KoneTann Development -Youths Organization

KoneTann Development -Youths Organization To sport our environment! healthy and everything.

31/08/2024

အာရက္ခတပ်တော် မောင်တောမြို့သိမ်းတိုက်ပွဲ Video က

အမေရိကန်နန့် ဂျပန်စစ်ကားထက်လည်းကြည့်လို့ကောင်းရေ။
007ဇာတ်ကားတိထက်လည်း အဆမတန်ကောင်းရေ။
ကျူးဘား ကျူးကျော်စစ် ဇာတ်ကားထက်လည်းမိုက်တေ။
The last Ship. ဇာတ်ကားထက်လည်း စိတ်ဝင်စားဖို့ကောင်းရေ။
ဘိုက်ကိန်း ဇာတ်ကားထက်လည်း မိုက်တေ။

အဆုံးစွန်ထိပြောမေ (အော်စကာဆုရ) ဇာတ်ကားတိထက် တွတွသာသိမ့်ရေ...

အာရက္ခစစ်သည်တော်ရို့ဧံ့ စစ်ရီးစွမ်းရည်က မချီးကျူးဘဲမနီရအောင်ပါဂါး

20/08/2024

စာရွီးဆြာ...အဏ္ဏဝာစိုးမိုး

ဗျဉ်း ၃၃ လုံး ဟန်စွလေ လှေလှော်သံ**************************ရခိုင်ဘုရင် စူဠစနြ္ဒမင်းလက်ထက်တွင်အမတ်ကြီးဓမ္မဇေယျ မှ (ဗျည်း ၃...
21/07/2024

ဗျဉ်း ၃၃ လုံး ဟန်စွလေ လှေလှော်သံ
**************************

ရခိုင်ဘုရင် စူဠစနြ္ဒမင်းလက်ထက်တွင်
အမတ်ကြီးဓမ္မဇေယျ မှ (ဗျည်း ၃၃)လုံးကို မူတည်၍
ရခိုင်သမိုင်းနှင့် ဗုဒ္ဓဝင်ခန်းများ၊ ပုံပြင်များပါ မကျန်
ထည့်သွင်း ရေးဖွဲ့ခဲ့သော

ရခိုင့် လှေလှော်သံ ( လှေတော်သံ )
••••••

ဝေသာလီပြည် စူဠစနြ္ဒမင်းလက်ထက်
ရခိုင်သက္ကရာဇ်(၃၁၇) ခုနှစ် လောက်တွင်
အမတ်ကြီးဓမ္မဇေယျသည် ဗျည်း(၃၃) လုံး
လှေတော်သံကို စပ်ဆိုခဲ့ပေသည်၊
ရှေးရခိုင် ရေတပ်မတော်တွင် စစ်ချီသောအခါ သန်မာထွားကျိုင်းသူ ကျင်သန်ကြီးများစွာက လှေကိုလှော်ခတ်ရသည် ၊
ထိုအခါ စည်ကိုတီး၍ လှေကိုပြိုင်တူလှော်ရင်း
တက်ညီလက်ညီဖြင့် ဆိုသော ကဗျာဖြစ်သည်၊
စူဠစနြ္ဒမင်းကြီးသည်
သက္ကဒါန်ကရဝိတ်ဖောင်တော်ကို စီး၍
အသောင်းမကသော လှေတော်တို့ဖြင့် ခြံရံလျှက်
``တကောင်း သင်းတွဲပြည်´´သို့ ပင်လယ်ကြောင်းဖြင့် ချီသောအခါ အမတ်ကြီးဓမ္မဇေယျသည် ဤလှေ
တော်သံကို စပ်ဆိုသီဆို စေခဲ့သည်၊

``ကိုးစိပ်ကိုးလံ၊ ကိုးပင်းကန်၊ ကျင်သန်တက်ကြီး၊
စည်ကိုတီး´´ဟု ဆိုစမှတ်ပြုရသည့်အတိုင်း
ကိုးလံမျှရှိသော လောင်းလှေပေါ်တွင်
ကျင်သန်ခေါ်သော လူသန်ကြီးများက
စည်ကိုတီးပြီး လှေလှော်သားများက
ပြိုင်တူ စည်းလုံးညီညွတ်စွာ သီဆိုရသော ကဗျာပင်ဖြစ်သည်၊
ထူးခြား အက္ခရာ ၊ ဗျည်း(၃၃)လုံး မူတည်၍
ရခိုင်သမိုင်းနှင့် ဇာတ်ကြီးဆယ်ဘွဲ့
ဗုဒ္ဓဝင်ခန်းများ၊ပုံပြင်များကိုပါ ပါဝင်ဖွဲ့နွဲ့ထားရာ လှေလှော်သားများအား ဗဟုသုတ တိုးပွားစေသည်၊

အမျိုးဘာသာ၊ သာသနာ၊ ဇာတိသွေး၊ ဇာတိမာန် တက်ကြွစေသည်၊ သီဆိုသည်မှာ
ခေါင်းဆောင် လှေဦးစီးက အချီပိုဒ်ကို
တစ်ဦးတည်း သီဆိုပြီး အချပိုဒ် ဖြစ်သော
``ဟန်စိလေ ဟန်စွလေ ´´ ဟူသော အပိုဒ်ကို
လှေလှော်သားများက တစ်ပြိုင်နက်
အားမာန် အပြည့်နှင့် သီကြွေးကြခြင်း
ဖြစ်ပေသည်၊
တစ်နည်းအားဖြင့် ရှေးအခါက ကစ္ဆပနဒီ
မြစ်ယံတွင် လှေတော်သံများ အသံမစဲရှိ
ချိမ့်မည် ဖြစ်သတည်း၊

ဗျည်း(၃၃) လုံး ဟန်စွလေ လှေလှော်သံ
°°°°°°°°°°°°°°°°°°°°°°°°°°°
(က)
က ကိုမူကား၊ ကဉ္စန ပဗ္ဗတာ ၊ ငွေတောင်သာက ၊
ဟင်္သာဝမ်းဘဲ ၊ ပျံဝဲသည် ၊ မစဲရံကာ ၊
ရံကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ခ)
ခ ကိုမူကား၊ မြတ်လှသည်းခံ ၊ ရသေ့ပျံကို ၊
အကြံယူမှား ၊ မင်းသားပြည်ရှင် ပြစ်မှားလျှင်ကား ၊ ပြည်တော်ဝင်ကာ ၊ ဝင်ကာသော်လည်း ၊ ဟန်စိလေ ဟန်စွလေ ၊

(ဂ)
ဂ ကိုမူကား၊ ဂန္ဓာလာ ၊ပန်းနံသာနှင့် ၊ လင်ရှာမရ ၊ နဂါးမလျှင် နေ့ညမပြတ် ၊ လှည့်ဖျားတတ်သည်၊ သူမြတ်ရွှင်ကာ ၊ ရွှင်ကာသော်လည်း ၊ ဟန်စိလေ ဟန်စွလေ၊

