24/01/2025
ဖယ်ခုံမြို့နယ်အခြေခံပညာကျောင်းသားများ သမဂ္ဂနှင့်အတူ မိမိတို့ ပျဥ်းမနားစိုက်ပျိုးရေးသိပ္ပံကျောင်းသားများသမဂ္ဂကလည်း အမှန်တရားပေါ်ပေါက်ရေးအတွက် အစွမ်းကုန် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်သည်။
ဖယ်ခုံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ
ဖယ်ခုံမြို့နယ်အတွင်းတာဝန်ခံကျောင်းဆရာတစ်ဦးမှလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့်ပတ်သက်၍သဘောထားထုတ်ပြန်ကြေညာချက်
ဖယ်ခုံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂသည် ဒီဇင်ဘာလ၂၀၂၄ခုနစ်တွင် ဖယ်ခုံမြို့နယ်အတွင်းရှိလူထုအခြေပြု အခြေခံပညာအထက်တန်းကျောင်းများအား လှည့်လည်စည်းရုံးခြင်း စစ်ဘေးရှောင်လူထုအား ကူညီခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထိုသို့ပြုလုပ်နေစဥ်အတွင်း ဖယ်ခုံမြို့နယ် ၊လယ်ထွန်ကျေးရွာအထက်တန်းကျောင်းမှ ကျောင်းတာဝန်ခံ ဦးဇော်ဇော်ထွန်းမှ ကျောင်းသားများအပေါ် လိသ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုများ သွေးဆောင်ဖျားယောင်းမှုများတစ်ကြိမ်ထက်မက ကျူးလွန်နေသည်ကိုကျောင်းသားများထံမှ တစ်ဆင့် သိရှိခဲ့ရပါသည်။ ကျောင်းသားများမှ သက်သေအထောက်အထား တစ်ချို့ကိုလည်း ပေးပို့ခဲ့ကြပါသည်။ မိမိတို့သမဂ္ဂမှ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ၊ ဘာသာရေးခေါင်းဆောင် ၊ကျောင်းကော်မတီ၊ ကျောင်းသားမိဘများ၊ ကျေးရွာတာဝန်ခံနှင့် လုံခြုံရေးရဲတပ်ဖွဲတို့အပါအဝင် ကျူးလွန်သူအား အရေးယူရန် တွေ့ဆုံဆွေးနွေးမှု ပြုခဲ့ပါသည်။ထိုတွေ့ဆုံဆွေးနွေးမှုတွင် အထက်ပါအဖွဲ့အစည်းတာဝန်ရှိသူများမှ ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှုပပျောက်အောင်ဆိုသည့် အကြောင်းပြချက်ဖြင့် ကျေးရွာအတွင်းသာ ပြေလည်အောင် ညှိနိုင်းဆောင်ရွက်ကြမည့်အကြောင်း သမဂ္ဂနှင့် မဆိုင် ၊မိမိတို့ရွာနှင့်သာဆိုင်သာ်ဟုပြောကြားခဲ့ပါသည်။ မိမိတို့သမဂ္ဂ၏သဘောထားမှာမူ ကျူးလွန်သည့်တရားခံအား ဥပဒေနှင့်အညီ ထိုက်သင့်သည့် အပြစ်ပေးမှုများ ဆောင်ရွက်သင့်သည်၊ ကျောင်းသားမိဘများအနေနှင့်လည်းအမှုမှန်ပေါ်ပေါက်အောင် ဆောငျရှကျသငျ့သညျ၊ လျော်ကြေးဖြင့်ကျေအေးခြင်းမျိုးမပြုလုပ်သင့်ဟု သဘောထားပေးရာ ကျေးရွာတာဝန်ရှိသူများမှ မိမိတို့သမဂ္ဂဥဣဋ္ဌအား ကိုယ်ထိလက်ရောက် ထိုးကြိုတ်ရန်ပြုလုပ်ခဲ့ပြီး နစ်နာသူကျောင်းသားများဘက်မှ သမဂ္ဂသည်ဝင်ရောက်ဆွေးနွေးမည်ဆိုသည့်သဘောထားအားလည်း ငြင်းဆန်ခဲ့ပြီး ဖယ်ခုံရဲ့တပ်ဖွဲ(P.K. Police) မှ ရဲတပ်သားတစ်ဦးက မိမိတို့ဥဣဋ္ဌအားလက်ထိတ်ခပ်ခဲ့ပါသည်။ ထိုနောက် လက်ထိပ်ပြန်လည်ဖြုတ်ပြီး သမဂ္ဂကိုယ်စားလှယ်များအားဆွေးနွေးမှုမှ မောင်းထုတ်ခဲ့သည်။
၂၃.၁.၂၀၂၅ ခုနစ်တွင် ကရင်နီပြည်ကျောင်းသားသမဂ္ဂဟု လိပ်မူပြီး မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ ဖယ်ခုံမြိုးနယ်မှ (နှစ်ဖက်သဘောတူကျေအေးခြင်း) ခေါင်းစဥ်ဖြင့်မိမိတို့သမဂ္ဂ၏သဘောဆန္ဒမပါဘဲ လက်မှတ်ထိုးရန်လှုံ့ဆော်လာခဲ့ပါသည်။ထိုစာသည်လည်း စင်စစ်အားဖြင့် ဖယ်ခုံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် ကရင်နီပြည်ကျောင်းသားများသမဂ္ဂအား မှားယွင်းစွာရောယှက်ရေးသားထားခြင်းဖြစ်သည်။
(နှစ်ဖက်သဘောတူကျေအေးခြင်းဆိုသည့် မိမိတို့သမဂ္ဂအပေါ် တစ်ဖက်သတ်စွပ်စွဲရေးသားထားသည့်စာတွင်လည်း လက်မှတ်လုံးဝထိုးမည်မဟုတ်ပါ။ မိမိတို့သမဂ္ဂအနေနှင့် ယခုလို ကျောင်းသားထုအပေါ်ဖိနှိပ်မှု လူထုအာဏာအားအလွှဲစားသုံးစားလှုပ်မှု လက်နက်အားကိုးအနိုင်ကျင့်မှုများ ကျူးလွန်ခံရသည့်ကျောင်းသားများအပေါ် ခြိမ်းခြောက်မှုများအား ခေါင်းငုံ့မခံဘဲ တော်လှန်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ကြေညာအပ်ပါသည်။ တရားခံဦးဇော်ဇော်ထွန်း ကျူးလွန်ခဲ့သည့် လိင်အကြမ်းဖက်မှုများ ၊ကျောင်းသားများအပေါ်ခြိမ်းခြောက်မှုများကိုလည်း တရားမျတမှုရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်သည်။ သမဂ္ဂအပေါ်ခြိမ်းခြောက်မှုများ ၊ နစ်နာသူများအပေါ်ခြိမ်းခြောက်မှုများ ကိုလည်း လူထုအားဖြင့် တွန်းလှန်သွားမည်ဖြစ်သည်။နိုင်ငံတစ်ဝှမ်းရှိ တော်လှန်ရေးအင်အားစုများ၊ သမဂ္ဂများနှင့် အတူ လူထုတစ်ရပ်လုံးကလည်း မိမိတို့သမဂ္ဂနှင့်အတူ ဝန်းရံရပ်တည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျောင်းသားထုအခွင့်အရေးကာကွယ်ကြ
လိင်အကြမ်းဖက်မှုဆန့်ကျင်ကြ
မတရားမှုအားတော်လှန်ကြ
ငုံ့မခံနဲ့တုန့်ပြန်ကြ
အမှုဆောင်အဖွဲ့
ဖယ်ခုံမြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