခွေးတစ်ကောင်ကိုလဲ
ကယ်ထားပါတယ်ရှင်။

သူတို့အတွက် ​ခွဲစိတ်ခများ၊ ​ဆေးရုံတင်စရိတ်များနှင့်
ဒီလို ဒုက္ခ​ရောက်​နေတဲ့ လမ်း​ဘေး​ခွေး​လေးများကို
အချိန်ပြည့် ကယ်တင်ကုသ​ပေးနိုင်ရန်နှင့် ကယ်တင်ပြီးသား​ခွေး​လေးများကို ဆက်လက်​စောင့်​ရှောက်​ကျွေး​မွေးနိုင်ရန်အတွက် လှူဒါန်းလိုပါက

09772301864
Saw Thae Oo
Kpay/Wave acc ​လေးကို လှူဒါန်းနိုင်ပါတယ်ရှင်။
​ကျေးဇူးတင်ပါတယ်ရှင်။

06/08/2026

#ဧရာဝတီတိုင်းမှရေဘေးသင့်ပြည်သူများအတွက်ရောရေဘေးသင့်တိလေးတွေအတွက်ပါအလှူခံပါရစေရှင်

၂၀၁၆ က​နေစပြီး၊ ခုချိန်ထိ ​ရေ​ဘေးဖြစ်တဲ့​နေရာတိုင်းကို နှစ်စဥ်မပျက်မကွက်သွား​ရောက်ခဲ့ပါတယ်။ ဒီနှစ်
မှာလဲ ကျမကျန်းမာ​ရေး​ကြောင့် မသွား​တော့ဘူးဆုံး
ဖြတ်ခဲ့​ပေမယ့် အလှူရှစ်တစ်ဦးက ​ရေ​ဘေးကြုံ​နေရတဲ့
တိ​လေး​တွေအတွက် သိန်းနှစ်ဆယ် မတည်​ပေးလာပြီး
၊ သွား​ပေးဖို့​တောင်းဆိုတဲ့အတွက်ရယ်၊ ဒီ​ရေ​ဘေးက
​အချိန်ကြာမြင့်မယ်ဆိုတဲ့အတွက်ရယ်၊ ကျမမလိုက်နိုင်​တောင် အဖွဲ့ကို​စေလွှတ်ဖို့ရာ ​မြေပြင်ကို ချိတ်ဆက်စုံစမ်းခဲ့ပါတယ်။ ယခင်နှစ်က ​ရေ​ဘေးအတွက် လိုအပ်တဲ့ပစ္စည်းများကို သိန်းရာချီ လှူ​ပေးခဲ့တဲ့ အလှူရှင်များ
မှလဲ ထပ်မံလှူဒါန်း​ပေးမယ်ဆိုလို့ ဝမ်းသာရပါတယ်။
လူ​တွေအတွက် အဓိကလိုအပ်တာက စားစရာနဲ့ ​ဆေး
ဝါးလို့သိရပါတယ်။ ဒါ​ကြောင့် လူ​တွေအတွက် အထားခံမယ့် စားစရာများ၊ ​ဆေးဝါးများ၊ တိ​လေး​တွေအတွက်
အစာစို၊ အစာ​ခြောက်များကို လှူဒါန်းလိုသူများအ​နေဖြင့်​ရော၊ အလှူ​​​ငွေ လှူဒါန်းလိုသူများအ​နေဖြင့်ရော ကျမတို့မှ ​ကျေးဇူးတင်စွာ ဖိတ်​ခေါ်ပါတယ်ရှင်။ ​အခု Video ​လေးကအလှူရှင်အစ်ကိုက ပို့​ပေးလာတာ​လေး​တွေပါ။နေပြည်​တော်မှ အလှူပစ္စည်းထည့်​ပေးချင်သူများ​ရော၊ ရန်ကုန်မှ အလှူပစ္စည်းထည့်​ပေးချင်သူများ​ရော၊ တခြားမြို့က အလှူပစ္စည်းထည့်​ပေးချင်သူများ​ရော၊ ကျမတို့ကို ဆက်သွယ်​နိုင်ပါတယ်ရှင်။ ကျမတို့သွားခဲ့သမျှ ​ရေ​ဘေးတိုင်းရဲ့ လင့်​လေး​တွေကိုလဲ မန့်မှာတစ်ချက်​ဖော်ပြ​ပေးထားပါတယ်ရှင်။ တစ်ချို့ပိုစ့်လေး​တွေက​တော့ ပျက်ကုန်တာမျိုး​လေး​တွေရှိပါတယ်ရှင်။ လူ​တွေအတွက်အလှူပစ္စည်းများ လှူဒါန်း​ပေးပြီး၊ တိ​လေး​တွေကို အစာ​ကျွေးခြင်း၊ လိုအပ်တဲ့ တိ​လေး​တွေကို ကယ်ဆယ်ခြင်းနှင့် ​ဆေးဝါးကုသခြင်း၊ တိ​လေး​တွေကို ဆက်လက်အစာ​ကျွေးဖို့ရာအတွက် စီစဥ်ခြင်းများကို လုပ်​ဆောင်ခဲ့ချင်ပါတယ်ရှင်။ ထို့​ကြောင့် ဧရာဝတီ တိုင်း ​ရေ​ဘေးသင့်ပြည်သူများအတွက်ရော၊ ခိုကိုးရာမဲ့ တိ​လေး​​တွေအတွက်ပါ လှူဒါန်းလိုပါက