(ဃ)
ဃ ကိုမူကား၊ ဃရာဝါသ၊ ကိစ္စမြားမြောင်၊
လူတို့ဘောင်ဝယ်၊ ခွာရှောင်ချေပြီး၊ မင်းကြီးဓဋ္ဌ၊ သားလှလွတ်သည် ၊ အထွက်တင်ကာ၊
တင်ကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(င)
င ကိုမူကား၊ ငဆမုဆိုး ၊ နတ်မျိုးလည်းဟိ ၊
မဏိပတ္တမြား၊ ကုန်ခါစားသည်၊ လေးမြားကိုင်ကာ၊ ကိုင်ကာသော်လည်း ၊ ဟန်စိလေ ဟန်စွလေ ၊

(စ)
စ ကိုမူကား၊ စန္ဒသူရိယ ၊မင်းလှပြည်သျှင်၊
တောင်းပန်လျှင်ကေ၊ သျှင်ပင်ကိုယ်စား၊
သွန်း၍ထားသည်၊ ဖူးများလွယ်ကာ ၊
လွယ်ကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ဆ)
ဆ ကိုမူကား၊ ဆန္ဒန်ဆင်းမင်း၊ လေညင်းခံရာ၊ မုဆိုးလာ၍ ၊ ဖြတ်ကာစွယ်များ၊
ပေးကမ်းငြားသည်၊ မင်းအားဆက်ကာ၊ ဆက်ကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ည)
ည ကိုမူကား၊ ညယေဓြံတရား၊ ထိုငါးပါးကို ၊
ပိုင်းခြားထင်ထင်၊ သိမြင်ကုန်ကုန်၊ ပြီးပြည့်စုံသည်၊ ဗိုလ်ပုံလူများ၊ သိမြင်ကြားအောင်၊
ဟောကြားဗုဒ္ဓါ၊ ဗုဒ္ဓါသော်လည်း၊
ဟန်စိလေ ဟန်စွလေ ၊

(ဋ)
ဋ ကိုမူကား၊ ဋကူမင်းကြီး၊ မိကျောင်းစီး၍၊ ခရီးလွန်ရှည်၊ သန်လျင်ပြည်ကို၊ ဝင်လေညခါ ၊ ညခါသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ဌ)
ဌ ကိုမူကား၊ ဌာပနာကို၊ မြင်လာတန်ဆောင်၊ ကျွတ်လုံးပြောင်တည့်၊ မြားမြောင်ရှစ်သွယ်၊ မွေတော်ဓာတ်မြတ်၊ တောင်ထွဋ် တည်ကာ၊ တည်ကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ဍ)
ဍ ကိုမူကား၊ ဍဏ္ဍုမင်းကြီး၊ ကြီးအင်းကြောက်လှ၊
ဍုံဌဂါမဏိ၊ တိုက်စည်တီးလျှက်၊ မင်းကြီးကျီးပြည်၊ စစ်ထိုးလေသည်၊ ဝန်လည်းအောင်ကာ ၊ အောင်ကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ဎ)
ဎ ကိုမူကား၊ ဎရဌထာ၊ နဂါးသာသျှင်၊
ရီမှာမျိုးမြတ်၊ စီးပြီးလတ်သော်၊ စက်မြတ်ကြင်ရာ၊ ကြင်ရာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ဏ)
ဏ ကိုမူကား၊ ဏစဉ်ပင်က၊ ထွိမ်းညွန်ပြလွန်၊ ပရစံပ၊ တက္ဏုလကို၊ ပြည်ကစောင့်ကာ၊
စောင့်ကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(တ)
တ ကိုမူကား၊ တာဝင်္တိသာ ၊ ထက်မှာနေနား၊ မိနတ်သားကို၊ တရားသာယာ၊ မြတ်စွာဘုရား ၊ လာဟောငြားလည်း ၊ နတ်များ သောင်းသောင်း၊ အလောင်းကျွတ်ကာ၊ ကျွတ်ကာသော်လည်း၊
ဟန်စိလေ ဟန်စွလေ ၊

(ထ)
ထ ကိုမူကား၊ ထံပါးမကွာ၊ မယ်သူဇာနှင့်၊
မကွာတူစုံ ၊ ပျော်ကြကုန်သည်၊ အာရုဏ်
ပေးကမ်း၊ ရွှန်းရွှန်းသော်လည်း ၊ ဟန်စိလေ ဟန်စွလေ

(ဒ)
ဒ ကိုမူကား၊ ဒါနများလွန်၊ မင်းဝေသန်လျှင်၊
မြိုင်ခွင်တောသာ၊ ဝင်္ကပါသို့၊ ခွာလျှင်နေငြား၊ ပုဏ္ဏားဇူဇကာ၊ ဂဏှာဇာလီ၊ သူငယ်၊
နှစ်ယောက်၊ မူငါးမြှောက်ခါ၊ ကင်္ကာကင်္ကာ ၊ ကင်္ကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ဓ)
ဓ ကိုမူကား၊ ဓက္ကမင်းသား၊ စွမ်းခွန်အားနှင့်၊
ပတ္တမြားငုံကာ၊ ပျံကျလာသည်၊ ဆင်းဝါရုပ်ရေ၊ လှနတ်မေကို၊ မြင်ကေ ဝန်းကာ၊
ဝန်းကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ၊

(န)
န ကိုမူကား၊ နဂါးရာဇာ၊ ဘုရားလျာနှင့် နတ်ရွာ လူ့ပြည်၊ ပြောင်းကြည်ဝင်လျှင်၊ ညောင်ပင်ရင်း၌၊ သီတင်းသုံးကာ၊ သုံးကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ၊

(ပ)
ပ ကိုမူကား၊ ပပဝတီ ၊ ဒဝေီရတနာ၊
တောင်ညာ ထွဋ်ထား မိဖုရားအား၊ အားရကြံကာ၊ ကြံကာသော်လည်း ၊ ဟန်စိလေ ဟန်စွလေ ၊

(ဖ)
ဖ ကိုမူကား၊ ဖယကုမ္မာ ကြီးစွာပြောင်အား၊
ပင့်ကူကျားကို၊ လွှားလွှားခွပ်ကာ၊
ခွပ်ကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ဗ)
ဗ ကိုမူကား၊ ဗာလ လူမိုက်၊ မိန်းမစစ်ကို
ပစ်တက်တန်တင်၊ သဖန်းပင်တွင်၊
မြင်လျှင် မင်းကြီး ဆောင်းရွှေထီးနှင့် ၊
ဘိသိက်ခံကာ ၊ ခံကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ဘ)
ဘ ကိုမူကား၊ ဘဒ္ဒကမ္ဘာ၊ ပေါ်ခါအစ၊
ဗုဒ္ဓညောင်ဖြူ မေတ္တာဟူသည်၊ ငါးဆူရှင်ပင်၊
ရှင်ပင်သော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(မ)
မ ကိုမူကား၊ မဟော်သဓာ ဘုန်းပညာနှင့် ပုစ္ဆာမတ်လူ၊ မေးကြဟူသည်၊ လွယ်ကူဖြေကာ ၊ ဖြေကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ယ)
ယ ကိုမူကား၊ ယက္ခစွယ်ပြူး၊ ဘီလူးနှင့်မြင်း၊
အန်တုခြင်းသည်၊ ရန်ကိုမိကာ၊ မိကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ရ)
ရ ကိုမူကား၊ ရထားယဉ်သာ၊ နေစကြာနှင့်၊ တေဇာနည်းတူ၊ ထောက်စေဟူသည်၊
ထောက်စေသော်လည်း ၊ ဟန်စိလေ ဟန်စွလေ ၊

(လ)
လ ကိုမူကား၊ လက်ကမင်းဖျား ၊
စွမ်းစွမ်းအားနှင့်၊ ရထားစီးကာ၊
စစ်ထိုးလှာသည်၊ ဗိုလ်ပါငါးရာ ၊
ငါးရာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ဝ)
ဝ ကိုမူကား၊ ဝေဘူလတောင် ၊ မြင့်ခေါင်ရွှေဆောင်း၊ ဘီလူးပေါင်းနှင့်၊ ဘေးလောင်းထွက်ဖျား၊ မင်းသားလုလင်၊ ကျဆုံးလျင်သည်၊ ရန်ခွင်းဖြေကာ၊ ဖြေကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(သ)
သ ကိုမူကား၊ သံထုကုမ္မာ၊ စောမင်းလျာသည်၊
ဆရာမြတ်ထံ ကျိုးနွံခစား၊ နောင်တော်အားကို၊ တရားဆယ်သူ ၊ ထီးဖြူနှင်းကေ၊ နှင်းကေသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ဟ)
ဟ ကိုမူကား၊ ဟင်္သာငှက်ဝယ်၊ စစ်ဖြစ်မေကို၊
ခြေပူလောင်ဆာ မကြံသာသည်၊ ရေမှာမျောကာ၊ မျောကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ဠ)
ဠ ကိုမူကား၊ ဠာလမင်းသား၊ ရထားမစီး၊
မင်းကြီးသူမြတ် ဗြဟ္မဒတ်ကို၊ အမတ် ညီညာ၊ ပြည်နှင်းလာသည်၊ အရယူလာ ၊ ယူလာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(အ)
အ ကိုမူကား၊ အမ္ဘချိုအီး၊ သရက်သီးကို၊
ကျီးသားထွင်ဆီ သီးဆောင်ချီသည်၊ ဒေဝီစားကာ၊ စားကာသော်လည်း၊ ဟန်စိလေ ဟန်စွလေ ၊

(ရခိုင်စာဆိုတော်များ)စာအုပ်မှ
ထုတ်နုတ်ဖော်ပြပါသည် ၊

၁။ ဦးအောင်သာဦး
(ရခိုင်ယဉ်ကျေးမူ- ဝေသာလီ) စာ ၆၃။
၂။ ဓညစံ
(ရခိုင်လှေတော်သံ - မြဝတီမဂ္ဂဇင်း)စာ ၁၉၄။
၃။ ဦးသာထွန်းဦး
(ရခိုင်ရာဇဝင်အကျဉ်းချုပ် ဝေသာလီကျောက်လှေကားမင်းဆက်)
၄။ ရက္ခိမင်းညို ယခုခေတ်သုံး ရခိုင် အက္ခရာ
(ရခိုင်တန်ဆောင် အတွဲ - ၁၀)စာ ၁၅။
၅။ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ၊
( ရခိုင်)စာ ၁၉၉

Copy- Credit # U Wi Sittaa

ဦးချန်ထွန်း သို့မဟုတ် ရန်ကုန်မြို့ရှိ ဆူးလေ စေတီတော်မြတ်အား ကာကွယ်ခဲ့သူ ...................................................
21/07/2024

ဦးချန်ထွန်း သို့မဟုတ် ရန်ကုန်မြို့ရှိ ဆူးလေ စေတီတော်မြတ်အား ကာကွယ်ခဲ့သူ ...............................................................
ဦးချန်ထွန်း ( ၁၈၅၉-၁၈၉၄) စစ်တွေမြို့မှ ရွှေစလွယ်ရ သူဌေးကြီး ဦးရဲကျော်သူဆိုလျှင် ရခိုင်သားများ လောကတွင်မသိသူ မရှိသလောက်ပင် ထင်ပေါ်ကျော်ဇောသည်၊ သူ့သားဦးချန်ထွန်း အဖေခြေရာကိုနင်း၍ ထိုခောတ်ထိုချိန်က မြန်မာနိုင်ငံမက ဥရောပနိုင်ငံများအထိပင် သူ့အရှိန် အဝါ လွှမ်းမိုးခဲ့သော နာမည်ကြီး ဥပဒေပါရဂူတစ်ဦးဖြစ်သည်၊ ဦးရဲကျော်သူ၊ ဒေါ်သံဒါဖြူတို့ မိဘနှစ်ပါးတွင်သားသမီး(၁၀)ဦးထွန်းကားခဲ့ရာ သားယောက်ျား များမှာ ဦးကျော်ဦး၊ ဦးချန်ထွန်း၊ ဦးစံကျော်၊ ဦးရွှေဘန်း၊ ဦးသာဇံ၊ ဦးရွှေသာတို့ ဖြစ်ကြပြီး သမီးများမှာ ဒေါ်စံဝင်း၊ ဒေါ်စံမြခိုင်၊ ဒေါ်ရွှေခိုင်၊ ဒေါ်ရှင်ထွီးမတို့ ဖြစ်ကြသည်၊

ဦးချန်ထွန်း အပါအဝင် သား(၆)ယောက်စလုံးသည် ထိုခေတ်က အင်္ဂလန် ကျောင်းတွင် ကျောင်းနေခဲ့ကြ၍ စာတတ်ပေတတ် ပုဂ္ဂိုလ်များ ဖြစ်ကြသည် ညီအစ်ကို လေးယောက် ဖြစ်သော ဦးချန်ထွန်းအပါအဝင် ဦးရွှေဘန်း၊ ဦးရွှေသာ၊ ဦးသာဇံတို့သည် ဘိလပ်မှ ဥပဒေဘွဲ့ (Barrister at Law) ကို ရရှိခဲ့ကြသူများ ဖြစ်သည်၊ ဦးချန်ထွန်းသည် ဥပဒေဘွဲ့ နောက်ဆုံးနှစ် ဖြစ်သော ၁၈၈၁ခုနှစ်တွင် ရောမ ဥပဒေဘာသာရပ်၊ ဥပဒေ အတတ်ပညာ ဘာသာ ရပ်၊ အင်္ဂလိပ်လူမျိုးတို့၏ ရှေ့ဟောင်းထုံးတမ်းစဉ်လာ ဘာသာရပ် အားလုံးကို အမှတ်အများဆုံး ဂုဏ်ထူးနှင့် အောင်မြင်၍ ဝိတိုရိယဘုရင် မကြီး ကိုယ် တိုင် ဝိတိုရိယ ရွှေတံဆိပ်ဆုကို ချီးမြှင့်ခဲ့သည်၊