09772301864
Saw Thae Oo
Kpay/Wave acc

09258599009
U Win Ko
Kpay/Wave acc သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်။

ဘဏ့်အ​ကောင့်များကိုလဲ မန့်မှာ​ဖော်ပြ​ပေးထားပါမယ်
ရှင်။ ​Share ​ပေးခြင်းဖြင့်လဲ ကူညီကြပါဦးရှင်။ ကျေးဇူး တင်ပါတယ်ရှင် 🙏

 #ခွေးပျောက် Mandalay (၆၂) လမ်း၊ ကုတင် (၃၀၀) ဆေးရုံရှေ့တွင် လမ်းပျောက်နေပုံရသော ခွေးလေးတစ်ကောင် တွေ့ရှိထားလို့ ခွေးပိုင်...
05/08/2026

#ခွေးပျောက်

Mandalay (၆၂) လမ်း၊ ကုတင် (၃၀၀) ဆေးရုံရှေ့တွင်

လမ်းပျောက်နေပုံရသော ခွေးလေးတစ်ကောင် တွေ့ရှိထားလို့ ခွေးပိုင်ရှင်ရှိပါက သွားရောက် ခေါ်ယူနိုင်ပါတယ်ရှင်။

 #ဧရာဝတီတိုင်းမှရေဘေးသင့်ပြည်သူများအတွက်ရောရေဘေးသင့်တိလေးတွေအတွက်ပါအလှူခံပါရစေရှင်၂၀၁၆ က​နေစပြီး၊ ခုချိန်ထိ ​ရေ​ဘေးဖြစ်တ...
05/08/2026

#ဧရာဝတီတိုင်းမှရေဘေးသင့်ပြည်သူများအတွက်ရောရေဘေးသင့်တိလေးတွေအတွက်ပါအလှူခံပါရစေရှင်