ဘာသာရပ်တိုင်းတွင် ထူးချွန်ဆု ရရှိခဲ့၍ ဘာသာရပ်တခုလျှင် ထိုခောတ်က စတာလင်ပေါင် (၁၀၀)စီ ချီးမြှင့်ခံခဲ့ရသူဖြစ်သည်၊ ဦးချန်ထွန်းရရှိခဲ့သော ဂုဏ်ထူးဆောင် အမှတ်မျိုးကို ဒုတိယကမ္ဘာစစ်ဖြစ်သော အချိန်အထိ နောက်ထပ် ထိုဆုမျိုးရရှိသူ လုံးဝမရှိကြောင်း သိရှိရသည်၊ ရန်ကုန်ပြန် လာ၍ ဝိတိုရိယ ဘုရင်မဆုကို လည်ပင်းတွင် ဆွဲ၍သွားလျှင် ဦးချန်ထွန်းနှင့် မျက်နှာချင်းဆိုင် ဆုံမိသောလူတိုင်း သူ့ကိုအလေးပြုရသည်၊ စက်ဘီးစီးလာသူ ဖြစ်နေလျှင် စက်ဘီးမှ ဆင်းရပ်၍ အလေးပြုရသည်ဟု ရှေ့နေဦးမောင်ကျော်ဇံဇနီး ဒေါ်ရီရီဇံ (အမှတ်-၂၈၊ စမ်းချောင်း၊အောင် မင်္ဂလာလမ်း)တွင် ဦးချန်ထွန်း ဆောင်းပါးရေးရန် Interview သွားလုပ်စဉ်က ပြောပြလိုက်သည်ကို အမှတ်ရမိပါသည်၊

ဝိတိုရိယ ဘုရင်မကြီးက သူပိုင်စိုးသော ကိုလိုနီနိူင်ငံများထဲမှ ဤမျှလောက် ပညာတော်သော ကလေးမျိုး ရှိသည်ကို တအံတသြ ဖြစ်ခဲ့ရသည်ဟု သိရှိရသည်၊ တွေ့ချင်လွန်း၍ အခေါ်ခံရသောအခါ တောသားလေးက ရခိုင်ရိုးရာ ဝတ်စုံ ဖြစ်သည့် တောင်ရှည်ပုဆိုး၊ ရင်ဖုံးအင်္ကျီဝတ်ဆင်၍ ရခိုင်ရိုးရာ ဖော့ လုံး ခေါင်းပေါင်း ပေါင်းပြီး သွားရောက်ခဲ့သည်၊ ဘုရင်မကြီးက လက်ဆွဲ နှုတ်ဆက်ပြီး လက်ဖက်ရည်ပွဲနှင့် မောင်ချန်ထွန်းကို ဧည့်ခံခဲ့သည်၊ ဝိတိုရိယ ဘုရင်မကြီးဆုကို သူကိုယ်တိုင် ချီးမြှင့်ပြီး ဘုရင်မကြီး၊ သားတော်နှင့် တော် ဝင် မြင်းရထားကို စီးခွင့်ရသော ဆုလည်းပါဝင်သည့်အပြင် နန်းတော်ထဲသို့ အချိန်မရွေး သွားလာနိုင်ခွင့် အခွင့်အရေးကိုပင် ဘုရင်မကြီးက ပေးအပ်ခဲ့သည်၊

ဦးချန်ထွန်းသည် အင်္ဂလန်တွင်နေစဉ် သူမိတ်ဆွေ များအနက် ကမ္ဘာကျော် စာရေးဆရာကြီး အော်စကာဝိုင်း (Mr.Oscar Wild) တစ်ယောက်လည်း အလွန်ရင်းနှီးသော မိတ်ဆွေတစ်ဦး ဖြစ်ခဲ့သည်၊ အော်စတာဝိုင်းနှင့် အတူသွား အနေများခဲ့၍ ဦးချန်ထွန်းက ရခိုင်လူမျိုး၊ ရခိုင်ယဉ်ကျေးမှု၊ ရခိုင်သမိုင်းများကို ပြောပြခဲ့ဟန်ရှိသည်၊ အော်စကာဝိုင်းသည် ရခိုင်သမိုင်း ကြောင်းများကို စိတ်ဝင်စားလာ၍ ရခိုင်သမိုင်းနှင့် ပတ်သတ်သော စာအုပ်စာတမ်းများ၊ ပေစာများကို စုဆောင်းရှာဖွေပေးရာ The King of Arakan (ရခိုင်မင်း တရားကြီး) ဆိုသော စာအုပ်ကို အင်္ဂလန်တွင် ထုတ်ဝေခဲ့သည်၊

ဦးချန်ထွန်းလည်း အင်္ဂလန်တွင် နေစဉ် The Nature and Value of Jurisprudence စာအုပ်ကို Messrs Sweet And Maswell စာအုပ် တိုက်မှ ထုပ်ဝေခဲ့သည်၊ ယင်းစာအုပ်သည် အင်္ဂလန်တွင် အလွန်လူကြိုက် များ၍ တတိယအကြိမ်ပင် ထုတ်ဝေခဲ့သည်၊ ဦးချန်ထွန်း ရန်ကုန်သို့ ပြန်ရောက်လာသောအခါ Leading Cases in BurmeseLaw စာအုပ်နှင့် Burmese Buddhist law စာအုပ်နှစ်အုပ်ကို ရေးသားခဲ့သည်၊ ယင်းစာအုပ်(၂)အုပ်သည် ယနေ့ထက်တိုင် မြန်မာတရားရေးရာ ဌာနတွင် လက် သုံး (Manual)အဖြစ် အသုံးပြုနေဆဲဟု သိရသည်။ Burmese Buddhist Law စာအုပ်သည် စာရေးသူ၏ ဖခင်ဦးမောင်သာဇံ (စက်ရှင်တရားသူကြီး -ငြိမ်း) ဗဟို တရားရုံးချုပ် ရှေ့နေက သူ၏ စာကြည့်တိုက်တွင် တရိုတသေ သိမ်းဆည်းထားခဲ့ရာ ယခု ယင်းစာအုပ်သည် စာရေးသူ၏ စာကြည်တိုက်တွင် ရှိနေပါသည်၊

ယင်းစာအုပ်၏ မျက်နှာဖုံးကို ယခု ဦးချန်ထွန်း၏ အတ္ထုပ္ပတ္တိ ဆောင်းပါးနှင့်အတူ ဖော်ပြ ထားပါသည်၊ ၁၈၅၄ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် စီမံကိန်းချ၍ ရန်ကုန်မြို့ကို ခောတ်မီမြို့တော်ပြုလုပ်ခဲ့ရာ အကွက်ရိုက်ပြီး အိမ်ရာ တိုက်တာများ ဆောက်လုပ်ခဲ့သည်၊ ထိုစဉ်ကယခုသိမ်ကြီးစျေး နေရာတွင် ဆူးလေစေတီလောက်ကြီးသော `ကျိုက်မြတ်သံချို` စေတီတစ်ဆူ ရှိခဲ့သည်ကို လမ်းနှင့် မလွတ်၍ ဖြိုဖျက်ပစ်ခဲ့သည်၊ ရန်ကုန်မြို့ရှိ ဘုန်းကြီးကျောင်းများ အားလုံးနီးပါးကို အကွက်များချရာတွင် မလွတ်ဆိုပြီး လမ်းမတော်မြို့နယ် သရက်တောဥယျာဉ် အတွင်း စုပေါင်း၍ ရွှေ့ပြောင်း ခဲ့သည်၊ (ယနေ့တိုင် သရက်တော ကျောင်းဝင်းအတွင်း ထိုစဉ်က အမည် အတိုင်း ဘုန်းကြီးကျောင်း မြောက်များစွာ ရှိနေပါသေးသည်၊
ဒုတိယအကြိမ် လမ်းများ တိုးချဲ့ရာတွင် လမ်းမလွတ်ဟု ဆိုပြီး ဆူးလေ ဘု ရားကို ယခုနေရာမှအခြားတစ်နေရာသို့ ရွှေ့ပြောင်းရန် ဆွေးနွေး ခဲ့ကြသည်၊ ထိုစဉ်က ဗြိတိသျှအရာရှိများ တင်ပြချက်တွင် နောက်အနှစ် ၅၀- ၁၀၀ အတွင်း ရန်ကုန်မြို့သည် ကမ္ဘာ့အဆင့်မှီ မြို့တော်ကြီး တစ်မြို့ ဖြစ်လာမည်ဖြစ်ရာ ပတ်ချာလည် ဝိုင်းရံလျက်ရှိသော မိုးထိအောင် မြင့်မားသည့် အဆောက်အအုံများအောက် ရောက်နေမည်ဖြစ်၍ မသင့်တော်ဟု အ ကြောင်း ပြခဲ့ပါသည်၊ မြန်မာလူမျိုးများ စိတ်ကြိုက် သင့်တော်သည့် နေရာ ရွှေ့၍ ပုံတူဆောက်ပေးရန် အကြောင်းပြခဲ့သည်၊

ယင်းကိစ္စကို အင်္ဂလိပ်အရာရှိများ အပါအဝင် မြန်မာအရာရှိများက ကန့်ကွက်သူမရှိ သဘောတူကြသည်၊ ဦးချန်ထွန်း တစ်ယောက်သာ အကြီး အကျယ် ကန့်ကွက်ခဲ့သည်၊ အင်္ဂလိပ်ခေတ်တွင် အထက်မှ ချက်မှတ်ထား သော အမိန့်တစ်ခုကို လုပ်သင့်သည် ဖြစ်စေ မလုပ်သင့်သည် ဖြစ်စေ မပြောရဲသော ခေတ်၊ အလုပ်ပြုတ်မှာ ကြောက်သည်က တကြောင်းကြောင့် မည်သူမျှ ဦးချန်ထွန်းဘက်မှ မားမားရပ်တည်၍ ပြောဝံ့သူမရှိပါ၊ မြန်မာ လူမျိုးများ၏ ထုံးတမ်းစဉ်လာတွင် ဘုရားတည်ပြီးလျှင် ရွှေ့ပြောင်းခြင်း၊ ဖျက်ခြင်း ပြုလုပ်ရိုး ထုံးစဉ်မရှိဟု တင်ပြခဲ့သည်၊ အလားတူ လန်ဒန်ကို ခေတ်မီမြို့တော် ဆောက်လုပ်စဉ်က Square Building အဝိုင်းကို ရှေ့ဟောင်း အဆောက်အအုံတစ်ခုအဖြစ် အနေဖြင့် ဘာကြောင့် ချန်ထားခဲ့သလဲဟု အရေးဆိုခဲ့သည်၊

ဦးချန် ထွန်း၏ ကန့်ကွက်ချက်များ လုံးဝ အရာမရောက်ခဲ့၍ စနေဒေါင့်မှစ၍ ဆူးလေဘုရားကို ဖျက်ပါတော့သည်၊ ဦးချန်ထွန်းသည် အာဂသတ္တိရှင်တစ်ဦး ဖြစ်သည်၊ လုပ်ရဲသည်၊ လုပ်ရဲသောသတ္တိ ရှိသည်၊ အလုပ်ပြုတ်ချင် ပြုတ်ပါစေ လုံးဝနောက်မဆုတ်ခဲ့ပါ၊ သူ့ကိုရွှေတံဆိပ်ဆု ပေးထားသောဝိတိုရိယ ဘုရင်မကို ချက်ချင်း သတိ ရလာခဲ့သည်၊ ကြေးနန်းရိုက်ပြီး စာတစ်စောင်ကိုလည်း ဘုရင်မကြီးထံ အကျိုးအကြောင်း ရေးးသားပေးပို့လိုက်သည်၊ ဦးချန်ထွန်၏ ကျေးဇူး၊ ဝိတိုရိယ ဘုရင်မကြီး၏အမိန့်ကြောင့် ယနေ့မြန်မာလူမျိုးတို့ ဆူးလေစေတီကို ရန်ကုန်မြို့လည်တွင် တွေ့နေရခြင်း ဖြစ် သည်၊

ဦးချန်ထွန်းကျေးဇူးကား အလွန်ကြီးမားပါသည်၊ ဆပ်၍ ကုန်နိုင်မည် မ ဟုတ်ပါ၊ ဆူးလေစေတီကို ဖူးတွေ့ရတိုင်း ဦးချန်ထွန်းကို သတိရသင့်ပေသည်၊ ဒေါက်တာတင်အောင်နှင့် တရားလွှတ်တော် တရားဝန်ကြီး မစ္စတာဒတ်(ခ်)တို့က အရှေ့တောင်အာရှ နိုင်ငံများတွင် ဦးချန်ထွန်းလောက် ဥပဒေရေးရာ ကျွမ်းကျင်သူမပေါ်သေး၊ အိန္ဒိယတိုက်တွင် အတော်ဆုံး(၃)ဦးကို ရွေးထုတ်၍ ပြောရလျှင် (၁)ဦးချန်ထွန်း၊ (၂)ဦးမဲအောင်၊ (၃)ဦးသိန်းမောင်တို့ ဖြစ်သည်ဟု သိရှိရသည်၊ ဦးချန်ထွန်းသည် အင်္ဂလန်မှ ပြန်လာစဉ် အိုင်ယာလန်သူ Miss Cosgroves ကိုလက်ထပ်၍ ခေါ်လာခဲ့သည်၊

ဦးချန်ထွန်းအား မြန်မာ ယဉ်ကျေးမှု ရှုထောင့်မှ ကြည့်လျှင် အမှားတစ်ခုကို ပြုလုပ်ခဲ့သည်ဟု ဆို၍ရပါမည်၊ (ပြစ်မှုတစ်ခုကို ကျူးလွန်ခြင်းတော့မဟုတ်ပါ) ဦးချန်ထွန်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်၍ စာရေးသူအနေနှင့် ဝေဖန်ပိုင်ခွင့် မရှိပါ၊ သို့သော်`ငါမှားလေခြင်း` ဆိုသော နောင်တ တစ်ခုကိုတော့ သူ၏ အသဲနှလုံးကြားတွင် ရင်နှင့်အောင် သေသည်အထိ ခံစားသွားရသည်ဟု စာရေးသူ ကောက်ချက်ဆွဲယူပါသည်၊ ထိုခေတ် ထိုအခါသည် ဗြိတိသျှအင်ပါယာကြီး နေမဝင်နိုင်ငံ တစ်နိုင်ငံ ဖြစ်လျက်ရှိသောအခြေ အနေ အချိန်အခါ၊ သူတို့ သွေးနားထင် ရောက်နေသောအချိန်၊ အာရှတိုက်သားများကို လူညံ့၊ လူဖျင်း၊ လူအဟု ယူဆပြီး မတူမတန် ဆက်ဆံနေသော အချိန်၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို တန်ဖိုးထားရမှန်းပင် မသိ၍ ဘုရားကျောင်းကန်များကို ဖိနပ်စီး၍ တက်ခဲ့ကြသည်၊ (Shoe's Question) ပေါ်ပေါက်ခဲ့သည်၊