၂၀၁၆ က​နေစပြီး၊ ခုချိန်ထိ ​ရေ​ဘေးဖြစ်တဲ့​နေရာတိုင်းကို နှစ်စဥ်မပျက်မကွက်သွား​ရောက်ခဲ့ပါတယ်။ ဒီနှစ်
မှာလဲ ကျမကျန်းမာ​ရေး​ကြောင့် မသွား​တော့ဘူးဆုံး
ဖြတ်ခဲ့​ပေမယ့် အလှူရှစ်တစ်ဦးက ​ရေ​ဘေးကြုံ​နေရတဲ့
တိ​လေး​တွေအတွက် သိန်းနှစ်ဆယ် မတည်​ပေးလာပြီး
၊ သွား​ပေးဖို့​တောင်းဆိုတဲ့အတွက်ရယ်၊ ဒီ​ရေ​ဘေးက
​အချိန်ကြာမြင့်မယ်ဆိုတဲ့အတွက်ရယ်၊ ကျမမလိုက်နိုင်​တောင် အဖွဲ့ကို​စေလွှတ်ဖို့ရာ ​မြေပြင်ကို ချိတ်ဆက်စုံစမ်းခဲ့ပါတယ်။ ယခင်နှစ်က ​ရေ​ဘေးအတွက် လိုအပ်တဲ့ပစ္စည်းများကို သိန်းရာချီ လှူ​ပေးခဲ့တဲ့ အလှူရှင်များ
မှလဲ ထပ်မံလှူဒါန်း​ပေးမယ်ဆိုလို့ ဝမ်းသာရပါတယ်။
လူ​တွေအတွက် အဓိကလိုအပ်တာက စားစရာနဲ့ ​ဆေး
ဝါးလို့သိရပါတယ်။ ဒါ​ကြောင့် လူ​တွေအတွက် အထားခံမယ့် စားစရာများ၊ ​ဆေးဝါးများ၊ တိ​လေး​တွေအတွက်
အစာစို၊ အစာ​ခြောက်များကို လှူဒါန်းလိုသူများအ​နေဖြင့်​ရော၊ အလှူ​​​ငွေ လှူဒါန်းလိုသူများအ​နေဖြင့်ရော ကျမတို့မှ ​ကျေးဇူးတင်စွာ ဖိတ်​ခေါ်ပါတယ်ရှင်။ ပုံ​လေး​တွေက​တော့ ဧရာဝတီ​ရေ​ဘေးမှာ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ပုံ​လေး​တွေမရှိ​သေးတဲ့အတွက်၊ AI နဲ့ ဖန်တီးထားတဲ့ ပုံ​လေးတစ်ချို့ရယ်၊ ကျမတို့ ဆယ်နှစ်တာအတွင်း သွားခဲ့သမျှ​ ရေ​ဘေးတိုင်းရဲ့ ​ဆောင်ရွက်မှုထဲက ပုံ​လေး​တွေကို​ဖော်ပြ​​ပေးထားခြင်းဖြစ်ပါတယ်ရှင်။ ​နေပြည်​တော်မှ အလှူပစ္စည်းထည့်​ပေးချင်သူများ​ရော၊ ရန်ကုန်မှ အလှူပစ္စည်းထည့်​ပေးချင်သူများ​ရော၊ တခြားမြို့က အလှူပစ္စည်းထည့်​ပေးချင်သူများ​ရော၊ ကျမတို့ကို ဆက်သွယ်​နိုင်ပါတယ်ရှင်။ ကျမတို့သွားခဲ့သမျှ ​ရေ​ဘေး
တိုင်းရဲ့ လင့်​လေး​တွေကိုလဲ မန့်မှာတစ်ချက်​ဖော်ပြ​ပေးထားပါတယ်ရှင်။ တစ်ချို့ပိုစ့်လေး​တွေက​တော့ ပျက်
ကုန်တာမျိုး​လေး​တွေရှိပါတယ်ရှင်။ လူ​တွေအတွက်
အလှူပစ္စည်းများ လှူဒါန်း​ပေးပြီး၊ တိ​လေး​တွေကို အစာ
​ကျွေးခြင်း၊ လိုအပ်တဲ့ တိ​လေး​တွေကို ကယ်ဆယ်ခြင်း
နှင့် ​ဆေးဝါးကုသခြင်း၊ တိ​လေး​တွေကို ဆက်လက်အစာ​ကျွေးဖို့ရာအတွက် စီစဥ်ခြင်းများကို လုပ်​ဆောင်
ခဲ့ချင်ပါတယ်ရှင်။ ထို့​ကြောင့် ဧရာဝတီတိုင်း ​ရေ​ဘေးသင့်ပြည်သူများအတွက်ရော၊ ခိုကိုးရာမဲ့ တိ​လေး​​တွေအတွက်ပါ လှူဒါန်းလိုပါက

09772301864
Saw Thae Oo
Kpay/Wave acc

09258599009
U Win Ko
Kpay/Wave acc သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင်။

ဘဏ့်အ​ကောင့်များကိုလဲ မန့်မှာ​ဖော်ပြ​ပေးထားပါမယ်
ရှင်။ ​Share ​ပေးခြင်းဖြင့်လဲ ကူညီကြပါဦးရှင်။ ကျေးဇူး တင်ပါတယ်ရှင် 🙏

ချစ်ရတဲ့ ​ခွေး​လေး၊ ​ကြောင်​လေး​​တွေကိုကိုယ်နဲ့မကွာ ​ရှိ​နေတဲ့ခံစားချက်​လေးရ​စေဖို့သားသားမီးမီးတို့ရဲ့ အ​မွှေး​လေး​တွေကိ...
01/08/2026

ချစ်ရတဲ့ ​ခွေး​လေး၊ ​ကြောင်​လေး​​တွေကို
ကိုယ်နဲ့မကွာ ​ရှိ​နေတဲ့ခံစားချက်​လေးရ​စေဖို့
သားသားမီးမီးတို့ရဲ့
အ​မွှေး​လေး​တွေကို ထည့်သိမ်းလို့ရမယ့်
ကီးချိန်း​လေး​တွေ ရပါမယ်​နော်

ခန့်မှန်းကြာချိန် ၁၀ ရက်ပါ
​​စျေး​လေးက Cb ပါရှင် (Fbက​စျေး​ရေးရင်ဘန်းလို့ပါ)
Prepaid ပါရှင်

​ခွေး၊ ​ကြောင်​လေး​တွေအတွက် လိုချင်တာ​လေး​တွေရှိ
ရင် ပုံပြပြီး​မေးလို့ရပါတယ်ရှင်။ ​ခွေး​လေး​တွေနဲ့ ပက်သက်တဲ့ လူအသုံး​ဆောင်​လေး​တွေ ​ထပ်ရောက်ဖို့ရှိပါ​သေးတယ်ရှင် 🖤

အား​ပေးကြပါဦး​နော်

Address

Royal Heart Dog Shelter & Animal Rescue, Near Sar Yay Village
Sagaing
02371

Alerts

Be the first to know and let us send you an email when ROYAL HEART : Dog Shelter & Animal Rescue - Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share