ဦးချန်ထွန်းသည် သူ၏ရှုမငြီး ချစ်ဇနီး အသားဖြူဖြူ ဘိုမလေး Miss Cosgrovesကို သူ၏မွေးရာ ဇာတိရပ် မိ သားစု နေထိုင်သော စစ်တွေမြို့သို့ ခေါ်လာခဲ့ပါသည်၊ မိသားစုအားလုံးက ကြမ်းမှာထိုင်ပြီး ဂါဝန်ဝတ်ထား သောဘိုမကို ကုလားထိုင်နှင့် အပေါ်မှာ ထိုင်ခိုင်းခဲ့ရသည်၊ ရခိုင်များ စားပွဲအဝိုင်းတွင် ဝိုင်းထိုင်ပြီးထမင်းများကို လက်နှင့်နယ်၍ စားပြသည်၊ ဘောင်း ဘီမဝတ်ဘဲ စားပွဲခြင်းအစ (လုံချည်ကို ဆိုလိုသည်)ကို ချုပ်၍ ဝတ်သောလူမျိုး၊ ကွမ်းစားသောလူမျိုး၊ ဘိုကေမထားဘဲ ဆံပင်မဖြတ် သျှောင်ထုံးထားသည်၊ ဆံပင်ကိုအဝတ်နှင့် ပတ်ထားသည် (ခေါင်းပေါင်းကို ဆိုလို သည်) စသည်ဖြင့် အင်မတန်မှ အထင်သေး အမြင်သေးနှင့် ဝေဖန်ခံခဲ့ရသည်ကို ဦးချန်ထွန်း အလူးအလဲခံခဲ့ရသည်၊

မိဘလက်ထက်မှ သူ့ဘဝ တစ်လျှောက်လုံး အပွဲပွဲနိုင်လာခဲ့သမျှ ဇနီးသည် Miss Cosgroves နှင့်ကျမှ ဒူးထောက်အရှုံးပေးခဲ့ရသော စစ်သူကြီး ဦးချန်ထွန်းနှင့် Miss Cosgroves တို့၏ အိမ်ထောင်ရေးသည် မည်ရွေ့ မည်မျှအထိ အဆင်ပြေမပြေ ဆိုသည့် အတိုင်းအတာ ဒီဂရီကို စာရေးသူမသိပါ၊ ဦးချန်ထွန်းနှင့် ရခဲ့သော Miss Marie Chan Tun ကိုခေါ်ပြီး အင်္ဂလန်သို့ ပြန်သွားပါသည်၊ သူသည် မြန်မာလူမျိုး ယဉ်ကျေးမှုကို အထင် သေး အမြင်သေး များစွာဖြင့် ရှုမြင် သုံးသပ်ပြီး နောက်ပိုင်း`The Marriage in Burma` ဟူသော စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါသည်၊ မကြာသေးမီက ကမာရွတ်၊ လှည်းတန်းရှိ အတ္တိယလမ်းတွင် နေထိုင်သော ဦးချန်ထွန်းညီ၊ ဦးရွှေသာ၏မြေး ဘဏ်မန်နေဂျာ ဦးရွှေဖြူနှင့် တွေ့ဆုံစဉ် မေးမြန်းကြည့်ရာ ထိုစာအုပ်က လွန်ခဲ့သော(၃၀)ကျော်က ရန်ကုန် တက္က သိုလ် စာကြည့်တိုက်မှ ငှားရမ်း၍ သူကိုယ်တိုင် ဖတ်ဖူးကြောင်း ပြောပြပါသည်၊

စာရေးသူသည် Miss Cosgroves ရေးသားသော စာအုပ်ကို ပြန်လည်ချေပ ရေးသားရန် ရန်ကုန်တက္ကသိုလ် စာကြည်တိုက်တွင် သွားရှာပါသည်၊ လုံးဝမတွေ့ဘဲ ပြန်လာခဲ့ရသည်၊ ယခုဤ စာအုပ်ရေးသားသော အချိန်ထိ လမ်းသွား လမ်းလာအခွင့်ရတိုင်း လိုက်ရှာနေဆဲ ဖြစ်ပါသည်၊ လူမျိုးမတူ၊ ဘာသာမတူ၊ ယဉ်ကျေးမှုမတူလျှင် ယောင်္ကျားဖြစ်ငြစေ၊ မိန်းမဖြစ်စေ မိမိဘဝအတွက် တစ်သက်တာ အိမ်ထောင်ဖက် ရွေးချယ်သောအခါ အထူးသတိထားရန် အချက်တချက် ဖြစ်သည်ကို ဦးချန်ထွန်း၏ ကိုယ်တွေ့ တစ်သက်တာက သင်ခန်းစာယူစရာ ကျန်ရစ်ခဲ့ပါသည်၊

ဦးမောင်ကျော်ဇံ (BA.BL) ရှေ့နေကြီး၏ဇနီး ဒေါ်ရီရီဇံ ပြောပြချက်အရ Miss Cosgroves သည် ဦးချန်ထွန်းနေသော မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ လုံးဝ ပြန်မလာတော့ဟု သိရှိရပါသည်၊ ဦးချန်ထွန်းလည်း နောက်အိမ် ထောင် မပြုခဲ့ပါ၊ သူ၏ဇနီးနှင့် သူအလွန်ချစ်သော သမီးငယ် ပြန်မလာတော့ပြီဟု သိသောအခါ ဦးချန်ထွန်းတစ်ယောက် မည်သို့သော ဝေဒနာမျိုးကို ခံစားရပါမည်နည်း၊ မိမိဘဝတွင် ဟာလာဟင်းလင်းနှင့် မည်သူကိုမျှ ရင်ဖွင့်ပြောကြား၍ မဖြစ်၊ ပြောလည်းမပြောချင်၊ သူများနှင့်လည်း မဆိုင်၊ ဘယ်သူမပြုမိမိမှု၊ ဦးချန်ထွန်းမှလွဲ၍ မည်သူမျှ သိနိုင်မည် မဟုတ်ပါ၊ နောက်ပိုင်းတွင် တစ်ယောက်တည်း ဦးတည်ရာမရှိ စိတ်သောက ဖိစီးပြီး စက်ဘီးတစ်စီးနှင့် လျှောက်သွားနေခဲ့သည်၊

ဝိတိုရိယ ဘုရင်မကြီးကိုယ်တိုင် နန်းတွင်းခေါ်၍ လက်ဖက်ရည်ပွဲနှင့် ဧည်ခံပြီး ဝိတိုရိယ ရွှေတံဆိပ်ဘွဲ့ကို ပေးခဲ့သည်၊ နန်းတွင်းတွင် အချိန်မရွေး ဝင်ထွက်ခွင့် အမိန့်ရသူတစ်ဦး၊ ဒုတိယကမ္ဘာစစ် မဖြစ်မီအထိ အင်္ဂလန်နိုင်ငံ ဥပဒေဘာသာရပ်တွင် သူ့လို ဒီဂရီအမြင့်ဆုံး အမှတ်မျိုး မည်သူမျှ မရရှိခဲ့၊ သူရေးခဲ့သော ဥပဒေစာအုပ်များသည် မြန်မာနိုင်ငံ တရားရုံးချုပ်တွင် ယခုထိ အသုံးပြုနေဆဲ ရည်ညွှန်းကိုး ကား နေဆဲဖြစ်သည်၊
ဆူးလေဘုရားကို မဖျက်ရန် အရေးဆိုခဲ့ရာတွင် နေမဝင်ဝိတိုရိယ ဘုရင်မကြီးထံ ကြေးနန်းနှင့်တစ်မျိုး၊ စာရေး၍တစ်ဖုံ သတ္တိရှိရှိ ရဲရဲတောက်တင်ပြခဲ့သူ၊ ဤမျှလောက် နိုင်ငံအတွက် အဖိုးတန်ရတနာသားကောင်း တစ်ဦးသည် အသဲကျွမ်းဝေဒနာ (ဝါ) စိတ်ထိခိုက်သော ဝေဒနာဖြင့် အသက် (၃၅) နှစ်တွင် ကွယ်လွန်ခဲ့ရသည်၊ ရေတိမ်နစ်ခဲ့ရသည်၊ နိုင်ငံအတွက် ဆုံးရှုံးမှု တ ရပ်အဖြစ် စာရေးသူဝမ်းနည်းစွာဖြင့် မှတ်တမ်းတင်ပါသည်၊ တစ်ချို့သောရခိုင်အချို့က မိမိကိုယ်ကို သတ်သေသွားသည်ဟု ပြောကြသည်၊ ဟုတ်မဟုတ်တော့ စာရေးသူ အတိအကျ စုံစမ်း၍မရပါ၊ ဒေါ်ရီရီဇံကို မေးကြည့် သောအခါ `မဟုတ်ပါဘူး`ဟုဆိုသည်၊ ဦးချန်ထွန်း၏ဖခင် သူဌေးကြီးဦးရဲကျော်သူသည် ကွယ်လွန်ခါနီးတွင် သားသမီး(၁၀)ယောက်ကို တစ်ယောက် လျှင် ရူပီး(၁၀)သိန်းကျစီ အမွေပေးခဲ့ရာ ဦးချန်ထွန်း၏သမီး Miss Marie Chan Tun သည် စစ်တွေမြို့သို့ လာ၍ အဘိုးပေးသော ရူပီ(၁၀) သိန်းကို လာယူပြီး အင်္ဂလန်သို့ ပြန်သွားပါသည်၊

ဓါတ်ပုံ၊ ဦးချန်ထွန်း၏ ဖခင် သူဌေးကြီးဦးရဲကျော်သူ ဆောက်လုပ်လှုဒါန်းခဲ့သော ဘုန်းတော်ကြီးကျောင်းကို ၁၉၄၂ ခုနှစ်က တွေ့ရစဉ်။နှင့်
ကိုးကား
အေးသိန်း၏ နိုင်ငံအကျိုးပြု အဖိုးတန်ရတနာများ (၂၀⁠၀၇-ခု၊ ဩဂုတ်လ)
The Aspen Daily Times, January 28, 1894 ထုတ် သတင်းစာ ဘင်္ဂလိပ်ဘာသာဖြင့် ဖတ်ရန်
Link >> https://bit.ly/4eZ3wpb
Credit - Arakkha Zin Myo
17 July 2024
#ဦးရဲကျော်သူ
#ဦးချန်ထွန်း
#ရခိုင်သမိုင်း
#ဆူးလေ
#ရန်ကုန်

21/07/2024
Arakan Coin (8th) century💪💪💪
08/05/2024

Arakan Coin (8th) century💪💪💪

ဂျပန် နှင့် တရုတ် မှ အထူးမျက်စိကျနေသည့် ရခိုင်ပြည် ရသေ့တောင်မြို့နယ် အငူမော်ကျွန်းမှ အနက်ရောင်သဲ..တရုတ်နဲ့ ဂျပန်တွေစိတ်၀...
02/05/2024

ဂျပန် နှင့် တရုတ် မှ အထူးမျက်စိကျနေသည့် ရခိုင်ပြည် ရသေ့တောင်မြို့နယ် အငူမော်ကျွန်းမှ အနက်ရောင်သဲ..

တရုတ်နဲ့ ဂျပန်တွေစိတ်၀င်စားနေတဲ့ ရခိုင် မှအနက် ရောင်သဲများအကြောင်းသိကောင်းစရာ
*********************************

ဒီတလော သတင်းမှာ တွေ့နေရတာကရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် (အငူမော်)ကျွန်းက အနက်ရောင် သဲများကို
တရုတ်ပြည်က စိတ်၀င်စားပြီး လာရောက် စမ်းသပ်မှု တွေ
ပြုလုပ်နေတယ် ဆိုတာပါပဲ။

မြန်မာပြည်သူ အများစုကတော့ အဲဒီ အနက်ရောင်သဲတွေက ဘာလဲ၊ ဘယ်မှာ သွားသုံးမှာလဲ၊ ဘာတန်ဖိုးရှိလဲ ဆိုတာ သိကြအုံးမယ်လို့ မထင်ပါ

အဆိုပါ အနက်ရောင်သဲများ က အင်္ဂလိပ်လိုတော့ rare earth လို့ ခေါ်ပါတယ်။

တိုက်ရိုက်ပြန်ရင် ရှားပါးတဲ့မြေ ပေါ့၊ ဒါပေမဲ့ အဲဒီပစ္စည်းက ရှားလည်းမရှားပါး မြေကြီးလည်း မဟုတ်ပါဘူး။

rare earth ဆိုတာက
ဒြပ်စင်ပေါင်း ၁၇ မျိုး ပါ၀င်တဲ့ သတ္တုဒြပ် အမျိုးအစားတွေကို ခေါ်ပါတယ်။

အဲဒါတွေက scandium (Sc-21),
yttrium (Y-39),
lanthanum (La-57),
cerium (Ce-58),
praseodymium (Pr-59),
neodymium (Nd-60),
promethium (Pm-61),
samarium (Sm-62),
europium (Eu-63), gadolinium (Gd-64), terbium (Tb-65), dysprosium (Dy-66), holmium (Ho-67),
erbium (Er-68),
thulium (Tm-69),
ytterbium (Yb-70),
and luteium (Lu-71) တို့ ဖြစ်ပါတယ်။

အဲဒီ သတ္တုတွေကို တချို့က the silent heroes of
modern technolog လို့ တင်စားကြပါတယ်။

Rare earth ဟာ မရှားပါးပေမဲ့ အဲဒီ ဒြပ်စင်သတ္တုတွေက
တမျိုးတည်းသီးခြား တွေ့ရဖို့ မဖြစ်နိုင်ပါဘူး။

မရှားပါးပေမဲ့ အဲဒီရောစပ်နေတဲ့ rare earth ထဲမှာ ပါ၀င်နေတဲ့ ဒြပ်သတ္တု တစ်ခုချင်းကို သန့်စင်ခွဲထုတ်ဖို့က အန္တရာယ်များ၊ ခက်ခဲလွန်းပြီး စီးပွားဖြစ်ပမာဏရဖို့ မလွယ်ကူဖူးလို့ သိရပါတယ်။

နေ့စဉ်ထိတွေ့ သုံးစွဲနေတဲ့ အရာများစွာမှာ rare earth သတ္တုတမျိုးမျိုး သေချာပေါက်ပါ၀င်နေပါတယ်။

တီဗီ၊ ကွန်ပြူတာ၊ ရေနံတူးစက်၊ သေးငယ်တဲ့ အီလက်ထရွန်းနက် အစိတ်အပိုင်းများ၊ မော်တော်ကား၊ Hybrid ကား၊
အလင်းဖန်မျှင်ကြိုး၊ စစ်လက်နက် ကိရိယာများ၊ နုကလီယား ဓာတ်ပေါင်းဖို နဲ့ အာကာသယာဉ် ကိုယ်ထည်တွေမှာ
အဲဒီသတ္တု တမျိုးမဟုတ်တမျိုး ထည့်သွင်း အသုံးပြုထားပါတယ်။

Erbium သတ္တုကို နေကာမျက်မှန်၊ အလှဆင်ပန်းအိုး၊ လေဆာခွဲစိပ်မှု နဲ့ သတင်းအချက်အလက် လျင်မြန်စွာစီးဆင်းစေတဲ့ အလင်းဖန်မျှင်ကြိုးတွေမှာ မရှိမဖြစ် သုံးရပါတယ်။

Europium သတ္တုကို တီဗီဖန်သားပြင်၊LED မီးလုံး တွေ နဲ့ နျူကလီးယားဓာတ်ပေါင်းဖို မှာ အသုံးပြုပါတယ်။

Hybrid ကား (ဆီနဲ့ ဘက်ထရီ နှစ်မျိုးသုံး) မောင်းနေတဲ့
ကားပိုင်ရှင်တွေကိုယ်တိုင် rare earth ကို သူတို့နေ့စဉ် သုံးနေရတယ်ဆိုတာ မသိကြပါဘူး။

တိုယိုတာ Prius Hybrid ကားတိုင်းမှာ Lanthanum
၁၀ ပေါင် ထည့်သုံးထားပါတယ်။ ဟိုင်းဘရစ်ကားမှာပါတဲ့ဘက်ထရီအမျိုးအစား"nickel-metal hydride" က Lanthanum သတ်တုကို သုံးထားတာပါ။

အဲဒါနဲ့ အခြား ဟိုင်းဘရစ်ကားတွေရယ်၊တရုတ်ပြည်မှာ သုံးနေတဲ့ ဘက်ထရီကားငယ်လေးတွေ အားလုံးပေါင်းလိုက်ရင် လိုအပ်မယ့် Lanthanum က စျေးကွက်မှာလုံလောက်စွာမရှိပါဘူး" လို့ rare earth ကျွမ်းကျင်ပညာရှင် Jack Lifton က ဆိုပါတယ်။

ဒါ့အပြင် တိုယိုတာကားကုမ္ပဏီ က lanthanum တူးဖော်ထုတ်လုပ်ရေးမှာ ရင်းနှီးမြုပ်နှံနေတဲ့ တစ်ခုတည်းသော ကားကုမ္ပဏီဖြစ်ကြောင်းလည်း သိရပါတယ်။

အချက်အလက်များအရ ကမ္ဘာပေါ်မှာ တရုတ်ပြည် က rare earth ပမာဏ အများဆုံး ပိုင်ဆိုင်ထားပြီး ပြည်တွင်း
စက်မှု လုပ်ငန်း များမှာ အသုံးပြုဖို့ လုံလောက်အောင်ဆိုပြီး ၂၀၁၀ ခုနှစ်မှာ ပြည်ပသို့ တင်ပို့ရောင်းချမှုကို ကန့်သတ်လိုက်ပါတယ်။

အဲဒီ သတင်း ကြောင့် rare earth စျေးနှုံးများ ခုန်တက်သွားခဲ့ပါတယ်။ rare ရဲ့ စျေးနှုန်းကတော့ စျေးကွက်မှာရှိတဲ့ ပမာဏ နဲ့ ၀ယ်လို အားပေါ် မူတည်ပြီး ပြောင်းလဲနေတတ်ပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၂ ခုနှစ်HEFA ရဲ့ စျေးနှုန်းအရ
၁ ကီလိုဂရမ် စျေးကို ဖော်ပြထားပါတယ်။

Scandium metal -
အမေရိကန် ဒေါ်လာ ၁၅၀၀၀
(၁ ကီလိုစျေး)၊
Terbium metal - ၂၅၀၀၊
Neodymium metal - ၁၁၅၊
Lanthanum metal - ၂၈၊
Europium Oxide - ၂၁၅၀၊
Dysprosium Oxide - ၉၇၅၊
Erbium metal - ၂၇၅၊
Cerium metal - ၂၅ ဒေါ်လာ ....။

ဒါကြောင့် နိုင်ငံခြားမှလာရောက် ရင်းနှီးမြုပ်နှံသူတွေကို
ကြေးနီ၊ ရွှေ၊ ရေနံ၊ ဂက်စ် စတဲ့ သတ္တုတွင်းများမှာ တူးဖော်ခွင့် ပေးထားရာကအချောင်ရောပါသွားနိုင်တဲ့ (တနည်း) ခိုးထုတ်သွားမယ့် အဆိုပါ အနက်ရောင်သဲ ခေါ် rareearth အကြောင်းကို မြန်မာပြည်သူတွေ ဂရုစိုက် သိထားသင့်ကြောင်းမျှဝေလိုက်ပါတယ်...

Rmd Thutazone မှ ဗဟုသုတအဖြစ် ပြန်လည် မျှဝေပါတယ်...

အေဂနိ ညသာဖက်နိအဝင်၊လအဝင် ရွာအနောက်ဖက် အာကာမှာ ထူးထူးဆန်းဆန်းပေါ်ခရေ ​မြင်ကွင်းရခိုင်ပြည်တစ်ခြားမြို့တိကလည်း မြင်ကတ်ရရေလိ...
11/03/2024

အေဂနိ ညသာဖက်
နိအဝင်၊လအဝင် ရွာအနောက်ဖက် အာကာမှာ ထူးထူးဆန်းဆန်းပေါ်ခရေ ​မြင်ကွင်း

ရခိုင်ပြည်တစ်ခြားမြို့တိကလည်း မြင်ကတ်ရရေလို့သိရရေ

ကောင်းရေ အတိတ်နမိတ်ဖြစ်ပါလီ...

11/02/2024

အာရက္ခ(၁)

26/01/2024

လက်ဟိ ရခိုင်ပြည်ကဖုန်းလိုင်းအခြီအနီ

15/01/2024

ဆောင်းဟေမာန်အလွမ်း
ဆို...ရက္ခိုင့်တပ်တော် စစ်သည်တော်အဖွဲ့

Address

Rathedaung

Website

Alerts

Be the first to know and let us send you an email when KoneTann Development -Youths Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to KoneTann Development -Youths Organization:

Shortcuts

Share